fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

အစာစားပြီးရင် ဗိုက်​တောင့်​တောင့်​နေတယ်၊ ဘာ​ကြောင့်လဲ? 

2.9k
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/12/2021
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

အစာစားပြီးရင် ဗိုက်​တောင့်​တောင့်​နေတယ်ဆိုတဲ့​အ​ခြေအ​နေကို လူ​​တော်တော်များများ ကြုံ​တွေ့ခံစားဖူးပါလိမ့်မယ်။ ဒါဟာ အစာမ​ကြေ ရင်ကယ်ခြင်းအ​​ခြေအ​နေတစ်ခုဖြစ်ပါတယ်။  အစားအစာပမာဏ အလွန်များစွာစားမိပြီး​နောက် ဗိုက်​တောင့်​​တောင့်နေခြင်းဟာ ပုံမှန်အ​ခြေအ​နေတစ်ခုဖြစ်​လေ့ရှိ​ပေမဲ့လည်း အ​ကြောင်းအရင်းတိတိကျကျမရှိပဲ အမြဲတ​စေ အစာစားပြီးတိုင်း ဗိုက်​တောင့်​တောင့်​နေခြင်းဖြစ်​နေပါက ပုံမှန်မဟုတ်ပဲ ​ရောဂါတစ်ခုခုရှိ​နေနိုင်ပါတယ်။

အောက်​ဖော်ပြပါအ​ကြောင်းအရင်းတွေက​တော့ အများဆုံး​တွေ့ရတယ့် အစာစားပြီးတိုင်း ဗိုက်​တောင့်​တောင့်​​နေခြင်းဖြစ်​စေတဲ့အ​ကြောင်းအရင်း​တွေဖြစ်ပါတယ်။

 

အစာစားတဲ့အ​မူအကျင့် 

-အစားအစာကို တစ်ခါထည်းပမာဏများစွာစားခြင်း

-မြန်မြန်စားတတ်ခြင်း

-စိတ်ဖိစီးမှုများနေချိန်တွင် အစာစားခြင်း စတဲ့အစားအ​သောက်ပုံစံ​တွေဟာ ဗိုက်​တောင့်ခြင်းကိုဖြစ်​စေပါတယ်။

အဲဒီလိုမဖြစ်​အောင် အစာစားတဲ့အခါ ဗိုက်အပြည့်မစားပဲ စိတ်​ကျေနပ်တဲ့အခါ အာသာ​ပြေတဲ့အခါ ရပ်ပါ။

-တစ်​နေ့ ထမင်းအနပ်ကြီး ၂နပ်စားမည့်အစား အ​နပ်သေး ၄ကြိမ် /၅ကြိမ်ခွဲစားပါ။

-အစာစားတဲ့အခါ ​ဖြေး​ဖြေးနဲ့ မှန်မှန် ​​ကြေညက်​အောင်ဝါးစားပါ။

-ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပါ။

 

ဗိုက်​တောင့်​စေတဲ့ အစားအစာများ 

အချို့အစာအစာတွေဟာ  ဗိုက်​တောင့်ခြင်းကိုဖြစ်​စေပါတယ်။  ယေဘုယျအားဖြင့် အမျှင်ဓာတ်များ​တဲ့၊ အက်စစ်ဓာတ်များတဲ့ အစားအ​သောက်တွေ၊ဂက်စ်ပါ​သောအရည်တွေနဲ့ ​ကော်ဖီ၊အရက်​တွေက ဗိုက်​တောင့်ခြင်းဖြစ်​စေပါတယ်။ ဥပမာ –

*ပဲအမျိုးမျိုး

*ကြက်သွန်နီ

*​ဂေါ်ဖီထုပ်

*ဆီ​ကြော်စာများ

*ဆီပါဝင်မှုများ​သောအစားအ​သောက်များ

*​ကဖင်း

*အရက်

*ဂက်စ်ပါ​သောအရည်များ

 

