fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

အစာအဆိပ်သင့်လက္ခဏာရပ်များနှင့် အရေးပေါ်ကုသရေးနည်းလမ်းများ

2.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/10/2021
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

အစာအဆိပ်သင့်ခြင်းအ‌ခြေအနေကို တွေ့ကြုံခံစားဖူးကြပါသလား

အစာအဆိပ်သင့်ခြင်း အခြေအနေဟာ အခန့်မသင့်လျှင် လူတိုင်း အသက်အရွယ်တိုင်း ကြုံတွေ့ခံစားရနိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ စားသောက်မိလိုက်သော အစားအသောက်မှာ အစာအဆိပ်ဖြစ်စေတဲ့ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ Parasite ကပ်ပါးပိုး/မှို နှနဲ့ သူတို့မှထွက်တဲ့ ပိုးအဆိပ်တွေ ပါသွားတဲ့အတွက် အစာအဆိပ်သင့်ခြင်း‌အခြေအနေဖြစ်လာခြင်းဖြစ်ပါတယ်။

-‌‌ယေဘုယျအားဖြင့်

*သေချာကျက်အောင်မချက်ထားသောအသားများ/ဥများ
*မမှန်ကန်သောအပူချိန်၌ အေးခဲထားသောအစားအသောက်များ
*သေသေချာချာပြန်နွှေးမထားသော အစားအသောက်များ
*နေမကောင်းသူချက်ပြုတ်ပြင်ဆင်ပေးသောအစားအသောက်များ
*ချက်ပြုတ်ပြီးအချိန်ကြာမြင့်စွာ အခန်းအပူချိန်၌ ထားထားသောအစားအသောက်များ
*ရက်လွန်အစားအသောက်များ
*မသန့်ရှင်းသော လက်ဖြင့်ပြင်ဆင်ချက်ပြုတ်ထားသောအစားအသောက်များ
*မချက်ထားသောအခွံမာငါး(Raw shellfish)
*မသန့်ရှင်းမလတ်ဆတ်သော ဟင်းသီးဟင်ရွက်များ
*သေချာကြိုချက်ပေါင်းခံပိုးသတ်ထားခြင်းမရှိသော(Unpasteurised) နို့နှင့် နို့ထွက်ပစ္စည်းများ
*စည်သွပ်ဘူးတွေ
စတာတွေဟာ အစာအဆိပ်သင့်ခြင်းအခြေအနေကို ပိုဖြစ်စေနိုင်တဲ့ အစားအသောက်တွေဖြစ်ပါတယ်။

 

အစာအဆိပ်သင့်ခြင်းဖြစ်စေသော ပိုးမွှားတွေ

1. E coliပိုး- မကျက်တကျက်ချက်ထားသောအသားတွေ၊ ဟင်းသီးဟင်းရွက်အစိမ်းတွေမှာ ပါလေ့ရှိပါတယ်။
ကလေးငယ်တွေကို ပို၍ပြဿနာဖြစ်စေပါတယ်။

2. Listeria ပိုး-ချိစ်အပျော့များ၊ အသင့်စားအသားတွေနဲ့ ပဲပင်ပေါက်တွေမှာပါလေ့ရှိပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ပို၍ ပြဿနာဖြစ်စေပါတယ်။

3. Norovirus ပိုး-မကျက်တကျက်ချက်ထားသော အခွံမာငါး(shellfish)နှင့် နေမကောင်းသောသူချက်ပြုတ်ထာ‌းသောအစားအသောက်များမှာပါဝင်တတ်လေ့ရှိပါတယ်။

4. Salmonella ပိုး- ‌မကျက်သေးသော ဥအစိမ်းများနှင့် မကျက်တကျက်အသားတွေဟာ Salmonellaပိုးကြောင့် အစာအဆိပ်သင့်ခြင်းကိုဖြစ်စေပါတယ်။
အစာအဆိပ်ဖြစ်ခြင်းကြောင့် ဆေးရုံတက်ရနှုန်း၊သေဆုံးနှုန်းအမြင့်ဆုံးမှာ Samonellaပိုးကြောင့် ဖြစ်လေ့ရှိတယ်။

