fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

အစာအိမ်ပိုးအကြောင်းတစေ့တစောင်း

2.6k
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/02/2020
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

အစာအိမ်ပိုးအကြောင်းတစေ့တစောင်း

သင်အစာအိမ်ရောဂါဝေဒနာခံစားဖူးပါသလား ?
အစာအိမ်ရောဂါသည်များဟာ အစားအသောက်ပုံစံမမှန်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဆေးလိပ်၊ အရက်နှင့်ဆေးဝါး များကြောင့် ဖြစ်လေ့ရှိကြောင်း၊ အများစုသိထားကြသော်လည်း အစာအိမ်ပိုးကြောင့်လည်း ဖြစ်စေတယ်ဆိုတာ သိထားဖို့လိုပါတယ်။

အစာအိမ်ပိုးဆိုသည်မှာ ?

– ဆေးပညာတွင် H.pylori လို့ခေါ်ပါတယ်။

– အစာအိမ်နံရံများကို ဖျက်ဆီးခြင်းဖြင့် အစာအိမ်ကို ဒုက္ခပေးပါတယ်။

– အစာအိမ်အနာဖြစ်စေတဲ့ အဓိကတရားခံလည်းဖြစ်ပါတယ်။

အစာအိမ်အနာများရဲ့ ၆၀ မှ ၁၀၀ ရာခိုင်နှုန်းနီးပါးဟာ ၎င်းအစာအိမ်ပိုးနှင့် သတ်ဆိုင်နေကြောင်း သုတေသနစာတမ်း တစ်ခုမှာ တွေ့ရှိထားပါတယ်။
ကမ္ဘာလူဦးရေ၏ သုံးပုံနှစ်ပုံမှာ အစာအိမ်ပိုးရှိတယ်လို့လည်း CDC မှတ်တမ်းများမှာ တွေ့ရပါတယ်။

ရောဂါလက္ခဏာများမှာ ?

အစာအိမ်ပိုးရှိတိုင်း သိသာထင်ရှားစွာ/ထူးထူးခြားခြား နေမကောင်းဖြစ်ခြင်းများ ခံစားရလေ့မရှိပါ။
ဒါကြောင့် ကျန်းမာရေးစစ်ဆေးခြင်း၊ ဆရာဝန်မှ သံသယလက္ခဏာများကြောင့် စစ်ဆေးခြင်းလုပ်တော့မှ ပိုးရှိကြောင်း တွေ့လေ့ရှိပါတယ်။

အတွေ့များသော လက္ခဏာများကတော့

  • ရင်ခေါင်းအောင့်ခြင်း
  • ရင်ပူခြင်း
  • အစာမရှိသည့်အခါ ဗိုက်အောင့်ခြင်း
  • ပျို့ခြင်း
  • အစားအသောက်ပျက်ခြင်း
  • မကြာခဏလေတက်ခြင်း“
  • ဗိုက်ကယ်ခြင်း၊ ဗိုက်ပွခြင်း
  • ကိုယ်အလေးချိန်ကျဆင်းလာခြင်း_ တို့ဖြစ်ပါတယ်။ပိုးကူးစက်ပုံနည်းလမ်း ?
  • မသန့်ရှင်းသောအစားအသောက် / ရေများသောက်သုံးမိခြင်း၊
  • အစာအိမ်ပိုးရှိနေသူ၏ သွားရေ/ တံတွေးတို့ဖြင့် တိုက်ရိုက်ထိတွေ့မိခြင်း တို့ဖြစ်ပါတယ်။ပိုးကူးစက်ရန် ပိုလွယ်သောလူများမှာ ?
  •  လူဦးရေသိမ်းသည်းစွာနေထိုင်ရခြင်း
  •  အစားအသောက်နှင့်ရေသန့်ရှင်းမှုအားနည်းသောနေရာတွင်နေထိုင်ခြင်း
  •  ဖွဲ့ဖြိုးဆဲတိုင်း ပြည့်များတွင် နေထိုင်ခြင်း
  •  အစာအိမ်ပိုးရှိသူနှင့် တစ်အိမ်ထဲ နေထိုင်ခြင်း

