fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

ကော်ဖီသောက်ခြင်းက အစာခြေစနစ်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ

450
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/08/2021
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

လူအများစု နေ့စဉ်သောက်သုံးလေ့ရှိသည့် ကော်ဖီက အစာခြေစနစ်အပေါ် မည်သို့မည်ပုံ အကျိုးသက်ရောက်မှုရှိကြောင်းကို ဆွေးနွေးတင်ပြပေးလိုက်ပါတယ်။

 

ကော်ဖီနှင့် အူလှိုင်းထခြင်း

ကော်ဖီတွင်ပါဝင်သော ကဖင်းဓာတ်သည် အူလှိုင်းထခြင်းကို လှုံ့ဆော်ပေးနိုင်သည့်အပြင် အူလမ်းကြောင်းအတွင်း ဓာတ်ကူပစ္စည်းအဖြစ်လည်း လုပ်ဆောင်ပေးနိုင်ပါသည်။

ထို့သို့ အူလှိုင်းထခြင်းကို လျင်မြန်စေခြင်းသည် အစားအစာများကို အူအတွင်း မြန်ဆန်စွာရွေ့လျားစေသဖြင့် ကောင်းမွန်စွာ အစာခြေဖျက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါသည်။

ထိုသို့ကောင်းစွာ ကြေညက်ခြင်းမရှိသေးသော အစားအစာများ အစာအိမ်မှ တစ်ဆင့် အူလမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားသောအခါ အူအတွင်းနာကျင်ခြင်းကို ဖြစ်ပေါ်လာစေပါသည်။

ထို့ပြင် ထိုသို့ အစားအစာများ အူအတွင်း၌ လျင်မြန်စွာရွေ့လျားခြင်းသည် အာဟာရဓာတ်များအား ပြည့်ဝစွာ စုပ်ယူနိုင်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါသည်။

ကော်ဖီသောက်သောသူ ၃၀% မှ ၄၀% အထိသည် ကော်ဖီသောက်ပြီးနောက် မကြာခင်တွင် ဝမ်းသွားကြလေ့ရှိပါသည်။

ထိုပြဿနာသည် ကော်ဖီတွင်ပါဝင်သော ကဖင်းဓာတ်ကြောင့် ဖြစ်ရသည် သို့မဟုတ် ကော်ဖီတွင်ပါဝင်သော အက်ဆစ်ဓာတ်ကြောင့် ဖြစ်ရသည်ဆိုသောအကြောင်းအချက်ကို သေချာ ရှင်းလင်းစွာ မသိရှိကြသေးပေ။ သို့သော် အကြောင်းအချက် ၂ ချက်လုံးကြောင့် ဖြစ်နိုင်သည်ဟု အကြမ်းဖျင်းယူဆထားကြ ပါသည်။

ထို့ကြောင့် ကော်ဖီ၏ အူလှိုင်းထခြင်းကို မြန်ဆန်လာစေသည့် အကျိုးသက်ရောက်မှုကြောင့် အစာခြေဖျက်ခြင်း၊ အာဟာရဓါတ်များကို စုပ်ယူခြင်းများတွင် အနှောင့်အယှက်များဖြစ်စေသည့်အပြင် ဝမ်းသွားခြင်းစသည့် အစာခြေစနစ်၏ ပြဿနာများကိုလည်း ပိုမိုဖြစ်ပေါ်လာစေပါသည်။

 

ကော်ဖီနှင့် အစာလမ်းကြောင်းနံရံများအနာဖြစ်ခြင်း

ကော်ဖီကြောင့် အစာအိမ်နာကျင်ခြင်းဖြစ်ရခြင်းမှာ ကော်ဖီတွင်ပါဝင်သည့် အက်ဆစ်ဓာတ်များက အစာအိမ်နှင့် အူလမ်းကြောင်းတွင် သည်းခြေရည်များ ပိုမိုထုတ်လွှတ်စေရန်အတွက် လှုံ့ဆော်ပေးသောကြောင့် ဖြစ်ပါသည်။

သည်းခြေရည်သည် အယ်ကာလိုင်းပစ္စည်းတစ်ခုဖြစ်သောကြောင့် ပမာဏအများအပြား ထွက်ရှိခဲ့ပါက အစာအိမ် မအီမသာဖြစ်ခြင်း၊ ပါးစပ်အတွင်း ခါးသောအရသာခံစားရခြင်း နှင့် ဝမ်းလျှောခြင်းများကို ဖြစ်စေနိုင်ပါသည်။

ထို့ပြင် ကော်ဖီတွင်ပါဝင်သော အက်ဆစ်များက အစာအိမ်အတွင်းမှ ချဉ်ရည်များကို အစာရေမျိုပြွန်အတွင်းသို့ လျှံတက်စေကာ အနာဖြစ်စေခြင်း၊ ရင်ပူခြင်းပြဿနာများကိုလည်း ဖြစ်စေကြောင်းလည်း ယုံကြည်ထားကြပါသည်။

ထို့ကြောင့် ကော်ဖီကို ပုံမှန်သောက်သုံးသောသူများသည် အစာအိမ်နံရံများ၊ အူနံရံများနှင့် အစာရေမျိုပြွန်နံရံများကို ပြဿနာများဖြစ်စေခြင်း၊ အနာများဖြစ်စေခြင်း၊ ရောင်ရမ်းခြင်းဖြစ်စေခြင်းများကို ဖြစ်ပေါ်စေနိုင်ပါသည်။

 

ကော်ဖီနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး

ကော်ဖီတွင်ပါဝင်သော ကဖင်းဓာတ်သည် စိတ်ကြွစေရန် လှုံ့ဆော်ပေးသည့် ပစ္စည်းတစ်မျိုးဖြစ်သောကြောင့် စိုးရိမ်ပူပန်စိတ်များဖြစ်ပေါ်လာခြင်းနှင့် အိပ်မပျော်ခြင်းများကိုလည်း ဖြစ်စေနိုင်ကြောင်းတွေ့ရှိရပါသည်။

ထိုသို့ စိုးရိမ်ပူပန်စိတ်များ များပြားခြင်းသည် စိတ်ဖိစီးမှု ဟော်မုန်းဖြစ်သည့် Cortisol များကို ထွက်လာစေပါသည်။

ထိုသို့ထွက်လာခြင်းသည် ခန္ဓာကိုယ် အလေးချိန်ထိန်းသိမ်းရန် ပြဿနာများဖြစ်စေခြင်း၊ ဗိုက်အောင့်ခြင်း၊ နာကျင်ခြင်း၊ ဝမ်းလျှောခြင်း စသည့်အစာအိမ်ဆိုင်ရာပြဿနာများ ပိုမိုဖြစ်စေနိုင်ပါသည်။

ထို့ပြင် ကဖင်းဓာတ်များအလွန်အကျွံများပြားခြင်းသည် ပြင်းပြင်းထန်ထန် ရင်တုန်ခြင်းများကိုလည်း ဖြစ်စေနိုင်ပါသည်။

Author : Dr. မွန်

Previous Post

‌အရက်ကြောင့်ဖြစ်ရတဲ့ အသည်းရောဂါ

Next Post

အသားအရေလျော့တွဲခြင်းကို သက်သာစေနိုင်တဲ့ နည်းလမ်းကောင်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.5k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.4k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.8k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
819

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
427

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသားအရေလျော့တွဲခြင်းကို သက်သာစေနိုင်တဲ့ နည်းလမ်းကောင်းများ

ကလေးများ ကိုယ်ခံစွမ်းအားတိုးတက်စေဖို့

ဆံပင်ကျွတ်တာ များလာပြီဆိုလျှင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.