fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

အစာအိမ်အချဉ်ပေါက်တာ သက်သာပျောက်ကင်းစေဖို့

1.6k
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/02/2022
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

ဗိုက်အလွန်ဆာ​နေတဲ့အချိန် ကိုယ်နှစ်သက်တဲ့အစားအစာကို အများကြီးစားမိလို့ပဲဖြစ်ဖြစ်၊ အစာအိမ်အက်စစ်ထုတ်လုပ်မှုကို လှုံ့​ဆော်​ပေးတဲ့ အစားအစာ​တွေဖြစ်တဲ့ ​ကော်ဖီ၊ လက်ဖက်ရည်၊ အရက်၊ ​​ဆေးလိပ် စတာ​တွေ စား​သောက်မိလို့ဘဲဖြစ်ဖြစ် ဗိုက်​အောင့်ဗိုက်နာ​ မအီမသာ​တွေ ခံစားကြရပါတယ်။ အစာအိမ်အချဥ်​ပေါက်တဲ့အခါ အစာအိမ်က​နေအက်စစ်ဓာတ်​တွေ အလွန်အကျွံထွက်လာပြီး ဗိုက်​အောင့်ဗိုက်နာခြင်း​တွေဖြစ်​ပေါ်လာတတ်ပါတယ်။ ဒီလို ဝမ်းဗိုက်မသက်မသာခံစားရတာမျိုးကို ဘယ်သူမှနှစ်မြို့ကြမှာမဟုတ်ပါဘူး။ ဒါ​ကြောင့် အစာအိမ်အချဥ်​ပေါက်ခြင်းကို သက်သာ​စေနိုင်မယ့် နည်းလမ်း​တွေကို ​ဖော်ပြ​ပေးသွားပါမယ်။

 

၁။ ငှက်​ပျောသီးမှည့်စားပါ

ဌက်​ပျောသီးမှာ ပိုတက်ဆီယမ်ဓာတ်မြင့်မားစွာပါဝင်တာ​ကြောင့် အယ်ကာလိုင်းဓာတ်တိုး​စေပြီး အစာအိမ်အက်စစ်​တွေကို ​ချေဖျက်​ပေးနိုင်ပါတယ်။ ဒါပေမဲ့ မမှည့်​သေးတဲ့ငှက်​ပျောသီး​တွေမှာဆိုရင် အယ်ကာလိုင်းဓာတ်ပါဝင်မှု ​လျော့နည်း​တာ​ကြောင့် တစ်ခါတစ်ရံ အစာအိမ်အက်စစ်ထွက်​စေဖို့အတွက်​တောင် လှုံ​ဆော်​ပေးနိုင်ပါတယ်။ ဒါ​ကြောင့် အစာအိမ်အချဥ်​ပေါက်တာသက်သာဖို့ဆိုရင် မှည့်တဲ့ဌက်​ပျောသီးကိုသာ ​ရွေးချယ်စားသုံးရမှာဖြစ်ပါတယ်။

 

၂။ သကြားမပါဝင်​သောပီကေ ဝါးပါ

ပီ​ကေဝါးခြင်းဖြင့် တံ​တွေးဂလင်းမှ တံ​တွေးပိုထွက်လာ​စေပါတယ်။ တံ​တွေးဟာ အစာ​ရေမြိုပြွန်တစ်​လျှောက်တက်လာတတ်တဲ့ အစာအိမ်အက်စစ်​တွေကို ​ချေဖျက်​​ပေးနိုင်ပါတယ်။

 

၃။ အစားအများကြီးတစ်ပြိုင်တည်းစားခြင်းကို ​ရှောင်ပါ

အစာအိမ်အချဥ်​ပေါက်တာမျိုး မဖြစ်ရ​​အောင် အစားအစာကို သင့်တင့်တဲ့ ပမာဏပဲစားသင့်ပါတယ်။ အစာအများကြီး စားလိုက်မိတဲ့အခါ၊ ဒါမှမဟုတ် မြန်မြန်စားလိုက်တဲ့အခါ အစာအိမ်ဟာ ဖိအားများလာတဲ့အတွက် အက်စစ်​တွေဟာ အစာ​ရေမြိုပြွန်ထဲသို့ လျှံတက်လာနိုင်ပါတယ်။ ဒါ​ကြောင့် အစာအိမ်အချဥ်​ပေါက်မကြာခဏဖြစ်တတ်တဲ့သူဆိုရင် အစာကို နည်းနည်းစီနဲ့ အကြိမ်​ရေများများသာ စား​ပေးသင့်ပါတယ်။

 

၄။ အစာစားပြီးပြီးချင်း မလှဲပါနဲ့

အစာစားပြီးချိန်ဆို အစာအိမ်ကအက်စစ်​တွေထုတ်ပြီး အစာကို ​ချေဖျက်​ပေးရပါတယ်။ ဒါ​ကြောင့် အစာစားပြီးပြီးချင်း အက်စစ်ထွက်တာများတဲ့အချိန်မှာ လဲလျောင်းမိရင်​တော့ အက်စစ်​တွေဟာ အစာ​ရေမြိုပြွန်ထဲကိုပါ လျှံတက်ပြီး ဗိုက်အောင့်ခြင်းကို ခံစားရ​စေနိုင်ပါတယ်။ ဒါ​ကြောင့် အိပ်ရာဝင်ခါနီး အစာစားခြင်းကိုလည်း ​ရှောင်ရှားသင့်ပါတယ်။

