fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

14.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/12/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

ရက်ရှောင်နည်းဆိုတာဟာ သောက်ဆေးသောက်တာ၊ ထိုးဆေးထိုးတာ၊ ကွန်ဒုံးသုံးတာ၊ သားအိမ်ထဲပစ္စည်းထည့်တာ၊ လက်မောင်းအောက်ပစ္စည်းမြှပ်တာ စတဲ့ သားဆက်ခြားနည်းလမ်းတွေထဲက သားဆက်ခြားနည်းလမ်း တခုဖြစ်ပါတယ်။

ဆေးပညာအရတော့ Calender Method လို့လည်းခေါ်ပါတယ်။

သန္ဓေတည်ဖို့ (ကိုယ်ဝန်ရဖို့) ဆိုရင် အမျိုးသားရဲ့ သုတ်ကောင်နဲ့ အမျိုးသမီးရဲ့ မမျိုးဥတို့ ပေါင်းစပ်ကြရပါတယ်။

ရက်ရှောင်နည်းဆိုတာဟာ သုတ်ကောင်နဲ့ သားဥပေါင်းပြီး သန္ဓေတည်တာ (ကိုယ်ဝန်ရတာ) မဖြစ်ဖို့အတွက် သားဥကြွေမယ့်ရက်နဲ့ အနီးတဝိုက်ရက်တွေကို တွက်ပြီး အဲ့ရက်တွေမှာ အတူနေလိင်ဆက်ဆံတာကို ရှောင်ကာ ကျန်တဲ့ရက်တွေမှာ အတူနေလိင်ဆက်ဆံခြင်းဖြစ်ပါတယ်။

ဒီလိုရေးတဲ့အတွက် သားဥကြွေမယ့်ရက်ပဲ ရှောင်လို့မရဘူးလား ဘာလို့အဲ့အနီးတဝိုက်ရက်တွေပါ ရှောင်ရမှာလဲဆိုပြီး တချို့သူတွေအနေနဲ့ မေးချင်ကြမှာပါ။

သားဥကြွေမယ့်ရက်ပဲရှောင်လို့မရပါဘူး။သားဥကြွေမယ့်ရက်နဲ့အနီးတဝိုက်ရက်တွေပါရှောင်ရပါမယ်။ဘာလို့လဲဆိုတော့ သားဥရဲ့သက်တမ်းကတရက်ခံပြီး သုတ်ကောင်ရဲ့သက်တမ်းဟာမိန်းမကိုယ်ထဲမှာဆိုရင် သုံးရက်ထိအသက်ရှင်နိုင်လို့ပါ။

အမျိုးသမီးတွေဟာ တယောက်နဲ့တယောက် ရာသီလာတဲ့ရက်ချင်း မတူကြပါဘူး။

ဥပမာပြောရရင် တချို့အမျိုးသမီးတွေက ရက် ၃၀ ပြည့်တိုင်း တကြိမ်ရာသီလာတာရှိသလို တချို့တွေကျ ၂၈ ရက်ပြည့်တိုင်း တကြိမ်ရာသီလာပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရာသီလာတဲ့ရက်က လတိုင်းမှန်မှ ရက်ရှောင်နည်းကို သုံးလို့ရပါမယ်။

ဆိုလိုတာက ဒီလရက် ၃၀ နဲ့ရာသီလာပြီး နောက်လကျ ၂၈ ရက်နဲ့လာလိုက် နောက်လကျ ၂၀ ရက်နဲ့လာလိုက် မဖြစ်ရပါဘူး။

ရက် ၃၀ တကြိမ် ရာသီလာတဲ့ အမျိုးသမီးက လတိုင်းရက် ၃၀ ပြည့်တာနဲ့ ရာသီလာဖို့ လိုသလို ၂၈ ရက်နဲ့ ရာသီလာတဲ့ အမျိုးသမီးကလည်း လတိုင်း ၂၈ ရက်ပြည့်တာနဲ့ရာသီလာဖို့လိုပါတယ်။

ဒါမှသာ မျိုးဥကြွေရက်ကို တွက်လို့ရပြီး ရှောင်ရမယ့်ရက်တွေကို တွက်လို့ရမှာပါ။

မမျိုးဥက အကြမ်းအားဖြင့် ရာသီလာဖို့ ၁၄ ရက်အလိုလောက်မှာ ကြွေလေ့ရှိပါတယ်။

သုတ်ပိုးသက်တမ်းနဲ့ မမျိုးဥသက်တမ်းကိုပါ ထည့်တွက်ရတဲ့အတွက် မမျိုးဥကြွေတဲ့ရက်အပြင် အဲ့ရှေ့ ၃ ရက် နဲ့ နောက် ၁ ရက်ပါ အတူနေလိင်ဆက်ဆံတာကို ရှောင်ရပါမယ်။

