fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

အစာအိမ်နှင့် အဆာရေချိန်

168
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/07/2020
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
6 min read
A A

တစ်ထွာသာသာရှိတဲ့ အစာအိမ်လေး ဆိုပေမယ့် စားပြီး ခဏနေ ဗိုက်ပြန်ဆာလာပြန်တော့လည်း အစာစားကြရပြန်တယ်။ ဗိုက်ပြည့်အောင် စားသောက်ထားပါလည်း မကြာခဏ အစာရေစာဖြည့်တင်းပေးနေရလို့ သမုဒ္ဒရာ ဝမ်းတစ်ထွာ လို့တင်စားထားကြတယ်။ အစာအိမ်တစ်ခုက သူ့ဆီဝင်ရောက်လာတဲ့ အစာကို ကြေညက်အောင် ချေဖျက်ချိန်က ပျမ်းမျှ နှစ်နာရီသာကြာမြင့်ပါတယ်။ ဒီ့အတွက် ကျွန်မတို့တွေ အစာစားပြီးလည်း နောက်ထပ်နှစ်နာရီအကြာမှာအစာဗလာဖြစ်နေတဲ့ အစာအိမ်က ဆာလောင်မှုအချက်ပြတဲ့အခါ နောက်ထပ်တစ်ဖန် ဗိုက်ဝအောင် ဖြည့်တင်းစားသောက်ကြရပြန်ပါတယ်။

အစာအိမ်တစ်ခုရဲ့ ပုံမှန်လုပ်ငန်းဆောင်တာကတော့ အစာချေဖျက်စနစ်အတွက် အက်ဆစ်ဓာတ်နှင့် အင်ဇိုင်းတွေကို ထုတ်လုပ်ရပါတယ်။ အစာအိမ်နံရံတွေဟာ ကြွက်သားများဖြင့် ဖွဲ့စည်းထားပြီး အက်ဆစ်ဓာတ်ဖြင့် မွှေနှောက်ချေဖျက်နေတဲ့အစာတွေကို ပိုမိုကြေညက်စေဖို့ ကျုံ့ချည်ဆန့်ချည် အလုပ်လုပ်ပေးပါတယ်။ ဒီအစာအိမ်ကြွက်သားတွေ လှုံ့ဆော်မှုကြောင့်ပဲ အစာအိမ်မှ နောက်ဆုံးအဆင့်ချေဖျက်ပြီး အစာတွေဟာ အူလမ်းကြောင်းဆီကို ထပ်မံရွေ့လျားသွားကြခြင်းဖြစ်ပါတယ်။

အစာအိမ်မှာ ပုံမှန်မဟုတ်တဲ့ အစာချေဖျက်စနစ်တွေဖြစ်စေနိုင်ပါသေးတယ်။ ပုံမှန်မဟုတ်တဲ့ နေထိုင်စားသောက်မှုမျိုးတွေ ဖြစ်လာတဲ့အခါ အစာအိမ်မှာ အစာမကြေ ရင်ပြည့်ရင်ကယ် ဝေဒနာတွေ ဖြစ်ပေါ်လာပါတော့တယ်။ ဒီလိုဖြစ်စေနိုင်တာတွေဟာ

  • အချိန်မှန်မှန် မစားခြင်း
  • မြန်မြန်စားခြင်း မြန်မြန်မျိုချခြင်း
  • ကြေညက်အောင် မဝါးခြင်း
  • အဆီများသောအစာ၊ အပူအစပ်လွန်ကဲသောအစာ၊ မသန့်ရှင်းတဲ့ အစာ၊ ဓာတုဆေးများ လွန်ကဲစွာပါဝင်တဲ့အစာတွေ စားခြင်း
  • အရက်နှင့် ဂတ်စ်ပါသော အချိုရည်များ သောက်သုံးခြင်း
  • ဆေးဝါးများ လွန်ကဲစွာ သောက်သုံးခြင်း
  • စိတ်ဖိစီးမှုများခြင်းတွေကြောင့် ဖြစ်ပါတယ်။

