fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

ရင်ပြည့်ရင်ကယ်ဖြစ်ရတဲ့အကြောင်းရင်းများနဲ့ ပျောက်ကင်းစေမယ့်နည်းလမ်းများ

4.7k
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/12/2021
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

ဗိုက်ဆာ​နေတဲ့အချိန်၊ ကိုယ်ကြိုက်တဲ့စား​သောက်ဆိုင်​ရောက်တဲ့အချိန်ဆို အစား​တွေအများကြီးစားမိတတ်ကြပါတယ်။ ဒီလိုအစားအစာ​တွေအများကြီးစားပြီး​နောက် ရင်ပြည့်ရင်ကယ်ဖြစ်တာကို လူတိုင်းကြုံဖူးကြပါတယ်။ ရင်ပြည့်ရင်ကယ်ဖြစ်​နေပြီဆိုရင် လေချဉ်တက်ခြင်း၊ လေပွခြင်း၊ ရင်ပူခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာဗိုက်​တောင့် ခြင်း စတာ​တွေကိုပါ ခံစားရနိုင်ပါတယ်။ အသက်ရှုကျပ်တာ၊ ရင်ဘတ်​အောင့်တာ​တွေပါဖြစ်လာရင်​တော့ သတိထားဖို့လိုပြီး ဆရာဝန်နဲ့ပြသရမှာဖြစ်ပါတယ်။

 

ဘာ​ကြောင့်ရင်ပြည့်ရင်ကယ်ဖြစ်တာလဲ

စိတ်ဖိစီးမှုနဲ့ ​နေထိုင်စား​သောက်ပုံအမူအကျင့်ဆိုး​တွေဟာ ရင်ပြည့်ရင်ကယ်ခြင်းကိုခံစားရစေပါတယ်။ ရင်ပြည့်ရင်ကယ်ဖြစ်​စေတဲ့ အဓိကအ​ကြောင်းအရာ​တွေက​တော့ –

စား​သောက်ပုံအမူအကျင့်များ

အစား​တွေအများကြီးစားတာ၊ အစားမြန်မြန်စားတာ၊ မဆာဘဲမကြာခဏစား​နေတာ၊ အဆီများလွန်းတဲ့အစာ​တွေစားတာ၊ အစာ​​ကြေဖို့ခက်တဲ့အစာ​တွေစားတာ စတာ​တွေ​ကြောင့် ရင်ပြည့်ရင်ကယ်အဖြစ်များကြပါတယ်။ တချို့​သောအစားအစာ​တွေဖြစ်တဲ့ ချင်း၊ ကြက်သွန်နီ၊ ​ဂေါ်ဖီထုပ်နဲ့ ဂတ်စ်ပါဝင်​တဲ့အချိုရည်ဘူးတွေ စား​သောက်ပြီးရင်လည်း ရင်ပြည့်ရင်ကယ်ဖြစ်တတ်ပါတယ်။

အစာမ​ကြေခြင်း

အစာမ​ကြေတဲ့အခါ ရင်ပြည့်ရင်ကယ်ဖြစ်တဲ့အပြင် ဗိုက်နာဗိုက်​တောင့်ခြင်း၊ ပျို့ခြင်း၊ ​လေပွခြင်းတို့ပါခံစားရတတ်ပါတယ်။ အက်စစ်ဓာတ်ပါသော အစားအစာ​တွေဖြစ်တဲ့ ခရမ်းချဥ်သီး၊ လိ​မ္မော်သီးတို့အပြင် စိတ်ဖိစီးမှု၊ ဆေးလိပ်၊ အရက်၊ ကာဗွန်နိတ်အချိုရည်တွေ စတာ​တွေကလည်း အစာမ​ကြေဖြစ်​စေနိုင်ပါတယ်။

၀မ်းချုပ်ခြင်း

ဝမ်းချုပ်တတ်တဲ့သူ​တွေဟာ အစာစားပြီး​နောက် ရင်ပြည့်ရင်ကယ်ပိုဖြစ်တတ်ပါတယ်။ ဝမ်းမချုပ်​​အောင် ​​နေ့စဥ်ရေများများ​သောက်​ပေးရပါမယ်။ တစ်​နေ့ကို အနည်းဆုံး​ ရေ ၃လီတာခန့်သောက်သုံး​ပေးသင့်ပါတယ်။

