fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

ဗိုက်အောင့်ဗိုက်နာဖြစ်လျှင်

2.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/08/2021
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

“အဆီဓာတ်များသော အစားအစာများ နှင့် တာရှည်ခံရန် ပြုလုပ်စီမံထားသည့်အစားအစာ များသည် အစာကြေညက်ရန်ခက်ခဲသည့်အတွက် ၎င်းတို့ကို  ရှောင်သင့်ပါသည်။”

ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်းသည် လူအများစု ခံစားရလေ့ရှိသော ရောဂါလက္ခဏာတစ်မျိုး ဖြစ်ပြီး ၎င်းရောဂါဝေဒနာကို အစာအိမ်နာခြင်းအောင့်ခြင်း ဟုလည်း ခေါ်ဝေါ်လေ့ရှိပါသည်။

ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း အကြောင်းရင်းများ

ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း၏ အကြောင်းရင်းများစွာရှိသည့်အနက် အဓိကအကြောင်းရင်း များမှာ ဝမ်းဗိုက်တွင်ရှိသော အင်္ဂါရပ်များတွင်
-ရောဂါပိုးကူးစက်ခံရခြင်း
-ရောင်ရမ်းနေခြင်း
-ပိတ်ဆို့နေခြင်း နှင့်
-အကျိတ်အခဲများဖြစ်ခြင်း စသည်တို့ဖြစ်ကြပါသည်။

အခြားအဖြစ်များသည့် အကြောင်းရင်းများမှာ
-ဝမ်းချုပ်ခြင်း
-ဝမ်းလျှောခြင်း
-အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းခြင်း
-အစာအိမ်အက်ဆစ်အထက်သို့ဆန်တက်ခြင်း
-အန်ခြင်း
-စိတ်ဖိစီးမှုများခြင်း စသည်တို့ကြောင့်လည်း ဖြစ်နိုင်ကြောင်းတွေ့ရှိရပါသည်။

ထို့ပြင် ဆိုးရွားပြင်းထန်သော ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း အကြောင်းရင်းများလည်း တွေ့ရှိရပါသည်။ ယင်းတို့မှာ
-ဝမ်းဗိုက်တွင်းရှိ အင်္ဂါရပ်များ ပေါက်ပြဲခြင်း သို့မဟုတ် ပေါက်ပြဲလုနီးပါးဖြစ်ခြင်း ( ဥပမာ အူအတက်ရောင်ခြင်း သို့မဟုတ် အူအတက် ပေါက်ပြဲခြင်း )
-သည်းခြေတွင် ကျောက်တည်ခြင်း
-ကျောက်ကပ်တွင် ကျောက်တည်ခြင်း
-ကျောက်ကပ်တွင် ရောဂါပိုးကူးစက်ခံရခြင်း စသည်တို့ဖြစ်ကြပါသည်။

ဗိုက်အောင့်ဗိုက်နာဖြစ်လျှင် သက်သာပျောက်ကင်းစေနိုင်သော နည်းလမ်းများ
ဗိုက်အောင့်ဗိုက်နာဖြစ်လျှင် သက်သာပျောက်ကင်းစေနိုင်သော နည်းလမ်းအချို့ကို အောက်တွင် ဖော်ပြထားပါသည်။

( ၁ ) ရေသောက်ပေးပါ
ခန္ဓာကိုယ်တွင် ရေဓာတ်ခန်းခြောက်ခြင်းသည် အစာအိမ်အောင့်ခြင်းနာခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းတစ်ရပ် အဖြစ်တွေ့ရှိရပါသည်။ အဘယ်ကြောင့်ဆိုသော် ရေဓာတ်သည် အစားအစာများကို ကောင်းစွာ ခြေဖျက်စုပ်ယူနိုင်ရန်အတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်သောကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်းကို ခံစားနေရသောသူများအား ရေများများသောက် စေခြင်းဖြင့် ရောဂါဝေဒနာကို သက်သာစေနိုင်မည်ဖြစ်ပါသည်။

( ၂ ) ချင်းပြုတ်ရည် သောက်ပေးပါ
ချင်း(ဂျင်း)တွင် အစာအိမ်ကျုံ့ညှစ်ခြင်းကို မြန်ဆန်စေနိုင်သော ဓာတုပစ္စည်းများပါဝင်သဖြင့် အစာမကြေဗိုက်အောင့်ဗိုက်နာဖြစ်ခြင်းကို ကာကွယ်သက်သာစေနိုင်သည့် အစားအစာတစ်မျိုး အဖြစ် လက်ခံယုံကြည်ထားရှိကြပါသည်။

ထို့ပြင် ၎င်းတွင် ပျို့ခြင်း၊ အန်ခြင်းနှင့် ဝမ်းလျှောခြင်းကို သက်သာစေနိုင်သည့် အစွမ်းအာနိသင်များရှိကြောင်းကိုလည်း လေ့လာသိရှိရပါသည်။

