fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

အစာစားချင်စိတ်နည်းနေတာ ဘာကြောင့်လဲ

1.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/12/2021
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

အစာစားချင်စိတ်ရှိပြီး အစားကိုစုံလင်စွာစားသုံးမှသာ ခန္ဓာကိုယ်ကလိုအပ်တဲ့အာဟာရဓာတ်​တွေကို စုံလင်စွာရရှိနိုင်မှာဖြစ်ပါတယ်။ အစာစားချင်စိတ်​လျော့နည်း​နေတဲ့အခါ ခန္ဓာကိုယ်ကအာဟာရ​တွေရရှိနိုင်ဖို့ခက်ခဲသွားပါတယ်။ အစာစားချင်စိတ်​လျော့နည်းခြင်းဟာ ​ရောဂါတစ်ခုခု​ကြောင့်ဖြစ်နိုင်သလို စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာအ​ခြေအ​နေတစ်ခုခု​ကြောင့်လည်းဖြစ်နိုင်ပါတယ်။အများစုက​တော့ အစာစားချင်စိတ်​လျော့နည်းခြင်းကို ခဏတာပဲခံစားရပြီး သက်သာသွားတတ်ကြပါတယ်။ အချိန်ကာလကြာရှည်စွာခံစား​နေရပြီဆိုရင်​တော့ အစာစားချင်စိတ်​လျော့နည်း​စေတဲ့ အ​ကြောင်းအရင်းကိုရှာ​ဖွေပြီးကုသရမှာဖြစ်ပါတယ်။

အစာစားချင်စိတ်ကို ​လျော့နည်း​စေနိုင်တဲ့အဓိကအ​ကြောင်းအရာ​တွေက​တော့-

 

ဗက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးဝင်ခြင်း

ခန္ဓာကိုယ်ထဲကို ဗက်တီးရီးယား၊ သို့မဟုတ် ဗိုင်းရပ်စ်ပိုးဝင်​ရောက်လာတဲ့အခါမှာ ဖျားနာတတ်ကြပါတယ်။ ဒီလိုပိုးဝင်ပြီးဖျားနာတဲ့အခါ ခန္ဓာကိုယ်က ခုခံတုံ့ပြန်တဲ့အ​နေနဲ့ Cytokines ​တွေ ထုတ်လွှတ်ပါတယ်။ အဲ့ဒီ Cytokines ​တွေဟာ ဦး​နှောက်ဆီကို အစာစားချင်စိတ်​လျော့နည်း​အောင်လှုံ့ဆော်ပါတယ်။ ဒါ​ကြောင့် ဖျားနာပြီးနေထိုင်မ​ကောင်းတဲ့အချိန်ဆိုရင် အစာစားချင်စိတ်​​လျော့နည်း​နေတတ်ကြပါတယ်။

 

ရောဂါများ

(၁)ဆီးချို​ရောဂါ

​ဆေးပုံမှန်မ​သောက်တဲ့ ဆီးချို​ရောဂါရှိသူ​တွေမှာ အူလမ်း​ကြောင်းတစ်​လျှောက်က အာရုံ​ကြော​တွေပျက်စီးခြင်း(Gastroparesis) ကြောင့် အစာစားချင်စိတ်​လျော့နည်းတတ်ပါတယ်။

(၂) အစာအိမ်နဲ့အူလမ်း​ကြောင်း​ရောဂါများ

အစာအိမ်နဲ့အူလမ်း​ကြောင်း​ရောဂါ​မှာ ခံစား​ရ​လေ့ရှိတဲ့ ဗိုက်နာခြင်း၊ ဗိုက်​ဖောင်းခြင်း၊ ဝမ်း​လျှောခြင်းစတဲ့ လက္ခဏာ​တွေ​ကြောင့် အစာစားချင်စိတ်​လျော့နည်း​နေတတ်ပါတယ်။

(၃)ခေါင်းတစ်ခြမ်းကိုက်​ရောဂါ၊ အဆစ်​ရောဂါ​

ခေါင်းတစ်ခြမ်းကိုက်​ရောဂါ၊ အဆစ်​ရောဂါ​ရှိတဲ့သူ​တွေမှာလည်း အစာစားချင်စိတ် ​လျော့နည်းတတ်ပါတယ်။

 

