fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

အစာအိမ်ချဉ်ရည်ဆန်တက်ခြင်း သက်သာစေဖို့ဆိုရင်

1.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/08/2021
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

 အစာအိမ်ချဉ်ရည် ဆန်တက်ခြင်းဆိုတာ အစာအိမ်ထဲက အစာခြေအက်စစ်အရည်တွေဟာ လည်ချောင်းထဲက အစာရေမြိုပြွန်ထဲကို ဆန်တက်လာတာကို ခေါ်ပါတယ်။ ဒီလိုအက်စစ်ချဉ်ရည်တွေ ဆန်တက်လာတဲ့အခါ ရင်ပူတာကို ခံစားရတတ်ပါတယ်။ အစားတွေအများကြီး စားမိလိုက်တဲ့အခါနဲ့ အစာစားပြီး လှဲအိပ်မိတဲ့အခါမျိုးမှာ ပိုပြီး ဖြစ်ပေါ်တတ်ပါတယ်။ ရင်ပူတဲ့လက္ခဏာအပြင် ခံတွင်းချဉ်နေတာမျိုးကိုလည်း ခံစားရလေ့ရှိပါတယ်။

ဒီလို ရင်ပူတဲ့ဝေဒနာကို တစ်ပတ်အတွင်း ၂ ကြိမ်နဲ့အထက် ခံစားနေရပြီဆိုရင်တော့ Gastroesophageal reflux disease (GERD) လို့ခေါ်တဲ့ နာတာရှည် အစာခြေအက်စစ်ရည် ဆန်တက်တဲ့ရောဂါ ဖြစ်လာပါမယ်။ ဒီရောဂါမှာ ရင်ပူတာအပြင် အစာမျိုချရခက်တာ၊ ချောင်းဆိုးတာ၊ ရင်ဘတ်အောင့်တာ၊ အစာတွေနဲ့ အက်စစ်ချဉ်ရည်တွေ ပြန်အန်ထွက်လာတာမျိုးပါ ခံစားရတတ်ပါတယ်။

 

ဘယ်လိုအခြေအနေမှာ ပိုဖြစ်နိုင်သလဲ

စားသောက်နေထိုင်မှုပုံစံမှားရင်တော့ ဘယ်သူမဆို ရင်ပူတာ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေတွေရှိနေရင်တော့ အက်စစ်ချဉ်ရည်ဆန်တက်တာကို ပိုခံစားရနိုင်ပါတယ်။

(၁) အဝလွန်သူတွေ

(၂) ကိုယ်ဝန်ဆောင်သည်တွေ

(၃) ဆီးချိုရှိသူတွေ

(၄) ဆေးလိပ်သောက်သူတွေ ဖြစ်ပါတယ်။

အစားအလွန်အကျွံစားတာ၊ ညဉ့်နက်တော့မှ အစာစားတာက အက်စစ်ချဉ်ရည်ဆန်တက်တာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါ့ပြင် ဒီလိုအစားအသောက်တွေကလည်း ရင်ပူတာကို ပိုဆိုးစေနိုင်ပါတယ်။

– အဆီများတဲ့ အစားအစာ၊ အဆီကြော်စာတွေ

– အရက်၊ ကော်ဖီ

– အက်စပရင် (Aspirin) နဲ့ တချို့ဆေးဝါးတွေပဲ ဖြစ်ပါတယ်။

နာတာရှည် ရင်ပူတာ ဖြစ်လာတဲ့အခါမှာ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အစာရေမျိုပြွန် (Oesophagus) ကျဉ်းလာတာ၊ အစာရေမျိုပြွန်မှာ အနာဖြစ်လာတာနဲ့ Barrett’s esophagus လို့ခေါ်တဲ့ ကင်ဆာဖြစ်နိုင်ခြေများတဲ့အခြေအနေအထိ ဖြစ်လာနိုင်ပါတယ်။

အစာအိမ်အက်စစ်ချဉ်ရည်ဆန်တက်ခြင်း သက်သာစေဖို့ ဘယ်လိုနည်းလမ်းတွေ ရှိလဲ

ရင်ပူတယ်ဆိုတာ စားသောက်နေထိုင်မှုပုံစံမမှန်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပုံစံကို ပြောင်းလဲပေးရပါမယ်။

