fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

တစ်ကိုယ်ရည်အာသာဖြေခြင်း

33k
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/10/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

၁၈နှစ်ပြည့်ပြီးသူများမှ ဖတ်ပါရန် (AGE UNDER 18 YEARS ARE NOT ALLOWED TO READ THIS ARTICLE)

တချို့ကတော့ တစ်ကိုယ်ရည် အာသာဖြေတယ်ဆိုတာ ရှက်စရာလို့ ယူဆကြပါတယ်။ ရှက်စရာမဟုတ်ပါဘူး။ တစ်ကိုယ်ရည်အာသာဖြေခြင်း ဆိုတာဟာ အခုခေတ်တွင် အရွယ်ရောက်ပြီးတဲ့ အမျိူးသား၊ အမျိူးသမီးတွေမှာ အလိုအလျောက်တတ်တဲ့အရာတစ်ခုလို့ တောင်ဆိုနိုင်ပါတယ်။

အရွယ်ရောက်လာလျှင် သဘာဝလှုံ့ဆော်မှုအရ လိင်အင်္ဂါများမှာ ယားယံလာတတ်ပါတယ်။ အခုခေတ်တွင် ခေတ်မှီတိုးတက်လာပြီး လူတိုင်းဖုန်းကိုင်နိုင်ခြင်းကြောင့် အပျိုလူပျိုတို့ ဆက်ဆံခြင်း၊ မိန်းမများ၏ အဝတ်မပါသော ကိုယ်ခန္ဓာများ ရင်သား၊ တင်သားစသည်တို့ကို အင်တာနက်မှ တဆင့်မြင်ရခြင်း သို့မဟုတ် အပြာစာအုပ်များဖတ်ခြင်း စသည့် အကြောင်းများကြောင့် မိမိလိင်အဂါင်္ကို ပွတ်ထိစမ်းသပ်ကြည့်ရာမှ တဆင့် အရသာတစ်မျိုးကို စတင်ရရှိကာ နောက်ပိုင်းတွင် အတွေ့အကြုံရှိ သူငယ်ချင်းမိတ်ဆွေကောင်းမှု သို့မဟုတ် အင်တာနက်ကောင်းမှုဖြင့် အာသာဖြေခြင်းအတတ်ကို တတ်မြောက်လာကြပါတယ်။

အမျိုးသမီးတွေရော တစ်ကိုယ်ရည် အာသာဖြေလေ့ရှိသလား?

အမျိုးသား အမျိူးသမီးတိုင်းဟာ အရွယ်ရောက်လာပြီးနောက်မှာ ဆန့်ကျင်ဘက် လိင်ကို စိတ်ဝင်စား လာတဲ့ အခါ လိင်စိတ် အနည်းနဲ့အများရှိတတ်ကြပါတယ်။ ယောက်ျားသားများ အနေနဲ့ ကတော့ မိမိနှစ်သက်တဲ့ သူ ကို တွေ့ရင် လိင်ဆက်ဆံချင်စိတ် ဖြစ်ပေါ်မှုက သိသာထင်ရှားပေမယ့် အမျိုးသမီးများကတော့ အရင်ကတည်းက သိုသိုသိပ်သိပ် နေလာကြတဲ့ အစဉ်အလာတွေနဲ့မို့ သူတို့ရဲ့လိင်စိတ်ဟာ အမျိူးသားတွေလောက် မပြင်းထန်ပါဘူး။

နောက်ပြီးအများစုဟာ မိမိတို့ နှစ်သက်တဲ့ ယောက်ျားလေးနဲ့မျက်လုံးချင်းဆုံရင်တောင်မှ ရှက်တတ်ကြပါတယ်။ ဒါကြောင့် တစ်ကိုယ်ရည် အာသာဖြေတဲ့အလေ့အကျင့်ကလည်း မိန်းကလေး ၁၀၀ မှာ ၁၀ ရာခိုင်နှုန်းလောက်ပဲ ပြုလုပ်ဆောင်ရွက်လေ့ရှိကြတယ်။

အမျိူးသား  ဘယ်လိုမျိုး တစ်ကိုယ်ရည်အာသာဖြေကြသလဲ ?