အလုပ်တွေမအားလပ်တဲ့အခါ အစာစားချိန်ကို မေ့လျော့၍သော်လည်းကောင်း၊ စားဖို့ အချိန်မရနိုင်သေး၍သော်လည်းကောင်း အချိန်မှန်အစာစားချိန်ကျော်လွန်သွားတတ်ကြပါတယ်။ အဆာလွန်သွားတဲ့အခါ မစာမစားနိုင်၊ မစားဖြစ်တော့ပါ။ ဒီအချိန်မှာ အစာအိမ်က ပုံမှန်ထုတ်လွှတ်နေတဲ့ အက်ဆစ်ဓာတ်တွေဟာ သူချေဖျက်ရမယ့် အစာအတွက် အဆင်သင့် ရှိနေပါတယ်။

သို့ပေမယ့် ချေဖျက်ဖို့အစာမရှိတဲ့အတွက် အစာအိမ်ထဲက အက်ဆစ်ဓာတ်ကြောင့် ရင်ပူရခြင်း၊ ဝမ်းဗိုက် ပူလောင်ရခြင်း ဝေဒနာတွေကို ခံစားရတတ်ပါတယ်။

ဗိုက်ပြန်ဆာ၍ စားပြန်တော့လည်း အလွန်အမင်း ဆာလောင်စိတ်ဖြင့် တစ်ထိုင်တည်း အများကြီး စားတတ်ကြပါတယ်။ ကြေညက်အောင် မဝါးဘဲ မျိုချလိုက်ပါတယ်။ ဟင်းလျာတွေချက်ပြုတ်တဲ့အခါ အနေတော်လေး ခုတ်ထစ်လှီးဖြတ်ပြီး ချက်ပြုတ်မှသာ ဟင်းအိုးထဲမှာ ချက်ပြုတ်ကြော်လှော်ရအဆင်ပြေသလို ကြေညက်အောင် ဝါးထားတဲ့အစာကို အစာအိမ်က အလွယ်တကူလေး ချေဖျက်ပေးလိုက်ရုံပါပဲ။ မကြေညက်တဲ့အစာပမာဏများစွာကို အချိန်ခဏလေးနဲ့ ချေဖျက်ရတဲ့အခါ အစာအိမ် ကြွက်သားတွေ အလုပ်လုပ်ရတာ ပင်ပန်းစေပါတယ်။ အစာအိမ်ကလက်ခံချေဖျက်ပေးနိုင်သော ပမာဏထက် များပြားနေတဲ့အခါ၊ စားပြီးအစာပမာဏ ကြီးမားနေတဲ့အခါ အစာအိမ်ကြွက်သားနံရံတွေဟာ ပိုမိုအားစိုက် လှုပ်ရှားရပါတော့တယ်။ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်သလိုပါပဲ။  ပြင်းထန်သောကြွက်သား လေ့ကျင့်မှုတွေ ပြုလုပ်မိတဲ့အခါ ကိုယ်ခန္ဓာ ကြွက်သားများရဲ့ သဘာဝအရ ပုံမှန်ကျုံ့ချည်ဆန့်ချည်လုပ်နိုင်စွမ်းထက်ပိုကာ အားစိုက်လုပ်ဆောင်ရတဲ့အခါ ကြွက်သားများ ယောင်ရမ်းနာကျင်မှုဖြစ်ပေါ်စေပါတယ်။ အစာအိမ်ဟာလည်း ကြွက်သားများဖြင့် ဖွဲ့စည်းထားတဲ့အတွက် ပုံမှန်မဟုတ်တဲ့ အစာတွေကို ချေဖျက်ရတဲ့ဖန်များလာတဲ့အခါ အနာတရဖြစ်စေနိုင်ပါတယ်။

