fbpx

Thet Aung Dr.

ရုတ်တရက် မျက်နှာတခြမ်းရွဲ့သွားခြင်းအကြောင်း သိကောင်းစရာ

ရုတ်တရက် မျက်နှာတစ်ခြမ်းရွဲ့သွားခြင်းအကြောင်း သိကောင်းစရာ ရုတ်တရက် မျက်နှာတစ်ခြမ်းရွဲ့သွားခြင်းဖြစ်ပါက တစ်ချို့တွေအနေနဲ့ နတ်ကိုင်တာလိုလို ရုက္ခစိုးကိုင်တာလိုလို ပြုစားခံရတာလိုလို ထင်တတ်ကြပါတယ်။ အမှန်တစ်ကယ်တော့ မျက်နှာရှိ ကြွက်သားတွေကို ထောက်ပံ့ထိန်းချုပ်ပေးတဲ့ Facial nerve အမည်ရ အာရုံကြောရောင်ရမ်းတာ အားနည်းတာကြောင့် ဖြစ်တာပါ။...

ဆီးချိုကြောင့်ဖြစ်သော အမြင်လွှာပျက်စီးမှုရောဂါ

ဆီးချိုရောဂါရှိသူတွေရဲ့ လေးပုံတပုံ ကျော်လောက်ဟာ ဆယ်စုနှစ်တစု ကျော်ကြာတဲ့အခါမှာ ဆီးချိုရဲ့နောက်ဆက်တွဲအနေနဲ့ဖြစ်တဲ့ အမြင်လွှာပျက်စီးမှုရောဂါ ကို ခံစားကြရလေ့ရှိပါတယ်။ ဆီးချိုကြောင့်ဖြစ်တဲ့ အမြင်လွှာပျက်စီးမှုကို ဆေးပညာအရ Diabetic Retinopathy လို့ခေါ်ပါတယ်။ အသက်ကြီးကြီး ဆီးချိုရောဂါဝေဒနာရှင်များမှာ ဖြစ်တဲ့ မျက်စိကွယ်ရခြင်းအကြောင်းတွေထဲမှာ ဒီရောဂါဟာ...

နှလုံးကြီးတာ စိုးရိမ်စရာလား

အကြောင်းတခုခုကြောင့် ရင်ဘတ်ဓါတ်မှန်ရိုက်ရင်းကနေ ရင်ဘတ်ဓါတ်မှန်အဖြေမှာ နှလုံးကြီးနေတယ် လို့ မှတ်ချက်ပါလာပါက အများစုအနေနဲ့ ငါ ရောဂါကြီးကြီးမားမားဖြစ်နေပြီလား နှလုံးရောဂါများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ တကယ်တော့ နှလုံးကြီးတယ်ဆိုတာဟာ ရောဂါတခုမဟုတ်ပါဘူး။ ရောဂါတခုခု၊အကြောင်းအခြေအနေတခုခု ရဲ့ လက္ခဏာ တခုပဲဖြစ်ပါတယ်။ ဒါ့အပြင် နှလုံးကြီးတိုင်းလည်း...

နှလုံးသွေးကြောကျဉ်းရောဂါ

နှလုံးဆိုတာဟာ ခန္ဓာကိုယ်တခုလုံးကအင်္ဂါအစိတ်အပိုင်းတွေကို သွေးထောက်ပံ့ပို့ပေးနေတဲ့ ကိုယ်တွင်းအင်္ဂါမှန်း လူအတော်များများသိကြမှာပါ။တခြားအင်္ဂါအစိတ်အပိုင်းတွေကို သွေးထောက်ပံ့ပို့ပေးတဲ့နှလုံးဟာ သူ့ရဲ့လုပ်ငန်းတာဝန်တွေလုပ်နိုင်ရန်အတွက် သူကိုယ်တိုင်လည်း သွေးထောက်ပံ့မှုလိုပါတယ်။နှလုံးကို Coronary Arteries လို့ခေါ်တဲ့ နှလုံးသွေးကြောတွေကနေ သွေးထောက်ပံ့ပေးထားပါတယ်။အဲ့နှလုံးသွေးကြောလေးတွေထဲမှာ အကြောင်းကြောင်းကြောင့် အဆီတွေစုပုံလာရာကနေ သွေးကြောနံရံထူလာတဲ့အခါ သွေးစီးလမ်းကြောင်းကျဥ်းသွားပါတယ်။အဲ့လိုဖြစ်တာကို နှလုံးသွေးကြောကျဉ်းတယ်လို့ခေါ်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါဟာ...