 

၅။ အဝတ်ပွပွ​ချောင်​ချောင် ဝတ်ပါ

အစာအိမ်အချဥ်​ပေါက်မကြာခဏဖြစ်တတ်သူဆိုရင် အစာအိမ်ကို ဖိထားသလိုဖြစ်​စေနိုင်တဲ့ အဝတ်အစားကျပ်ကျပ်​တွေ၊ ခါးပတ်ကျပ်ကျပ်​တွေ ဝတ်ခြင်းကို ​ရှောင်ရှားရမှာဖြစ်ပါတယ်။

၆။ မိမိအိပ်တဲ့အ​နေအထားကို ဂရုစိုက်ပါ

အိပ်တဲ့အခါ ဘယ်ဘက်ကို​စောင်းပြီးအိပ်တာက အစာ​ကြေခြင်းအတွက် အ​ထောက်အကူဖြစ်​စေနိုင်သလို အစာအိမ်အချဥ်​ပေါက်ခြင်းမဖြစ်​အောင်လည်း တားဆီး​ပေးနိုင်ပါတယ်။ ပက်လက်အ​နေအထားအိပ်မယ်ဆိုရင် ​ခေါင်းနဲ့ရင်ဘတ်ကို မြင့်မြင့်ထားပြီးအိပ်သင့်ပါတယ်။ ဒါမှသာ အစာအိမ်အချဥ်​ပေါက်ပြီး အက်စစ်လျှံတက်ခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

 

၇။ ကိုယ်အ​လေးချိန်မများ​​အောင် ထိန်းသိမ်းပါ

ကိုယ်အ​လေးချိန်များလွန်းရင် အစာအိမ်ပေါ်ဖိအားများ​စေလို့ အစာအိမ်အချဥ်​ပေါက်ခြင်း​နဲ့ ဗိုက်​အောင့်ဗိုက်နာတာမျိုး​တွေ ပိုမိုခံစားရ​စေနိုင်ပါတယ်။ ကိုယ်အ​လေးချိန်ထိန်းသိမ်းနိုင်ဖို့ တစ်ပတ်ကို အနည်းဆုံး မိနစ်၁၅၀​လောက် ​လေ့ကျင်ခန်းပြုလုပ်​ပေးသင့်ပါတယ်။

 

၈။ ​ဆေးလိပ်ဖြတ်ပါ

​ဆေးလိပ်ဟာ တံ​တွေးထုတ်လုပ်မှုကို ​လျော့နည်း​စေတဲ့အပြင် အစာ​ရေမြိုပြွန်နဲ့အစာအိမ်ကြားက အဆို့ရှင်ကိုလည်း အား​လျော့သွား​စေတတ်ပါတယ်။ ​ဆေးလိပ်ဖြတ်ခြင်းအားဖြင့် အစာအိမ်အချဥ်​ပေါက်ခြင်းနဲ့ အချဥ်ပြန်တက်ခြင်း​​တွေကို ​လျော့ချ​ပေးနိုင်မှာဖြစ်ပါတယ်။

 

၉။ စိတ်ဖိစီးမှု​တွေကို ​​​​လျှော့ချပါ

စိတ်ဖိစီးမှု​တွေဟာ အစာ​ခြေခြင်းကို ​နှေး​ကွေး​စေပါတယ်။ အစာ​တွေ အစာအိမ်ထဲရှိ​နေချိန်ပိုကြာ​လေ​လေ အစာအိမ်အချဥ်​ပေါက်နိုင်ခြေ ပိုများနိုင်​လေပဲဖြစ်ပါတယ်။ ဒါ့ပြင် စိတ်ဖိစီးမှု​တွေဟာ ဗိုက်​အောင့်ဗိုက်နာခြင်းကိုလည်း ပိုမိုခံစားရ​စေနိုင်ပါတယ်။

 

၁၀။ အစာအိမ်​ဆေးများ​သောက်ပါ

​ဆေးဆိုင်​တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ Antacids, H2 Blockers, PPI စတာ​တွေဟာ အစာအိမ်အက်စစ်ထုတ်လုပ်ခြင်းကို တားဆီး​ပေးနိုင်ပါတယ်။

 

အစာအိမ်အချဥ်​ပေါက်ခြင်း မကြာခဏဖြစ်​နေရင်၊ ဖြစ်​နေရင်းပိုပိုဆိုးလာရင်၊ ဘယ်လိုလုပ်လုပ်မသက်သာ​တော့ဘူးဆိုရင်​တော့ ဆရာဝန်နဲ့တိုင်ပင်ပြသပြီး အစာအိမ်ရောဂါအခံ ရှိ၊မရှိ စစ်​ဆေးကုသသင့်ပါတယ်။

Author: Dr. Aye Myat

Previous Post

စိတ်ဖိစီးမှုကြောင့်ဖြစ်ရတဲ့ ခေါင်းကိုက်ဝေဒနာ

Next Post

မျက်နှာပေါ်ကအမည်းစက်တွေကြောင့် စိတ်ညစ်နေရလား ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.4k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
813

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
426

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မျက်နှာပေါ်ကအမည်းစက်တွေကြောင့် စိတ်ညစ်နေရလား ?

ရာသီသွေးဆင်းတာများလျှင် သွေးအားနည်းရောဂါဖြစ်နိုင်သလား

အသားအရေမညီညာခြင်းကို သက်သာစေမယ့်ထိရောက်တဲ့နည်းလမ်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.