fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home OnDoctor မှ ဆရာဝန်များ

လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု

66
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/12/2020
in OnDoctor မှ ဆရာဝန်များ
1 min read
A A

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့သည် “လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု အထိမ်းအမှတ်နေ့” (Universal Health Coverage Day – UHC Day) ဖြစ်ပါသည်။
ကမ္ဘာပေါ်ရှိ နေရာတိုင်းတွင် နေထိုင်ကြသော လူသားများအားလုံးသည် အခြေခံကျန်းမာရေး စောင့်ရှောက်မှုများကို ငွေကြေးဆိုင်ရာ အခက်အခဲ တစ်စုံတစ်ရာမရှိဘဲနှင့် ရရှိနိုင်စေရန် ရည်ရွယ်ပြီး UHC Day ကို ၂၀၁၄ ခုနှစ်က စတင်ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

လုံလောက်သော အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ငွေကြေးအခက်အခဲမရှိဘဲ ရရှိရန်လိုအပ်နေသေးသော တစ်ကမ္ဘာလုံးရှိ လူသန်းပေါင်းများစွာ၏ အရေးကိစ္စကို ပိုမိုအလေးပေး လုပ်ဆောင်နိုင်ကြစေရန်ရည်ရွယ်၍ နှစ်စဉ် ဒီဇင်ဘာလ ၁၂ ရက်နေ့ရောက်တိုင်းတွင် UHC Day ကို နှစ်စဉ်မပျက် ပြုလုပ်ကျင်းပခဲ့ကြပါတယ်။
ယခုနှစ် UHC Day ကျရောက်သော ဒီဇင်ဘာလသည် ကမ္ဘာပေါ်တွင် Covid-19 ကပ်ရောဂါ ပထမဆုံးစတင်ဖြစ်ပွားမှု တစ်နှစ်ပြည့်မြောက်သည့် အချိန်ကာလလည်း ဖြစ်ပါသည်။

ယခုနှစ် UHC Day ၏ ဆောင်ပုဒ်မှာ ‘Health for all: protect everyone. To end this crisis and build a safer and healthier future, we must invest in health systems that protect us all — now’ ဖြစ်ပါသည်။
အဓိကအားဖြင့် ယခုလက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသော ကပ်ရောဂါဘေးကြီး၏ အန္တရာယ်မှ အမြန်ဆုံး လွတ်မြောက်အောင် အတူတကွကြိုးစားကြပြီး၊ ပိုမိုကောင်းမွန် စိတ်ချရသော အနာဂတ်တစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် လူသားအားလုံးကို အကာအကွယ်ပေးနိုင်သည့် လူသားအားလုံးအတွက် ရည်ရွယ်သော ကျန်းမာရေးစနစ်တစ်ခုကို ယခုပင် တည်ဆောက်ကြရန်အတွက် တိုက်တွန်းလိုခြင်းဖြစ်ပါသည်။

၂၀၁၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပခဲ့သော ကုလသမဂ္ဂအစည်းအဝေး၌ ၂၀၃၀ ခုနှစ်တွင် ပိုမို လုံခြုံ၊ မျှတ၍ ကျန်းမာသော ကမ္ဘာကြီးတစ်ခုကိုဖန်တီးနိုင်ရန်အတွက် Sustainable Development Goals (SDGs) ၁၇ ချက်ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံလုံးမှ သဘောတူညီခဲ့ကြပါသည်။ အတိုကောက်အားဖြင့် UHC2030 ဟုခေါ်ဆိုကြသော အဆိုပါပန်းတိုင်ဆီသို့ လျှောက်လှမ်းရာတွင် ထားရှိရမည့် ရည်မှန်းချက် ၁၇ ချက်အနက် တတိယမြောက် ရည်မှန်းချက်မှာ အသက်အရွယ်မရွေး ကျန်းမာကြံ့ခိုင်စေရန် (Ensure healthy lives and promote well-being for all at all ages) ဖြစ်ပါသည်။ ထိုရည်မှန်းချက်ဆီသို့ အောင်မြင်အောင် လျှောက်လှမ်းနိုင်ရန်အတွက် နိုင်ငံအသီးသီးက ကြိုးပမ်းဆောင်ရွက်နေကြသကဲ့သို့ မြန်မာနိုင်ငံသည်လည်း အမျိုးသားကျန်းမာရေးစီမံကိန်းများကို ရေးဆွဲချမှတ်ကာ ဆောင်ရွက်ကြိုးပမ်းလျက်ရှိပါသည်။

