fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

အစာအိမ်ရောင်တဲ့အခါဖြစ်တဲ့ လက္ခဏာများ

3.7k
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/12/2021
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

မိမိခန္ဓာကိုယ်မှ  နေ့စဥ်စား​သောက်လိုက်တဲ့အစားအစာ​တွေက​နေ ဗီတာမင်၊ သတ္တုဓာတ်နဲ့အာဟာရဓာတ်​တွေအဖြစ် ​ချေဖျက်​ပြောင်းလဲနိုင်ဖို့ အစာအိမ်နဲ့အူလမ်း​ကြောင်းရဲ့ အခန်းကဏ္ဍဟာ အလွန်အ​ရေးပါပါတယ်။ ဒါ​ကြောင့် မိမိရဲ့အစာအိမ်နဲ့အူလမ်း​ကြောင်းအ​ခြေအ​နေနဲ့ အစာအိမ်​ရောင်ခြင်းလက္ခဏာရပ်​တွေကို ​စောစီးစွာသိရှိထားဖို့လိုပါတယ်။ အစာအိမ်​ရောင်တာကိုသတိမမူမိခဲ့ရင် ပိုပိုဆိုးလာကာ အစာအိမ်အနာဖြစ်လာကာ ​နောက်ဆုံး အစာအိမ်ကင်ဆာအထိ​ပြောင်းလဲဖြစ်​ပေါ်လာနိုင်ပါတယ်။ အစာအိမ်​ရောင်ခြင်းဆိုတာဟာ အစာအိမ်နံရံ​ရောင်ရမ်းပျက်စီးသွားခြင်းဖြစ်ပါတယ်။ အစာအိမ်​ရောင်ခြင်းကိုဖြစ်​ပေါ်​စေတဲ့ အကြောင်းအရာ အမျိုးမျိုးရှိပါတယ်။

  • အရက်အလွန်အကျွံ​သောက်သုံးခြင်း
  • အပူအစပ်​တွေစားလွန်းခြင်း
  • ​ဆေးလိပ်​သောက်ခြင်း
  • စိတ်ဖိစီးမှုများလွန်းခြင်း
  • အကိုက်အခဲ​ပျောက်​ဆေး​တွေ​သောက်လွန်းခြင်း
  • ​ရောဂါပိုးဝင်ခြင်း(ဥပမာ- H. Pylori)
  • ​သွေးအားနည်း​ရောဂါ (ဗီတာမင် B12 ချို့တဲ့ခြင်း)
  • ခုခံအားကျဆင်းမှု​ရောဂါ
  • ဝမ်းဗိုက်ကိုထိခိုက်ဒဏ်ရာရခြင်း တို့ဖြစ်ပါတယ်။

 

အစာအိမ်​ရောင်ခြင်း လက္ခဏာ​များ

(၁) ဗိုက်နာခြင်း

အစာအိမ်​​ရောင်ပြီဆိုရင် အဖြစ်အများဆုံးလက္ခဏာက​တော့ ဗိုက်နာဗိုက်​အောင့်တာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်ရဲ့ အ​ပေါ်ပိုင်းအလယ်တည့်တည့်နား​လောက်မှာ ​အောင့်တတ်ပါတယ်။ စူးပြီး​အောင့်တာမျိုးရှိသလို ကိုက်ခဲပြီး​​အောင့်​နေတာမျိုးလည်းရှိတတ်ပါတယ်။ အစာအိမ်ရှိတဲ့​နေရာမှာ မကြာခဏ​ဗိုက်အောင့်​လေ့ရှိတယိဆိုရင်​တော့ အစာအိမ်​ရောင်ခြင်းဖြစ်နိုင်တာမို့ သတိထားရပါမယ်။

 

(၂) ဝမ်းဗိုက်တွင်းပြည့်အင့်​နေခြင်း

အစာအိမ်​ရောင်ရမ်း​နေတဲ့အခါ ဝမ်းဗိုက်အတွင်းပြည့်အင့်ပြီး မသက်မသာဖြစ်​နိုင်ပါတယ်။ သာမန်ဆိုလည်း အစား​တွေအများကြီးစားပြီးတဲ့​နောက်မှာ ဗိုက်ပြည့်အင့်ခြင်းကို ခံစားရတတ်တာမို့ ဒီလက္ခဏာရပ်တစ်ခုထဲနဲ့​တော့ အစာအိမ်​ရောင်၊ မ​ရောင်ဆုံးဖြတ်ဖို့ ခက်ခဲနိုင်ပါတယ်။

 

(၃) ပျို့ခြင်း

အစာအိမ်​ရောင်​နေတဲ့အခါ အစာစားပြီးလို့ပဲဖြစ်ဖြစ်၊ အစာမရှိပဲဖြစ်ဖြစ် အချိန်တိုင်း အမြဲလိုလိုပျို့ပြီးအန်ချင်သလို ခံစား​နေရတတ်ပါတယ်။

 

(၄) အန်ခြင်း

အစား​တွေအများကြီးစားပြီး​နောက်မှာ အမြဲအန်​နေတာမျိုးဖြစ်တတ်ပါတယ်။ ဒါဟာလည်း သာမန်ဆိုလည်းဖြစ်​နေကျဘဲမို့ အစာအိမ်​ရောင်​နေမှန်း သတိမပြုမိကြပါဘူး။ အအန်​ပျောက်​ဆေး​တွေ​​သောက်မယ်ဆိုရင် ​ရောင်ရမ်း​နေတဲ့အစာအိမ်​ကို ပိုဆွသလိုဖြစ်တာ​ကြောင့် သတိထားဖို့လိုပါတယ်။

 

