fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

ခရီးသွားရာမှ ဖြစ်သည့် ဝမ်းလျှောခြင်း (ခရီးသွား ဝမ်းလျှောရောဂါ Traveller Diarrhoea)

34
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/02/2020
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

ခရီးသွားရာမှ ဖြစ်သည့် ဝမ်းလျှောခြင်း (ခရီးသွား ဝမ်းလျှောရောဂါ Traveller Diarrhoea)

 

ခရီးသွားဝမ်းလျှောရောဂါဟာ ခရီးသွားရာတွင် ကြုံတွေ့နိုင်သော ရောဂါများတွင် အဖြစ်များသော အခြေအနေ တစ်ခုဖြစ်ပါတယ်။

ကမ္ဘာလှည့်ခရီးသွားများရဲ့ ၂ဝ ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်းအထိ ကြုံတွေ့လေ့ရှိပါတယ်။

အထူးသဖြင့် ဖွံ့ဖြိုးပြီးတိုင်းပြည်များမှ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ သွားရောက်လည်ပတ်သည့်အခါ အပူ ပိုင်းဒေသများသို့ သွားရောက်သည့်အခါမျိုးတွင် ပိုဖြစ်နိုင်ပါတယ်။

Q ရောဂါသဘာဝ

မသန့်ရှင်းသော (ရောဂါပိုးပါသော) အစားအသောက်နှင့်ရေ စားသောက်မိရာမှ ဖြစ်ပေါ်လေ့ရှိ ပါ တယ်။

ရာသီဥတုပူခြင်း၊ ပြင်ဆင်ချက်ပြုတ် စားသောက်မှု ပုံစံကွဲပြားခြင်း၊ သန့်ရှင်းမှုဆိုင်ရာ အမူအကျင့်များ ကွဲပြားခြင်း တို့ကြောင့် (တွေဟာ) ခရီးသွားသူတွေအတွက် ဝမ်းလျှောရောဂါ ဖြစ်စေဖို့ လှုံ့ဆော် ပေးနေပါတယ်။

၂၄ နာရီအတွင်း (၃)ကြိမ်အထက် ဝမ်းလျှောပြီဆိုလျှင် ခရီးသွား ဝမ်းလျှောရောဂါ ခံစားရနေပြီလို့ ယေဘုယျ သတ် မှတ်နိုင်ပါတယ်။

အများစုသည် ၁ ရက် / ၂ရက်အတွင်း သဘာဝအတိုင်း ပြန်ကောင်းနိုင်ပါတယ်။

သို့သော် ခရီးစဉ်၁ခုအတွင်း ကြိမ်ဖန်များစွာ ဝမ်းသွားနိုင်ခြင်းကြောင့် ရေဓာတ်ဆုံးရှုံးခြင်း၊ ရှော့ရခြင်း၊ ကျောက်ကပ် ထိခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

ခရီးမှ ပြန်ရောက်စ အခြေအနေတွေမှာလည်း ခံစားရနိုင်ပါတယ်။

Q ပို၍ အန္တရာယ်ရှိနိုင်သော လူအုပ်စု

ဆီးချိုရှိသူများ

နှလုံးညှစ်အားကျရောဂါရှိသူများ (Congestive heat failure)

ကင်ဆာရောဂါခံစားနေရသူများ

ကိုယ်ခံအားကျဆင်းနေသူများ

ကလေးများ

အသက်ကြီးသူ ဖိုးဖိုးဖွားဖွားများ

အူလမ်းကြောင်းရောဂါရှိသူများ

အသည်းခြောက်ရောဂါရှိသူများ

အစာအိမ်အက်စစ်လျှော့သော ဆေးသောက်နေသူများ

ရာသီချိန်ခရီးသွားသူများ (eg.အရှေ့တောင်အာရှနိုင်ငံများသို့ အပူပိုင်းရာသီတွင် ခရီးသွားမည့်သူများ)

