fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

Food Allergy အတွက်ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းများ

383
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/10/2021
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

Food allergy ဆိုတာ  လူအများပုံမှန်စားသောက်နေတဲ့အစားအစာတချို့  ဒါမှမဟုတ် အစားအစာတစ်မျိုးမျိုးဟာ မိမိနဲ့မှ ဓာတ်မတည့်သော အခြေအနေ/Allergic ဖြစ်တဲ့အခြေအနေကို ဆိုလိုပါတယ်။ Food Allergy ဟာ အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။

မိမိရဲ့ကိုယ်ခံအားစနစ်ဟာ အစားအသောက်မှ ပါလာတဲ့ Protein ကို လူ့ကိုယ်အတွက် ဘေးဖြစ်စေတယ်လို့မှားယွင်းယူဆပြီး တိုက်ခိုက်တဲ့အတွက် Food Allergy ဖြစ်ပေါ်ခြင်းဖြစ်ပါတယ်။ အများအားဖြင့် မိမိနဲ့ဓါတ်မတည့်တဲ့အစားအသောက်အများစုကို ကလေးဘဝကတည်းက သိထားပြီး ဖြစ်ကြလေ့ရှိပါတယ်။

မိမိနဲ့ ဓာတ်မတည့်တဲ့အစားအသောက် Allergic Food‌ တွေဟာ တစ်ခဏမဟုတ်ဘဲ ဘဝတစ်လျှောက်လုံးမတည့်တာဖြစ်ပါတယ်။ ဒါကြောင့် Food Allergy ကို မဖြစ်ပေါ်စေရန် အကောင်းဆုံးနှင့်တစ်ခုတည်းသောနည်းလမ်းကတော့ မိမိနဲ့ဓာတ်မတည့်သော အစားအသောက်ကို တစ်သက်လုံး လုံးဝရှောင်ကျဉ်တာပဲဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ ဓာတ်မတည့်‌‌တဲ့ အစားအသောက်ကို ပြောင်းလဲပေးလို့မရပါဘူး။ ဒါပေမဲ့ အောက်ပါနည်းလမ်းတွေကတော့ Food Allargyတွေကို လျော့နည်းသက်သာအောင် ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။

 

၁။ မိမိရဲ့ရင်သွေးငယ်တွေကို မိခင်နို့တစ်မျိုးတည်းသာ အသက် ၆ လပြည့်အောင်တိုက်ပါ

မိခင်နို့ရည်ဟာ Atopic Dermatitis လို့ခေါ်တဲ့ အရေပြားဓါတ်မတည့်ရောင်ရမ်းခြင်းနဲ့ တရွှီရွှီအသက်ရှူသံကြားရခြင်းတွေကို လျော့နည်းစေပါတယ်။ ဖြစ်နိုင်လျှင် အသက် ၂ နှစ်အထိ ဖြည့်စွက်စာကျွေးခြင်းနှင့်အတူ မိခင်နို့ပါ ဆက်တိုက်ပေးပါ။

 

၂။ ဖြည့်စွက်စာစကျွေးသည့်အခါ တစ်ကြိမ်မှာ အစားအစာအသစ်တစ်မျိုးသာ စကျွေးပါ

ဒီအခါမှသာ ဓာတ်မတည့်မှုဖြစ်ခဲ့လျှင် ဖြစ်စေသည့်အစားအစာကို လွယ်လွယ်ကူကူမြင်သာစေမှာဖြစ်ပါတယ်။

 

၃။ ချင့်ချိန်ပါ

မိသားစုဝင်တွေထဲမှာ ဓာတ်မတည့်သည့်အစားအစာ  ဒါမှမဟုတ် မျိုးရိုးအလိုက်မတည့်တဲ့ အစားအစာ တစ်ခုခုရှိခဲ့လျှင် ကလေးဆရာဝန်နှင့်တိုင်ပင်ပြီးမှ  ကျွေးသင့် မကျွေးသင့်ဆုံးဖြတ်ပါ။

 

၄။ ဓာတ်မတည့်မှုဖြစ်စေတဲ့အစားအသောက်တွေ ရှောင်ပါ

က‌လေးငယ်‌တွေမှာ ဓာတ်မတည့်မှုဖြစ်လေ့များတဲ့ အစားအစာ(Potentially Allergic Food)တွေကိုတော့ ကလေးအသက် ၆ လကျော်သည်အထိ စောင့်စရာမလိုဘဲ စောပြီး စကျွေးကြည့်လျှင် ဓာတ်မတည့်မှုဖြစ်စေခြင်းကိုပင် ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိရပါတယ်။ ဒါကြောင့် အဲဒီအစားအစာတွေကိုတော့ ၆ လထက်စောပြီး စကျွေးကြည့်သင့်တယ်လို့ဆိုပါတယ်။

ကလေးငယ်‌တွေအတွက် ဓာတ်မတည့်မှုဖြစ်စေလေ့ရှိတဲ့အစားအသောက်တွေကတော့

-နို့နှင့်နို့ထွက်ပစ္စည်းများ

-ဥများ

-မြေပဲ

-အခွံမာသီးများ(ဥပမာ-ဗာဒံစေ့၊ သီဟိုဠ်စေ့၊ သစ်ကြားသီး)

