fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

အစာအိမ်အနာဖြစ်ခြင်းနဲ့ နောက်ကျောအောင့်ခြင်း ဆက်စပ်မှုရှိသလား

4.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/08/2021
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

အစာအိမ်အနာဖြစ်ခြင်းဆိုတာ အစာအိမ်နံရံမှာ အနာဖြစ်တာကို ဆိုလိုပါတယ်။ အစာအိမ်အနာဖြစ်တဲ့အခါမှာ ဗိုက်ထဲမအီမသာဖြစ်တာ၊ ဗိုက်အောင့်တာ၊ ရင်ပူတာ စတဲ့ဝေဒနာတွေ ခံစားရတတ်ပါတယ်။ အစာအိမ်အနာ (Gastric ulcer) အပြင် အစာအိမ်နဲ့ဆက်နေတဲ့ အူသိမ်ပထမပိုင်းမှာဖြစ်တဲ့အနာ (Duodenal ulcer) ကလည်း အစာအိမ်အနာရောဂါထဲမှာ ပါဝင်ပါတယ်။

ဒီလိုအစာအိမ်အနာရောဂါတွေမှာ အများအားဖြင့် အစာအိမ်အူလမ်းကြောင်းနဲ့သက်ဆိုင်တဲ့ ဝေဒနာတွေကို ပိုအတွေ့ရများပေမဲ့ တစ်ခါတလေမှာ နောက်ကျောဘက်အပေါ်ပိုင်း ဒါမှမဟုတ် နောက်ကျောအလယ်ပိုင်းမှာ အောင့်တယ်ဆိုတဲ့ ဝေဒနာမျိုးကိုလည်း တွေ့ရတတ်ပါတယ်။ အစာအိမ်အနာရောဂါရှိသူတိုင်းမှာ အတွေ့ရမများပေမဲ့ နောက်ကျောအောင့်တဲ့လက္ခဏာကို တချို့သူတွေမှာတော့ အဓိကလက္ခဏာအနေနဲ့ ခံစားရတတ်ပါတယ်။

အစာအိမ်အနာရောဂါရှိသူတွေမှာ နောက်ကျောအောင့်တတ်ပေမဲ့ နောက်ကျောအောင့်တိုင်းလည်း အစာအိမ်အနာရောဂါလို့ ပြောလို့မရပါဘူး။ ဒါကြောင့် အစာအိမ်အနာရောဂါနဲ့ပတ်သက်ပြီး သိထားသင့်တဲ့အကြောင်းအရာလေးတွေကို ရေးသားမျှဝေပေးလိုက်ပါတယ်။

အစာအိမ်အနာဖြစ်ရခြင်း အကြောင်းအရင်း

အစာအိမ်အနာဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ အဖြစ်အများဆုံးက Helicobacter pylori (H. pylori) လို့ခေါ်တဲ့ ဗက်တီးရီးယားပိုးကြောင့်ပဲ ဖြစ်ပါတယ်။ H. pylori ပိုးက မသန့်ရှင်းတဲ့ ရေနဲ့ အစားအသောက်တွေကနေတဆင့် လူကိုကူးစက်နိုင်သလို လူတွေရဲ့တံတွေးကနေတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ ဒီဗက်တီးရီးယားပိုး ကူးစက်ဝင်ရောက်လာတဲ့အခါမှာ အစာအိမ်နံရံကို ထိခိုက်စေတဲ့အတွက် အစာအိမ်အနာဖြစ်ရခြင်းပဲ ဖြစ်ပါတယ်။

နောက်ထပ်အကြောင်းအရင်းတွေကတော့ –

  • အကိုက်အခဲပျောက်ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ရေရှည်စွဲသောက်တာ
  • ဆေးလိပ်သောက်တာ၊ အရက်သောက်တာ
  • စိတ်ဖိစီးမှုများတာ
  • အစပ်စားတာ စတာတွေပဲ ဖြစ်ပါတယ်။

အစာအိမ်အနာရောဂါရှိသူတွေ ဆေးလိပ်၊ အရက်သောက်တယ်ဆိုရင် ရောဂါကို ကုရခက်ရုံတင်မက ရောဂါအခြေအနေပါ ပိုဆိုးရွားလာနိုင်ပါတယ်။

အစာအိမ်အနာဖြစ်ရင် ဘယ်လိုခံစားရမလဲ

  • မီးစနဲ့ထိုးသလို ရင်ပူပူကြီးနဲ့ ဗိုက်အောင့်တာ
  • ရင်ညွှန့်ပူတာ
  • ပျို့တာ၊ အန်တာ
  • ရင်ပြည့်နေတာ
  • လေချဉ်တက်တာ
  • ကိုယ်အလေးချိန်ကျလာတာ
  • နောက်ကျောဘက်အပေါ်ပိုင်း ဒါမှမဟုတ် နောက်ကျောအလယ်ပိုင်းအောင့်တာ စတဲ့လက္ခဏာတွေ ခံစားရတတ်ပါတယ်။

