fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

အစာမကြေဖြစ်ရသည့်အကြောင်းရင်းများနှင့်သက်သာစေနိုင်သည့်နည်းလမ်းများ

325
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/12/2020
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

အစာမကြေဖြစ်ခြင်းရောဂါကို ခံစားရသောအခါ အစာအိမ် မအီမသာ‌ဖြစ်ခြင်းနှင့် နာကျင်ခြင်းတို့ကို ခံစားရစေပါသည်။ ထို့ပြင် ပျို့ခြင်း၊ ဗိုက်ကယ်ခြင်းနှင့် ရင်ပူခြင်းစသော ရောဂါလက္ခဏာများနှင့်လည်း တွဲ၍တွေ့ရှိရတတ်ပါသည်။

 

အစာမကြေဖြစ်ရသည့် အကြောင်းရင်းများ။

အောက်ပါအချက်များသည် အစာမကြေဖြစ်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများ ဖြစ်ကြပါသည်။

– အစားအစာများကို အလွန်အကျွံစားသောက်ခြင်း

–  ပူစပ်သော အစားအစာများကို စားသောက်ခြင်း

–  အစာစားပြီးပြီးချင်းလဲလျောင်းခြင်း

–  ဆေးလိပ်သောက်ခြင်း

–  အရက်သောက်ခြင်း

–  အကိုက်အခဲပျောက်ဆေးများသောက်သုံးခြင်း

–  အစာအိမ်အက်ဆစ် ဆန်တက်သောရောဂါရှိခြင်း၊

–  အစာအိမ်ကင်ဆာရောဂါရှိခြင်း၊ အစာအိမ်အနာရောဂါရှိခြင်းနှင့်

–  မုန့်ချိုအိတ်ဆိုင်ရာရောဂါရှိခြင်း  စသည့် အကြောင်းရင်းများကြောင့် အစာမကြေခြင်း ဖြစ်ရခြင်းဖြစ်ပါသည်။

 

 

ရောဂါလက္ခဏာများ။

ပျို့ခြင်းနှင့် ဗိုက်ကယ်ခြင်းစသော    ရောဂါလက္ခဏာများအပြင် အောက်ဖော်ပြပါရောဂါ  လက္ခဏာများကိုလည်း‌  တွေ့ရှိရပါသည်။

–  အန်ခြင်း

–  ရင်ပူခြင်း

–  အစာစားနေစဉ်အချိန်တွင် ရုတ်တရက် ရင်ပြည့်ရင်ကယ်ခံစားရခြင်း

–  အစာအိမ်တွင် ပူလောင်သောခံစားချက်ဖြစ်ခြင်း

–  အန်လျှင် သွေးပါခြင်း

–  ကိုယ်အလေးချိန် ကျဆင်းခြင်း

–  အစာမျိုချရန် ခက်ခဲခြင်း

–  ဝမ်းမည်းမည်းသွားခြင်း စသည်တို့ဖြစ်ပါသည်။

 

ရောဂါသက်သာစေနိုင်သည့်နည်းလမ်းများ။

            အောက်ပါနည်းလမ်းများကို အသုံးပြုခြင်းဖြင့် အစာမကြေဖြစ်ခြင်းကို သက်သာစေနိုင်ပါသည်။

            ၁။        မုန့်ဖုတ်ဆိုဒါ

                        မုန့်ဖုတ်ဆိုဒါကို သဘာ၀အစာအိမ်လေဆေးအဖြစ် ယုံကြည်ထားကြပါသည်။ ၎င်းသည် အစာအိမ်အက်ဆစ်ကို ဓာတ်ပြယ်စေခြင်းဖြင့် အစာမကြေဖြစ်ခြင်းကို သက်သာစေနိုင်ပါသည်။

သောက်သုံးရန် နည်းလမ်း။

မုန့်ဖုတ်ဆိုဒါ လက်ဖက်ဇွန်းတစ်ဝက်ကို ရေဖန်ခွက်တစ်ဝက်တွင် ရော၍သောက်သုံးပါ။

တစ်နေ့လျှင် ( ၂ ) ကြိမ်မှ ( ၃ )ကြိမ်အထိ ရက်သတ္တပတ်( ၂ )ပတ်ခန့် သောက်သုံးပေးပါ။

၂။         ပန်းသီးရှာလကာရည်

                        ပန်းသီးရှာလကာရည်တွင်ပါဝင်သော Acetic acid  သည် အစာအိမ်မှထွက်သော Hydrochloric acid ထက်ပို၍ ပြင်းအားနည်းသောအက်ဆစ်ဖြစ်ပါသည်။ ထိုအက်ဆစ်သည် အစာအိမ်ရှိ  Hydrochloric acid ကို ဓာတ်ပြယ်စေသဖြင့် အစာမကြေဝေဒနာကို သက်သာပျောက်ကင်းစေ နို်င်ကြောင်းတွေ့ရှိရပါသည်။

သောက်သုံးရန်နည်းလမ်း။

ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းမှ နှစ်ဇွန်းခန့်ကို ရေနွေးတစ်ဖန်ခွက်ထဲ၍သောက်သုံးပါ။