Q ရောဂါလက္ခဏာ

၃ ကြိမ်အထက် ၂၄ နာရီအတွင်းဝမ်းလျှောခြင်း

ပျို့ခြင်း

အန်ခြင်း

ဗိုက်ထိုးထိုးနာခြင်း

ဖျားခြင်း

Q ခရီးသွားဝမ်းလျှောရောဂါ ဖြစ်စေနိုင်သောပိုးများ

50 – 80 % သည် ဘက်တီးရီးယား ပိုးများကြောင့် ဖြစ်လေ့ရှိတယ်။

အထူးသဖြင့် အူလမ်းကြောင်း အဆိပ်ဖြစ်စေသော ETEC (Enterotoxigenic E-coli) ပိုးကြောင့်ဖြစ်တယ်။ အခြားပိုး (-) (EIEC,EAEC,shigella, campylobacter, salmonella ) ပိုးများကလည်း ဖြစ်စေနိုင်ပါတယ်။

10-20% ကတော့ Noro ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပြီး အနည်းစုကတော့ ကပ်ပါးပိုးများနှင့် ပရိုတိုဇိုးဝါးပိုးများကြောင့် ဖြစ်တယ်။

 

Q ကုသခြင်း

ခရီးသွားဝမ်းလျှောရောဂါ ခံစားရပြီဆိုလျှင် –

(၁)      ရေဓါတ်မဆုံးရှုံးအောင် ဂရုစိုက်ရပါမည်။ ထို့အတွက် ဓာတ်ဆားရည်ကို အဝင်နှင့် အထွက်မျှအောင် ဖြည့်သောက် ပေးဖို့ လိုပါတယ်။ ခရီးသွားလျှင် ဓာတ်ဆားထုပ် ဆောင်သွားသင့်ပါတယ်။

(၂)       ဝမ်းပိတ်ဆေး သောက်နိုင်ပါတယ်။ Eg – Loperamide

ဝမ်းသွားသည့် အကြိမ်ရေကို လျှော့ချပေးနိုင်ပါတယ်။ သို့သော် ၄ နှစ်အောက်ကလေးများ၊ သွေးဝမ်းသွားသူများ၊ အဖျားရှိသူများ မသောက်သုံးသင့်ပါ။

(၃)      ပိုးသတ်ဆေး / ပဋိဇီဝဆေး

၂၄ နာရီအထက် ဝမ်းသွားမရပ်လျှင်

သွေးဝမ်းသွားလျှင်

အဖျားရှိလျှင် – ပိုးသတ်ဆေးစသောက်ရန် ယေဘုယျအားဖြင့် လိုအပ်သည်ဟု ယူဆနိုင်ပါတယ်။

ထို့အတွက် ဆရာဝန် နှင့် ပြသ၍ ညွှန်ကြားချက်အတိုင်း လိုက်နာသောက်သုံးရပါမယ်။

(၄)      အူလမ်းကြောင်း အကျိုးပြုပိုး (Probiohic) သောက်သုံးခြင်း

Lactobacillus ပါသော ဆေး

Sacchromyces ပါသော ဆေး  (ဆရာဝန်ညွှန်ကြားချက်မလိုပဲ ဝယ်သောက်နိုင်ပါတယ်။)

(၅)     Bismuth Salicylate

 

Q ကာကွယ်ခြင်း

ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုအကျိုးရှိပါတယ်။

အရေးအကြီးဆုံးမှာ အစားအသောက် သန့်ရှင်းရန် နှင့် လက်သန့်ရှင်းရန် အရေးကြီးပါတယ်။

အစားအသောက်

သေချာကျက်အောင်ချက်ပြုတ်ထားသော အစားအသောက်ကို ပူတုန်းအချိန်တွင်စားပါ။

အသုပ်များရှောင်ပါ။ မကျက်တကျက်ချက်ထားသောအသားနှင့် ဥများရှောင်ပါ။

လမ်းဘေးပျံကျ စားသောက်များရှောင်ပါ။

သတ်မှတ်ထားသော အပူချိန်ဖြင့် မကျိုထားသော နို့နှင့်နို့ထွက်ပစ္စည်းများ (ရေခဲမုန့်အပါအဝင်) ရှောင် ပါ။