    အစာအိမ်ပိုးမှ ဖြစ်စေသောရောဂါများ
  •   အစာအိမ်အနာဖြစ်စေခြင်း
  •   အစာအိမ်ယောင်ခြင်း
  •   အစာအိမ်ကင်ဆာဖြစ်စေခြင်းအစာအိမ်ပိုးရှိ/မရှိ စစ်ဆေးခြင်းနည်းလမ်းများ
  •  သွေးမှတစ်ဆင့်စစ်ဆေးခြင်း ( H.pylori Ab Test)
  • ရှူထုတ်လိုက်သောလေမှ တစ်ဆင့်စစ်ဆေးခြင်း (Urea Breath Test)
  • ဝမ်းမှတစ်ဆင့် စစ်ဆေးခြင်း (Stool Ag Test)
  • မှန်ပြောင်း ကြည့်ခြင်းမှ တစ်ဆင့်စစ်ဆေးခြင်းကုသမှုနည်းလမ်းများ

အစာအိမ်အက်စစ်လျှော့ဆေးနှင့် ပိုးသတ်ဆေးတို့ဖြင့် ကုသရပါတယ်။

ဆေး (၃) မျိုးဖြင့်ကုသခြင်း နှင့် ဆေး (၄) မျိုးဖြင့်ကုသခြင်း နည်းလမ်း နှစ်မျိုးရှိပါသည်။

ကုသမှုကြာမြင့်ချိန်မှာ ၁၀ရက်မှ ၁၄ ရက်အထိကြာနိုင်ပါတယ်။

ကုသမှုကို ဆရာဝန်မှ မိမိတိုင်းပြည်၏ ပိုးသတ်ဆေးယာဉ်ပါးမှု၊ ထိရောက်မှုအပေါ်မူတည်ပြီး၊ အသင့်တော်ဆုံးနည်းဖြင့် ကုသမှုပေးပါလိမ့်မည်။

ဆေးကုပြီး ၁လမှ ၃လအတွင်း အစာအိမ်ပိုးစစ်ဆေးခြင်းကို ပြန်လည်လုပ်ဆောင်ရပါမယ်။

ကာကွယ်ခြင်း

  • သန့်ရှင်းစွာပြင်ဆင်ချက်ပြုတ်ထားသော အစားအသောက်ကိုသာစားပါ။
  • သန့်ရှင်းသောရေကိုသောက်ပါ။
  • အစာမစားမီ/ အစာစားပြီးနှင့် အိမ်သာတက်ပြီးတိုင်းလက်ဆေးပါ။ဘယ်အချိန်ဆရာဝန်နှင့်ပြမှာလဲ ?
  •              ဆိုးရွားစွာဗိုက်အောင့်လျှင်
  •              အချိန်ကြာရှည်စွာ ဗိုက်အောင့်လျှင်
  •              အစာမျိုရခက်လျှင်
  •              ကော်ဖီနှစ်ရောင်/ သွေးရောင်/အမဲရောင်အန်လျှင်
  •              သွေးဝမ်း (သို့မဟုတ်) ကတ္တရာစေးကဲ့သို့ မဲနက်နေသော ဝမ်းသွားလျှင် နီးစပ်ရာဆရာဝန်နှင့် အမြန်ဆုံးပြသရန်လိုအပ်ပါတယ်။

Dr Yin Yin Win
M.B,B.S(Ygn)
Dip.Med.Sc(Family Medicine)

 

Previous Post

မနက်လင်းတိုင်း မျက်နှာလေးစိုဝင်းပြီး လှပစေဖို့

Next Post

ဆယ်ကျော်သက်အရွယ်နှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှု ဆက်စပ်ပုံ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.4k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
813

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
426

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆယ်ကျော်သက်အရွယ်နှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှု ဆက်စပ်ပုံ

ဝူဟန်ဗိုင်းရပ်စ်အတွက် ကြောက်တာအပြင် ကျွန်တော်တို့လုပ်နိုင်တာဘာရှိလဲ

ရေစီးကမ်းပြိုရောဂါမဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.