fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

အသားတွေကို ကျက်အောင်ချက်မစားလျှင်

311
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/09/2021
in ကျန်းမာစေသော အစားအစာ, အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူတွေရဲ့ စားသောက်နေထိုင်မှုပုံစံတွေဟာလည်း တစ်နေ့တခြား ပြောင်းလဲလာပါတယ်။ အသားငါးတွေကို မကျက်တကျက်၊ ဒါမှမဟုတ် အစိမ်း စားသုံးတဲ့ ယဉ်ကျေးမှုဟာလည်း တွင်ကျယ်လာပါတယ်။

အထူးသဖြင့် မြန်မာပြည်က လူတွေနဲ့ မစိမ်းတဲ့ အစားအသောက်တွေဖြစ်တဲ့ Hot pot,  Sashimi, Steak စတာတွေမှာ အစိမ်း၊ ဒါမှမဟုတ် မကျက်တကျက် စားလေ့ရှိကြပါတယ်။ သည်လို မကြာခဏ မကျက်တဲ့အသားတွေ စားသုံးခြင်းဟာ  ခန္ဓာကိုယ်အတွက်အန္တရာယ်ဖြစ်စေတာကို လူတော်‌တော်များများ သတိမထားမိကြပါဘူး။

ဘာကြောင့် အသားတွေကို ကျက်အောင် ချက်စားသင့်တာလဲ

လွန်ခဲ့သော နှစ်ပေါင်း နှစ်သန်းကျော်ခန့်က  လူသားမျိုးနွယ်တွေဟာ အသားတွေကို ချက်စားရ‌ကောင်းမှန်း သိရှိလာပြီး ဟင်းချက်စားတဲ့ဓလေ့ပေါ်လာကာ စတင် ဖွံ့ဖြိုးတိုးတက်လာကြတယ်လို့ မနုဿဗေသပညာရှင်တွေက ဆိုထားပါတယ်။ ဘာကြောင့်လဲဆိုရင် ကျက်အောင်ချက်လိုက်တဲ့အခါမှာ အသားမှာပါဝင်တဲ့ ပရိုတင်းတွေကို ဖြိုခွဲလိုက်တာကြောင့် စားသုံးတဲ့အခါမှာ ဝါးရလွယ်ပြီး အစာကို လွယ်လွယ်ကူကူချေဖျက်နိုင်ကာ အစာမြန်မြန်ကျေပြီး ခန္ဓာကိုယ်ထဲ အာဟာရဓာတ်တွေ ကောင်းကောင်း စုပ်ယူနိုင်လို့ပဲဖြစ်ပါတယ်။

အသားဖြစ်အောင် မပေါ်ရသေးခင်မှာ တိရစ္ဆာန်တွေရဲ့ အစာအိမ် အူလမ်းကြောင်း၊ ဒါမှမဟုတ် ခန္ဓာကိုယ်မှာ ဗက်တီးရီးယား၊ ဗိုင်းရစ်၊ ကပ်ပါးတုပ်ကောင်၊ သန်ကောင်အမျိုးမျိုးစသဖြင့် ပိုးမွှားတွေ ရှိနေနိုင်ပါတယ်။  ဒီပိုးမွှားတွေဟာ မိမိစားသုံးမယ့်အသားမှာ ပါလာခဲ့ရင် အစာအဆိပ်သင့်ခြင်း (Food Poisoning) ကို ဖြစ်စေနိုင်ပါတယ်။

အစာအဆိပ်သင့်ခြင်းရဲ့ လက္ခဏာများ

  • ဝမ်းလျှောခြင်း၊ ဝမ်းအရည်သွားခြင်း
  • ဗိုက်ရစ်ပြီး အောင့်ခြင်း
  • ပျို့အန်ခြင်း
  • အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
  • လေထိုး၊ လေပွဖြစ်ခြင်း
  • ခေါင်းကိုက်ပြီး ဖျားခြင်း
  • ဝမ်းကိုက်ပြီး ဝမ်းထဲတွင် ချွဲ၊သွေးပါလာခြင်း

စတာတွေ ဖြစ်နေပြီဆိုရင် အစာအဆိပ်သင့်နေပြီလို့ ယူဆလို့ရပါတယ်။ မကျက်တဲ့အသားတွေကို စားမိတဲ့အခါမှာ သူတို့မှာ ပါလာတဲ့ ဗက်တီးရီးယားပိုးကြောင့် အဓိကဖြစ်တတ်ပါတယ်။

