fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

အစာအိမ်အောင့်ရတဲ့ အကြောင်းရင်း

3.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/10/2021
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

အစာအိမ်အောင့်ခြင်းဟာ အတွေ့များတဲ့ ဝေဒနာတစ်ခုဖြစ်ပါတယ်။ အစာအိမ်အောင့်ခြင်းဟာ အစာအိမ်ပြဿနာကြောင့်ဖြစ်နိုင်သလို အစာအိမ်နားအနီးတစ်ဝိုက်တွင်ရှိတဲ့အခြားကိုယ်တွင်းအင်္ဂါရဲ့ ရောဂါတွေကြောင့်လည်း အစာအိမ်‌နေရာ အောင့်တတ်ပါတယ်။

 

အစာအိမ်အောင့်ခြင်းဖြစ်စေသော အကြောင်းအရင်းများ

အဖြစ်များသော အကြောင်းအရင်းများကတော့ –

၁။ အစာအိမ်‌‌ရောင်ခြင်း

အစာအိမ်နံရံများ ရောင်ရမ်းတဲ့အခါ အစာအိမ်အောင့်ခြင်းဝေဒနာကို ခံစားရပါတယ်။ အစာအိမ်‌‌ရောင်တဲ့အခါ ဗိုက်အောင့်ခြင်း၊ပျို့အန်ခြင်းနဲ့ ရင်ကယ်ခြင်း တို့ကိုခံစားရပါလိမ့်မယ်။

H pylori လို့ခေါ်တဲ့ အစာအိမ်ပိုးဟာ အစာအိမ်‌ရောင်ခြင်းကို အဖြစ်စေဆုံး အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ မသန့်ရှင်းသောအစားအသောက်များမှတစ်ဆင့် တစ်ဦးမှတစ်ဦးကူးစက်စေပါတယ်။

ပူလွန်းစပ်လွန်းသောအစားအသောက်များ၊ အရက်အလွန်အကျွံသောက်ခြင်းများ၊ ဆေးလိပ် ၊ NSAID အုပ်စုအကိုက်အခဲပျောက်ဆေးများနှင့် စတီးရွိုက်ပါဝင်သောဆေးများကလည်း အစာအိမ်‌ရောင်ခြင်းကိုဖြစ်စေပါတယ်။

 

၂။ အစာအိမ်အနာဖြစ်ခြင်း

သင့်အစာအိမ်နဲ့ အူသိမ်တွေမှာ အနာရှိတဲ့အခါ အစာအိမ်နေရာအောင့်ခြင်းကိုခံစားရပါလိမ့်မယ်။ အစားဝင်တာနဲ့ချက်ခြင်းဆိုသလို သင်ဗိုက်အောင့်လာပါမယ်။ အစာမကြေခြင်း၊ရင်ကယ်ခြင်း၊ပျို့အန်ခြင်း နှင့် ကတ်တရာစေးကဲ့သို့မဲနက်ပြီးနံသောဝမ်းများသွာခြင်းမျိုးပါခံစားရတတ်ပါတယ် ။

အစားအသောက်အချိန်မှန်မှန်မစားခြင်း၊ အရက်ဘီယာအလွန်အကျွံသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ H pylori လို့‌ခေါ် အစာအိမ်ပိုးရှိနေခြင်း၊ NSAID အုပ်စု အကိုက်အခဲပျောက်ဆေးတွေနဲ့ စတီးရွိုက်ပါတဲ့ ဆေးများက အစာအိမ်အနာကိုဖြစ်စေပါတယ်။

အစာအိမ်အနာတွေဟာ အစာအိမ်ကင်ဆာအဖြစ်သို့ပြောင်းလဲနိုင်တဲ့အတွက် အနေအထိုင်အစားအသောက် သေချာဂရုစိုက်ပြီး  သေချာကုသမှုခံယူဖို့လိုအပ်ပါတယ်။

 

၃။ အစာအဆိပ်သင့်ခြင်း

မသန့်ရှင်းတဲ့၊ သေချာကျက်အောင်မချက်ပြုတ်ထားတဲ့ အစားအသောက်၊ အသီးအရွက်တွေနဲ့ စည်သွပ်ဘူးတွေ စားသောက်သောက်သုံးမိလျှင် အစာအဆိပ်ဖြစ်ခြင်းအခြေအနေကြုံတွေ့ရနိုင်ပါတယ်။

ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဖျားခြင်း၊ ဗိုက်အောင့်ခြင်း၊ ဗိုက်ကယ်ခြင်းတွေဟာ အစာအဆိပ်ဖြစ်ခြင်းလက်ခဏာတွေဖြစ်ပါတယ်။

 

၄။ အူအတက်‌ရောင်ခြင်း

အူအတက်ရောင်ခြင်းဖြစ်လျှင် ဖြစ်ခါစအချိန်မှာ အစာအိမ်နေရာမှ စအောင့်လာပါလိမ့်မယ်။ အချိန်တစ်ခုကြာလျှင် အူအတက်ရှိတဲ့နေရာ( RIF)နေရာသို့  ရွေ့ပြီး နာလာပါလိမ့်မယ်။ ဖျားခြင်း၊ အန်ခြင်းပါတွဲဖြစ်နိုင်ပါတယ်။

 

၅။ အစာအိမ်အက်စစ်လျှံတက်ခြင်း‌ရောဂါ (GERD)

‌ယေဘုယျအားဖြင့် အဝလွန်သူများ၊ ဆေးလိပ်သောက်သူများ၊ အပူအစပ်လွန်ကဲစွာစားလေ့ရှိသူများ၊ စိတ်ဖိစည်းမှုများသူများ၊ကိုယ်ဝန်ဆောင်မိခင်များနဲ့ အစားအသောက်မမှန်သူများဟာ GERD ရောဂါကို ခံစားရလေ့ရှိပါတယ်။

အစာအိမ်အချဉ်ပေါက်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းတစ်စို့စို့ဖြစ်ခြင်း၊ အစာမျိုရ ခက်ခဲခြင်းနဲ့ အစာမကြေခြင်းတို့ ဖြစ်စေပါတယ်။

 

၆။ အစာအိမ်ကင်ဆာ‌

အစာအိမ်ကင်ဆာဖြစ်နေပြီဆိုလျှင် ယျေဘုယျအားဖြင့်အစာအိမ်အောင့်ခြင်း၊ အန်ခြင်း၊ ကိုယ်အလေးချိန်ကျလာခြင်း၊ အစာမကြေခြင်းနဲ့ အစာအိမ်နေရာမှာ အလုံးအကျိတ်စမ်းမိခြင်းစတဲ့လက္ခဏာတွေ တွေ့ရလေ့ရှိပါတယ်။

 

၇။ အခြားအခြေအနေများ

-သည်းခြေအိတ်ရောင်ခြင်း

-သည်းခြေအိတ်ကျောက်တည်ခြင်း

-အသည်းရောင်ခြင်း

-မုန့်ချိုအိတ်ရောင်ခြင်း

-လေပွခြင်း

-နှလုံးသွေးကြောပိတ်ခြင်း စသည့် အခြေအနေများက‌လလည်း အစာအိမ်နေရာအောင့်ခြင်း ဖြစ်စေပါတယ်။

 

ကုသရေးနည်းလမ်းများ

အစာအိမ်အောင့်စေသောအကြောင်းအရင်းကိုရှာဖွေပြီး ရောဂါဝေဒနာအလိုက် ကုသမှုခံယူရပါမယ်။

ကျန်းမာရေးနှင့်ညီညွတ်စွာစားသောက်နေထိုင်ခြင်း

အစားအစာကို အချိန်မှန်မှန်စားသောက်ပါ။ မနက်စာ၊နေ့လည်စာ၊ညစာ စသည်တို့ကို အလွတ်ခံခြင်း၊ ရှောင်ခြင်း မလုပ်သင့်ပါ။ ပူစပ်လွန်းတဲ့၊ အက်စစ်ဓာတ်များတဲ့၊ အဆီများလွန်းသောအစားအစာတွေနဲ့ အကြော်တွေလျှော့စားခြင်းဟာ အစာအိမ်ဝေဒနာတွေကို လျှော့ချပေးပြီး အစာအိမ်အောင့်ခြင်းကို သက်သာစေနိုင်ပါတယ်။

