fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

အစာအိမ်ရောဂါလက္ခဏာများ အမြန်ဆုံးသက်သာစေဖို့ဆိုရင်။

9.6k
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/01/2021
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

          အစာအိမ်နှင့်သက်ဆိုင်သော ရောဂါလက္ခဏာများသည် အစာခြေလမ်းကြောင်းစနစ်ကို ထောက်ပံ့သော အာရုံကြောအချို့ကို ထိခိုက်ခြင်းကြောင့် ဖြစ်လာခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

 

အစာအိမ်ရောဂါလက္ခဏာများ။

အောက်ပါတို့သည် အဖြစ်များသော အစာအိမ်ရောဂါလက္ခဏာများ ဖြစ်ကြပါသည်။

– လေတက်ခြင်း

– လေလည်ခြင်း

– ဝမ်းဗိုက်ကယ်ခြင်း

– ဝမ်းဗိုက်အောင့်ခြင်း

– ဝမ်းဗိုက်တွင် တင်းကြပ်ကြပ်ဖြစ်သည်ဟု ခံစားရခြင်း စသည့်ရောဂါ လက္ခဏာများဖြစ်ကြပါသည်။

         

ဘယ်လိုအခြေအနေမျိုးမှာ ဆရာဝန်နှင့်ပြသသင့်ပါသလဲ။

          အထက်ပါ အစာအိမ်ရောဂါလက္ခဏာများသည် အခြားလက္ခဏာများနှင့် တွဲ၍တွေ့ရှိရလျှင် အစာအိမ်ရောဂါလက္ခဏများ ပိုမိုဆိုးရွားလာသည်ကို ရည်ညွှန်းပါသည်။

၎င်းတို့မှာ

– သွေးဝမ်းသွားခြင်း

– ဝမ်းသွားသည့် အကြိမ်အရေအတွက်ပြောင်းလဲလာခြင်း

– ခန္ဓာကိုယ်အလေးချိန် ကျဆင်းလာခြင်း

– ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း

– မကြာခဏပျို့ခြင်း၊ အန်ခြင်း

– အချိန်ကြာမြင့်စွာ ဝမ်းဗိုက်အောင့်ခြင်း၊ နာခြင်း

– ရင်ဘတ်အောင့်ခြင်း စသည်တို့ ဖြစ်ကြပါသည်။

 

ထိုရောဂါလက္ခဏာများနှင့်တွဲ၍တွေ့ရှိရပါက ဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်၍ စနစ်တကျ ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။

 

အစာအိမ်ရောဂါလက္ခဏာ ဖြစ်ပေါ်ရခြင်း အကြောင်းရင်းများ။

အောက်ပါတို့သည် အစာအိမ်ရောဂါ လက္ခဏာဖြစ်ရခြင်း၏ အကြောင်းရင်းများ ဖြစ်ကြပါသည်။

– အစာအိမ်လေရောဂါဖြစ်စေသော အစားအစာများ။

အမျှင်ဓာတ် များပြားစွာပါဝင်သော အစားအစာများ (ဥပမာ ပဲအမျိုးမျိုး ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ ၊ အစေ့အဆန်များ) စသည့် အစားအစာများ ဖြစ်ကြပါသည်။

– ဆိုဒါနှင့် အရက်ဘီယာများ။

– ဆီးချိုသကြားများ။

– အချို့သောရောဂါများ။


( ၁ )    နာတာရှည် အူလမ်းကြောင်း ရောဂါများ။

          Diverticulitis, Ulcerative colitis , Crohn’s disease စသော နာတာရှည်အူလမ်းကြောင်း ရောဂါများကြောင့်လည်း အစာအိမ်လေရောဂါလက္ခဏာများကို ဖြစ်စေနိုင်ကြောင်း တွေ့ရှိရပါသည်။

( ၂ )      အူလမ်းကြောင်းတွင် ဘက်တီးရီးယားပိုးများ ကြီးထွားပေါက်ဖွားသည့်အခြေအနေများ။

အူသိမ်ပိုင်းတွင် ဘက်တီးရီးယားပိုးများ‌ ပေါက်ဖွားခြင်း၊ အရေအတွက် များပြားလာခြင်းကြောင့် အစာအိမ်လေပွခြင်း ၊ ဝမ်းလျှောခြင်းနှင့် ခန္ဓာကိုယ် အလေးချိန်ကျဆင်းခြင်းတို့ ဖြစ်လာနိုင်ပါသည်။