အသက်အရွယ်ကြီးမြင့်လာမှု

အသက်ကြီးမြင့်သူ​တွေမှာ ခံစားရ​လေ့ရှိတဲ့ အစာမျိုချရခက်ခြင်း၊ သွားမ​ကောင်းခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ အထီးကျန်ခြင်း၊ အယ်ဇိုင်းမား​ရောဂါနဲ့ ပါကင်ဆန်​ရောဂါစတာ​တွေ​ကြောင့် အစာစားချင်စိတ်​လျော့နည်း​တတ်ကြပါတယ်။ အသက်ကြီးသူ​တွေဟာ ငယ်ရွယ်သူ​တွေထက် အစာစားချင်စိတ် ၃၀ရာခိုင်နှုန်း​လောက် ​လျော့နည်း​သွားတတ်ကြတာ​ကြောင့် ကိုယ်အ​လေးချိန်လည်းနည်းသွား​လေ့ရှိပါတယ်။

 

စိတ်ဖိစီးမှု

အ​ကြောင်းအရင်းတစ်ခုခု​ကြောင့် စိတ်ပူပန်​သောက​ရောက်​နေချိန်၊ စိတ်လှုပ်ရှား​နေချိန်၊ စိတ်ဖိစီး​နေချိ​န်တွေမှာ အစာစားလို့မဝင်တော့တာမျိုးဖြစ်ဖူးကြမှာပါ။ ဒီလိုအချိန်မျိုးမှာဆိုရင် ဦးနှောက်ကနေ Adrenaline လို့​ခေါ်တဲ့​ဟော်မုန်းတစ်မျိုးထုတ်လွှတ်ပါတယ်။  Adrenaline ဟာ အစာ​​ခြေစနစ်​ကို​နှေး​ကွေး​စေတာ​ကြောင့် အစာစားချင်စိတ်လည်း ​လျော့နည်းလာတတ်ကြပါတယ်။

 

ဆေးဝါးများ

အချို့​သောအကိုက်အခဲ​ပျောက်​ဆေးများ၊ ပိုးသတ်​ဆေးများ၊ ဆီးချိုကျ​ဆေးစတာ​တွေဟာ ​ဘေးထွက်ဆိုးကျိုးအ​နေနဲ့ အစာစားချင်စိတ်ကို​လျော့နည်း​စေပါတယ်။ ကင်ဆာ​ဆေး​​တွေနဲ့ Chemo သွင်းတာမျိုး​တွေကလည်း အရသာ​ပြောင်းခြင်း၊ ပျို့ခြင်း​တွေကို ခံစားရ​စေတာ​ကြောင့် အစာစားမဝင်ဖြစ်​တတ်ပါတယ်။ အစာစားစိတ်နည်းတာဟာ မိမိ​သောက်​နေတဲ့​ဆေး​တွေ​ကြောင့်လို့ သံသယရှိ​နေမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ​ဆေးအစားထိုး​​သောက်လို့ရမရ​ ဆွေး​နွေးသင့်ပါတယ်။

 

Hypothyroid (သိုင်းရွိုက်​ဟော်မုန်း​လျော့နည်း​သော​ရောဂါ)

Hypothyroid ဖြစ်​နေသူ​တွေဆိုရင် အစာစားချင်စိတ်နည်း​နေသ​လောက် ကိုယ်အ​လေးချိန်က​တော့ တက်​နေတတ်ပါတယ်။ ဒါ​ကြောင့် မိမိက အစားသိပ်မစားဘဲ ကိုယ်အ​လေးချိန်တက်​နေမယ်၊ တစ်ချိန်လုံး​လေးလံထိုင်းမှိုင်း​နေတယ်ဆိုရင်​တော့ Hypothyroid ဖြစ်၊မဖြစ် သိုင်းရွိုက်​ဟော်မုန်း Level ကိုစစ်​ဆေးသင့်ပါတယ်။

 

အရက်စွဲလမ်းခြင်း

အရက်များများ​သောက်ရင် ဗိုက်နာခြင်း၊ ပျို့အန်ခြင်း​တွေကို ခံစားရတာ​ကြောင့် အစာစားချင်စိတ်​လျော့နည်းတတ်ပါတယ်။ အရက်စွဲလမ်း​နေသူ​တွေဆိုရင် အစာစားချင်စိတ်လုံးဝမရှိဘဲ အရက်ကိုသာအချိန်တိုင်း​သောက်သုံးချင်​နေပါလိမ့်မယ်။

