fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

ရင်ပူခြင်းသက်သာစေဖို့ဆိုရင်

610
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/08/2021
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

ရင်ပူခြင်းဆိုသည် ရင်ဘတ်ထဲတွင် ပူလောင်ခြင်း ခံစားချက်ကို ဖြစ်စေသော ရောဂါလက္ခဏာတစ်ခုပင် ဖြစ်ပါသည်။ ၎င်းရောဂါလက္ခဏာသည် အစားစားပြီးချိန်၊ ညနေပိုင်းအချိန် သို့မဟုတ် လဲလျောင်းနေစဉ် အချိန်များတွင် ပို၍ပြင်းထန်စွာ ခံစားရလေ့ရှိကြောင်း တွေ့ရှိရပါသည်။

-အစားစားပြီးချိန် နှင့် ညဘက်အိပ်ချိန်များ၌  ရင်ဘတ်ထဲတွင် ပူလောင်သည့် ဝေဒနာခံစားရခြင်း

-လဲလျောင်းနေစဉ်တွင် ဝေဒနာပို၍ဆိုးရွားခြင်း

-ပါးစပ်တွင် ခါးခြင်း သို့မဟုတ် ချဉ်ခြင်းဝေဒနာကို ခံစားရခြင်း စသည့် လက္ခဏာများကို တွေ့ရှိရပါသည်။

အထက်ပါလက္ခဏာများသည်

-တစ်ပတ်လျှင် နှစ်ကြိမ်ထက်ပို၍ ခံစားရလျှင်

-အစာအိမ်လေဆေးများကို သောက်သုံးခြင်းဖြင့် မသက်သာလျှင်

-အစာမျိုချရန် ခက်ခဲလာလျှင်

-မကြာခဏ ပျို့အန်ခြင်းများ ခံစားရလျှင်

-အစာစားချိန်စိတ်မရှိဘဲ ခန္ဓာကိုယ်အလေးချိန်ကျဆင်းလာလျှင် ဆရာဝန်နှင့် အမြန်ဆုံး စနစ်တကျ တိုင်ပင်ပြသ သင့်ပါသည်။

ထို့ပြင် အချို့သော အစားအစာများ၊ အဖျော်ယမကာများသည် ရင်ပူခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများအဖြစ် လေ့လာသိရှိရပါသည်။

-အပူအစပ်အစားအစာများ

-အချဉ်ဓာတ်များသော အစားအစာများ

-ကော်ဖီ ၊လက်ဘက်ရည် စသည့် ကဖင်းဓာတ်များစွာပါဝင်သည့် အစားအစာများ

-ကြက်သွန်နီ

-ငရုတ်ကောင်း

-ခရမ်းချဉ်သီး

-အဆီဓာတ်များသော ဆီကြော်အစားအစာများ

-ချောကလက်

-အရက် ၊ ဘီယာ စသည့်အစားအသောက်များသည် ရင်ပူခြင်းကို အားပေးသည့် အကြောင်းရင်းများဖြစ်ကြပါသည်။


ရင်ပူခြင်းသက်သာစေမည့်နည်းလမ်းများ

( ၁ )    Baking soda ကို ရေတစ်ဖန်ခွက်ထဲတွင် ထည့်ဖျော်၍ သောက်ပါ

အဘယ်ကြောင့်ဆိုသော် ၎င်း   Baking soda တွင် ရင်ပူခြင်းကို ဖြစ်စေသည့် အစာအိမ်အက်ဆစ်ရည်များကို ဓာတ်ပြယ်စေသည့် အာနိသင်ရှိသောကြောင့် ဖြစ်ပါသည်။

( ၂ )       ရှားစောင်းလက်ပပ်ဖျော်ရည်ကို သောက်ပေးပါ

အရေပြားလောင်ခြင်းများကို သက်သာစေနိုင်သကဲ့သို့ ရှားစောင်းလက်ပပ်တွင် အစာအိမ်အက်ဆစ်စားခြင်းကြောင့်ဖြစ်သော အစာအိမ်နံရံရှိ ဒဏ်ရာများကိုလည်း သက်သာ ပျောက်ကင်းစေနိုင်သည့် ဂုဏ်သတ္တိရှိကြောင်း လေ့လာသိရှိရပါသည်။.

( ၃ )       ပီကေ ဝါးစားပေးပါ

တံထွေးသည် အစာအိမ်အက်ဆစ်များကို ဓာတ်ပြယ်စေနိုင်သဖြင့် တံထွေးပမာဏ အမြောက်အမြားထွက်စေခြင်းဖြင့် ရင်ပူခြင်းကို ပျောက်ကင်းစေနိုင်မည်ဖြစ်ပါသည်။

ထို့ကြောင့် မိနစ် ၃၀ ခန့် ကြာအောင် ပီကေ ဝါးပေးခြင်းဖြင့် ရင်ပူခြင်းဝေဒနာကို သက်သာပျောက်ကင်းစေနိုင်မည်ဖြစ်ပါသည်။

( ၄ )       ငှက်ပျောသီး စားပေးပါ

ငှက်ပျောသီးသည်လည်း အစာအိမ်အက်ဆစ်များကို ဓာတ်ပြယ်ခြင်းဖြင့် အစာအိမ်ရင်ပူခြင်း

ကို သက်သာစေနိုင်သည့် အစားအစာအဖြစ် လက်ခံယုံကြည်ထားကြပါသည်။

            ( ၅ )    ဆေးလိပ်သောက်ခြင်း အရက်ဘီယာသောက်ခြင်းမှ ရှောင်ကြဉ်ပါ

            ( ၆ )    အစားအသောက် နေထိုင်စားသုံးမှု ပုံစံကို ပြုပြင်ပေးပါ

-အစားအစာများကို ပမာဏနည်းနည်းနှင့် အကြိမ်များများစားပေးပါ

-အစားစားရာတွင် ကြေညက်စွာ စားတတ်သည့် အလေ့အကျင့်ကို ပြုပြင်ယူပါ

-ချဉ်လွန်း ၊ပူလွန်း၊ စပ်လွန်းသော အစားအစာများကို မစားသင့်ပါ။

-အစာကြေရန်ခက်ခဲသော အစားအစာများ ( ဥပမာ ဆီကြော်အစားအစာများ ) ကို စားခြင်းမှ ရှောင်ကြဉ်ပါ

-ကော်ဖီ ၊ လက်ဖက်ရည် ၊ လက်ဖက်သုပ် ၊ ရေနွေးကြမ်း နှင့် ဂတ်စ်ပါသော အချိုရည်အအေးများကို သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။

-စိတ်ဖိစီးမှုသက်သာစေရန် ယောဂကျင့်ခြင်း နှင့် တရားထိုင်ခြင်းတို့ကို ပြုလုပ်ပေးပါ။

( ၇ )    Simethicone ပါဝင်သော အစာအိမ်လေဆေးများ ( Antacids ) ကို သောက်သုံးခြင်းဖြင့်လည်း အစာအိမ်ရောဂါကြောင့် ရင်ပူခြင်းကို သက်သာစေနိုင်မည်ဖြစ်ပါသည်။

 

Author: Dr. မိုး ( ဆေး ၁ )

Previous Post

အစာအိမ်အချဉ်ပေါက်တယ်ဆိုတာ

Next Post

နို့တိုက်မိခင်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.4k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
812

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
424

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နို့တိုက်မိခင်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များ

ဆီးချိုရောဂါကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း

ကိုယ်ဝန်ဆောင်မတ်မတ်တို့ အစာစားချင်စိတ်နည်းနေလျှင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.