အမျိူးသားတွေကတော့ အများအားဖြင့် အမျိူးသမီးအင်္ဂါ ထည့်သလိုမျိူး မိမိတို့ရဲ့ရွှေပန်းကို လက်နဲ့တင်းတင်းဆုပ်ကိုင်ပြီး အရေပြားကို အရှေ့အနောဆွဲခြင်းဖြင့်လည်းကောင်း ကပ်ပယ်အိတ်ကို ဆုတ်နယ်ခြင်းဖြင့်လည်းကောင်း တစ်ကိုယ်ရည် အာသာဖြေကြပါတယ်။ အာသာဖြေတဲ့အခါမှာလည်း အမျိူးသားအများစုဟာ မိမိတို့မြင်ဘူးတွေ့ဘူး ထိတွေ့ဘူးတဲ့ အမျိူးသမီးများကို စိတ်ကူးယဉ်ပြီး ထိုအမျိူးသမီးများအား စိတ်ထဲတွင် မိမိဖြစ်စေချင်သော ပုံစံကိုစိတ်ကူးကာ အာသာဖြေကြပါတယ်။

ဘယ်လိုအခြေအနေမျိူးမှာအာသာဖြေကြလေ့ရှိလဲ။ ဘာကြောင့် တစ်ကိုယ်ရည်အာသာဖြေသလဲ?

အများအားဖြင့်ထင်ကြမှာက တစ်ကိုယ်တည်းနေတဲ့အမျိူးသား အမျိူးသမီး သို့မဟုတ် မိမိရဲ့ဆက်ဆံဖော် အဝေးရောက်နေတဲ့ အချိန်စတဲ့အခြေအနေတွေမှာပဲ အာသာဖြေကြတယ်လို့ ထင်မှာပါ။ ဒါဟာမှားယွင်းတဲ့ ထင်မြင်မှုပါ။ သုတေသန အချက်အလက်တွေအရဆိုရင် ဆက်ဆံဖော်ရှိတဲ့သူတွေ သို့မဟုတ် အိမ်ထောင်ရှိပြီး နေ့တိုင်းဆက်ဆံနေရတဲ့သူတွေဟာ  တစ်ကိုယ်တည်းသမားတွေထက်တောင် အာသာဖြေတဲ့အကြိမ်ရေပိုများပါတယ်တဲ့။

ဒါဟာဘာဖြစ်လို့လဲဆိုတော့ တစ်ကိုယ်ရည် အာသာဖြေလို့ရတဲ့ စိတ်ကျေနပ်မှုဟာ လိင်ဆက်ဆံလို့ရတဲ့ စိတ်ကျေနပ်မှုနဲ့ တခြားစီဖြစ်ပါတယ်။ ဒါ့အပြင်အမျိူးသားအမျိူးသမီးအများစုဟာ တစ်ကိုယ်ရည် အာသာဖြေခြင်းကြောင့်ရတဲ့စိတ်ခံစားမှု (ပြီးခြင်း) က ပိုလို့တောင် ကောင်းတယ်လို့ဆိုထားပါတယ်။

လိင်ဆက်ဆံတဲ့အခါမှာ အယုအယ အထိအတွေ့တွေကြောင့် ကာမစိတ်ပိုထပေမယ့် အကြောင်းကြောင်းကြောင့် အပေးအယူမမျှရင် တစ်ယောက်က (အများအားဖြင့်အမျိူးသားက) စိတ်ကျေနပ်မှုရသော်လည်း ဆက်ဆံဖက် (အများအားဖြင့်အမျိူးသမီးက) စိတ်ကျေနပ်မှုမရတာ သို့မဟုတ် ပြီးဆုံးခြင်း မရောက်တာမျိူးတွေရှိလို့ပါ။

ဘာကြောင့် အာသာဖြေလည်း ကတော့ရှင်းပါတယ်။

အကြမ်းအားဖြင့်ကတော့ မိမိတို့ရဲ့ဆက်ဆံဖော် ဝေးကွာနေတဲ့ အချိန်မျိုးမှာ လွမ်းဆွတ်သတိရခြင်း နဲ့ အတူ ဖြစ်ပေါ်လာတဲ့ လိင်စိတ်တစ်မျိုးကြောင့် တစ်ကိုယ်ရည်အာသာဖြေ ကြတယ်လို့တော့ ပြောကြပါတယ်။ သို့သော် အပေါ်မှာလည်း ပြောခဲ့ပါတယ်။ လိင်ဆက်ဆံဖော် နေ့တိုင်းတဲ့ရှိသူတွေလည်း အာသာဖြေကြပါတယ်။