5. Staphlococcus Aurius ပိုး – မသန့်ရှင်းသောလက်များမှတစ်ဆင့်အစားအသောက်သို့ရောက်ရှိစေပါတယ်။

6. Clostridium Perfringens ပိုး- အသားအစိမ်းများ/အသင့်ချက်ထားသော အစားအသောက်များမှာ ပါလေ့ရှိပါတယ်။

7. Campylobacter ပိုး – သေချာမချက်ထားသောအသားများ၊ မသန့်ရှင်းသောဟင်းသီးဟင်းရွက်တွေနဲ့ နို့တွေမှာ ပါလေ့ရှိပါတယ်။

8. Trichinella Spiralis ပိုး – အသားအစိမ်းများ/မကျက်တကျက်အသားများ၊ အထူးသဖြင့် ဝက်သားမှာ ပါဝင်လေ့ရှိပါတယ်။

9. Clostridium Botulism – စည်သွပ်ဘူးတွေနဲ့ အချဉ်ဖောက်ထားတဲ့အစားအသောက်တွေမှာ ပါဝင်ပါတယ်။

အစာအဆိပ်သင့်လက္ခဏာရပ်တွေက ဘာတွေလဲ

လူသိအများဆုံး ကတော့ အထက်လန်အောက်လျှောဖြစ်ခြင်းဖြစ်ပါတယ်။

*ဝမ်းလျှောခြင်း
*အန်ခြင်း
*ဗိုက်အောင့်ခြင်း
*ဖျားခြင်း
*အစားအသောက်ပျက်ခြင်း တို့ခံစားရလေ့ရှိပါတယ် ။

အများအားဖြင့် အစာအဆိပ်ဖြစ်စေတဲ့ မသန့်ရှင်းတဲ့အစားအသောက်ကို စားမိပြီး ၁ နာရီမှ ၆ နာရီအတွင်း ခံစားရလေ့ရှိပေမဲ့ တစ်ခါတစ်ရံ ရက်အနည်းမှ တစ်ပတ်လောက်အထိ ကြာမှ လက်ခဏာစတင်ခံစားရတာမျိုးလည်းဖြစ်တတ်ပါတယ်။ သာမန် မပြင်းထန်တဲ့ အနေအထားမှ အသက်ဆုံးရှုံးနိုင်တဲ့အထိ ပြင်းထန်တဲ့အနေအထားအထိ ဖြစ်နိုင်ပါတယ်။

အစာအဆိပ်သင့်ခြင်းပို၍ဖြစ်နိုင်တဲ့၊ ဖြစ်လာခဲ့လျှင် ပိုမိုပြင်းထန်နိုင်သူတွေကတော့ –

* ကိုယ်ဝန်ဆောင်မိခင်များ
*အသက် ၆၅ နှစ်အထက် လူကြီးများ
*အသက် ၅နှစ်အောက် ကလေးများ
*ကိုယ်ခံအားကျနေသူများ၊ ချထားရသူများ
(ဥပမာ-နာတာရှည်ရောဂါသည်များ၊ ကင်ဆာရောဂါသည်များ၊ စတီးရွိုက်ဆေးစွဲသောက်နေရသူများ၊ HIV ဝေဒနာရှင်များ စသည်) တို့ဖြစ်ပါတယ်။

အဲဒီ High Risk လူအုပ်စုတွေမှာ ရောဂါလက္ခဏာ ပိုပြင်းထန်နိုင်သလို အစာအဆိပ်သင့်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများလည်း ပိုဖြစ်နိုင်ပါတယ်။ အစာအဆိပ်ဖြစ်ခြင်း နောက်ဆက်တွဲဆိုးကျိုးတွေကတော့ –

1.ရေဓာတ်ဆုံးရှုံးခြင်း
2.ကိုယ်ဝန်ပျက်ခြင်း
3.ကလေး အသေလေးမွေးခြင်း
4.ကျောက်ကပ်ပျက်ခြင်း
5.အဆစ်အမြစ်‌ေရာင်ခြင်း
6.ဦးနှောက်အ‌‌မြှေးပါးရောင်ခြင်း
7.အသက်ဆုံးရှုံးခြင်း