ခွာစား၍ မရသောအသီးအနှံများရှောင်ပါ။ eg – စပျစ်သီး၊စတော်ဘယ်ရီ

ယင်နာစားများ ရှောင်ပါ။

ရေ

ကျိုချက်ထားသော /ကလိုရင်းခတ်ထားသောရေကို သောက်ပါ။

ဘုံဆိုင်မှ ထွက်လာသော ရေနှင့်ပြင်ဆင်ထားသော အစားအသောက်များရှောင်ပါ။ (eg- ရေခဲ)

ခွာစား၍မရသော အသီးများ၊ အစိမ်းစားရသောအရွက်များ

မသန့်ရှင်းသောရေတွင် ရေမကူးပါနှင့်။

သွားတိုက်သည့်အခါ ရေသန့်ဘူးမှ ရေသာသုံးပါ။ (ခရီးသွားဝမ်းလျှောရောဂါဖြစ်နှုန်းမြင့်သောဒေသ)

အသုံးအဆောင်များကို သန့်ရှင်းသောရေဖြင့်သာဆေးပြီး ခြောက်အောင်ထားပါ။

 

 

လက်ဆေးပါ

အရက်ပျံပါသော / လက်ဆေးဆပ်ပြာဖြင့် ဆေးပါ။

အစားမစားခင် / အိမ်သာတက်ပြီးတိုင်း။

အခြားကာကွယ်နည်း

ကာကွယ်ဆေးထိုးခြင်း/ပိုးသတ်ဆေးကြိုသောက်ခြင်းနည်းလမ်းများလည်းရှိပါတယ်။ သို့သော် ထိုနည်းလမ်း များအတွက် လူတစ်ဦးချင်းစီရဲ့လက်ရှိကျန်းမာရေး၊ ရောဂါအခံနှင့်သွားမည့် အရပ်ဒေသ၊ သွားရန်ကြာ ချိန်ပေါ်မူတည်ပြီး မိသားစုဆရာဝန်မှ အကြံညဏ်ပေးပါလိမ့်မည်။

ခရီးသွားဝမ်းသွားရောဂါကို အပြည့်အဝကာကွယ်ပေးနိုင်သော ကာကွယ်ဆေးမရှိပါ။ သို့သော် သွားရောက် လည်ပတ်မည့်တိုင်းပြည်ပေါ် မူတည်ပြီး

အသည်းရောင်အသားဝါကာကွယ်ဆေး

တိုက်ဖွိုက် ကာကွယ်ဆေး (အူရောင်ငန်းဖျားကာကွယ်ဆေး ) ထိုးနိုင်ပါသည်။

ကာလဝမ်းရောဂါကာကွယ်ဆေး

Rota ဗိုင်းရပ်စ်ကာကွယ်ဆေး

ပိုလီယိုကာကွယ်ဆေး

 

Q: ဘယ်အချိန်ဆရာဝန်နှင့်ပြသင့်သလဲ

ဆိုးရွားစွာဝမ်းသွားလျှင်

၅ ရက်အထက်ဝမ်းသွားလျှင်

အဖျား (102℉) အထက်ရှိလျှင်

ဆက်တိုက်အန်လျှင်

ရေဓါတ်ဆုံးရှုံးသည့်လက္ခဏာများရှိလျှင်

ဝမ်းထဲသွေးပါလျှင်

 

Dr Yin Yin Win
M.B,B.S(Ygn)
Dip.Med.Sc(Family Medicine)

Previous Post

ရေစီးကမ်းပြိုရောဂါမဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ

Next Post

အပျိုစင်ဘဝကို စွန့်လွှတ်ရတဲ့အခါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.4k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
813

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
426

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အပျိုစင်ဘဝကို စွန့်လွှတ်ရတဲ့အခါ

ကြွက်နို့ပေါက်ခြင်း

တကယ်ကြာဖို့လိုရဲ့လား?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.