‌ပျားရည်အနည်းငယ်နှင့်ရော၍လည်းသောက်သုံးနိုင်ပါသည်။

တစ်နေ့လျှင် တစ်ကြိမ်မှ နှစ်ကြိမ် အထိသောက်သုံးပါ။

 

၃။        နွားနို့

            နွားနို့တွင်ပါဝင်သော ပြင်းအားနည်းသော အက်ဆစ်တစ်မျိုးဖြစ်သည့် Lactic acid သည် အစာအိမ်မှထွက်သော Hydrochloric acid ကိုဓာတ်ပြယ်စေနိုင်သော အာနိသင်ရှိကြောင်းတွေ့ရှိရပါသည်။

            သို့သော်နွားနို့တွင်ပါဝင်သော အဆီဓာတ်များသည်  အစာမကြေခြင်းလက္ခဏာကိုပို၍ ဆိုးရွားစေနိုင်သောကြောင့် အဆီထုတ်ထားသော နွားနို့ကို သောက်သုံးမှသာ အစာကြေခြင်းကို သက်သာစေနိုင်ပါသည်။

တစ်နေ့လျှင် နွားနို့ တစ်ခွက်မှ နှစ်ခွက်အထိသောက်သုံးပေးပါ။

 

၄။        ပျားရည်

            ပျားရည်သည် ရောင်ရမ်းခြင်းကို လျော့နည်းစေသောဂုဏ်သတ္တိရှိသောကြောင့် အစာအိမ်ရောင်သောရောဂါရှိသူများ၊ အစာမကြေရောဂါရှိသောသူများအတွက် သောက်သုံးသင့်သော အစားအစာတစ်မျိုးဖြစ်ပါသည်။

သောက်သုံးရန်နည်းလမ်း။

            ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေတစ်ဖန်ခွက်တွင် ရောထည့်၍ မွှေပြီးသောက်သုံးနိုင်ပါသည်။

အစာမစားမီတိုင်း တစ်နာရီခန့်ကြိုတင်၍သောက်သုံးပါ။

နေ့စဉ် အိပ်ရာမဝင်ခင်တစ်ကြိမ်သောက်သုံးပါ။

 

၅။        ချာမိုမိုင်း လက်ဖက်ရည်

ချာမိုမိုင်းလက်ဖက်ရည်တွင်လည်း ရောင်ရမ်းခြင်းကို သက်သာစေနိုင်သော အကျိုးအာနိသင်ရှိသောကြောင့် အစာမကြေဖြစ်သောသူများ သောက်သုံးသင့်ကြောင်းတွေ့ရှိရပါသည်။

၎င်းသည် အစာခြေလမ်းကြောင်း၏ကြွက်သားများကို ပြေလျော့စေခြင်းဖြင့်လည်း အစာခြေဖျက်ခြင်းကို အထောက်အကူပြုနိုင်ကြောင်းတွေ့ရှိရပါသည်။

သောက်သုံးရန်နည်းလမ်း။

ချာမိုမိုင်းလက်ဖက်ရည်တစ်ခွက်တွင် ပျားရည်အနည်းငယ်ရော၍ သောက်သုံးနိုင်ပါသည်။

တစ်နေ့လျှင်နှစ်ကြိမ်မှ သုံးကြိမ်ခန့်အထိသောက်သုံးပါ။

 

၆။        ရှားစောင်းလက်ပပ်ဖျော်ရည်

            ရှားစောင်းလက်ပပ်ဖျော်ရည်တွင် အစာအိမ်အနာရောဂါအပြင် အစာအိမ်အက်ဆစ် ချဉ်ရည်ဆန်တက်သော ရောဂါများကို သက်သာပျောက်ကင်းစေနိုင်သောအကျိုးအာနိသင် ရှိကြောင်းတွေ့ရှိရပါသည်။

တစ်နေ့လျှင် တစ်ကြိမ်မှနှစ်ကြိမ်အထိ သောက်သုံးပါ။ အစာမစားခင်သောက်သုံးလျှင် ပို၍သင့်တော်ပါသည်။

 

အစာမကြေရောဂါ ခံစားရတတ်သူများအတွက် သင့်တော်သော အခြားအစားအစာများမှာ

  • အဆီဓာတ်နှင့် သကြားဓာတ်နည်းပါးသော ဘရိုကိုလီ၊
  • အစိမ်းရောင်ရှိသော ပဲများ
  • ဟင်းသီးဟင်းရွက်များ။
  • ငှက်ပျောသီး
  • ဖရဲသီး
  • ကြက်ဥဘဲဥ အကာ စသည်တို့ဖြစ်ပါသည်။

 

ဒေါက်တာ CK

Previous Post

လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု

Next Post

အနာကျက်မြန်စေမည့် ဗီတာမင်အာဟာရဓာတ်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.4k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
813

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
426

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အနာကျက်မြန်စေမည့် ဗီတာမင်အာဟာရဓာတ်များ

သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့သွေးအားနည်းရောဂါဆိုတာ။

နာတာရှည်အစာအိမ်ရောင်ရမ်းခြင်းဆိုတာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.