 

အရေးပေါ်ကုသရေးနည်းလမ်းများ

-အစာအဆိပ်သင့်ခြင်းအခြေအနေအများစုဟာ အိမ်မှာပဲကုသပျောက်ကင်းနိုင်ပါတယ်။

-အမျာစုဟာ ၃ရက်မှ ၅ရက်အတွင်း သက်သာသွားလေ့ရှိပါတယ်။

-အစာအဆိပ်သင့်ခြင်းဖြစ်ပြီဆိုလျှင်

1.ရေဓာတ်မဆုံးရှုံးစေရန် အရည်များများဝင်အောင်သောက်ပါ။
-ရေသန့်
-ဓါတ်ဆားရည်
-စွပ်ပြုပ်
-သစ်သီးဖျော်ရည်
-အုန်းစိမ်းရေ နှင့်
-ဂက်စ်မပါတဲ့ အားကစားလုပ်တဲ့ အခါသောက်တဲ့ အားဖြည့်အရည်(Sports Drinks)များ သောက်နိုင်ပါတယ်။

-ကဖင်းပါတဲ့အရည်များ၊ ဂက်စ်ပါတဲ့အရည်များ၊ အချိုရည်များ၊ အရက်ဘီယာများ မသောက်သုံးသင့်ပါ။

2.အိမ်မှာ ကောင်းကောင်းအနားယူပါ။
ရောဂါလက္ခဏာများသက်သာပျောက်ကင်းပြီး အနည်းဆုံး ၄၈ နာရီပြည့်မှ ကျောင်း သို့မဟုတ် လုပ်ငန်းခွင်ပြန်ဝင်လို့ ရပါမယ်။

3.နို့နှင့်နို့ထွက်ပစ္စည်းများ၊ ဆေးလိပ်၊ အရက်၊ ဘီယာ၊ အဆီများတဲ့အစားအသောက်တွေနဲ့ အချိုများတဲ့ အစားအသောက်တွေ ရှောင်ရပါမယ်။

4.Probiotic ပါတဲ့ဆေးတွေ ဝမ်းရပ်အောင်‌သောက်နိုင်ပါတယ်။
အအန်ပျောက်ဆေး၊ ဝမ်းပိတ်ဆေးနဲ့ ပိုးသတ်ဆေးများကိုတော့ ဆရာဝန်ညွှန်ကြားချက်ပါမှသာ သောက်သုံးရပါမယ်။

5. ၃ ရက်ထက်ကြာအောင် ဝမ်းလျှောလျှင်
*အရည်ပင်သောက်မရလောက်အောင်အန်လျှင်
*အဖျားကြီးလျှင် ( 101.5°F နှင့် အထက်)
*ဝမ်းထဲသွေးပါလျှင်
*ဆီးထဲသွေးပါလျှင်
*ရေဓာတ်ဆုံးရှုံးသည့်လက်ခဏာများခံစားရလျှင်
(အာခြောကိခြင်း၊ရေငတ်ခြင်း၊ဆီးနည်းသွားခြင်း၊ခြေလက်အေးစက်လာခြင်း)
တို့ဖြစ်လျှင် နီးစပ်ရာဆေးရုံဆေးခန်းအမြန်သွားရန်လိုအပ်ပါတယ်။

Author: ဒေါက်တာယဉ်ယဉ်ဝင်း

Previous Post

အပူအစပ်တွေအစားများလွန်းရင် ဘာပြဿနာတွေဖြစ်နိုင်သလဲ

Next Post

အစာအိမ်အောင့်ရတဲ့ အကြောင်းရင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.3k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
797

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
419

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာအိမ်အောင့်ရတဲ့ အကြောင်းရင်း

ခြောက်သွေ့တဲ့အသားအရေကို ဘယ်လိုထိန်သိမ်းမလဲ

မျက်ကွင်းညိုခြင်း ပျောက်ကင်းအောင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.