( ၃ )     အချို့သော အစားအစာများကို ကောင်းစွာစုပ်ယူနိုင်မှု မရှိခြင်း။

နို့ထွက်ပစ္စည်းများတွင် တွေ့ရသည့် Lactose သကြားဓာတ်များ သို့မဟုတ် ဂျုံ နှင့် ဘာလီ စသော အစားအစာများတွင် တွေ့ရသော Gluten ပရိုတင်းဓာတ်များကို ကောင်းစွာ ဖြိုခွဲခြင်း ၊ စုပ်ယူခြင်း မလုပ်နိုင်သော အခြေအနေများတွင်လည်း အစာအိမ်ရောဂါ လက္ခဏာများဖြစ်နိုင် ကြောင်း တွေ့ရှိရပါသည်။

( ၄ )     ၀မ်းချုပ်ခြင်း

ဝမ်းချုပ်ခြင်း လက္ခဏာကြောင့်လည်း အစာအိမ်ရောဂါလက္ခဏာများ ဖြစ်လာနိုင်ပါသည်။

 

အစာအိမ်ရောဂါကို သက်သာပျောက်ကင်းစေသော နည်းလမ်းများ

အစာအိမ်လေရောဂါလက္ခဏာများသည်  အောက်ပါနည်းလမ်းများကို လိုက်နာခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ကြောင်း တွေ့ရှိရပါသည်။

 

– ပန်းသီးရှာလကာရည်ကို သောက်ပါ။

ပန်းသီးရှာလကာရည် ပါဝင်သော ရေတစ်ဖန်ခွက်ကို သောက်သုံးခြင်းဖြင့် အစာအိမ် လေရောဂါလက္ခဏာများကို ပျောက်ကင်းစေနိုင်ပါသည်။

 

– ထောပတ်နို့ ကိုသောက်ပါ။

ထောပတ်နို့ တစ်ခွက်ကို သောက်ပေးခြင်းဖြင့်လည်း  အစာအိမ် လေရောဂါလက္ခဏာများကို ဖယ်ရှားနိုင်မည် ဖြစ်ပေသည်။

– ရေများများသောက်ပေးပါ။

ရေဓာတ်သည် အစားအစာများနှင့် အဖျော်ယမကာများကို ခြေဖျက်နိုင်ရန်အတွက်  လိုအပ်သော အရာတစ်ခုဖြစ်ပါသည်။

ရေဓာတ်ခန်းခြောက်ခြင်းသည် အစာခြေဖျက်ခြင်းကို ပို၍ခက်ခဲစေသည့်အတွက် အစာမကြေဖြစ်ခြင်းနှင့် အခြားအစာအိမ်ရောဂါလက္ခဏာများကိုဖြစ်စေနိုင်သော အကြောင်းရင်းတစ်ခုဖြစ်ပါသည်။

 

– ပက်လက်အနေအထားဖြင့်လဲလျောင်းခြင်းမှရှောင်ကြဉ်ပါ။

ပက်လက်အနေအထားဖြင့် လဲလျောင်းခြင်းသည် အစာအိမ်မှ အက်ဆစ်များကို အထက်သို့ ဆန်တက်ခြင်းအား ဖြစ်စေသောကြောင့် ရင်ပူခြင်းလက္ခဏာကို ဖြစ်စေနိုင်ပါသည်။

 

– ချင်း  ကိုစားပေးပါ။

ချင်းသည် အစာမကြေဖြစ်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း တို့ကို သက်သာပျောက်ကင်းစေနိုင်သော သဘာ၀ ဆေးဘက်ဝင်အစားအစာတစ်မျိုးဖြစ်ပါသည်။

ချင်းတွင် ပါဝင်သော ဓာတုပစ္စည်းများသည် အစာအိမ်ကျုံ့ညှစ်ခြင်းကို မြန်စေနိုင်သည့်အပြင် ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ကိုလည်း လျော့နည်းစေနိုင်သော အာနိသင်ရှိကြောင်း လက်ခံယုံကြည် ထားကြပါသည်။

