fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

မကြာခဏ လေတက်ရတဲ့ အကြောင်းရင်း

3.8k
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/12/2021
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

ခန္ဓာကိုယ်၏ လိုအပ်မှုထက်ပိုသော အစာပမာဏ များများစားမိတဲ့အခါမှာ အစာအိမ်တွင်းမှ လေတက်ခြင်းကို လူတိုင်းနီးပါးကြုံတွေ့ခံစားဖူးပါလိမ့်မည်။ တစ်နေ့တည်းတွင်ပင် အကြိမ်မြောက်မြားစွာ ခံစားခဲ့ရသူများလည်း ရှိပါလိမ့်မည်။ တချို့သူများအနေဖြင့် မကြာခဏဆိုသလို လေတက်တတ်တာကိုလည်း ကြုံဖူးကြပါလိမ့်မည်။ လေတက်ခြင်းသည် ဖြစ်ရိုးဖြစ်စဥ် လက္ခဏာတစ်ခု ဖြစ်သော်လည်း မကြာခဏလေတက်ခြင်းဟာ ရောဂါတစ်ခုခု၏ လက္ခဏာတစ်မျိုး ဖြစ်နေနိုင်သည်ကို သင်သိပါသလား။

အစာအိမ်နှင့် အူလမ်းကြောင်း အပေါ်ပိုင်း၏ အစာချေဖျက်မှုကို ဟန့်တားသော အခြေအနေများကြောင့် လေတက်ခြင်းဖြစ်စဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဦးနှောက်အတွင်းမှ အစာအိမ်ထဲရှိအစာများကို အပြင်သို့ထုတ်ရန် မှားယွင်းတုံ့ပြန် အချက်ပြသည့်အခါမျိုးတွင်လည်း လေတက်တတ်သည်။ အစာအိမ်တွင်းရှိ အစာများမထွက်စေဘဲ အစာချေရာမှ ထွက်ပေါ်လာသောလေများကို ရင်ဝမ်းခြားကြွက်သား၊ ရင်ဘတ်နှင့်ဝမ်းဗိုက်ကြွက်သားများမှတစ်ဆင့် လေအဖြစ်ထုတ်ပေးခြင်းဖြစ်သည်။ ကလေးများတွင်လည်း မိခင်နို့သောက်သုံးပြီးလျှင် လေတက်ခြင်းဖြစ်လေ့ရှိပါသည်။ ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းလများတွင်လည်း မကြာခဏလေတက်တတ်ကြပါသည်။

အစားအစာကို ပမာဏများများ စားခြင်း၊ မိမိစားသောအစားအစာတွင် အမျှင်ဓာတ်များသော အသီးအရွက်၊ အစေ့အဆန်၊ပဲ စသည်တို့ပါလျှင်၊ နို့နှင့် နို့ထွက်ပစ္စည်းတို့တွင်ပါဝင်သော လက်တို့စ်(Lactose)၊ ပေါင်မုန့်ကဲ့သို့ ဂျူံနှင့်ပြုလုပ်သော အစားအစာတို့တွင်ပါဝင်သော ဂလူတမ်(Gluten) စသည်တို့နှင့် ဓာတ်မတည့်လျှင်၊ အစားစားစဉ်စကားပြောခြင်း၊ ပီကေဝါးခြင်း၊ အဆီအဆိမ့်များနှင့် ဂတ်စ် (Gas)ပါသောအချိုရည်များ သောက်သုံးခြင်းတို့ကြောင့်လည်း လေတက်တတ်သည်။ ခန္ဓာကိုယ်တွင် ရေဓာတ်ခန်းခြောက်ခြင်း၊ သကြားဓာတ်လျော့နည်းခြင်း၊ ကား၊လေယာဉ်တို့ဖြင့် ခရီးသွားလျှင် မူးတတ်ခြင်းတို့ကြောင့်လည်း မကြာခဏ လေတက်နိုင်ပါသည်။ အစာအဆိပ်သင့်ခြင်း၊ ဓာတ်မတဲ့ခြင်းတို့ကြောင့်လည်း လေတက်သောဝေဒနာ ခံစားရနိုင်သည်။