-ပဲပိစပ်/ပဲပုပ်

-ပင်လယ်စာများ

-ဂျုံ

-နှမ်း တို့ဖြစ်ပါတယ်။

၅။ အစားအသောက်ပါဝင်မှုအညွှန်း(Food Label) ကိုဖတ်ပါ

Food Allergy ရှိသူတွေအတွက် ဓာတ်မတည့်တဲ့အစားအသောက် မစားမိအောင် ဝယ်ယူစားသောက်မယ့်အစားအသောက်တိုင်းကို အစားအသောက်ပါဝင်မှု အညွှန်းကို ဖတ်ရှုရပါမယ်။ အပြင်စား‌သောက်ဆိုင်မှာ စားဖို့ဖြစ်လာခဲ့သည်ဆိုလျှင် မိမိစားမယ့်ဆိုင်မှအစားအသောက်များကို Website များမှကြိုတင်လေ့လာစုံစမ်းထားပါ။

စားဖိုမှူးအား မိမိနဲ့မတည့်တဲ့အစားအသောက်ကိုကြိုပြောထားခြင်းဖြင့် သိရှိပါစေ။ အဆင်မပြေခဲ့လျှင် စားရန် အိမ်မှ အရံအစားအသောက်တချို့စီစဉ်သွားပါ။

 

၆။ အစားအသောက်ပြင်ဆင်ချက်ပြုတ်တဲ့အခါ ဂရုစိုက်ပါ

အိမ်မှာ Food allergy ရှိသူအတွက် ပြင်ဆင်ချက်ပြုတ်တဲ့အခါ သီးသန့်ချက်ပေးသင့်သလို  အစားအသောက်အသုံးအဆောင်များပါသတ်သတ်ထားပေးပါ။

အစားအသောက်အသုံး‌အဆောင်များကို သေချာဆေးကြောပါ။ ဓာတ်မတည့်မှု မဖြစ်စေသည့်အစားအသောက်ကို အရင်ချက်ပြုတ်ပြင်ဆင်ပါ။

 

၇။ ဓာတ်မတည့်မှုဖြစ်စေတဲ့ အစာအုပ်စုတစ်ခုလုံးရှောင်ပါ

တချို့အစားအသောက်တွေမှာပါတဲ့ အသားဓာတ်တွေဟာဖွဲ့စည်းမှုပုံစံအတော်တူကြပါတယ်။ အဲဒီအခါ ကိုယ်ခံအားစနစ်ဟာ မှားယွင်းစွာနဲ့ ဓာတ်မတည့်တဲ့အစားအသောက်လို့ ယူဆပြီး Allargic ဖြစ်စေပါတော့တယ်။

ဥပမာ-နွားနို့ နှင့်ဆိတ်နို့၊ မြေပဲနဲ့ ပဲတောင့်ရှည်

 

၈။ ဓာတ်မတည့်တဲ့ လက်ခက္ခဏာတွေကို သတိပြုပါ

အရေပြားအင်ပြင်ထွက်ခြင်း၊ ယားခြင်း၊ နီခြင်း၊ အကွက်များထွက်ခြင်း

မျက်လုံးတစ်ဝိုက်ယောင်ခြင်း၊ ယားခြင်း၊ မျက်ရည်ပူကျခြင်း၊ မျက်လုံးနီခြင်း

ပနှုတ်ခမ်း၊လျှာ၊အာခေါင် ယားခြင်း၊ဖူးယောင်လာခြင်း

နှာချေခြင်း၊နှာရည်ယိုခြင်း၊နှာပိတ်ခြင်း

ချောင်းခြောက်ဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ အသက်ရှူရခက်ခဲလာခြင်း

ဝမ်းလျှောခြင်း၊အန်ခြင်း

နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန် ကျလာခြင်း

သတိမေ့ Shock ရခြင်း

 

၉။ Food Allergy ဖြစ်ခဲ့လျှင် အရေးပေါ်အတွက် ကြိုတင်စီစဉ်ထားပါ

မိမိနှင့်မတည့်တဲ့အစားအသောက်ကို မှတ်တမ်းတင်ထားသောကဒ် ဒါမှမဟုတ် လက်ပတ် (Medical ID bracelet) ဆောင်ထားပါ။ဓာတ်မတည့်မှုဖြစ်စေတဲ့အစားအသောက်ကို ချက်ချင်းရပ်ပါ။

ဘေးနားရှိနေသောသူကို အကူအညီတောင်းပါ။

အရေးပေါ်ဖြစ်ကားခေါ်ပြီး နီးစပ်ရာဆေးရုံဆေးခန်းချက်ချင်းသွားပါ။

Epinephrine Auto Injector လို့ခေါ်တဲ့ ကိုယ်တိုင်အရေးပေါ်ထိုးလို့ရတဲ့ ထိုးဆေးအပ်ဆောင်ထားပါ။အသုံးပြုပုံကိုကြိုတင်လေ့လာထားပါ။

Antihistamine ပါသောသောက်ဆေးတစ်ချို့လည်းဆောင်ထားနိုင်ပါတယ်။

-Food Allergy ရှိသူများ ထိုဆေးများမဆောင်ထားဘဲ အပြင်မထွက်သင့်ပါ။

 

Author: ဒေါက်တာယဉ်ယဉ်ဝင်း

Previous Post

နားကြပ်ကြာကြာတပ်ခြင်းကြောင့်ဖြစ်တဲ့ နားပြဿနာများ

Next Post

အပူအစပ်တွေအစားများလွန်းရင် ဘာပြဿနာတွေဖြစ်နိုင်သလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.3k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
797

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
419

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အပူအစပ်တွေအစားများလွန်းရင် ဘာပြဿနာတွေဖြစ်နိုင်သလဲ

အစာအဆိပ်သင့်လက္ခဏာရပ်များနှင့် အရေးပေါ်ကုသရေးနည်းလမ်းများ

အစာအိမ်အောင့်ရတဲ့ အကြောင်းရင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.