သို့သော် ကျန်းမာရေးဝန်ထမ်း အချိုးအဆ နည်းပါးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု နည်းပါးခြင်း စသည့်လိုအပ်ချက်များစွာ ရှိနေသေးသော ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေဖြင့် UHC2030 ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိနိုင်ရန်အတွက် အခက်အခဲများစွာကို ရင်ဆိုင်ကျော်လွှားရဦးမည် ဖြစ်ပါသည်။ အထူးသဖြင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ငွေရေးကြေးရေး ဝန်ထုပ်ဝန်ပိုးမရှိဘဲ ရရှိနိုင်ရန် ဆိုသည်မှာ ဆင်းရဲသည့်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ ပြည်သူများအဖို့ အဓိက မျှော်လင့်တောင့်တနေကြသည့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အိပ်မက်များထဲမှ တစ်ခုဖြစ်ပါသည်။

ထိုအိပ်မက်ကို ပြည့်ဝအောင် ဖော်ဆောင်ရာတွင် တိုးတက်ထွန်းကားလာသည့် နည်းပညာများကို အသုံးပြုပါက ပိုမိုလျင်မြန် လွယ်ကူစွာ ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။ ယခုနောက်ပိုင်းတွင် ခေတ်စားလာသည့် Telehealth ဟုခေါ်သည့် အင်တာနက် online မှတစ်ဆင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် ဝန်ဆောင်မှုများက စရိတ်စက ကုန်ကျမှုအနည်းဆုံးဖြင့် လူတိုင်းလူတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ရန် ကူညီပေးနိုင်ပါသည်။

ထို့ကြောင့် ကမ္ဘာတစ်ဝန်း Telehealth ၏ အခန်းကဏ္ဍကို မြှင့်တင်လာကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း မြှင့်တင်နိုင်ရန် ကြိုးပမ်းလျက်ရှိကြပါသည်။
မြန်မာနိုင်ငံတွင် စရိတ်စက သက်သာစွာဖြင့် လူတိုင်းလူတိုင်းအား အချိန်နေရာမရွေး Telehealth ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုကို ပေးနိုင်ရန်အတွက် ကြိုးပမ်းနေကြသည့် ကုမ္ပဏီများတွင် OnDoctor Healthcare App ကုမ္ပဏီသည် ရှေ့ဆောင် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

OnDoctor Healthcare App ကုမ္ပဏီကို စတင်တည်ထောင်ခဲ့သော CEO ဖြစ်သူ ဒေါက်တာ ထက်ဇံလင်းသည် United Nations Global Compact ၏ မြန်မာနိုင်ငံဆိုင်ရာ အတွင်းရေးမှုး အဖြစ် စေတနာ့ဝန်ထမ်း လုပ်ကိုင်ဆောင်ရွက်ပေးနေသူတစ်ဦး ဖြစ်ပါသည်။ United Nations Global Compact သည် ကုလသမဂ္ဂမှ ချမှတ်ထားသော ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်းအဖြစ် ဝိုင်းဝန်းကူညီပေးသည့် တစ်ကမ္ဘာလုံးတွင်ရှိသော လူမှုရေးတာဝန်ကျေသည် အဖွဲ့အစည်းများ၊ လုပ်ငန်းများကို စုစည်းဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ထို့အပြင် ဒေါက်တာထက်ဇံလင်းသည် ဆေးတက္ကသိုလ် ( ၁ ) မှ M.B.B.S ဘွဲ့ကိုလည်းကောင်း၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) ဘွဲ့ကိုလည်း ရရှိထားသူတစ်ဦးလည်းဖြစ်ပါသည်။