အစာအဆိပ်သင့်ခြင်း အမျိုးအစားများ

E.coli အစာအဆိပ်သင့် ဝမ်းလျှောရောဂါ

Escherichia Coli ဗက်တီးရီးယားပိုးဟာ ဝက်၊ နွား စတဲ့တိရစ္ဆာန်တွေရဲ့ အူလမ်းကြောင်းမှာ မှီခိုနေထိုင်တတ်ပါတယ်။ E.coli ပိုးမွှား မျိုးစိတ်အများစုက ဝမ်းလျှောရုံနဲ့ သာ ခံစားရပေမဲ့ တချို့ မျိုးစိတ်တွေကတော့ အသက်အန္တရာယ်အထိ ဆိုးဆိုးရွားရွား ဖြစ်ပေါ်စေနိုင်ပါတယ်။ မကျက်တဲ့အသားတွေစားမိပြီး E.coli ပိုး မိမိကိုယ်ထဲသို့ ဝင်ရောက်လာတဲ့အခါ ဝမ်းလျှောခြင်း၊ အန်ခြင်း၊ ဝမ်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း စတာတွေဖြစ်လေ့ရှိပြီး အဆိုးရွားဆုံးအနေနဲ့ Haemorrhagic Uremic Fever လို့ခေါ်တဲ့ သွေးနီဥတွေ ပေါက်ကွဲပြီး ကျောက်ကပ်ပျက်စီးစေတဲ့ အခြေအနေထိပါ‌ ခံစားရနိုင်ပါတယ်။

Salmonella အစာအဆိပ်သင့်ခြင်း

Salmonella ဗက်တီးရီးယား အစာအဆိပ်သင့်ခြင်း (Salmonellosis) ဟာ အထူးသဖြင့် အမဲသား မကျက်တကျက်စားမိတဲ့အခါ ဖြစ်တတ်ပါတယ်။ Salmonella ပိုးမျိုးစိတ် အမျိုးမျိုးရှိတဲ့အတွက် ခံစားရတဲ့ လက္ခဏာတွေဟာလည်း အနည်းငယ်ကွာနိုင်ပါတယ်။ တိုက်ဖွိုက်အူရောင်ငန်းဖျားလို့ အများသိကြတဲ့ Enteric Fever ဟာ Salmonella Typhi ကြောင့် ဖြစ်တဲ့ ရောဂါ တစ်မျိုးဖြစ်ပါတယ်။ ဖျားခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းသွားရင် အချွဲ၊ သွေးများ ပါလာခြင်း ၊ဗိုက်ရစ်ခြင်း စတာတွေအပြင် ခေါင်းကိုက်ခြင်း၊ အရိုးအဆစ်များ ကိုက်ခဲခြင်း စတာတွေပါ ခံစားရနိုင်ပါတယ်။

Listeriosis

မကျက်တဲ့ အသားတွေ စားမိတဲ့အခါ Listeria Monocytogenes လို့ခေါ်တဲ့ ဗက်တီးရီးယားပိုးကြောင့်လည်း အစာအဆိပ်သင့်လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ခုခံအား ကျဆင်းနေသူများ၊ ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေမှာ ပိုပြီး အတွေ့ရများပါတယ်။ ရောဂါပိုးဟာ ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီး ၂၄နာရီအတွင်း အစာအဆိပ်သင့်လက္ခဏာတွေပြလေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ ဆိုရင် ကိုယ်ဝန်ပျက်ကျခြင်း၊ လ့မစေ့ဘဲ စောမွေးခြင်း၊ ကလေးအသေမွေးခြင်း စတာတွေပါ ဖြစ်နိုင်ပါတယ်။

Campylobacteriosis

အစာအဆိပ်သင့်ခြင်း လက္ခဏာကို Campylobacter  ဗက်တီးရီးယားပိုး အစာအိမ်လမ်းကြောင်းထဲ ဝင်ရောက်ပြီး ၂ ရက်အတွင်း ခံစားရတတ်ပါတယ်။ အစာအိမ်လမ်းကြောင်းမှတစ်ဆင့် သွေးကြောထဲပြန့်ပြီး ခုခံအားစနစ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

Parasitic Infections ခေါ် ကပ်ပါးကောင်ရောဂါများ

ကလေး၊ လူကြီး မရွေးမှာ ဖြစ်တတ်တဲ့ တုပ်ကောင်၊ သန်ကောင် ရောဂါ အမျိုးမျိုးဟာ အသားတွေကို မကျက်တကျက်စားရင်လည်း ဖြစ်တတ်ပါတယ်။ ဝမ်းအရည်သွားခြင်း၊ ဗိုက်အောင့်ခြင်း၊ လေထိုးခြင်း၊ လေပွခြင်း၊ ဝမ်းကိုက်ခြင်း၊ စအိုတစ်ဝိုက်ယားယံခြင်းတွေအပြင် ပင်ပန်းနွမ်းနယ်ခြင်း၊ သွေးအားနည်းခြင်းတွေကိုပါ ခံစားရနိုင်ပါတယ်။

Author: Dr. Aye Myat

Previous Post

ကျွန်တော်တို့တစ်မိသားစုလုံး ကိုဗစ်ကိုအလူးအလဲခံခဲ့ရတယ်

Next Post

ဗီတာမင် စီ ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ Scurvy ရောဂါအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.3k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
811

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
423

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဗီတာမင် စီ ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ Scurvy ရောဂါအကြောင်း

အစေ့အဆန်များပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ခါးနာခြင်းသက်သာစေမယ့် လွယ်ကူတဲ့နည်းလမ်းကောင်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.