အတွေ့ရအများဆုံးလက္ခဏာကတော့ ဗိုက်ထဲ (ရင်ညွှန့်နား)မှာ မီးစနဲ့ထိုးသလိုပူပြီး အောင့်နေတာ ဖြစ်ပါတယ်။ အစာအိမ်မှာဖြစ်တဲ့အနာက အစာစားရင် ပိုအောင့်တတ်ပြီး အူသိမ်ပထမပိုင်းမှာဖြစ်တဲ့အနာက အစာမရှိရင် ပိုအောင့်တတ်ပါတယ်။ ဒါကြောင့် အစာမစားဘဲနေရင် မအောင့်တာဖြစ်ဖြစ်၊ အစာစားပြီးမှ ပိုသက်သာသွားတာဖြစ်ဖြစ် ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ဗိုက်အောင့်ဝေဒနာက ပြန်ပေါ်လာတတ်ပါတယ်။

တချို့သူတွေမှာ အစာအိမ်အနာက အာရုံကြောတွေကတစ်ဆင့် နောက်ကျောဘက်ကို ပြန့်နှံ့နာကျင်တတ်တဲ့အတွက် နောက်ကျောအောင့်တာကိုလည်း ခံစားရတတ်ပါတယ်။

အစာအိမ်အနာရောဂါ ပိုဆိုးရွားလာရင်တော့ –

  • သွေးအန်တာ၊ ကော်ဖီရောင်လိုအရည်တွေ အန်တာ
  • ကတ္တရာစေးလို ဝမ်းမည်းမည်းသွားတာ၊ ဝမ်းထဲ သွေးပါတာ
  • အသက်ရှူရခက်တာ
  • ကိုယ်လက်နုံးချိပြီး အသားရောင်ဖြူဖျော့လာတာ စတဲ့ဝေဒနာတွေပါ ခံစားရတတ်ပါတယ်။


‌အစာအိမ်အနာရောဂါကို စောစောစီးစီး စစ်ဆေးကုသပါ

ပုံမှန်ဝေဒနာမဟုတ်တဲ့ နောက်ကျောဘက်အောင့်တာက ရေရှည်ဖြစ်လာရင်တော့ အစာအိမ်အနာဖြစ်တာ ဟုတ်၊ မဟုတ် ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်။ နောက်ကျောအောင့်တာအပြင် အထက်က ပြောခဲ့တဲ့ အစာအိမ်အူလမ်းကြောင်းဝေဒနာတွေပါ ပူးတွဲခံစားရရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။

အစာအိမ်အနာရောဂါကို ရှာဖွေစစ်ဆေးတဲ့အခါ ဆေးဓါတ်မှန်ရိုက်တာ၊ အစာအိမ်မှန်ပြောင်းကြည့်တာ၊ H. pylori ပိုးကို စစ်ဆေးတာ၊ အာထရာဆောင်း (Ultrasound) ရိုက်တာ စတာတွေနဲ့ စစ်ဆေးနိုင်ပါတယ်။ ဆရာဝန်က အစာအိမ်မှန်ပြောင်းကနေတစ်ဆင့် အစာအိမ်နံရံအသားစယူပြီး H. pylori ပိုးရှိ၊ မရှိ စစ်ဆေးနိုင်ပါသေးတယ်။

ရောဂါအကြောင်းအရင်းခံပေါ်မူတည်ပြီး ဆရာဝန်က သင့်တော်တဲ့ကုသမှုကို အကောင်းဆုံးပေးစွမ်းမှာပဲ ဖြစ်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေကို အချိန်မှန်မှန် သောက်ဖို့ အရေးကြီးပါတယ်။

အစာအိမ်အနာရောဂါအတွက် ဆောင်ရန်၊ ရှောင်ရန်

  • ဆေးလိပ်၊ အရက်သောက်တာ၊ အပူအစပ်နဲ့ အဆီကြော်စာ စားတာ၊ အစာမရှိဘဲ ကော်ဖီ၊ လက်ဖက်ရည်ပြင်းပြင်းသောက်တာ ရှောင်ပါ။
  • အစားကို တစ်ကြိမ်တည်းအများကြီးစားတာထက် တစ်နေ့တာကို ပမာဏနည်းနည်းခွဲပြီး အကြိမ်ရေများများ စားပေးပါ။ အစာမာမာ ရှောင်ပါ။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စားပါ။ အစာစားချိန် မှန်ပါစေ။
  • သန့်ရှင်းတဲ့ အစားအစာနဲ့ ရေကို သောက်သုံးပါ။ ရောဂါပိုး မကူးစက်နိုင်အောင် လက်ကို ဆပ်ပြာနဲ့သေသေချာချာ ဆေးပါ။
  • စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချပါ။

အစာအိမ်အနာရောဂါကို အထက်က ဆောင်ရန်၊ ရှောင်ရန်တွေနဲ့ ကာကွယ်နိုင်သလို ရောဂါရှိနေသူတွေမှာလည်း ဒီနည်းလမ်းတွေကို လိုက်နာမယ်ဆိုရင် မြန်မြန်ပျောက်ကင်းနိုင်မှာပဲ ဖြစ်ပါတယ်။

 

Author: ဒေါက်တာကောင်း (ဆေး – ၂)

Previous Post

နှလုံးကြွက်သားရောင်ရမ်းခြင်း လက္ခဏာများ

Next Post

အစာအိမ်ရောင်ရောဂါလက္ခဏာများနှင့် ကာကွယ်ရန်နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.3k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
797

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
419

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာအိမ်ရောင်ရောဂါလက္ခဏာများနှင့် ကာကွယ်ရန်နည်းလမ်းများ

ပါးစပ်ထဲမှာ ခါးခါးနေတာ ဘာလို့လဲ

အစာမကြေဖြစ်ခြင်းနှင့် နောက်ဆက်တွဲရောဂါပြဿနာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.