( ၃ ) ရေနွေးဖြင့် ရေချိုးခြင်း သို့မဟုတ် ဝမ်းဗိုက်ပေါ်တွင် ရေနွေးအိတ်ကပ်ပေးခြင်း ပြုလုပ်ပေးပါ
အပူဓာတ်သည် တင်းကျပ်နေသည့် ကြွက်သားများကို ပြေလျော့စေနိုင်သည့် အတွက် ဗိုက်အောင့်ဗိုက်နာဖြစ်နေသောသူများအား ရေနွေးနွေး‌ဖြင့် ရေချိုးစေခြင်း ၊ သို့မဟုတ် နာနေသည့် ဝမ်းဗိုက်နေရာပေါ်တွင် ရေနွေးအိတ်ကပ်ပေးခြင်းဖြင့် ဝေဒနာကို သက်သာပျောက်ကင်း စေနိုင်မည် ဖြစ်ပါသည်။

( ၄ ) ဆေးလိပ်နှင့်အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ
ဆေးလိပ်သောက်ခြင်းဖြင့် အစာအိမ်အက်ဆစ်ထွက်ခြင်းကို ပိုမိုအားပေးနိုင်သည့်အတွက် အစာအိမ်ဗိုက်အောင့်ဗိုက်နာဖြစ်နေသူများသည် ဆေးလိပ်သောက်ခြင်းကို ရှောင်ရန် လိုအပ်ပါသည်။

ထို့အတူ အရက်သည်လည်း အစာခြေဖျက်ခြင်းကို နှောင့်နှေးစေသည့်အပြင် အစာအိမ်နှင့် အသည်း နံရံတို့ကို ပျက်စီးစေနိုင်သဖြင့် ဗိုက်အောင့်ဗိုက်နာဖြစ်နေသောသူများသည် အရက်သောက်ခြင်းကိုလည်း ရှောင်သင့်ကြောင်း အကြံပြုလိုပါသည်။

( ၅ ) အစာကြေရန်ခက်ခဲသည့်အစားအစာများကို ရှောင်ပါ
အဆီဓာတ်များသော အစားအစာများ နှင့် တာရှည်ခံရန် ပြုလုပ်စီမံထားသည့်အစားအစာ များသည် အစာကြေညက်ရန်ခက်ခဲသည့်အတွက် ၎င်းတို့ကို  ရှောင်သင့်ပါသည်။

( ၆ ) ရှားစောင်းလက်ပပ်ဖျော်ရည်ကို သောက်ပေးပါ
ရှားစောင်းလက်ပပ်တွင် အောက်ဖော်ပြပါ အစွမ်းအာနိသင်များရှိသဖြင့် ဗိုက်အောင့်ဗိုက်နာခံစားနေရသောသူများအနေနှင့် သောက်သုံးသင့်ကြောင်း လေ့လာတွေ့ရှိရပါသည်။
-အစာအိမ်အက်ဆစ်ထွက်ခြင်းကို လျော့နည်းစေနိုင်ခြင်း
-အူမကြီး လှုပ်ရှားမှုကို အားပေး၍ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း
-အသားဓာတ်များအား ခြေဖျက်ခြင်းကို ပိုမိုကောင်းမွန်စေခြင်း
-အစာလမ်းကြောင်းရှိ အကျိုးပြုဗက်တီးရီးယားများကို ပေါက်ပွားစေခြင်း စသည့် အာနိသင်များရှိခြင်းကြောင့် ဖြစ်ပေသည်။

( ၇ ) အုန်းစိမ်းရည်ကို သောက်သုံးပေးပါ
အုန်းရည်တွင် ပါဝင်သည့် ဓာတ်များသည် နာကျင်ခြင်းနှင့် ကြွက်သားတင်းကျပ်ခြင်းတို့ကို လျော့နည်းသက်သာစေနိုင်သဖြင့် ဗိုက်အောင့်ဗိုက်နာဖြစ်နေသည့်သူများအနေဖြင့် သောက်သုံးသင့်ကြောင်း လေ့လာတွေ့ရှိရပါသည်။

( ၈ ) အစာအိမ်လေဆေးများကို သောက်သုံးပေးပါ
အောက်ပါ ဒြပ်ပေါင်းများပါဝင်သည့် အစာအိမ်လေဆေးများကို သောက်သုံးခြင်းဖြင့်လည်း ဗိုက်အောင့်ဗိုက်နာခြင်းကို သက်သာစေနိုင်မည်ဖြစ်ပါသည်။
-Aluminium Hydroxide
-Magnesium Hydroxide
– Simethicone စသော ဓာတုဒြပ်ပေါင်းများပါဝင်သည့် အစာအိမ်လေဆေးများ ဖြစ်ကြပါသည်။

အထက်ဖော်ပြပါ လွယ်ကူရိုးရှင်းသည့် ဆောင်ရန်ရှောင်ရန် နည်းလမ်းများကို လိုက်နာခြင်းအားဖြင့် ဗိုက်အောင့်ဗိုက်နာခြင်း ရောဂါဝေဒနာမှ ကင်းဝေးစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Author: Dr. မိုး ( ဆေး ၁ )

Previous Post

ကိုဗစ်ကာကွယ်ဆေး မထိုးသင့်တဲ့သူတွေ

Next Post

အစာအိမ်အချဉ်ပေါက်တယ်ဆိုတာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.3k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
797

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
419

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာအိမ်အချဉ်ပေါက်တယ်ဆိုတာ

ရင်ပူခြင်းသက်သာစေဖို့ဆိုရင်

နို့တိုက်မိခင်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.