fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အရိုးအကြောနှင့် လေးဖက်နာ

သတိထားသင့်တဲ့ လေးဘက်နာရောဂါအမျိုးမျိုး

2.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/03/2024
in အရိုးအကြောနှင့် လေးဖက်နာ
1 min read
A A

လေးဘက်နာဆိုတဲ့အခေါ်အဝေါ်က ခန္ဓာကိုယ်ရှိခြေလက် ဘယ်ညာလေးဘက်စလုံး နာကျင်ကိုက်ခဲတဲ့ အခြေအနေကို အလွယ်တကူ ခေါ်ဆိုတာ ဖြစ်ပါတယ်။ အဲဒီလို လေးဘက်လုံး နာကျင်ကိုက်ခဲခြင်းကို ခံစားရတဲ့ ရောဂါဟာ အဆစ်မြစ်နာကျင်ကိုက်ခဲတဲ့ ရောဂါတစ်မျိုးထဲမဟုတ်ပဲ အခြားရောဂါများလည်း ရှိပါတယ်။

အခုဖော်ပြမှာက လူသိများပြီး အဖြစ်များတဲ့ လေးဘက်နာရောဂါတွေ ဖြစ်တဲ့…
1. ပိုးလေးဘက်နာ
2. သွေးလေးဘက်နာ
3. အရေပြားလေးဘက်နာ
4. အရေပြားထူလေးဘက်နာတွေ အကြောင်းပါ။

1. ပိုးလေးဘက်နာ
ပိုးလေးဘက်နာကို rheumatic arthritis လို့ ခေါ်ပြီး အရပ်အခေါ် လေးဘက်နာရှိတယ် ဆိုရင် ပိုးလေးဘက်နာကို ဆိုလိုတာ ဖြစ်ပါတယ်။ အသက် ၂၀ အောက်မှာ အဖြစ်များပြီး Streptococcus လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် အာသီးရောင်၊ လည်ချောင်းနာတာက စဖြစ်ပါတယ်။

Streptococcus ပိုးကို တိုက်ထုတ်ဖို့ ခန္ဓာကိုယ်ကနေ Anti-Streptococcal O Antibody (ASO=အေအက်စ်အို)လို့ ခေါ်တဲ့ ခုခံအား တမျိုးကို ထုတ်လုပ်ပေးကာ အဆိုပါ ခုခံအားက ရောဂါပိုးသာမက အဆစ်အမြစ်တွေ အပါအဝင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကိုပါ တိုက်ခိုက်တဲ့အတွက် ပိုးလေးဘက်နာ ဖြစ်လာပါတယ်။

• အဆစ်အမြစ်များ ရောင်ရမ်းနာကျင်ခြင်း (တံတောင်ဆစ်၊ ဒူးဆစ်၊ ခြေချင်းဝတ် စသည်)
• နှလုံးရောင်ရမ်းရာက နှလုံးအဆို့ရှင် ပျက်စီးခြင်း
• ခြေလက်များ ထိန်းချုပ်မရဘဲ သူ့အလိုလို မူမမှန် လှုပ်ရှားခြင်း
• အရေပြားတွင် အနီကွက်များ အနီစက်များပေါ်ခြင်း
• အရေပြားအောက် အဖုထွက်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

အားသီးရောင်တိုင်း ပိုးလေးဘက်နာ မဟုတ်ပေမယ့် အာသီးမကြာခဏ ရောင်ပြီး လည်ချောင်းနာရင် ပိုးလေးဘက်နာကို သတိထားသင့်ပါတယ်။ အဆစ်အမြစ်ရောင်တာနဲ့ တခြားရောဂါလက္ခဏာတွေက ၆ လခန့်ကြာရင် ကုသမှုမခံယူလည်း သက်သာသွားနိုင်ပေမယ့် ကုသမှုမခံယူရင် နှလုံးအဆို့ရှင်ပျက်စီးတာနဲ့ ကျောက်ကပ်ပျက်စီးတာကြောင့် အသက်အန္တရာယ် ဖြစ်နိုင်တာမို့ ပိုးလေးဘက်နာ သေချာရင် ကုသမှု ခံယူဖို့ အရေးကြီးပါတယ်။

2. သွေးလေးဘက်နာ
သွေးလေးဘက်နာရဲ့ ဆေးပညာအခေါ်အဝေါ်က rheumatoid arthritis ပါ။ ခန္ဓာကိုယ်တွင်းက ခုခံအားစနစ်က ရောဂါပိုးတွေကို မတိုက်ဘဲ အရိုးအဆစ်တွေ အပါအဝင် ခန္ဓာကိုယ်ကို ပြန်တိုက်တဲ့ autoimmune disease တမျိုး ဖြစ်ပါတယ်။