အဆီဓာတ်လျော့ကျစေမဲ့ ဒန့်သလွန်

ဒန့်သလွန်ပင် ကို အင်္ဂလိပ်လို Drum-stick tree လို့ခေါ်ပါတယ်။ရုက္ခဗေဒနာမည်ကတော့ Moringa oleifera Lamk.ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သဘာဝအလျောက်သော်လည်းကောင်း၊စိုက်ပျိုးပင်အနေဖြင့်သော်လည်းကောင်းတွေ့ရနိုင်ပါတယ်။ ရွက်ကြွေပင်လတ်မျိုးအစားဖြစ်ပါတယ်။ပင်စည်ကြွပ်ဆတ်ပြီး အခေါက်ပွပါတယ်။သုံးဆင့်ရွက်ပေါင်းဖြစ်ပြီး ရွက်လွဲတည်ရှိပါတယ်။သေးငယ်သော ဘဲဥပုံရွက်မွှာများရှိပြီး ထိပ်ဝိုင်းပါတယ်။ရွက်ကြားထွက်ပန်းခိုင်မျိုးဖြစ်ပါတယ်။အဖြူရောင်အပွင့်များပွင့်ကာ အသီးသီးပါတယ်။ ဒန့်သလွန်သီးရဲ့ပုံစံက ရှည်မျောမျောဖြစ်ပြီး အလယ်ခွံအက်ကွဲသီးဖြစ်ပါတယ်။အသီးတတောင့်မှာအစေ့များစွာပါရှိပါတယ်။ထိုအစေ့များကိုလည်းစားလို့ရပါတယ်။...

 ဆီးချိုသမားတွေ အသက်ရှည်အောင် ဒီလိုနေ ဒီလိုစား

ဆီးချိုသွေးချိုဖြစ်လာပြီဆိုရင် ဆီးချိုထိန်းဆေး သောက်တာ၊ထိုးတာနဲ့တင် မလုံလောက်ပါဘူး။ ပုံမှန်သွေးချိုဆီးချိုကုသမှုအရ သောက်ဆေး၊ထိုးဆေးများ သောက်တာထိုးတာ အပြင် ကျန်းမာစေသောအစားအစာများစားခြင်း၊ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပြုလုပ်ခြင်းတွေကိုလည်း လုပ်ရပါမယ်။ ဆီးချိုသွေးချိုဖြစ်လာပြီဆိုရင် အစားသောက်စားသောက်တဲ့အခါမှာ အာဟာရဓါတ်အချိုးညီညီနဲ့မျှတလုံလောက်အောင်စားတတ်ဖို့လိုပါတယ်။ ဒီလိုအာဟာရဓါတ်အချိုးညီညီနဲ့မျှတလုံလောက်အောင်စားသောက်ခြင်းဖြင့် သင့်ရဲ့ကိုယ်အလေးချိန်နဲ့သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးရုံသာမက သင်၏ သွေးပေါင်ချိန်နဲ့သွေးထဲရှိ အဆီဓါတ်များကိုလည်း...