 

Anorexia Nervosa

Anorexia Nervosa ဆိုတာဟာ ကိုယ်အ​လေးချိန်နည်းသထက်နည်း​နေ​အောင်ထိန်းသိမ်းလိုတဲ့ စိတ်​​ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ ဒီ​ဝေဒနာခံစား​နေရတဲ့သူ​တွေ​အောင် ကိုယ်အ​လေးချိန်တက်မှာအ​ကြောက်လွန်ပြီး ပြင်းထန်တဲ့​လေ့ကျင့်ခန်း​တွေလုပ်တာ၊ အစာကိုလုံးဝ​လျော့စား​တာ ​တွေပြုလုပ်တတ်ကြပါတယ်။ အစာစားချင်စိတ်မရှိတာမျိုးလည်းခံစားကြရပါတယ်။ ဒီရောဂါဟာ ဆိုးဝါးတဲ့အ​ခြေအ​နေ​တွေမှာဆို အသက်အန္တရာယ်စိုးရိမ်ရတာ​ကြောင့် ဆရာဝန်နဲ့တိုင်ပင်ကုသသင့်ပါတယ်။

 

အထက်ပါအ​ကြောင်းအရာ​တွေအပြင် အစာစားချင်စိတ်ကို ​လျော့နည်း​စေတာ​တွေက​တော့

အရသာ​ပျောက်ခြင်း

COVID ​ရောဂါခံစား​နေရချိန်မှာ အနံ့​ပျောက်တာ၊ အရသာ​ပျောက်တာ​တွေ​ကြောင့် အစားစားမဝင်တာမျိုး​တွေ၊ အစာမစားချင်တာ​တွေကို ​တော်​တော်များများခံစားခဲ့ကြရမှာပါ။

ပျို့အန်ခြင်း

ကိုယ်ဝန်​ဆောင်အမျိုးသမီး​တွေဟာ မကြာခဏပျို့အန်​လေ့ရှိတဲ့အတွက်​ကြောင့် အစာစားချင်စိတ်လည်း ​လျော့နည်းနေတတ်ကြပါတယ်။

​မောပန်းခြင်း

အမြဲလိုလို​မောပန်း​နေတတ်သူ​တွေဆိုရင် ဟင်းမချက်ချင်တာ၊ အစာမစားချင်တာ​တွေကိုလည်း ခံစားရတတ်ပါတယ်။

ဒါဆိုဘယ်အချိန်မှာဆရာဝန်နဲ့ပြသသင့်လဲ။

သာမန်စိတ်ဖိစီးမှု၊ ဖျားနာမှုတို့​ကြောင့်ဖြစ်တဲ့ ခဏတာအစာစားချင်စိတ်​လျော့နည်းတာမျိုးမဟုတ်ဘဲ​

-အစာစားချင်စိတ်လျော့နည်းမှုဟာ  ကြာမြင့်နေပြီးဗိုက်နာခြင်း၊

-မိမိဝမ်းသွားတဲ့အလေ့အထ ပြောင်းလဲလာခြင်:၊

-အစာမျိုချရခက်ခြင်း၊

-ကိုယ်အ​လေးချိန်အလွန်အမင်း ကျဆင်းလာခြင်း

စတာ​တွေပါဖြစ်​ပေါ်လာပြီဆိုရင်​တော့ ဆရာဝန်နဲ့ပြသတိုင်ပင်ရမှာဖြစ်ပါတယ်။

Dr. Aye Myat

Previous Post

အစာအိမ်ရောင်တဲ့အခါဖြစ်တဲ့ လက္ခဏာများ

Next Post

Probiotics နဲ့ Prebiotics ဘာကွာလဲ၊ လူ့ခန္ဓာကိုယ်အတွက် ဘာတွေအကျိုးပြုလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.4k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
812

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
424

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Probiotics နဲ့ Prebiotics ဘာကွာလဲ၊ လူ့ခန္ဓာကိုယ်အတွက် ဘာတွေအကျိုးပြုလဲ

အစာစားပြီးရင် ဗိုက်​တောင့်​တောင့်​နေတယ်၊ ဘာ​ကြောင့်လဲ? 

ချောင်းဆိုးဝေဒနာ အမျိုးမျိုးနဲ့ ဖြစ်ရတဲ့အကြောင်းရင်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.