ဆေးလိပ်​သောက်ခြင်း 

ဆေးလိပ်​သောက်ခြင်းဟာ အစာအိမ်နံရံတွေကို ထိခိုက်​စေခြင်း၊အစာအိမ်အက်စစ်လျှံခြင်းများအပြင် အစာမ​ကြေခြင်း၊ဗိုက်​တောင့်ခြင်းများကိုဖြစ်​စေပါတယ်။

 

ဝမ်းချုပ်ခြင်း 

တစ်ပတ်လျှင် ဝမ်းသွားတဲ့အကြိမ်​ရေ ၃ကြိမ်ထက်နည်းရင် ​ယေဘုယျအားဖြင့် ဝမ်းချုပ်တယ်လို့သတ်မှတ်ကြပါတယ်။ ဒီအ​ခြေအ​နေဟာလည်း ဗိုက်ကယ်ခြင်း၊ ဗိုက်​တောင့်ခြင်း နှင့် ဗိုက်မအီမသာဖြစ်ခြင်းကို ဖြစ်​စေပါတယ်။ ဝမ်းချုပ်ခြင်းဟာ အဖြစ်များတဲ့ ​ဝေဒနာတစ်ခုဖြစ်ပါတယ်။  ရေများများ​သောက်ခြင်း၊အမျှင်ဓါတ်ကြွယ်ဝ​သောအစားအစာပိုစား​ပေးခြင်းနှင့် ​လေ့ကျင့်ခန်းလုပ်ခြင်းများက ဝမ်းချုပ်ခြင်းကိုသက်သာ​စေပါတယ်။

 

အူလှုပ်ရှားမှုပုံမှန်မဟုတ်​တဲ့ ​​ဝေဒနာစု(IBS) 

IBS​ဝေဒနာရှင်​တွေဟာလည်း အစာစားပြီးလျှင် ဗိုက်​တောင့်​တောင့်​​နေခြင်းအ​ခြေအ​နေ ကြုံ​တွေ့ခံစားရတတ်ပါတယ်။  အူလမ်း​ကြောင်းပိုးဝင်ခြင်း၊ အူအကျိုးပြုပိုး​ပမာဏ အ​ပြောင်းအလဲဖြစ်ခြင်း ၊ဓာတ်မတည့်​တဲ့ အစားအစာစားမိခြင်း၊ စိတ်ပူပန်မှုလွန်ကဲခြင်း နဲ့ စိတ်ဓာတ်ကျခြင်းအ​ခြေအ​နေ​တွေဟာ IBS ​ဝေဒနာ​တွေကို ကြွ​စေဆိုး​စေပါတယ်။

 

အစာအိမ်အနာ (Stomach Ulcers) 

အစာအိမ်ပိုး (Helicobacter Pylori)​ကြောင့် အများဆုံးဖြစ်​လေ့ရှိပါတယ်။  NSAID အကိုက်အခဲ​ပျောက်​ဆေးများ၊စတီးရွိုက်​ဆေးများ ၊​ဆေးလိပ်နဲ့ အရက်တွေကလည်း အစာအိမ်အနာဖြစ်​စေပါတယ်။  အစာအိမ်အနာဖြစ်တဲ့အခါ –

*အစာစားလိုက်တာနဲ့ ဗိုက်​အောင့်ခြင်း

*အစာမ​ကြေခြင်း

*ဗိုက်​တောင့်​တောင့်​နေခြင်း

*ကိုယ်အ​လေးချိန်ကျခြင်းတို့ ခံစားရ​လေ့ရှိပါတယ်။

 

အစာအိမ်အနာရှိ​နေလျှင် –

*အစာအိမ်ပိုးကိုသေချာကုသမှုခံယူခြင်း

*NSAID အကိုက်အခဲ​ပျောက်​ဆေးများ၊စတီးရွိုက်​ဆေးများကို ပမာဏများစွာ​သောက်ခြင်းနဲ့ ရက်ရှည်​သောက်ခြင်းများ​ရှောင်ခြင်း

*ဆေးလိပ်နဲ့ အရက်​ရှောင်ခြင်း တို့ ပြုလုပ်ရပါမယ်။

 

အစာအိမ်အက်စစ်လျှံတက်​တဲ့ရောဂါ(GERD) 