အရှင်းဆုံးကတော့ လူဆိုတာအသွေးအသားနဲ့တည်ဆောက်ထားတဲ့ ပုထုဇဉ်လူသားတစ်ယောက်ဖြစ်သောကြောင့် ပတ်ဝန်းကျင်ရဲ့လှုံ့ဆော်မှုတွေစတဲ့ အကြောင်းကြောင်းကြောင့် အချိန်မရွေး လိင်စိတ်ဖြစ်ပေါ်တဲ့အခါတွေ ရှိပါတယ်။ အဲ့စိတ်တအားများလာပြီး မချုပ်ထိန်းနိုင်တဲ့အခါ အာသာဖြေခြင်းကို ဖြစ်စေပါတယ်။

တစ်ကိုယ်ရည် အာသာဖြေခြင်းရဲ့ အကျိူးအပြစ်တွေကဘာတွေလဲ။

ကောင်းကျိူးတွေကို စပြောပါမယ်။

တစ်ကိုယ်ရည် အာသာဖြေခြင်းဖြင့် စိတ်ထဲတင်းကြပ်နေတာတွေကို လျော့ပါးစေတယ်။ သုက်လျှံခြင်း၊ ညအိပ်ရင်းနဲ့သုက်လွှတ်ခြင်းတွေကိုလည်း ပျောက်ကင်းသက်သာစေနိုင်ပါတယ်။ နောက်ကိုယ်ဘယ်လိုအနေအထားမျိူးမှာ ပြီးတတ်လဲဆိုတာကို ကောင်းကောင်းသိစေတဲ့အတွက် လိင်ဆက်ဆံရာမှာလည်း ပိုခံစားလို့ကောင်းအောင် အထောက်အကူပြုတယ်။

နောက်မိမိဘာသာ အာသာဖြေတဲ့အတွက် လိင်ဆက်ဆံရာကနေကူးနိုင်တဲ့ ဘီပိုး၊ စီပိုး၊ အေအိုင်ဒီအက်စ် စတဲ့ ရောဂါတွေလည်းမဖြစ်ဘူး။ အကြောအချဉ် ကြွက်သားတွေ တင်းတာတွေကို လျော့စေတဲ့အတွက် စားကောင်းအိပ်ပျော်စေတယ်။ လိင်ဆက်ဆံဖော်နဲ့ ဝေးနေချိန်မှာလည်း စိတ်ကျေနပ်မှုရစေတယ်။

ဟာ ဒီလိုကောင်းကျိူးတွေရှိတယ်ဆိုတော့ နေ့တိုင်းတစ်နေ့ ၃ ခါလောက် အာသာဖြေလို့ရလားလို့ မေးချင်စရာရှိပါတယ်။

တစ်ပတ်ကိုဘယ်နှစ်ကြိမ် တစ်နေ့ဘယ်နှစ်ခါပဲဖြေရမယ်လို့တော့ မရေးထားပါဘူး။ အာသာဖြေခြင်းကြောင့် သင်ရဲ့နေ့စဉ်လုပ်ငန်းတွေအပေါ် အနှောင့်အယှက်ဖြစ်ရင် (ဆိုလိုတာက အာသာဖြေခြင်းကြောင့် ခုနကလိုမျိူးကောင်းကျိုးတွေ မခံစားရဘဲ အားမရှိသလိုဖြစ်နေရင် နေရထိုင်ရမကောင်းတာတွေရှိရင်)တော့ အကြိမ်ရေလျှော့တာ နားတာတွေ လုပ်သင့်ပါတယ်။

ဘယ်အရာမှာမဆို ကောင်းကျိူး၊ ဆိုးကျိူးက ဒွန်တွဲနေပါတယ်။

အာသာဖြေခြင်းရဲ့ဆိုးကျိူးတွေကတော့

နေ့စဉ်ရက်ဆက် ပြုလုပ်ပါက လိင်အင်္ဂါ ရောင်ရမ်းခြင်း ၊ ကြွက်သားများ နာကျင်ခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ အရမ်းများလွန်းရင် နောက်ပိုင်းအသက်ရလာတဲ့အခါ ပန်းသေပန်းညိုးတာတွေ ဖြစ်နိုင်ချေပိုများပါတယ်။ နောက်တစ်ကိုယ်ရည်အာသာဖြေတာကို အရမ်းများလွန်းတဲ့အခါကျ တကယ်တမ်းလိင်ဆက်ဆံရင် စိတ်ကျေနပ်မှု မရတာမျိူးလည်း ဖြစ်နိုင်ပါတယ်။