ထို့အပြင် ဒေါက်တာ ထက်ဇံလင်းသည် နယ်မြို့တစ်မြို့သို့ရောက်ရှိနေခိုက်တွင် အရေးပေါ်ကျန်းမာရေး ကိစ္စတစ်ခုနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံမှာ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ application တစ်ခု၏ အသုံးဝင်၊ အကူအညီရပုံများကို ကိုယ်တိုင်အသုံးပြု သိမြင်ခဲ့ပါသည်။ အချိန်မရွေး၊ နေရာမရွေး ကျန်းမာရေး ဝန်ဆောင်မှုရရှိနိုင်ခြင်း၏ ကောင်းကျိုးများစွာကို ကိုယ်တိုင် ကြုံတွေ့ သဘောပေါက် သိမြင်မှုနှင့်အတူ လူတိုင်းလူတိုင်းအား ထိုသို့ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုများကို စရိတ်စက အနည်းဆုံးဖြင့် ပေးနိုင်စေရန် OnDoctor Healthcare App ကုမ္ပဏီကို ကြိုးပမ်းတည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

ဒေါက်တာထက်ဇံလင်းသည် ၂၀၁၆ ခုနှစ်မှစတင်ကာ ဇနီးဖြစ်သူ ဒေါက်တာ ဆုမွန်မွန်ထွန်းနှင့် အတူ လူမှုကွန်ယက်တစ်ခုဖြစ်သည့် facebook တွင် “ကျန်းမာရေး အမေးအဖြေ” ဆိုသည့် page တစ်ခုကို ပြုလုပ်ကာ ကျန်းမာရေးဆိုင်ရာ မေးခွန်းများကို စေတနာ့ဝန်ထမ်း ဖြေဆိုပေးခဲ့ပါသည်။
နောက်ပိုင်းတွင် OnDoctor Healthcare App ကုမ္ပဏီကို တည်ထောင်၍ မေးမြန်းစုံစမ်းမှုများကို ပိုမို စနစ်ကျစွာ လုပ်ဆောင်ပေးနိုင်စေရန်နှင့် မိမိနှစ်သက်ရာ အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်များစွာနှင့် ဆွေးနွေးမေးမြန်းနိုင်စေရန် Application Platform တစ်ခုကို ( ၂၀၁၆ ) ခုနှစ်မှ စတင်ကာ ရေးဆွဲခဲ့ပြီး (၂၀၁၇) ဧပြီလတွင် စတင်ထုတ်ဝေဖြန့်ချိခဲ့ပါသည်။ ထိုသို့ OnDoctor ကုမ္ပဏီကို စတင်တည်ထောင်စဉ်ကတည်းကပင် လူတိုင်းလူတိုင်း စရိတ်စက သက်သာစွာဖြင့် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိနိုင်စေရေး (Universal Health Coverage) ကို Mission အဖြစ်ထားရှိကာ တွန်းတွန်းတိုက်တိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ မေးခွန်းများကိုလည်း Facebook page ကနေသာမက OnDoctor Application မှပါ တစ်နှစ်တစ်နှစ်လျှင် ၉.၆ သန်းခန့်အထိ အခကြေးငွေမယူဘဲ စေတနာ့ဝန်ထမ်း ဖြေဆိုပေးခဲ့ပါသည်။
ထို့အပြင် OnDoctor App တွင်လည်း စရိတ်စက သက်သာစွာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုခံယူနိုင်သော တစ်ရက်လုံးမေး တစ်ထောင်ဝန်းကျင်ခန့်သာ ကျသင့်သည် ကဲ့သို့သော features များကိုလည်း ထည့်သွင်းဆောင်ရွက်ခဲ့ပါသည်။