အစာအိမ်အက်စစ်လျှံတက်သည့်အခါ –

*ရင်ပူခြင်း

*အစာအိမ်အချဥ်​ပေါက်ခြင်း

*လည်ပင်းတစ်ဆို့ဆို့ဖြစ်ခြင်း

*အစာမျိုရခက်ခဲခြင်း

*အစာမ​ကြေရင်ကယ်ခြင်း

တို့ခံစားရ​လေ့ရှိပါတယ်။

 

အဝလွန်ခြင်း၊​ ဆေးလိပ်​သောက်ခြင်း၊ အရက်နဲ့ အပူအစပ်တွေဟာ GERD ဖြစ်​စေတဲ့ အ​ကြောင်းအရင်း​တွေဖြစ်ပါတယ်။  GERD မဖြစ်ရ​အောင် –

*အဝမလွန်​အောင်ထိန်းပါ။

*GERD ဖြစ်​စေ​သောအစားအစာတွေ ရှောင်ပါ။ (ဥပမာ-အပူအစပ်တွေနဲ့ အရက်)

*အစားအစာတွေကို ညအိပ်ချိန်နဲ့ ၃နာရီခွာစားပါ။

*​ဆေးလိပ်မ​သောက်ပါနဲ့။

 

အစာ​ချေဖျက်မှုကြာ​သော​ရောဂါ (Gastroparesis) 

အစာအိမ်မှအစာ​​ချေဖျက်ချိန် (Gastric Emptying) ကြာ​တဲ့အ​ခြေအ​နေတစ်ခုဖြစ်တယ်။

-အနည်းငယ်စားရုံနှင့် ဗိုက်ပြည့်လွယ်ခြင်း

-အစာစားပြီးဗိုက်​တောင့်​တောင့်​နေခြင်း

-အန်ခြင်း

-​လေပွခြင်း

-ရင်ပူခြင်း

-အစာအိမ်​အောင့်ခြင်း

-ခံတွင်းပျက်ခြင်း စသည့် ​ဝေဒနာတွေ ခံစားရ​လေ့ရှိပါတယ်။

 

*အစာစားပြီး​နောက် လမ်း​လျှောက်​ပေးခြင်း

*ဆီများ​သောအစားအစာများနှင့် အမျှင်ဓါတ်များ​သော အစားအစာများကို ​လျှော့စာခြင်း

*အစာကို နည်းနည်းနှင့်ခဏခဏ ခွဲစား​ပေးခြင်း

*ဂက်စ်ပါ​သောအရည်များနှင့်အရက်​ရှောင်ခြင်း

* စားပြီး၂နာရီအတွင်း လှဲအိပ်ခြင်းကို​ရှောင်ခြင်း တို့ ပြုလုပ်​ပေးရပါမယ်။

 

အခြားအ​ကြောင်းအရင်းများ 

-အစာအိမ်​​ရောင်ခြင်း(Gastritis)

-သည်း​ချေအိတ်​​ကျောက်တည်ခြင်း(Gallstones)

-မုန့်ချိုအိတ်​ရောင်ခြင်း(Pancreatitis)

-ရာသီအကြို​ဝေဒနာ(Premenstrual Syndrome)

-စိတ်ဖိစီးမှုများခြင်း

 

Author: ဒေါက်တာယဉ်ယဉ်ဝင်း

 

 

Previous Post

Probiotics နဲ့ Prebiotics ဘာကွာလဲ၊ လူ့ခန္ဓာကိုယ်အတွက် ဘာတွေအကျိုးပြုလဲ

Next Post

ချောင်းဆိုးဝေဒနာ အမျိုးမျိုးနဲ့ ဖြစ်ရတဲ့အကြောင်းရင်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.4k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
812

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
424

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ချောင်းဆိုးဝေဒနာ အမျိုးမျိုးနဲ့ ဖြစ်ရတဲ့အကြောင်းရင်းများ

ဗိုက်အောင့်ရတဲ့ အကြောင်းရင်းနဲ့ အမြန်သက်သာပျောက်ကင်းစေမယ့်နည်းလမ်း

ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ဗိုင်းရပ်စ်ဆိုတာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.