(ဥပမာ ၂၈ ရက်တကြိမ်ရာသီလာတဲ့ အမျိုးသမီးဆိုပါက ရာသီလာပြီး ၁၁ ရက်မြှောက်နေ့ကနေ ၁၅ ရက်မြှောက်နေ့အတွင်း အတူနေလိင်ဆက်ဆံတာကို ရှောင်ရပါမယ်။

၃၀ ရက်တကြိမ်ရာသီလာတဲ့ အမျိုးသမီးဆိုပါက ရာသီလာပြီး ၁၃ ရက်မြှောက်နေ့ကနေ ၁၇ ရက်မြှောက်နေ့အတွင်း အတူနေလိင်ဆက်ဆံတာကို ရှောင်ရပါမယ်။)

သောက်ဆေးသောက်တာ၊ ထိုးဆေးထိုးတာစတဲ့ သားဆက်ခြားနည်းတွေမှာ အားသာချက်အားနည်းချက်ရှိသလို ရက်ရှောင်နည်းမှာလည်း အားသာချက်အားနည်းချက်ရှိပါတယ်။

ရက်ရှောင်နည်းမှာ အားသာချက်အနေနဲ့ သောက်ဆေးထိုးဆေးတွေလို ဟောမုန်းရဲ့ ဘေးထွက်ဆိုးကျိုးတွေ မခံစားရခြင်း၊ ငွေကုန်သက်သာခြင်းနဲ့ ကွန်ဒုံးသုံးသလို အလွှာခြားကမ္ဘာခြားတာမျိုးမရှိဘဲ အိမ်ထောင်ရေးသုခအပြည့်အဝရခြင်း စတဲ့ အချက်တွေဖြစ်ပါတယ်။

အားနည်းချက်ကတော့ ဒီနည်းဟာ ကိုယ်ဝန်တားနည်းတွေထဲမှာ စိတ်ချရမှုအနည်းဆုံးနည်းဖြစ်ပြီး ကိုယ်ဝန်ရနိုင်ခြေတအားများတဲ့ နည်းဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ မျိုးဥကြွေရက်ဟာ စိတ်ဖိစီးစရာများတာ၊ နေမကောင်းတာ၊ အကိုက်အခဲပျောက်ဆေးတွေသောက်တာ စတဲ့အချက်တွေကြောင့် စောတာ၊ နောက်ကျတာ ဖြစ်နိုင်လို့ပါ။

ဒါ့ပြင် ရာသီလာရက်ဟာလည်း သွေးအားနည်းတာ၊ အရေးပေါ်တားဆေးတွေသောက်တာကြောင့်လည်း ရာသီလာရက်မမှန်တာဖြစ်နိုင်ပါတယ်။

အဲ့အခါမှာဆိုရင် ရှောင်ရမယ့်ရက်တွက်တာဟာ မမှန်နိုင်ခြေတအားများပြီး ကိုယ်ဝန်ရနိုင်ခြေတအားများပါတယ်။

ဒါကြောင့် အဆုံးသတ်အနေနဲ့ပြောရရင် အမှန်တကယ် ကိုယ်ဝန်မလိုချင်သေးဘူးဆိုပါက ရက်ရှောင်နည်းကိုမစဉ်းစားဘဲ ကျန်တဲ့တားနည်းတွေကိုသုံးဖို့ စဉ်းစားသင့်ပါတယ်။

Dr 528

Previous Post

ရေမွှာရည်များခြင်း (Polyhydramnios)

Next Post

သင်္ဘောသီးစားရင် ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ တကယ်လား          

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အသက် ၅၀ ကျော်အမျိုးသားတို့ သတိထားသင့်တဲ့ကျန်းမာရေးဆိုင်ရာပြဿနာများ

3 weeks ago
321
Why men lose their sexuality prematurelyuality -prematurely

အမျိုးသားများ အရွယ်မတိုင်ခင် လိင်စိတ်နည်းပါးလာရခြင်းအကြောင်း

2 months ago
1.8k
To be a healthy, happy and energetic man

ကျန်းမာပျော်ရွှင်ပြီး တက်ကြွလန်းဆန်းတဲ့ အမျိုးသားတစ်ဦးဖြစ်ဖို့

3 months ago
731
Men's Skincare

အမျိုးသားတို့ Skincare ဖို့

4 months ago
650
bachelor, Puberty and obesity

လူပျို၊ အပျိုဖော်ဝင်စအရွယ်နှင့် အဝလွန်ခြင်းအကြောင်း

4 months ago
634
How to use condoms properly

ကွန်ဒုံးစနစ်တကျ အသုံးပြုနည်း

4 months ago
1.5k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သင်္ဘောသီးစားရင် ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ တကယ်လား          

အရေးပေါ်အသက်ကယ်မယ်ဆိုရင်

ကိုယ်ဝန်ဆောင် လေယာဉ်စီးရင် ဘာဖြစ်တတ်လဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.