အစာအိမ်နှင့်အူလမ်း​ကြောင်း​ရောဂါများ

တစ်ခါတစ်ရံမှာ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းဟာ အစာအိမ်နဲ့အူလမ်း​ကြောင်း​​ရောဂါတွေရဲ့ လက္ခဏာတစ်ရပ်အဖြစ်လည်း ခံစားရတတ်ပါတယ်။ အစာအိမ်ကင်ဆာ၊ အစာအိမ်​ရောင်ခြင်း၊ ပန်ကရိယ​​ရောင်ခြင်း၊ အစာ​ရေမြိုပြွန်​ရောင်ရမ်းခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ GERD စတဲ့​ရောဂါ​တွေရှိရင်လည်း ရင်ပြည့်ရင်ကယ်ဖြစ်​တတ်ပါတယ်။

မကြာခဏရင်ပြည့်ရင်ကယ်ဖြစ်တဲ့အပြင် အခြားလက္ခဏာ​တွေဖြစ်တဲ့ ဗိုက်နာခြင်း၊ပျို့အန်ခြင်း၊ ခါးနာခြင်း၊ ဝမ်းထဲ​သွေးပါခြင်းစတာ​​တွေပါ ဖြစ်​နေတယ်ဆိုရင်အထက်ပါ​ရောဂါ​တွေရှိမရှိ ဆရာဝန်နှင့်ပြသစစ်​ဆေးရမှာဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ကျရောဂါ၊ အစိုးရိမ်လွန်ကဲ ရောဂါ စတာတွေ ခံစားနေရသူတွေမှာလည်း ရင်ပြည့်ရင်ကယ် မကြာခဏဖြစ်နိုင်ပါတယ်။

 

▪︎ရင်ပြည့်ရင်ကယ်မဖြစ်​အောင် ဘယ်လို​နေရမလဲ

-အဆီများလွန်းတဲ့အစာ၊ ဆားပါဝင်မှုများတဲ့အစာ၊ ပူစပ်လွန်းတဲ့အစာ၊ အစာ​ခြေရခက်မယ့်မာလွန်းတဲ့အစာ​တွေကို မစားသင့်ပါ။

-အစာစားရင် အလျင်စလိုမစားဘဲ ဖြည်းဖြည်းချင်းစားပါ။

-ကိုယ်လက်လှုပ်ရှားမှု​နေ့စဥ်ပုံမှန်လုပ်​ပေးပါ။

-​ကော်ဖီ၊ အရက်နဲ့ ဂက်စ်ပါတဲ့အချိုရည်များကို လျှော့ချ​သောက်သုံးပါ။

-စိတ်ဖိစီးမှုမဖြစ်​အောင်​နေထိုင်ပါ။

-အစာစားပြီး​နောက်၃နာရီအတွင်း လှဲ​လျောင်းခြင်းကို​ရှောင်ကြဥ်ပါ။

 

ရင်ပြည့်ရင်ကယ်အတွက် ကုသရေးနည်းလမ်းများ

ရင်ပြည့်ရင်ကယ်ဖြစ်ရင်ဘာ​ဆေး​တွေ​သောက်ရလဲ

လူအများစုက​တော့ ရင်ပြည့်ရင်ကယ်ဖြစ်ရင် အလွယ်တကူဝယ်ယူလို့ရနိုင်တဲ့  အစာကြေလေနိုင်ဆေး​တွေ​သောက်ပြီး သက်သာသွား​လေ့ရှိပါတယ်။ အထက်ပါ​ဆေး​တွေဟာဝမ်းဗိုက်တွင်းကအက်စစ်ဓာတ်​တွေကို​ညီမျှစေပြီး ​လေပွခြင်းကိုသက်သာ​စေတဲ့အတွက် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို သက်သာ​စေနိုင်ပါတယ်။

အထက်ပါနည်း​လမ်းတွေနဲ့မသက်သာဘဲ အမြဲလိုလိုရင်ပြည့်ရင်ကယ်ဖြစ်​​နေပြီဆိုရင်​တော့ ဆရာဝန်နဲ့စစ်​ဆေးပြသပြီး မိမိ​ရောဂါအ​ခြေအ​နေနဲ့သင့်​တော်မယ့်ဆေး​တွေသာ​ သောက်သုံးရမှာဖြစ်ပါတယ်။

 