ကိုယ်လက်လှုပ်ရှားမှုနည်းလျှင်လည်း အစာချေဖျက်မှု မကောင်းသောကြောင့် မကြာခဏ လေတက်တတ်သည်။ ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုကို ရုတ်တရက်လုပ်ပြီးလျှင် လေတက်တတ်ပါသည်။ စိတ်ဖိစီးမှု၊စိုးရိမ်စိတ်များတတ်သူများ၊ ရုတ်တရက် စိတ်လှုပ်ရှားအကြောက်လွန်မှု Panic Attack ရတတ်သူများတွင် မကြာခဏလေတက်ခြင်းကို ခံစားရနိုင်ပါသည်။ ဆေးလိပ်သောက်ခြင်းကြောင့်လည်း အစာအိမ်တွင်း အက်ဆစ်အချဉ်ဓါတ်များပြီး အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုမမှန်ဖြစ်တတ်ပြီး လေတက်တတ်ပါသည်။ အရက်သောက်သုံးသူများတွင် အချိန်တိုအတွင်း အရက်ပမာဏများစွာ သောက်ခြင်းကြောင့်လည်း မကြာခဏ လေတက်တတ်သည်ကို တွေ့ရတတ်သည်။

အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုမမှန်သောရောဂါ (Inflammatory Bowel Syndrome) ကဲ့သို့ နာတာရှည် ရောဂါအခံရှိလျှင် ပို၍ဖြစ်တတ်ပါသည်။ အစာအိမ်ရောင်ခြင်းနှင့် နာတာရှည် အစာအိမ်ရောဂါတစ်ခုဖြစ်သည့် စားချဉ့်ပြန်ရောဂါ (GERD) ခံစားနေရသူများတွင် မကြာခဏလေတက်ခြင်းလက္ခဏာကို တွေ့ရလေ့ရှိပါသည်။ အသည်း၊ ကျောက်ကပ်နှင့် ပန်ကရိယ မုန့်ချိုအိတ်ရောဂါ၊ Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ ဦးခေါင်းပြင်းထန်ထိခိုက်မှုများနှင့် အခြားရောဂါအခြေအနေများတွင်လည်း မကြာခဏလေတက်ခြင်းကို လက္ခဏာတစ်ခုအနေဖြင့် မြင်တွေ့ရတတ်ပါသည်။ ခွဲစိတ်မေ့ဆေးပေးခြင်း၊ ပိုးသတ်ဆေး၊ စိတ်ကျရောဂါကုသမှုဆေးများနှင့် မက်ဖော်မင်ဆီးချိုကျဆေးကဲ့သို့ မိမိသောက်သုံးနေသော ဆေးဝါးအချို့၏ မလိုလားသော ဘေးထွက်ဆိုးကျိုးကြောင့်လည်း လေတက်တတ်ပါသည်။

မကြာခဏလေတက်ခြင်း မဖြစ်စေရန် အစားအစာကို သင့်တင့်မှန်ကန်စွာစားသုံးပြီး ခန္ဓာကိုယ်ရှိ ဇီဝကမ္မဖြစ်စဉ်များ မှန်ကန်စေရန် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်သင့်ပါသည်။ အဓိကအားဖြင့် မကြာခဏလေတက်ခြင်းအပြင် သတိလစ်ခြင်း၊ သွေးအန်ခြင်း၊ မခံမရပ်နိုင်အောင် ဗိုက်အောင့်ခြင်းနှင့် အခြားသောရောဂါအခြေအနေများနှင့် တွဲနေသူများအနေဖြင့် ကျွမ်းကျင်သော ဆရာဝန်နှင့် ရောဂါရာဇဝင်ကို သေချာစွာစမ်းသပ်စစ်ဆေးမှု အမြန်ခံယူသင့်ကြောင်း အသိပေးရေးသား မျှဝေလိုက်ပါသည်။

Author: Dr. Ye Mon

Previous Post

သင့်ကိုဝိတ်တက်စေမယ့် အမူအကျင့်များ

Next Post

ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် ဘာတွေရှောင်၊ ဘာတွေဆောင်ရမလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.4k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
812

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
424

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် ဘာတွေရှောင်၊ ဘာတွေဆောင်ရမလဲ

ရင်ပြည့်ရင်ကယ်ဖြစ်ရတဲ့အကြောင်းရင်းများနဲ့ ပျောက်ကင်းစေမယ့်နည်းလမ်းများ

အစာအိမ်ရောင်တဲ့အခါဖြစ်တဲ့ လက္ခဏာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.