အသက် ၃၀ မှ ၅၀ အတွင်း ကျား၊မ မရွေး ဖြစ်နိုင်ပြီး မျိုးရိုးလိုက်တတ်တဲ့ ရောဂါပါ။ အရိုးအဆစ်တွေ ရောင်ရမ်းနာကျင်ပြီး ပုံပျက်နေတာ၊ အရွတ်တွေ ပြတ်ထွက်ပြီး လှုပ်ရှားရခက်တာ၊ နှလုံး၊ အဆုတ်၊ မျက်လုံးနဲ့ အရေပြားပြဿနာတွေ ခံစားရနိုင်ပါတယ်။ Rheumatoid factor (RF) ရှိမရှိ သွေးစစ်ကြည့်ခြင်းဖြင့် သွေးလေးဘက်နာ ရှိမရှိ သိနိုင်ပါတယ်။

သွေးလေးဘက်နာက နာတာရှည်ရောဂါတမျိုးပါ။ အဆစ်အမြစ်တွေ သန်မာပြီး လှုပ်ရှားရလွယ်ဖို့ လေ့ကျင့်ခန်းလုပ်တာ၊ အပူအအေးကပ်တာ၊ အရက်၊ ဆေးလိပ်တွေ ရှောင်တာ၊ အာဟာရဖြစ်အောင်စားတာ၊ ဆရာဝန်ညွှန်ကြားတဲ့ အနာသက်သာတဲ့ဆေးနဲ့ စတီးရွိုက်ဆေးတွေ သောက်တာတွေက ရောဂါကို အနည်းနဲ့အများ သက်သာစေနိုင်ပါတယ်။

3. အရေပြားလေးဘက်နာ
အရေပြားလေးဘက်နာကိုတော့ Systemic lupus erythematosus (SLE) လို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်ထဲက တစ်ရှူးနဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ကိုယ်ခံအားစနစ်က ပြန်လည်တိုက်ခိုက်တဲ့ autoimmune disease တမျိုးဖြစ်ပြီး အရေပြား၊ အဆစ်အမြစ်တွေ၊ သွေးဆဲလ်တွေ၊ ဦးနှောက်၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ်စတဲ့ အင်္ဂါတွေကို ထိခိုက်တတ်ပါတယ်။

SLE ဟာ မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်သလို တချို့သော ရောဂါပိုးတွေ၊ ဆေးတွေ (အတက်ကျဆေး၊ သွေးတိုးကျဆေး၊ ပိုးသတ်ဆေး) နဲ့ နေရောင်ခြည် ထိတွေ့တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။အသက် ၁၅ နှစ်ကနေ ၄၅ နှစ်ကြား အရွယ်တွေမှာ အဖြစ်များပြီး အမျိုးသမီးတွေမှာ ပိုဖြစ်နိုင်ပါတယ်။

ရောဂါလက္ခဏာတွေ အနေနဲ့ ဖျားတာ၊ အဆစ်တွေကိုက်ပြီး တောင့်တင်းနေတာ၊ ရောင်နေတာ၊ အရေပြားအနာတွေ ဖြစ်တာ၊ မောပန်းနွမ်းနယ်နေတာ၊ နှာခေါင်းရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ အနီစက်တွေထွက်လာတာ၊ ပါးစပ်မှာ အနာတွေဖြစ်တာ၊ ဆံပင်ကျွတ်လွယ်တာ၊ ရင်ဘတ်အောင့်တာ၊ မောတာ၊ အဆုတ်ထဲ ရေဝင်တာ၊ ခေါင်းကိုက်တာ၊ မှတ်ဥာဏ်လျော့လာတာ၊ လေဖြတ်တာ၊ တက်တာ၊ ကျောက်ကပ်ပျက်စီးတာ၊ နှလုံးပျက်စီးတာ စတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

SLE ဟာ ရောဂါလက္ခဏာတွေ ပျောက်ကင်းသွားရင်တောင် အချိန်မရွေး ပြန်ဖြစ်နိုင်ပါတယ်။ ပုံမှန်ဆေးကုသမှု ခံယူရင်း ရောဂါလက္ခဏာတွေ မပေါ်လာအောင်သာ ထိန်းထားနိုင်တဲ့ ရောဂါမို့ ဆရာဝန်နဲ့ ပုံမှန်ပြသနေဖို့ အရေးကြီးပါတယ်။