မိမိကိုယ်တိုင် အိမ်မှာ ကုသနိုင်မယ့် နည်းလမ်းများ

  • ကိုယ်လက် လှူပ်ရှားပေးခြင်း

အစားစားပြီးတဲ့အခါမှာ အချိန်အကြာကြီးဆက်ပြီး ထိုင်နေရင် ရင်ပြည့်ရင်ကယ် ဖြစ်တတ်ပါတယ်။ ကိုယ်လက်လှူပ်ရှားရာမှာ အပြင်းအထန် လေ့ကျင့်ခန်းတွေကို ဆိုလိုတာ မဟုတ်ဘဲ  လမ်းလျှောက်တာလိုမျိုး နည်းနည်းစီ လှုပ်ရှားပေးကြည့်ပါ။

  • ရေများများသောက်ပါ

အစာအိမ်နဲ့အူလမ်းကြောင်းဟာ ရေဓာတ်ပြည့်ဝနေမှ အာဟာရဓာတ်တွေကို ကောင်းမွန်စွာ စုပ်ယူပြီး အစာခြေ‌ဖျက်အားကောင်းစေမှာပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်နည်းနေရင်လည်း အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်တတ်ပါတယ်။ တစ်နေ့ကို ရေ ၂ လီတာမှ ၃ လီတာ အထိ သောက်သုံးသင့်ပါတယ်။

  • လှဲအိပ်ခြင်း ရှောင်ပါ

ပက်လက်အနေအထားဖြစ်နေတဲ့အခါ အစာအိမ် အက်စစ်တွေဟာ အစာရေမျိုပြွန်ထိ ပြန်တက်လာပြီး ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။

  • သံပရာရည်သောက်ပါ

သံပရာရည် သောက်ပေးရင် သံပရာသီးမှာပါဝင်တဲ့အက်စစ်ဓာတ်သဘာဝ‌ ကြောင့် အစာခြေအား‌ ကောင်းမွန်စေပြီး အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်။

  • ရေနွေးကို အသုံးချပါ

ကြက်သီးနွေးရေနှင့် ရေချိုးပေးခြင်း (သို့) ဝမ်းဗိုက်ပေါ် ရေနွေးအိတ်လေး ကပ်ပေးမယ်ဆိုရင် သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး အစာကြေမြန်စေတဲ့အတွက် ‌ရင်ပြည့်ရင်ကယ်ခြင်းကို အမြန် သက်သာစေပါလိမ့်မယ်။

  • မုန့်ဖုတ် ဆိုဒါ

Baking soda အနည်းငယ်ကို သံပရာရည်ထဲမှာ ထည့်သောက်တဲ့အခါ ထွက်လာတဲ့ Carbonic Acid ဒြပ်ပေါင်းဟာ အစာမကြေ ရင်ပြည့်ရင်ကယ် လက္ခဏာတွေကို လျော့နည်းစေနိုင်ပါတယ်။

  • ချင်းပြုတ်ရည်

ချင်းမှာ ပါဝင်တဲ့ Gingerol ဒြပ်ပေါင်းဟာ ရင်ပြည့်ရင်ကယ် အစာမကြေလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ချင်းပြုတ်ရည်ထဲကို ထန်းလျက် ဒါမှမဟုတ် ပျားရည် ရောပြီး သောက်သုံးနိုင်ပါတယ်။

  • ပူစီနံ

ပူစီနံရွက်ကို ရေနွေးကြမ်း လုပ်သောက်လို့ ရသလို ဖျော်ရည်အဖြစ်လည်း သောက်နိုင်ပါတယ်။ ပူစီနံဟာ အစာအိမ်အူလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေကို ပြေလျော့စေတဲ့အစွမ်းရှိတာကြောင့် ဗိုက်အောင့်ဝေဒနာကို သက်သာစေတဲ့အပြင် လေပွခြင်း၊ အစာမကြေ ရင်ပြည့်ရင်ကယ်ခြင်းတွေကိုပါ သက်သာစေပါတယ်။

Author: Dr. Aye Myat

 

Previous Post

ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် ဘာတွေရှောင်၊ ဘာတွေဆောင်ရမလဲ

Next Post

အစာအိမ်ရောင်တဲ့အခါဖြစ်တဲ့ လက္ခဏာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.6k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.5k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.9k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.8k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
836

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
434

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာအိမ်ရောင်တဲ့အခါဖြစ်တဲ့ လက္ခဏာများ

အစာစားချင်စိတ်နည်းနေတာ ဘာကြောင့်လဲ

Probiotics နဲ့ Prebiotics ဘာကွာလဲ၊ လူ့ခန္ဓာကိုယ်အတွက် ဘာတွေအကျိုးပြုလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.