လက်ဖက်စိမ်း ရေနွေးကြမ်းအကြောင်း

လက်ဖက်စိမ်း ရေနွေးကြမ်းအကြောင်း လက်ဖက်စိမ်း ရေနွေးကြမ်းကို အင်္ဂလိပ်လို ဂရင်းတီး (Green Tea) လို့ ခေါ်ပါတယ်။ ဒီလက်ဖက်စိမ်းဆို ရေနွေးကြမ်းဆိုတဲ့ နာမည်ဟာ ကျွန်တော်တို့တွေနဲ့ ရင်းနှီးတဲ့ နာမည်တခုပါပဲ။ လက်ဖက်စိမ်း ရေနွေးကြမ်းသောက်ဖို့ အကောင်းဆုံးအချိန်ကတော့ မနက်စာစားပြီးချိန်နဲ့...

ရှားစောင်းလက်ပတ်အကြောင်း သိကောင်းစရာ

ရှားစောင်းလက်ပတ်အကြောင်း သိကောင်းစရာ ရှားစောင်းလက်ပတ်ကို အင်္ဂလိပ်လို့ Aloes သို့မဟုတ်  Aloe vera လို့ ခေါ်ပါတယ်။ ရုက္ခဗေဒ နာမည်ကတော့ Aloe vera Linn ပါ။ မျိုးရင်းကတော့ Aloeaceae ပါ။ မိုးနည်းပြီး...

ဆီးချိုသမားတွေပါ သောက်သုံးနိုင်တဲ့အုန်းစိမ်းရည်

ဆီးချိုသမားတွေပါ သောက်သုံးနိုင်တဲ့အုန်းစိမ်းရည် အုန်းစိမ်းရည်ဆိုတာဟာ အုန်းသီးအသားတည်ခါစ(အုန်းသီးဇွန်းခြစ်) သို့မဟုတ် အုန်းသီးအသားသိပ်မရင့်သော အုန်းသီးထဲတွင် ရှိသောအရည်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ အုန်းသီးအသားအရမ်းရင့်သောအသီး သို့မဟုတ် အုန်းသီးခြောက်ထဲတွင်ရှိသော အုန်းရည်သည် အုန်းစိမ်းရည်မဟုတ်ပါ။ အုန်းစိမ်းရည် မဟုတ်တဲ့ အုန်းရည်ဟာ သောက်တာများရင် အပူကန်တာ၊ ယားနာထတာဖြစ်နိုင်ပေမယ့်...

အသည်းကင်ဆာအကြောင်း

အသည်းကင်ဆာကို အင်္ဂလိပ်လို Liver Cancer လို့ခေါ်ပါတယ်။ ဆေးပညာအရတော့ Hepatocellular Carcinoma လို့ခေါ်ပါတယ်။အမျိုးသားတွေမှာဖြစ်ပွားနှုန်းပိုများပါတယ်။အသည်းကင်ဆာအကြောင်းမပြောမီ အရင်ဆုံး အသည်းအကြောင်းအနည်းငယ်ပြောပြလိုပါတယ်။အသည်းဆိုတာဟာ ဝမ်းဗိုက်ပိုင်းရဲ့ညာဘက်အပေါ်ခြမ်း(ညာဘက်နံရိုးအောက်နား)မှာတည်ရှိသော ကိုယ်တွင်းအင်္ဂါတခုဖြစ်ပါတယ်။ အသည်းကို Hepatocytes ဆိုတဲ့အသည်းဆဲလ်ပေါင်းများစွာနဲ့ဖွဲ့စည်းထားပါတယ်။အသည်းရဲ့အဓိကလုပ်ငန်းတွေအနေနဲ့ကတော့သွေးထွက်ရင် သွေးတိတ်ဖို့နဲ့ ခန္ဓာကိုယ်ရဲ့တခြားဖြစ်စဉ်တွေမှာ လိုအပ်တဲ့ ပရိုတင်းတွေထုတ်လုပ်ပေးတာ၊အဆီများတဲ့အစာတွေကိုချေဖျက်ရာမှာ...

Page 1 of 44 1 2 44