fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

စိတ်ဖိစီးမှုများခြင်းကြောင့် ဖြစ်တတ်သည့် အစာအိမ်ရောင်ခြင်း

186
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/12/2020
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

စိတ်ဖိစီးမှုကြောင့်ဖြစ်သော အစာအိမ်ရောင်ရမ်းခြင်းဆိုသည်မှာ အမှန်တကယ် အစာအိမ်ရောင်ရမ်းခြင်း မရှိသော်လည်း စိတ်ဖိစီးမှုများခြင်း၊ စိုးရိမ်စိတ်များခြင်းနှင့် စိတ်လှုပ်ရှားမှု များခြင်းကြောင့် အစာအိမ်ရောင်ရမ်းသည့် လက္ခဏာများဖြစ်သည့် ရင်ပူခြင်း၊ ပူစပ်ပူလောင်ခံစားရခြင်း၊ ရင်ပြည့်ခြင်း စသည်တို့ ဖြစ်ပွားခြင်းကို ခေါ်ဆိုခြင်းဖြစ်ပါသည်။

ထိုသို့ စိတ်ဖိစီးမှုကြောင့် ဖြစ်ပွားရသော အစာအိမ်ရောင်ရမ်းခြင်းကို အစားအစာများ စားသုံးပုံ ပြောင်းလဲခြင်း၊ အစာအိမ်တွင် အစာခြေသည့်အက်ဆစ်ထွက်ခြင်း နည်းပါးစေသည့် ဆေးဝါးများကိုသောက်သုံးခြင်းများအပြင် စိတ်ဖိစီးမှုနှင့် စိတ်ခံစားမှုများကို တည်ငြိမ်အောင် ထိန်းသိမ်းခြင်းအားဖြင့် ပျောက်ကင်းသက်သာအောင်ကုသနိုင်ပါသည်။

 

ရောဂါလက္ခဏာများ

စိတ်ဖိစီးမှုကြောင့်ဖြစ်သော အစာအိမ်ရောင်ရမ်းခြင်း၏ အဓိကရောဂါလက္ခဏာများမှာ အစာအိမ်အောင့်ခြင်းနှင့် အစာအိမ်နေရာတွင် မအီမသာဆက်တိုက်ဖြစ်နေခြင်း စသည့်လက္ခဏာများ ဖြစ်ကြပါသည်။

အခြားလက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

–  ရင်ပြည့်ခြင်းနှင့် ပျို့အန်ခြင်း၊

–  လေပွခြင်း၊

–  အစာအိမ်နာခြင်း၊

–  အစာမကြေခြင်း၊

–  မကြာခဏ လေတက်ခြင်း၊

–  ခေါင်းကိုက်ခြင်း၊

–  အားအင်မရှိသကဲ့သို့ ခံစားရခြင်း၊

–  အစားအသောက်ပျက်ခြင်း၊

–  အန်ခြင်း သို့မဟုတ် ပျို့ခြင်းစသည်တို့ ဖြစ်ကြပါသည်။

အထက်ပါရောဂါ လက္ခဏာများသည် မည်သည့်အချိန်တွင် မဆိုပေါ်ပေါက်နိုင်သော်လည်း စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်များ များပြားသည့်အချိန်များတွင် ပိုမိုပြင်းထန်လာတတ်ပါသည်။

ကုသခြင်း

အစာအိမ်တွင် အက်ဆစ်များထုတ်လုပ်မှုနည်းပါးစေသည့် ဆေးဝါးများကို စိတ်ဖိစီးမှုများခြင်းကြောင့် အစာအိမ်ရောင်ရမ်းခြင်းအတွက် အသုံးပြုနိုင်ကြပါသည်။

သို့သော် ထိုသို့ဆေးဝါးများကို ရေရှည်သုံးစွဲခြင်းထက်စာလျှင်

–  စိတ်ပိုင်းဆိုင်ရာကုသမှုများပြုလုပ်ခြင်း၊

–  တရားထိုင်ခြင်းကဲ့သို့ စိတ်နှင့် ခန္ဓာကိုယ်ကို ပြေလျော့စေသည့် နည်းလမ်းများပြုလုပ်ခြင်း၊