 

– ရေနွေးဖြင့် ရေချိုးခြင်း သို့မဟုတ် ရေနွေးအိတ်ဖြင့် ကပ်ပေးခြင်းပြုလုပ်ပေးပါ။

အပူချိန်သည် တင်းကြပ်နေသောကြွက်သားများကို ပြေလျော့စေရန်ကူညီနိုင်သော ဂုဏ်သတ္တိရှိသောကြောင့် အစာအိမ်ကြွက်သားများကိုလည်း ပြေလျော့ပေးနိုင်ကြောင်း တွေ့ရပါသည်။

ထို့ကြောင့် အစာအိမ်လေရောဂါ ခံစားနေရသောသူများသည် ရေနွေးဖြင့် ရေချိုးခြင်း သို့မဟုတ် ဝမ်းဗိုက်ကို ရေနွေးအိတ်နွေးနွေးဖြင့် ကပ်ပေးခြင်းတို့ကို ပြုလုပ်သင့်ကြောင်း အကြံပြုလိုပါသည်။

 

– ဆေးလိပ်၊ အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။

ဆေးလိပ်သောက်ခြင်းသည် လည်ချောင်းကို ကသိကအောင့်ဖြစ်စေနိုင်ပြီး အစာအိမ်လက္ခဏာများကိုလည်း အားပေးနိုင်ပါသည်။

ထို့အတူအရက်သောက်ခြင်းသည်လည်း အစာခြေဖျက်ရန် ခက်ခဲခြင်းကို ဖြစ်စေပြီး အသည်းနှင့် အစာအိမ်တို့ကို ထိခိုက်ပျက်စီးစေနိုင်ကြောင်း တွေ့ရပါသည်။

ထိုအချက်များကြောင့် အစာအိမ်ဝေဒနာရှိသူများသည် အရက်နှင့် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်သင့်ပေသည်။

 

– အစာခြေဖျက်ရန်ခက်ခဲသော အစားအစာများစားခြင်းမှ ရှောင်ကြဉ်ပါ။

ဆီကြော်အစားအစာများ၊ အငန်ဓာတ်များသော အစားအစာများ၊ မပုပ်သိုးစေရန် စီမံထားသော တာရှည်ခံဓာတုပစ္စည်းများပါဝင်သော အစားအစာများစားသုံးခြင်းမှ ရှောင်ကြဉ်ခြင်းသည် အစာအိမ်ရောဂါ ပြဿနာများကို ဖြေရှင်းနိုင်ပါသည်။

 

– အုန်းရည်သောက်ပေးပါ။

အုန်းရည်တွင် ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ်ဓာတ် မြင့်မားစွာ ပါဝင်သည့်အတွက်  ကြွက်သားနာကျင်ခြင်း၊ ကြွက်တက်ခြင်း လက္ခဏာများကို သက်သာစေနိုင်သော အစားအစာအဖြစ် လက်ခံယုံကြည် ထားကြပါသည်။

ထို့အပြင် အုန်းရည်ကို သောက်သုံးခြင်းဖြင့် အစာမကြေခြင်း နှင့် အစာအိမ်ရောဂါဝေဒနာများကို သက်သာပျောက်ကင်းစေနိုင်ကြောင်း အကြံပြုအပ်ပါသည်။

Author : Dr. CK

Previous Post

ဒဏ်ရာနာကျင်မှုကိုသက်သာစေနိုင်တဲ့ သဘာဝနည်းလမ်းများ

Next Post

အစာအိမ်ရောင်ခြင်း၊ အူသိမ်ဦးပိုင်းရောင်ခြင်းနှင့် အစာရေမျိုပြွန်ရောင်ခြင်း ဘယ်လိုကွာခြားသလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.4k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
813

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
426

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာအိမ်ရောင်ခြင်း၊ အူသိမ်ဦးပိုင်းရောင်ခြင်းနှင့် အစာရေမျိုပြွန်ရောင်ခြင်း ဘယ်လိုကွာခြားသလဲ

အရိုးအဆစ်ရောင်ရောဂါဆိုတာ။

စိတ်မပါလက်မပါဖြစ်ခြင်းနှင့် သံဓာတ်ဆက်စပ်မှု

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.