fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

အပူအစပ်တွေအစားများလွန်းရင် ဘာပြဿနာတွေဖြစ်နိုင်သလဲ

2.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/10/2021
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

မြန်မာနိုင်ငံမှာ လူတော်တော်များများဟာ နေ့စဥ်စား‌သောက်တဲ့အစားအသောက်တွေမှာ အပူအစပ်တွေနဲ့ လုံးဝကင်းနိုင်တဲ့သူရှားပါတယ်။ ‘တန်ဆေး လွန်ဘေး’ဆိုတဲ့ စကားအတိုင်း အပူအစပ်များဟာ သင့်တင့်သောပမာဏလောက်ကိုသာ စားသုံးမယ်ဆိုရင် ထူးထူးခြားခြားဘေးဥပဒ်ဖြစ်စေမှာမဟုတ်ဘဲ ကျန်းမာရေးအတွက် ကောင်းကျိုးတချို့တောင် ရှိတယ်လို့ စမ်းသပ်ချက်မှတ်တမ်းတွေက ဆိုပါတယ်။

ဒါပေမဲ့ အပူအစပ်တွေ အစားများလွန်းရင်တော့ သင့်အစာအိမ်နှင့်အူလမ်းကြောင်းကို ပြဿနာအချို့ဖြစ်စေပါလိမ့်မယ်။ အပူအစပ်အစားများတာကြောင့် ဖြစ်လေ့ရှိတဲ့ အစာအိမ်ပြဿနာတွေကတော့

 

၁။ ရင်ပူခြင်း (Heartburn)

အစာအိမ်ထဲမှာရှိတဲ့ အစာချေအက်စစ်အရည်ဟာ အပေါ်သို့ လျှံတက်တဲ့အတွက်ကြောင့် ရင်ပူခြင်းဝေဒနာကိုခံစားရခြင်းဖြစ်ပါတယ်။ Acid Reflux လို့လည်းခေါ်ကြပါတယ်။ အစာအိမ်အချဉ်ပေါက်တဲ့အနေအထားနဲ့လည်းတွဲပြီးခံစားရတတ်ပါတယ်။ဒါဟာ ဘာကြောင့်လဲဆိုတော့ အပူအစပ်တွေမှာပါတဲ့ Capsaicin ဆိုတဲ့ ဓာတ်ကြောင့်ဖြစ်ပါတယ်။

Capsaicin ဓာတ်ဟာ အစာအိမ်မှ အက်စစ်ထုတ်လုပ်မှုကိုပိုများအောင် လှုံ့‌‌ဆော်ပေးတဲ့အတွက်ဖြစ်ပါတယ်။ အချိန်ကြာမြင့်စွာ Acid reflex ဖြစ်နေလျှင် GERD လို့ခေါ်တဲ့ အစာအိမ်အက်စစ်ဆန်တက်သည့်ရောဂါအထိကို ဖြစ်စေပါလိမ့်မယ်။ GERD ရောဂါဖြစ်တဲ့အခါ ရင်ပူခြင်း၊ လည်ပင်းတစ်ဆို့ဆို့ဖြစ်ခြင်း၊ အစာမျိုရခက်ခဲခြင်း၊ အစာအိမ်အချဥ်‌‌ပေါက်ခြင်း၊ ရင်ခေါင်းအောင့်ခြင်းနဲ့ အစာမကြေခြင်းတို့ ခံစားရလေ့ရှိပါတယ်။

 

၂။ အစာအိမ်အောင့်ခြင်း (Stomach Pain)

-အပူအစပ်လွန်ကဲစွာစားမိလျှင် အစာအိမ်‌နေရာ(ရင်ခေါင်း)အောင့်တတ်ပါတယ်။

-အပူအစပ်မှာ ပါတဲ့ Capsaicin ဓာတ်ဟာ အစာအိမ် အက်စစ်ကိုပိုထွက်စေခြင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်းနံရံတွေကို ကသိကအောက်ဖြစ်စေခြင်းနဲ့ Substance P လို့ခေါ်တဲ့ နာကျဉ်မှုကိုဖြစ်စေ /သိစေတဲ့ဓာတ်တွေကို ထွက်စေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

 

၃။ အစာအိမ်အနာ (Peptic Ulcers) ကိုပိုဆိုးစေခြင်း

-အစာအိမ်အနာ/အူသိမ်အနာရှိသူတွေအတွက် အပူအစပ်တွေဟာ ရှောင်သင့်တဲ့အစားအသောက်တွေပဲဖြစ်ပါတယ်။ အစာအိမ်အနာ/အူသိမ်အနာတွေကို ပိုဆိုးစေတဲ့အတွက် အပူအစပ်စားပြီးတာနဲ့ ချက်ခြင်း ဗိုက်အောင့်ခြင်းကိုခံစားရပါလိမ့်မယ်။

အစာအိမ်အနာ/အူသိမ်အနာ‌တွေဟာ အစာအိမ်ကင်ဆာဖြစ်စေနိုင်တဲ့အတွက် အစာအိမ်အနာရှိသူတွေဟာ သေချာကုသဖို့နဲ့ အစားအသောက် အနေအထိုင်သတိထားဆင်ခြင်ဖို့ အထူးလိုအပ်ပါတယ်။

၄။ အစာအိမ်ရောင်ခြင်း(Gastritis)

အပူအစပ်တွေဟာ အစာအိမ်နံရံတွေကိုရောင်ရမ်းစေပါတယ်။ အစာအိမ်ရောင်တဲ့အခါ အစာမကြေခြင်း၊ ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်းနဲ့ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းဝေဒနာတွေကို ခံစားရပါလိမ့်မယ်။

 

၅။ ဝမ်းလျှောခြင်း (Diarrhoea)

အပူအစပ်တွေမှာပါတဲ့ Capsaicin ဓာတ်ဟာ အစာအိမ်နှင့်အူလမ်းကြောင်းနံရံတွေကို ကသိကအောက်ဖြစ်စေခြင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်း လှုပ်ရှားမှု အစာခြေဖျက်မှု ဇီဝဖြစ်စဉ်တွေကို ကမောက်ကမဖြစ်စေခြင်းအပြင် ဝမ်းပျော့ဆေးကဲ့သို့ အာနိသင်ပါရှိလေ့ရှိပါတယ်။

ဒါကြောင့် အပူအစပ်တွေကို လွန်ကဲစွာ စားသုံးမိတဲ့အခါ ဝမ်းလျှောခြင်း နှင့် IBS လို့ခေါ်တဲ့ အူလမ်းကြောင်းလှုပ်ရှားမှု ပုံမှန်မဟုတ်တဲ့ဝေဒနာရှိတဲ့သူတွေမှာ အစာအိမ်အူလမ်းကြောင်းဝေဒနာတွေပြန်ကြွလာခြင်းတို့ကို ခံစားရပါလိမ့်မယ်။

 

Author: ဒေါက်တာယဉ်ယဉ်ဝင်း

Previous Post

Food Allergy အတွက်ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းများ

Next Post

အစာအဆိပ်သင့်လက္ခဏာရပ်များနှင့် အရေးပေါ်ကုသရေးနည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.3k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
797

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
419

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာအဆိပ်သင့်လက္ခဏာရပ်များနှင့် အရေးပေါ်ကုသရေးနည်းလမ်းများ

အစာအိမ်အောင့်ရတဲ့ အကြောင်းရင်း

ခြောက်သွေ့တဲ့အသားအရေကို ဘယ်လိုထိန်သိမ်းမလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.