–  အာဟာရမျှတအောင်စားသောက်ခြင်း၊

–  ကိုယ်လက်လှုပ်ရှားမှုများ ပုံမှန်ပြုလုပ်၍ စိတ်လှုပ်ရှားမှု၊ စိတ်ဖိစီးမှုများကို သက်သာစေရန်ပြုလုပ်ခြင်းများသည် အသင့်တော်၊ အကောင်းမွန်ဆုံးနည်းလမ်းများ ဖြစ်ကြပါသည်။

 

စားသင့်သော အစားအစာများ

စိတ်ဖိစီးမှုကြောင့် အစာအိမ်ရောင်ရမ်းခြင်းတွင် အစာခြေဖျက်လွယ်၍ ဝမ်းအေးစေသည့် အစားအစာများဖြစ်သော အသားပြုတ်၊ ငါးပြုတ်များ၊ ဟင်းသီးဟင်းရွက်အပြုတ်များနှင့် အခွံဖယ်ထားသော အသီးအနှံများသည် အကောင်းမွန်ဆုံးသောအစားအစာများဖြစ်ကြပါသည်။

ရေများစွာသောက်ခြင်းသည်လည်း ကောင်းမွန်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။

သို့သော် နို့သောက်သုံးခြင်းကိုမူ ရှောင်ရှားရမည် ဖြစ်ပါသည်။

ထို့အပြင် အစာအိမ်ကို အနှောင့်အယှက်ပေးနိုင်သည့် အစားအစာများဖြစ်သော အနီရောင်အသားများ၊ ဝက်အူချောင်း၊ ဝက်သားခြောက်၊ ဝက်ပေါင်ခြောက်များ၊ အကြော်စာများ၊ ချောကလက်၊ ကော်ဖီနှင့် ငရုတ်ကောင်းတို့ကို ရှောင်ရှားရမည်ဖြစ်ပါသည်။

ဆေးလိပ်သောက်ခြင်းကိုရှောင်ရှားခြင်း၊ Alcohol ပါသော အဖျော်ယမကာများကို ရှောင်ရှားခြင်း၊ ပြုပြင်ဖန်တီးထားသော လက်ဖက်ရည်၊ အအေးနှင့် စပါကလင်အရည်များကို ရှောင်ရှားခြင်းများကိုလည်း မဖြစ်မနေပြုလုပ်ရမည် ဖြစ်ပါသည်။

အခြား သတိပြုရမည့် အရေးပါသည့်အချက်များမှာ အစာစားပြီးသည်နှင့် လဲလျောင်းခြင်းမပြုလုပ်ရန်၊ အစာစားနေစဉ်တွင် ရေသောက်ခြင်းမပြုလုပ်ရန်၊ အစားအစာများကို ဖြည်းညင်းစွာစားသုံးရန်၊ အစာစားသည့်အခါ တိတ်ဆိတ်ငြိမ်သက်သည့်နေရာတွင် စားသုံးရန်တို့လည်း ပါဝင်ပါသည်။

 

စိတ်ဖိစီးမှုကြောင့် အစာအိမ်ရောင်ရမ်းခြင်းသည် ကင်ဆာပြောင်းနိုင်ပါသလား

စိတ်ဖိစီးမှုကြောင့် အစာအိမ်ရောင်ရမ်းခြင်းသည် အစာအိမ်အနားသတ်များ ရောင်ရမ်းခြင်း၊ အစာအိမ်နံရံများတွင် အနာဖြစ်ခြင်းများ မရှိသည့်အတွက်ကြောင့် ကင်ဆာအဖြစ်သို့ ပြောင်းလဲနိုင်ခြင်းမရှိပါ။

Author : Dr. CK

Previous Post

နာတာရှည်ချောင်းဆိုးရောဂါ ဖြစ်ပွားရသည့်အကြောင်းရင်းများ

Next Post

ပြင်းထန်သောအရေပြားပိုးဝင်ခြင်းအကြောင်း သိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.4k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
813

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
426

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပြင်းထန်သောအရေပြားပိုးဝင်ခြင်းအကြောင်း သိကောင်းစရာ

ချောင်းဆိုးနေရင် ဒါတွေရှောင်ကြဉ်ပါ

လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.