fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အရိုးအကြောနှင့် လေးဖက်နာ

Age and bone health
101
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/12/2023
in အရိုးအကြောနှင့် လေးဖက်နာ
1 min read
A A

အရိုးတွေကို ရှင်သန်နေတဲ့ တစ်ရှူးတွေနဲ့ ဖွဲ့စည်းထားပြီး အရိုးတစ်ရှူးတွေဟာ အသက်ရှင်သန်နေသမျှ ကာလပတ်လုံး ပြောင်းလဲနေတတ်ပါတယ်။

အရိုးတွေရဲ့ ကျန်းမာရေးဟာ

• အရိုးတစ်ရှူးတွေရဲ့ ပမာဏ (တစ်နည်း အရိုးရဲ့ သိပ်သည်းဆ) နဲ့
• အရိုးတစ်ရှူးတွေရဲ့ ကျန်းမာကြံ့ခိုင်မှု အပေါ်မှာ မူတည်နေပြီး ထိုနှစ်မျိုးလုံးက အသက်အရွယ်နဲ့ လိုက်ပြီး ပြောင်းလဲနေတဲ့ အရာတွေပါ။

ကလေးအရွယ်နဲ့ ဆယ်ကျော်သက်အရွယ်မှာ အရိုးတစ်ရှူးတွေရဲ့ ကြီးထွားနှုန်းက မြန်ဆန်ပြီး အရိုးတွေရှည်ကာ အရပ်ရှည်လာပါတယ်။ အသက် ၁၆-၁၈ နှစ်ခန့်မှာ အရိုးတွေ ရှည်ထွက်မှုက ရပ်သွားပေမယ့် အရိုးသိပ်သည်းဆက တဖြည်းဖြည်းတိုးနေသေးတဲ့အတွက် အသက် ၂၀ ခန့်အထိ အရပ်ရှည်နိုင်ပါသေးတယ်။

အသက် ၃၅ လောက်အထိမှာ ဆုံးရှုံးသွားတဲ့ အရိုးတစ်ရှူး ပမာဏနဲ့ အသစ်ဖြစ်တဲ့ အရိုးတစ်ရှူး ပမာဏက မျှခြေဖြစ်နေသေးလို့ အရိုးကြံ့ခိုင်မှုက ပုံမှန်လို့ ပြောလို့ရပါတယ်။ အသက် ၃၅ နောက်ပိုင်းမှာတော့ အရိုးတစ်ရှူး ဆုံးရှုံးမှုက အသစ်ဖြစ်တဲ့ အရိုးတစ်ရှူးပမာဏထက် ပိုမိုများပြားတဲ့အတွက် အပြင်ပန်းမှာ မသိသာပေမယ့် အရိုးအတွင်းမှာ အရိုးပါးလာတာ၊ အရိုးပွလာတာမျိုး စတင်ဖြစ်လာပါပြီ။

အသက်အရွယ် ကြီးလာတာနဲ့အမျှ အရိုးတစ်ရှူးဆုံးရှုံးမှု ပိုမိုများလာတဲ့အတွက် အရိုးပါးအရိုးပွရောဂါ ဖြစ်လာပြီး အလွယ်တကူ အရိုးကျိုးနိုင်ခြေ ပိုပြီး များလာရပါတယ်။
အရိုးပါးအရိုးပွရောဂါ အဖြစ်များစေတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။

ပြုပြင်လို့ မရတဲ့ အကြောင်းရင်းများ…

(၁) မျိုးရိုးဗီဇ
အရိုးတွေရဲ့ ကျန်းမာကြံခိုင်မှုဟာ မျိုးရိုးဗီဇအပေါ်မှာ ၈၀% ခန့် မူတည်ပါတယ်။ ဒါကြောင့် မိဘတွေက အရိုးကျိုးဖူးရင် သားသမီးတွေမှာလည်း အရိုးကျိုးနိုင်ခြေ များပါတယ်။

(၂) အသက်အရွယ်
အသက်ကြီးလာတာနဲ့အမျှ အရိုးတစ်ရှူး ဆုံးရှုံးမှုတွေလည်း ပိုများလာမှာပါ။

(၃) အမျိုးသမီးဖြစ်ခြင်း
သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာ အရိုးကြံ့ခိုင်အောင် ကူညီပေးတဲ့ အီစထရိုဂျင်ဟော်မုန်းတွေ လျော့နည်းလာလို့ အရိုးကြံ့ခိုင်မှုလည်း အားနည်းလာပါတယ်။

(၄) အရိုးကျိုးဖူးခြင်း
အရင်က အရိုးကျိုးဖူးတဲ့သူတွေဟာ နောက်ထပ်အရိုးကျိုးနိုင်ခြေ ၃ ဆခန့် ပိုများပါတယ်။