မိမိအိမ်မှာ ချက်ပြုတ်စားသောက်သောအစားအစာတွေဟာ အသန့်ရှင်းဆုံးဖြစ်ပါတယ်။ ပြင်ပအစားအစာများဟာမသန့်ရှင်းတဲ့ရေ ကြောင့်လည်းကောင်း၊  ကောင်းမွန်စွာဆေးကြောသန့်စင်ထားခြင်းနှင့် ချက်ပြုတ်ထားခြင်း မရှိခြင်းကြောင့်လည်းကောင်း အစာအိမ်နှင့်အူလမ်းကြောင်းကို ထိခိုက်စေပါတယ်။ အစားအစာထဲမှာ ရောဂါပိုးတွေပါလာပြီးသားလည်း ဖြစ်နေတတ်သလို ဝမ်းဗိုက်ရောက်မှ ပေါက်ဖွားလာတတ်တဲ့ ရောဂါပိုးတွေလည်းရှိတာကြောင့်ဖြစ်ပါတယ်။  ဆီကြော်စာများ၊ ဇီဝသိပ္ပံနည်းပညာဖြင့် ဖန်တီးထုတ်လုပ်ထားတဲ့ အသင့်စား စားသောက်ကုန်များ၊ ပူလွန်း စပ်လွန်းတဲ့ အစားအစာ၊ ဆိုးဆေးနှင့် ကြီးထွားမြန် ဓာတ်မြေဩဇာသုံး အစားအစာ၊ သားငါးနှင့်ဟင်းသီးဟင်းရွက်တွေကို စားသုံးဖန်များလာတဲ့အခါမှာလည်း အစာအိမ်ကို ရောဂါဖြစ်စေတတ်ပါတယ်။

ဂတ်စ်ပါသော အချိုရည်များ၊ ဆိုဒါ၊ အရက် များ အလွန်အကျွံသောက်သုံးတဲ့အခါ အစာအိမ်ရဲ့ အစာချေဖက်စနစ်တွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အချို့သော ဆေးဝါးများသည်လည်း ရေရှည်သောက်သုံးရသည့်အခါအစာအိမ်မှ အက်ဆစ်ထွက်ရှိမှုကို အဟန့်အတားဖြစ်စေပါတယ်။ ဒီအခါမျိုးမှာ အစာအိမ်ထဲ မကြေညက်သေးတဲ့အစာတွေစုနေတတ်ပြီး ရင်ပြည့်ရင်ကယ်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ချွေးစေးပြန်ကာပျို့အန်ခြင်းတွေဖြစ်လာပါမယ်။ ထူးထူးဆန်းဆန်း ရှားရှားပါးပါး ကိစ္စရပ်မျိုးတွေလည်း ရှိတတ်ပါသေးတယ်။ လက်သည်းကိုက်တတ်တဲ့အကျင့်ရှိသူ၊ ဆံပင်ကိုပြန်ကိုက်တတ်တဲ့သူတွေဟာ ပါးစပ်ထဲကနေတစ်ဆင့် လက်သည်းခြေသည်းအပိုင်းအစတွေ၊ဆံချည်မျှင်စတွေဟာ အစာအိမ်ထဲ ရောက်သွားပါတယ်။ ဒီလိုအရာတွေကို အစာအိမ် အက်ဆစ်ဓာတ်က ချေဖျက်နိုင်စွမ်းမရှိပါဘူး။ အစာအိမ်မှတစ်ဆင့် အူလမ်းကြောင်း၊ အူလမ်းကြောင်းမှတစ်ဆင့် စွန့်ပစ်အညစ်အကြေးထဲပါသွားခြင်းမရှိတဲ့အခါ အစာအိမ်ထဲမှာပဲ နှစ်ရှည်လများစုစည်းလာပြီး အစိုင်အခဲဖြစ်လာကာ ဗိုက်အောင့်ဝေဒနာတွေ ခံစားရတတ်ပါတယ်။ စိတ်ဖိစီးမှုတွေကြောင့် အအိပ်မမှန် ဖြစ်စေရာမှ အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။ အစာစားချင်စိတ် မရှိခြင်း၊ ခံတွင်းပျက်ခြင်း၊ စားနေရင်းနှင့် အရသာမရှိတော့သလို ရင်ပြည့်လာသလိုခံစားရခြင်းတွေ ဖြစ်စေတတ်ပါတယ်။