တစ်ခါတလေ ရင်ပူတဲ့သူတွေနဲ့ ရင်ပူတဲ့ဝေဒနာ သိပ်မဆိုးရွားတဲ့သူတွေမှာဆိုရင် ဒီလို စားသောက်နေထိုင်မှုပုံစံတွေ ပြောင်းလဲပေးရင် သက်သာလာနိုင်ပါတယ်။

– အစာစားပြီး ၃ နာရီကြာမှ လှဲလျောင်းပါ။

– အစားအလွန်အကျွံစားတာကို ရှောင်ပြီး တစ်နေ့တာမှာ ပမာဏနည်းနည်းနဲ့ အကြိမ်ရေများများ စားပေးပါ။

– အစာအိမ်အပေါ် ဖိအားမသက်ရောက်စေဖို့ အင်္ကျီအဝတ်အစား ချောင်ချောင်ချိချိ ဝတ်ပါ။

– သင့်တော်တဲ့ ကိုယ်အလေးချိန်ဖြစ်အောင် လုပ်ဆောင်ပါ။ အဝလွန်နေရင် ကိုယ်အလေးချိန် ချပါ။

– ဆေးလိပ်ဖြတ်ပါ။

– အိပ်ရာခေါင်းပိုင်းကို မြှင့်ပြီး အိပ်ပါ။ ကုတင်အောက်မှာ သစ်သားတုံး ခုပြီးဖြစ်ဖြစ်၊ အနိမ့်အမြင့် ချိန်ညှိလို့ရတဲ့ ကုတင်ပဲဖြစ်ဖြစ် ကုတင်ခေါင်းပိုင်းကို ၆ လက်မကနေ ၈ လက်မ အထိ မြှင့်ပြီး အိပ်ပါ။

– ရင်ပူတာကို ဖြစ်စေနိုင်တဲ့ အစားသောက်တွေ ရှောင်ပါ။ စားမိတဲ့အခါ အက်စစ်ချဉ်ရည်ဆန်တက်တာကို ဖြစ်စေတဲ့ အစားအသောက်တွေကို မှတ်ထားပါ။ ဒီလို အစားအသောက်တွေကတော့ အဆီများတဲ့ အစားအစာနဲ့ အဆီကြော်စာ၊ အရက်၊ ကော်ဖီ၊ ဂတ်စ် ပါတဲ့ အချိုရည် (Carbonated Drinks – ဉပမာ ကိုကာကိုလာ၊ ဆိုဒါ)၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချဉ်တဲ့သစ်သီးဝလံတွေ၊ ပူဒီနာ (ပူစီနံ) နဲ့ အချဉ်ရည်တွေပဲ ဖြစ်ပါတယ်။

 

ဆေးဝါးနှင့် ကုသခြင်း

တချို့လူတွေမှာတော့ စားသောက်နေထိုင်မှုပုံစံပြောင်းလဲခြင်းနဲ့ မသက်သာသေးရင် ဆေးဝါးနဲ့ ကုသမှု လိုအပ်ပါလိမ့်မယ်။ ဆေးဆိုင်မှာ အလွယ်တကူဝယ်ယူနိုင်တဲ့ ဆေးဝါးဖြစ်တဲ့ အစာအိမ်အက်စစ်ရည် လျှော့ချတဲ့ဆေး Antacids တွေ သောက်ပေးရင် ရင်ပူတာကို သက်သာစေနိုင်ပါတယ်။

ဒီလိုအခြေအနေမှာမှ မသက်သာသေးရင်တော့ ဆရာဝန်နဲ့ပြသပြီး သေသေချာချာ စစ်ဆေးကုသသင့်ပါတယ်။ ဆရာဝန်အနေနဲ့ လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးရင် အကောင်းဆုံးနဲ့ အသင့်တော်ဆုံး ကုသမှုကို ပေးမှာပဲ ဖြစ်ပါတယ်။

Author : ဒေါက်တာကောင်း (ဆေး – ၂)

Previous Post

သံဓာတ်အားဆေးဖြည့်စွက်စာများ သောက်သုံးမယ်ဆိုရင်

Next Post

အဆုတ်သန့်စင်စေမယ့် သဘာ၀နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.4k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
815

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
426

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အဆုတ်သန့်စင်စေမယ့် သဘာ၀နည်းလမ်းများ

နှလုံးကြွက်သားရောင်ရမ်းခြင်း လက္ခဏာများ

အစာအိမ်အနာဖြစ်ခြင်းနဲ့ နောက်ကျောအောင့်ခြင်း ဆက်စပ်မှုရှိသလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.