(၅) အရိုးပါးအရိုးပွစေသော ဘေးထွက်ဆိုးကျိုးရှိတဲ့ ဆေးတွေ စွဲသောက်နေရခြင်း
ရောဂါတွေကြောင့် စွဲသောက်နေရတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် အရိုးပါးအရိုးပွတာမျိုး ဖြစ်နိုင်ပါတယ်။ (ဥပမာ..စတီးရွိုက်ဆေး၊ အတက်ကျဆေး၊ ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာအတွက် သောက်ရတဲ့ဆေးတွေ၊ တချို့သော ဆီးချိုကျဆေးနဲ့ စိတ်ရောဂါကုဆေးတွေ)။ ဆေးတွေကို မိမိသဘောနဲ့ ရပ်လိုက်တာမျိုး မလုပ်ဘဲ ဆရာဝန်နဲ့ သေချာဆွေးနွေး တိုင်ပင်ဖို့ လိုအပ်ပါတယ်။

ပြုပြင်လို့ရတဲ့ အကြောင်းရင်းများ…

(၁) ကိုယ်အလေးချိန်
ကိုယ်အလေးချိန် နည်းလွန်းသူတွေမှာ လဲကျတဲ့အခါ အရိုးကို ကူရှင်သဘောမျိုး ခံပေးတဲ့ အဆီအသားမရှိတာကြောင့် အရိုးကျိုးလွယ်နိုင်ပါတယ်။ ကိုယ်အလေးချိန်များလွန်းရင်လည်း ခန္ဓာကိုယ်က မျှခြေမရှိတဲ့အတွက် ချော်လဲနိုင်ခြေ များပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းပါ။

(၂) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်က အရိုးတစ်ရှူး အသစ်ဖြစ်ပေါ်မှုကို နှေးကွေးစေသလို အမျိူးသမီးတွေမှာ အရွယ်မတိုင်ခင် သွေးဆုံးခြင်းကို ဖြစ်စေတဲ့ အရာမို့ ဆေးလိပ်ဖြတ်သင့်ပါတယ်။

(၃) အရက်အလွန်အကျွံ သောက်ခြင်း
အရက်ကို အလွန်အကျွံ သောက်ရင်လည်း အရိုးတစ်ရှူး ဆုံးရှူံးမှု များစေလို့ ရှောင်သင့်ပါတယ်။

(၄) ချော်လဲခြင်း
အရိုးကျိူးစေတဲ့ အဓိကအကြောင်းအရာက ချော်လဲခြင်းကြောင့် ဖြစ်တာမို့ ချော်လဲခြင်း မဖြစ်အောင် သတိထားတာက အရိုးမကျိုးအောင် ကာကွယ်တာပါပဲ။

ဒီအချက်တွေကို ဂရုပြုရမယ့်အပြင် အရိုးကို ကြံ့ခိုင်စေတဲ့ ကယ်လ်ဆီယမ်၊ ဗိုက်တာမင်ဒီနဲ့ ဗိုက်တာမင်ဒီ စုပ်ယူမှုကို ကောင်းစေတဲ့ မဂ္ဂနီဆီယမ်ဓာတ် ပါဝင်တဲ့ အစားအစာတွေ ရွေးချယ်စားသောက်ခြင်း၊ သင့်တော်တဲ့ ဖြည့်စွက်စာအားဆေးတွေ သောက်သုံးခြင်းတွေက အရိုးတွေ ကျန်းမာကြံ့ခိုင်စေပြီး အရိုးပါးအရိုးပွရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

Author: Dr.Yee Mon

Previous Post

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

Next Post

နှလုံးကျန်းမာရေးနှင့်မဂ္ဂနီဆီယမ်ဓာတ်အကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

သတိထားသင့်တဲ့ လေးဘက်နာရောဂါအမျိုးမျိုး

1 year ago
2.3k
Arthritis should not be neglected

မပေါ့ဆသင့်တဲ့ အဆစ်ရောင်ရောဂါ

1 year ago
386
Winter and arthritis

ဆောင်းရာသီနှင့်အဆစ်ရောင်ရောဂါ

1 year ago
179
knee pain Lifestyle mistakes that cause back pain

ဒူးနာ၊ ခါးနာခြင်းကိုဖြစ်စေတဲ့ နေထိုင်မှုပုံစံအလွဲများ

2 years ago
262
knee pain Lifestyle mistakes that cause back pain

ဒူးနာ၊ ခါးနာခြင်းကိုဖြစ်စေတဲ့ နေထိုင်မှုပုံစံအလွဲများ

2 years ago
297

အရိုးပွ၊ အရိုးပါးရောဂါကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ

2 years ago
231

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
About heart health and magnesium

နှလုံးကျန်းမာရေးနှင့်မဂ္ဂနီဆီယမ်ဓာတ်အကြောင်း

သွေးအားနည်းခြင်းကိုဖြစ်စေသော အဓိကအကြောင်းအရာများ

About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.