နောက်လက်ကမသန့်ရင် သို့မဟုတ် အာသာဖြေပြီး မိမိအဂါင်္ကို သေချာမဆေးဘဲ တွေ့ရာအဝတ်စုတ်နဲ့သုတ်ရင် ပိုးဝင်တတ်ပါတယ်။ နောက်ပြီးအရာဝတ္ထုတစ်ခုခုကိုသုံးပြီးအာသာဖြေရာတွင် ထိုအရာဝတ္ထုသည်မသန့်ရင် ပိုးဝင်တာမျိူးသော်လည်းကောင်း၊ ချွန်ထက်တဲ့အရာမျိူးဆိုပါက ထိခိုက်ရှနာခြင်းသော်လည်းကောင်း၊ ထိုအရာဝတ္ထုမှအစိတ်အပိုင်းများပဲ့ကျပြီး မိန်းမကိုယ်ထဲတွင် သို့မဟုတ် မစင်စွန့်ရာလမ်းကြောင်းထဲတွင် ကျန်နေခြင်းသော်လည်းကောင်း ဖြစ်တတ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ကတော့အာသာဖြေခြင်းနဲ့ ပတ်သက်ပြီး လွဲမှားတဲ့အယူအဆတွေကို ပြောချင်ပါတယ်။ အဲ့ဒါတွေကတော့ အာသာဖြေတာများရင် လိင်တံသေးတာဖြစ်စေတယ် သို့မဟုတ် လိင်တံကြီးတာ ရှည်တာကိုဖြစ်စေတယ် ယောက်ျားလေးတွေဆို အာသာဖြေတာများရင် အခြောက်ဖြစ်သွားတတ်တယ် အာသာဖြေတာများရင် အမွှေးအမျှင်တွေ များလာတတ်တယ်။ အရပ်ပုပြီး ခန္ဓာကိုယ်သိပ်မထွားတာမျိူးတွေဖြစ်စေတယ် ဆိုတဲ့ယုံတမ်းစကား သို့မဟုတ် ထူးဆန်းတဲ့ ယုံကြည်မှုတွေလည်း ရှိပါသေးတယ်။

Author : Dr. 528

Previous Post

မေးခိုင်ရောဂါ ဆိုသည်မှာ

Next Post

အားဖြည့် အချိုရည် Energy Drinks များနဲ့ လူသားတို့ ကျန်းမာရေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အသက် ၅၀ ကျော်အမျိုးသားတို့ သတိထားသင့်တဲ့ကျန်းမာရေးဆိုင်ရာပြဿနာများ

3 weeks ago
321
Why men lose their sexuality prematurelyuality -prematurely

အမျိုးသားများ အရွယ်မတိုင်ခင် လိင်စိတ်နည်းပါးလာရခြင်းအကြောင်း

2 months ago
1.8k
To be a healthy, happy and energetic man

ကျန်းမာပျော်ရွှင်ပြီး တက်ကြွလန်းဆန်းတဲ့ အမျိုးသားတစ်ဦးဖြစ်ဖို့

3 months ago
731
Men's Skincare

အမျိုးသားတို့ Skincare ဖို့

4 months ago
650
bachelor, Puberty and obesity

လူပျို၊ အပျိုဖော်ဝင်စအရွယ်နှင့် အဝလွန်ခြင်းအကြောင်း

4 months ago
634
How to use condoms properly

ကွန်ဒုံးစနစ်တကျ အသုံးပြုနည်း

4 months ago
1.5k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အားဖြည့် အချိုရည် Energy Drinks များနဲ့ လူသားတို့ ကျန်းမာရေး

လိင်မှတဆင့် ကူးစက်တတ်တဲ့ အဖြူဆင်း ပြဿနာ

အစာအိမ်ကင်ဆာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.