အစားအစာကို နည်းနည်းနှင့်ခဏခဏစားပါ။ ကြေညက်အောင်ဝါးစားပါ။ အစားအသောက်တွေကို သန့်ရှင်းစွာချက်ပြုတ်စားသောက်ပါ။ အပူချိန်မှန်အောင် ထားသိုသိမ်းဆည်းပါ။ ဖြစ်နိုင်လျှင် မကျက်တကျက်ချက်ပြုတ်ထားသော အစားအစာတွေ၊ ဥတွေ၊ သေချာမကျိုထားသော/ပေါင်ခံမထားသော နို့၊ အကင်တွေကို ရှောင်ပါ။

အရက်၊ ဘီယာတွေ တရားလွန်သောက်ခြင်းရှောင်ပါ။ ဆေးလိပ်ဖြတ်ပါ။ စိတ်ဖိစီးမှုလျော့နည်းအောင်နေထိုင်ပါ။ ဒိန်ချဉ်နဲ့ နို့အေးအေးတွေက အစာအိမ်အောင့်ခြင်းကို သက်သာစေပါတယ်။

 

ဆေးဝါးများ

NSAID အကိုက်အခဲပျောက်ဆေးတွေနဲ့ စတီးရွိုက်ပါသောဆေးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်ပါ။ အစာအိမ်နာသတဲ့အခါသုံးလေ့ရှိတဲ့ ဆေးဝါးတွေကတော့

  • အစာအိမ်အက်စစ်လျှော့ချသည့်ဆေးများ (အစာအိမ်အက်စစ်များသောအခြေအနေတွေမှာ သောက်ရလေ့ရှိပါတယ်။ ဥပမာ- Proton Pump Inhibitor, H2 Blockers)
  • အစာအိမ်အက်စစ်ဓာတ်ကိုချေဖျက်တဲ့ဆေးများ (အစာအိမ်အောင့်သည့်အခါသက်သာအောင်ပေးလေ့ရှိပါတယ်။ Eg- Antacid)
  • လေဆေးများ(ဥပမာ- Simethicone, Kremail S စသည်)
  • Bisthmus
  • ပိုးသတ်ဆေးများ(Antibiotics) (အစာအိမ်ပိုး (H pylori)ရှိသောသူများအား ကုသရာတွင်သုံးပါတယ်။
  • လေထိုး‌သက်သာဆေးများ(Antispasomosis) (ဥပမာ- Hyoscine )
  • Probiotics ဆေးများ (ဥပမာ-Pro lac, Kid Lac)

 

ဘယ်အချိန်ဆရာဝန်နှင့်ပြသရန်လိုအပ်မလဲ

  • မခံမရပ်နိုင်အောင်ဗိုက်အောင့်လျှင်
  • ကော်ဖီနှစ်ရောင်အန်လျှင်
  • ဝမ်းမည်းမည်းသွားလျှင်
  • သွေးဝမ်းသွားလျှင်
  • ဝမ်းလုံးဝမသွားနိုင်ပဲအန်လျှင်
  • ရက်အတော်ကြာသည်အထိ ဗိုက်နာခြင်းမသက်သာလျှင်
  • ဖျားလျှင်
  • အသက်ရှူရခက်ခဲလျှင်
  • ရင်ဘတ်အောင့်လျှင်
  • ကိုယ်အလေးချိန်ကျလာလျှင်
  • ဗိုက်တွင်အလုံးအကျိတ်စမ်းမိလျှင်

 

ဒေါက်တာယဉ်ယဉ်ဝင်း

Previous Post

အစာအဆိပ်သင့်လက္ခဏာရပ်များနှင့် အရေးပေါ်ကုသရေးနည်းလမ်းများ

Next Post

ခြောက်သွေ့တဲ့အသားအရေကို ဘယ်လိုထိန်သိမ်းမလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.5k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.4k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
816

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
427

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခြောက်သွေ့တဲ့အသားအရေကို ဘယ်လိုထိန်သိမ်းမလဲ

မျက်ကွင်းညိုခြင်း ပျောက်ကင်းအောင်

ကိုယ်ဝန်ဆောင်ကာလ မကြာခဏငိုတတ်တဲ့အကြောင်းရင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.