အစာအိမ်ရောဂါ အသေးစားမျိုးတွေကတော့ အစာမကြေခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ရင်ပူခြင်း၊လေချဉ်တက်ခြင်း၊ ပျို့အန်ခြင်းတွေလောက်ပဲဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကတော့ အစာကို ဂရုတစိုက်အချိန်မှန်စားသောက်နေထိုင်ခြင်းဖြင့် ပျောက်ကင်းသက်သာမှုနှုန်း မြန်ဆန်ပါတယ်။ ဒီလိုမဟုတ်ဘဲ အစားအစာကိုချိန်ဆဆင်ခြင်ခြင်း မပြုရင် ရောဂါအလတ်စားမျိုးဖြစ်တဲ့ အစာအိမ် ယောင်ရမ်းတာအပြင်  အစာအိမ်မှာ အနာဖြစ်လာနိုင်ပါတယ်။ ဒီအနေအထားမှာတော့ အစားလေးရှောင်ရုံ ဖြင့်မတတ်သာဘဲ အစာအိမ်အက်ဆစ်ဓာတ်ပမာဏတိုင်းတာရခြင်း၊ အစာအိမ်ပိုးသတ်ဆေးသောက်ရခြင်း၊ အစာအိမ်ဓာတ်မှန်ရိုက်ခြင်း၊ အစာအိမ်မှနိပြောင်းကြည့်ရခြင်းတွေနဲ့ စမ်းသပ်ကုသမှုတွေ လုပ်ရတတ်ပါတယ်။ အစာအိမ်အနာမှတစ်ဆင့် ရောဂါအကြီးစားကူးပြောင်းလာတဲ့အခါ အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့ အစာအိမ်ကင်ဆာရောဂါ ဖြစ်စေနိုင်ပါတယ်။ ဒီလိုကြီးမားတဲ့ ရောဂါပြဿနာတွေအတွက် ဆေးစား ဆေးသောက်ရုံနှင့် ရောဂါမပျောက်နိုင်ပါ။ အသေးစား အကြီးစား ခွဲစိတ်မှုများ ပြုရခြင်း၊ ဆေးထိုးဆေးသွင်းကုသခြင်းထိပါ လုပ်ဆောင်မှု ပြုရတတ်ပါတယ်။

အစားအသောက်ကို ပုံမှန် အချိန်မှန် စားသောက်နေထိုင်ခြင်းဖြင့် ကျန်းမာသော စိတ်နှင့်ခန္ဓာကို ပိုင်ဆိုင်နိုင်ပါတယ်။ မိမိစားသုံးမည့်အစာနှင့် မိမိဆာတဲ့အချိန် ညီညွတ်ပြီး အစာ၊အဆာ နှင့် အချိန် သုံးမျိုးလုံး ရေချိန်ကိုက်  ပြုမူနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ အစားမတော် တစ်လုပ် ဆိုစကားအတိုင်း မသင့်တော်တဲ့ စားသောက်နေထိုင်မှုကြောင့် တစ်လုပ်တည်းသော အစာပမဏလေးသည် ကျွန်မတို့ရဲ့ တစ်နေ့ တာ၊ တစ်လတာ၊ တစ်နှစ်တာ မှသည် တစ်ဘဝ အထိပါ ဆိုးကျိုးဖြစ်စေနိုင်တာကို အားလုံးသတိပြုဆင်ခြင်စေနိုင်ရန် ရည်ရွယ်​ရေးသားလိုက်ရပါတယ်။

ဒေါက်တာခွာဖြူ

Previous Post

“သိန်းပေါင်း ၅၀၀၀ ကံထူးဖို့၊ နက်စ်လေနဲ့ကံစမ်းစို့” ပြည်လုံးကျွတ် ပရိုမိုးရှင်း အစီအစဉ်မှ အပတ်စဉ်ကံထူးရှင်များကို ရွေးချယ်သွားမည်”

Next Post

သားသားမီးမီးလေးတွေ ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာစေဖို့ မေမေတို့ရဲ့အရေးကြီးတဲ့အခန်းကဏ္ဍ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.4k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
813

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
426

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားသားမီးမီးလေးတွေ ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာစေဖို့ မေမေတို့ရဲ့အရေးကြီးတဲ့အခန်းကဏ္ဍ

တကယ်အောင်မြင်တဲ့ မေမေတစ်ယောက်ဆိုတာ

ပမ်းမှာ ကြောက်လို့ တလွဲအားကိုး.... နွမ်းလျကာ ပိုဆိုး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.