fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

အစာအိမ်အချဉ်ပေါက်တယ်ဆိုတာ

6.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/08/2021
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ, အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

ယနေ့ခေတ် နေထိုင်စားသောက်မှုပုံစံအရ အစာစားချိန်မမှန်ခြင်း ၊ အသင့်စား အစားအစာများအား စားသောက်လေ့ရှိခြင်း ၊ အလုပ်အကိုင်တွင် စိတ်ဖိစီးမှုများခြင်း စသည့် အကြောင်းရင်းများကြောင့် အစာအိမ်အချဉ်ပေါက်ခြင်း ဟူသည့် ရောဂါဝေဒနာကို ခံစားရလေ့ ရှိကြပါသည်။

အစာအိမ်အချဉ်ပေါက်ခြင်း ဆိုသည်မှာ အစာအိမ်မှ အက်ဆစ်ချဉ်ရည်များ ပုံမှန်ထက် ပိုမိုထွက်ခြင်းကြောင့် အစာအိမ်အနားသားများအား အက်ဆစ်တိုက်စားသည့်အတွက် အစာအိမ်ရောင်ရမ်းခြင်း ဖြစ်လာသည်ကို ဆိုလိုပါသည်။

 

အစာအိမ်ရောင်ခြင်း ဖြစ်နိုင်သည့် အကြောင်းရင်းများ

-စိတ်ဖိစီးမှုများခြင်း

-အကိုက်အခဲပျောက်ဆေးများ၊ ပဋိဇီ၀ပိုးသတ်ဆေးများ၊ သိုင်းရွိုက်ဟော်မုန်း ဆေးဝါးများ နှင့် ကိုယ်ဝန်တားမြစ်သော အမျိုးသမီးဟော်မုန်းသောက်ဆေးများ စသည့်ဆေးဝါးများကို အချိန်ကြာမြင့်စွာ သောက်သုံးရခြင်း

– H. pylori ဗက်တီးရီးယားပိုးကြောင့် အစာအိမ်ရောင်ရမ်းခြင်း

-သည်းခြေပြွန်မှ သည်းခြေရည်များသည် အစာအိမ်ဆီသို့ နောက်ပြန်စီးဆင်းခြင်း

-အခြားသော ဗက်တီးရီးယားပိုးများ၊ ဗိုင်းရပ်စ်ပိုးများ ကူးစက်ခံရခြင်း စသည်တို့ ဖြစ်ကြပါသည်။

            အစာအိမ်အချဉ်ပေါက်ခြင်းဖြစ်လျှင် အောက်ပါရောဂါလက္ခဏာများကို တွေ့ရလေ့ရှိပါသည်။

-ပျို့ခြင်း

-အန်ခြင်း

-ဝမ်းဗိုက်ကယ်ခြင်း

-ဗိုက်နာဗိုက်အောင့်ခြင်း

-အစာမကြေဖြစ်ခြင်း

-အစာအိမ်နေရာတွင် ပူလောင်ခြင်းဝေဒနာကို ခံစားနေရခြင်း

-ကြို့ထိုးခြင်း

-အစာစားချင်စိတ်မရှိခြင်း

-ကတ္တရာစေးကဲ့သို့ဝမ်းမည်းမည်းသွားခြင်း

-သွေးအရောင် သို့မဟုတ် ကော်ဖီအရောင်များအန်ခြင်း စသည့်လက္ခဏာများကို တွေ့ရှိရပါသည်။

အထက်ပါလက္ခဏာများအနက် ၀မ်းအမည်းရောင်သွားခြင်း ၊ သွေးအရောင် သို့မဟုတ် ကော်ဖီရောင်များအန်ခြင်း၊ အလွန်အမင်းမခံမရပ်နိုင်အောင် ဗိုက်အောင့်ခြင်းတို့သည် အရေးကြီးသော လက္ခဏာရပ်များဖြစ်သဖြင့် ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ပြသသင့်ပါသည်။

ရောဂါကုသခြင်း

-အစာအိမ်အချဉ်ပေါက်ခြင်းကို သက်သာစေရန် အစာအိမ်အက်ဆစ်ထွက်ခြင်းကို လျော့နည်းစေသည့် အောက်ပါဆေးဝါးများအားပေး၍ ကုသလေ့ရှိကြပါသည်။

( ၁ )           Simethicone ပါသော အစာအိမ်လေဆေးများ ( Antacids )

( ၂ )           Proton Pump Inhibitors သို့မဟုတ် H2 blockers အုပ်စု အစာအိမ်ဆေးဝါးများ စသည်တို့ ဖြစ်ကြပါသည်။

-H . pylori ကြောင့်ဖြစ်သော အစာအိမ်ရောင်ခြင်းတွင်မူ သက်ဆိုင်သောပဋိဇီ၀ပိုးသတ်ဆေးများကို ဖြည့်စွက်ပေးခြင်းဖြင့်လည်း ကုသလေ့ရှိပါသည်။

အစာအိမ်အချဉ်ပေါက်ခြင်းကို ကုသရာတွင် ဆေးဝါးများအပြင် အောက်ပါဆောင်ရန်ရှောင်ရန် နည်းလမ်းများကို လိုက်နာရန်လည်း လိုအပ်ပါသည်။

-ပူလွန်းစပ်လွန်းသော အစားအစာများ၊ အဆီဓာတ်များသော အစားအစာများ ၊ ကော်ဖီ၊ လက်က်ရည် ၊ အချိုရည်အအေးများကို စားသောက်ခြင်း ရှောင်ပါ။

-ဆေးလိပ်သောက်ခြင်း ၊ အရက်သောက်ခြင်း ရှောင်ပါ။

– ဆရာဝန်ညွှန်ကြားချက်မရှိဘဲ အကိုက်အခဲပျောက်ဆေးများ ၊ ပိုးသတ်ဆေးများကို သောက်သုံးခြင်း ရှောင်ပါ။

-အစားအစာများကို တစ်ချိန်တည်းတွင် အများကြီးမစားဘဲ ပမာဏနည်းနည်းနှင့် အကြိမ်များများစားပေးပါ။

-အစားအစာများကို ကြေညက်အောင်ဝါးစားသည့် အလေ့အကျင့်ကို ဆောင်ပါ။

-စိတ်ဖိစီးမှုလျော့နည်းစေရန် တရားထိုင်ခြင်း ၊ယောဂကျင့်ခြင်းစသည်တို့ကို မှန်မှန် ပြုလုပ်ပေးပါ။

-ပြင်းထန်သည့် လေ့ကျင့်ခန်းများပြုလုပ်ခြင်း ရှောင်ပါ။

အထက်ဖော်ပြပါ နည်းလမ်းများကို လိုက်နာခြင်းဖြင့် အစာအိမ်အချဉ်ပေါက်ခြင်း ရောဂါမှ ကင်းဝေးကြစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။

 

Author: Dr. မိုး ( ဆေး ၁ )

Previous Post

ဗိုက်အောင့်ဗိုက်နာဖြစ်လျှင်

Next Post

ရင်ပူခြင်းသက်သာစေဖို့ဆိုရင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vape Consumption and Lung Health

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

1 year ago
375

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.3k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
797

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရင်ပူခြင်းသက်သာစေဖို့ဆိုရင်

နို့တိုက်မိခင်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များ

ဆီးချိုရောဂါကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.