4. အရေပြားထူလေးဖက်နာ
အရေပြားထူလေးဘက်နာကို ဆေးပညာမှာ scleroderma လို့ ခေါ်ပါတယ်။ အရေပြားက သစ်သားပြားကြီးလို ထူထဲတင်းမာလာပြီး အဆစ်တွေ၊ ကြွက်သားတွေ၊ ကျောက်ကပ်၊ အဆုတ်၊ အစာအိမ်နဲ့ အူလမ်းကြောင်း စတဲ့ ကိုယ်တွင်းအင်္ဂါတွေထိပါ မာပြီးတင်းလာတဲ့ ရောဂါတစ်မျိုးပါ။

ခန္ဓာကိုယ်ထဲမှာ ကော်လဂျင်တွေ ပုံမှန်ထက် အများကြီးပိုမို ထုတ်လုပ်ပြီး စုပုံနေတာကြောင့် အရေပြားထူလေးဘက်နာ ဖြစ်လာပါတယ်။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ပြန်လည်တိုက်ခိုက်တဲ့ autoimmune disease တမျိုးဖြစ်ပြီး မျိုးရိုးဗီဇကြောင့်အပြင် တချို့သော ဗိုင်းရပ်စ်ပိုးတွေ၊ ဓာတုပစ္စည်းတွေ၊ ဆေးတွေနဲ့ ထပ်ခါထပ်ခါ ထိတွေ့ရာကနေ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမိုအဖြစ်များပါတယ်။

အရေပြားက တင်းမာနေပြီး အဆစ်တွေနာတာ၊ လှုပ်ရှားရခက်တာတွေ ခံစားရနိုင်ပြီး ဓာတ်မှန်ရိုက်ကြည့်ရင် အရေပြားအောက်မှာ ကယ်လ်ဆီယမ်တွေ စုပုံနေတာ တွေ့ရနိုင်ပါတယ်။
အရေပြားနဲ့အဆစ်တွေအပြင် သွေးကြောတွေ၊ နှလုံး၊ ကျောက်ကပ်၊ အဆုတ်နဲ့ အစာခြေစနစ် စတဲ့ ကိုယ်တွင်းအင်္ဂါတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။

အရေပြားထူလေးဖက်နာရောဂါကိုလည်း လုံးဝပျောက်ကင်းသွားအောင် ကုသလို့မရပါဘူး။ ဆရာဝန်နဲ့ ပုံမှန်ပြပြီး ရောဂါပိုမဆိုးအောင်၊ ကိုယ်တွင်းအင်္ဂါတွေ မထိခိုက်အောင်၊ ရောဂါလက္ခဏာတွေ သက်သာအောင် ကုသမှုမှန်မှန်ခံယူမှသာ သက်တမ်းစေ့ နေနိုင်မယ့်ရောဂါ ဖြစ်ပါတယ်။

လေးဘက်နာရောဂါတွေက ခံစားရခက်တဲ့ ဝေဒနာတွေ ဖြစ်သလို နောက်ဆက်တွဲဆိုးကျိုးတွေကလည်း ကြောက်စရာကောင်းလှပါတယ်။ဒါကြောင့် အဆစ်အမြစ်တွေ နာကျင်နေရင် ဘယ်လိုလေးဘက်နာ အမျိုးအစားကြောင့် ဖြစ်သလဲဆိုတာ တိတိကျကျ သိပြီး ကုသမှုသေချာ ခံယူနိုင်ဖို့ အရေးကြီးပါတယ်။ ရောဂါနဲ့ဆေးတွေ့မှ ဝေဒနာတွေ ပျောက်ကင်းသက်သာနိုင်မှာ ဖြစ်ပါတယ်။

Author: Dr.Yee Mon

Previous Post

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

Next Post

နွေရာသီနှင့်မိတ်ပြဿနာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Arthritis should not be neglected

မပေါ့ဆသင့်တဲ့ အဆစ်ရောင်ရောဂါ

1 year ago
386
Winter and arthritis

ဆောင်းရာသီနှင့်အဆစ်ရောင်ရောဂါ

1 year ago
179
Age and bone health

1 year ago
101
knee pain Lifestyle mistakes that cause back pain

ဒူးနာ၊ ခါးနာခြင်းကိုဖြစ်စေတဲ့ နေထိုင်မှုပုံစံအလွဲများ

2 years ago
262
knee pain Lifestyle mistakes that cause back pain

ဒူးနာ၊ ခါးနာခြင်းကိုဖြစ်စေတဲ့ နေထိုင်မှုပုံစံအလွဲများ

2 years ago
297

အရိုးပွ၊ အရိုးပါးရောဂါကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ

2 years ago
231

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နွေရာသီနှင့်မိတ်ပြဿနာ

The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.