(၂၀၂၀) မတ်လတွင် OnDoctor Healthcare Application သည် version 2 ကို ထပ်မံထုတ်ဝေခဲ့ကာ Android ဖုန်းများသာမက iOS များပါ အသုံးပြုနိုင်အောင် အဆင့်မြှင့်တင်ခဲ့ပါသည်။
ထို့ပြင် OnDoctor ကုမ္ပဏီ ၏ အစိုက်တစိုက် စေတနာထား ကြိုးပမ်းအားထုတ်မှုများကြောင့် အောက်ပါအတိုင်း နိုင်ငံတကာ စွမ်းဆောင်ရည်ဆုများကိုလည်း ပေးအပ်ချီးမြင့်ခြင်း ခံခဲ့ရပါသည်။
OnDoctor Company သည် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ( ၂၀ ) ရက်နေ့တွင် Kbank Biz Plan Challenge ပြိုင်ပွဲတွင် ပထမဆုကို လည်းကောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ( ၅ ) ရက်နေ့တွင် ASEAN ICT Award 2018 ၏ CSR ကဏ္ဍဖြင့် မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ခဲ့ပြီး The Digital Marketing for Digital Entrepreneur Award ဆုကိုလည်းကောင်း၊ Startup and Innovation Driven Entrepreneur ကဏ္ဍအောက်တွင် ASEAN Business Award 2019 ဆုကိုလည်းကောင်း၊ ASEAN RICE BOWL Award 2019 (People’s Choice in Myanmar)၊ The ASEAN RICE BOWL Award 2019 (Best Life Helper in Myanmar) နှင့် the ASEAN Business Award 2019 ဆုတို့ကိုလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ (၁၇) ရက်နေ့တွင် ဟောင်ကောင်အစိုးရက ကျင်းပသည့် the Asia Smart App တွင် Public Sector Distinction the Asia Smart App ကဏ္ဍအတွက် Merit Award ဆုကိုလည်းကောင်း၊ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် World Information Technology and Services Alliance ကချီးမြှင့်သည့် WITSA Global Excellence Award အဖြစ် Innovative E Health Solutions ကဏ္ဍတွင် Merit Award ကိုလည်း ရရှိခဲ့ပါသည်။

နိဂုံးချုပ်အနေဖြင့်ဆိုရပါမူ ကမ္ဘာ့နိုင်ငံများနည်းတူ UHC2030 ရည်မှန်းချက်ပန်းတိုင်ဆီသို့ ဦးတည်လျောက်လှမ်းနေသော မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးအတွက် OnDoctor သည် တစ်ထောင့် တစ်နေရာမှ အစဉ်အမြဲ အားဖြည့်ကူညီ အဖော်ပြု ရပ်တည်နေမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

Previous Post

ချောင်းဆိုးနေရင် ဒါတွေရှောင်ကြဉ်ပါ

Next Post

အစာမကြေဖြစ်ရသည့်အကြောင်းရင်းများနှင့်သက်သာစေနိုင်သည့်နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဆီးနှင့်ကျောက်ကပ်ခွဲစိတ်အထူးကုဆရာဝန်ကြီးများ

5 years ago
910

အလှအပရေးရာဆရာဝန်ကြီးများ

5 years ago
415

မိသားစုကျန်းမာရေးဆရာဝန်များ

5 years ago
211

သွားဘက်ဆိုင်ရာဆရာဝန်များ

5 years ago
78

အရိုးအကြော ခွဲစိတ်ဆရာဝန်ကြီးများ

5 years ago
1.2k

စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီးများ

5 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာမကြေဖြစ်ရသည့်အကြောင်းရင်းများနှင့်သက်သာစေနိုင်သည့်နည်းလမ်းများ

အနာကျက်မြန်စေမည့် ဗီတာမင်အာဟာရဓာတ်များ

သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့သွေးအားနည်းရောဂါဆိုတာ။

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.