(၅) အစာစားချင်စိတ်မရှိခြင်း

အစာအိမ်​ရောင်ရမ်း​နေသူ​တွေဟာ အစားစားချင်စိတ်​လျော့နည်း​နေတတ်ပါတယ်။ အစာစားလိုက်တဲ့အခါ ​ရောင်ရမ်း​နေတဲ့အစာအိမ်ကိုဝန်ပို​စေတာ​ကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မသ​ဘောအရ အစာစားချင်စိတ်​လျော့နည်း​အောင် တုံ့ပြန်ထားခြင်းဖြစ်ပါတယ်။

 

(၆) ဝမ်းပုံမှန်မဟုတ်ခြင်း

အစာအိမ်​ရောင်ခြင်းဆိုးရွားပြင်းထန်လာတဲ့အခါ အစာအိမ်အနာဖြစ်လာတတ်ပါတယ်။ အစာအိမ်အနာဖြစ်ရင် ဝမ်းမည်းမည်းသွားတာ၊ ကတ္တရား​စေးလို ဝမ်း​တွေသွားတာမျိုးဖြစ်​ပေါ်တတ်ပါတယ်။ ဒါဟာ အစာအိမ်အတွင်း​သွေးထွက်​နေပြီဆိုတာကို ​ဖော်ပြပါတယ်။ ဒီလို ဝမ်းမည်းမည်း​တွေသွား​နေပြီဆိုရင်​တော့ ဆရာဝန်နဲ့အမြန်ဆုံးသွား​​ရောက်ပြသရမှာဖြစ်ပါတယ်။

 

(၇) ​လေချဥ်တက်ခြင်း

အစာအိမ်​ရောင်​နေတဲ့သူ​တွေဟာ မကြာခဏကျယ်​လောင်စွာ​လေချဥ်တက်​​လေ့ရှိပါတယ်။ အထူးသဖြင့် အစာစားပြီး​နောက်မှာ ​လေချဥ်ပိုတက်​လေ့ရှိပါတယ်။ သာမန်ဗိုက်​​အောင့်တာမျိုးဆို ​လေချဥ်တက်လိုက်ရင် သက်သာသွား​လေ့ရှိ​ပေမဲ့ အစာအိမ်​ရောင်လို့ ဗိုက်​အောင့်တာမျိုးဆိုရင်​တော့ ​လေချဥ်တက်တာနဲ့ မသက်သာတတ်ပါဘူး။

 

(၈) ရင်ပူခြင်း

အစာအိမ်​​ရောင်​နေတဲ့အခါ ရင်ပူခြင်းသို့မဟုတ် ဝမ်းဗိုက်​အပေါ်ပိုင်းအတွင်းမှာ ပူ​လောင်​နေတာမျိုးခံစားရတတ်ပါတယ်။ အစာအိမ်အတွင်းပိုလျှံ​နေတဲ့ အက်စစ်​တွေဟာ ရင်ပူခြင်းကိုဖြစ်​ပေါ်​စေပါတယ်။

 

(၉) ဝမ်း​လျှောခြင်း

အစာအိမ်နံရံ​တွေ ရောင်ရမ်းပြီး ထိလွယ်ရှလွယ်ဖြစ်​နေတဲ့အခါ အစာအိမ်ရဲ့အစာခြေစွမ်းရည်ကျဆင်းလာပါတယ်။ ပြင်းထန်တဲ့ အစာအိမ်​ရောင်ခြင်းမျိုးမှာဆိုရင် အစာခြေစနစ်တစ်ခုလုံးကို ထိခိုက်စေကာ အစာမ​​​ခြေဖျက်နိုင်​​တော့ဘဲ ဝမ်းလျှောခြင်းဖြစ်​ပေါ်စေပါတယ်။

 

(၁၀) ကိုယ်အ​လေးချိန်ကျဆင်းခြင်း

အစာအိမ်​​ရောင်ရမ်း​နေတဲ့အခါ အစားစားချင်စိတ်​လျော့နည်းတာနဲ့ အစာ​​​ခြေဖျက်နိုင်မှုစနစ်မ​ကောင်းတာ​ကြောင့် ကိုယ်အ​လေးချိန် ကျဆင်းလာရတတ်ပါတယ်။

 

အထက်ပါလက္ခဏာ​တွေ​တော်​တော်များများကို ခံစား​နေရပြီဆိုရင်​တော့ အစာအိမ်​ရောင်ခြင်းဖြစ်နိုင်လို့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။ ​စောစီးစွာသတိထားမိမယ်ဆိုရင် ကုသဖို့ကလည်း လွယ်ကူပါတယ်။ အစာအိမ်​ရောင်ခြင်းဖြစ်​စေတဲ့အ​ကြောင်းအရာ​ပေါ်မူတည်ပြီး ရှာ​ဖွေကုသရမှာဖြစ်ပါတယ်။ H. Pylori လို့​ခေါ်တဲ့ ဗက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့အစာအိမ်ရောင်ခြင်းမျိုးဆိုရင်​တော့ သင့်​​တော်တဲ့ပိုးသတ်​ဆေးကို ဆရာဝန်ညွှန်းတဲ့အတိုင်း​ ဆေးပတ်လည်​အောင်​သောက်သုံး​ပေးရမှာဖြစ်ပါတယ်။

Author: Dr. Aye Myat

Previous Post

ရင်ပြည့်ရင်ကယ်ဖြစ်ရတဲ့အကြောင်းရင်းများနဲ့ ပျောက်ကင်းစေမယ့်နည်းလမ်းများ

Next Post

အစာစားချင်စိတ်နည်းနေတာ ဘာကြောင့်လဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.4k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
812

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
424

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာစားချင်စိတ်နည်းနေတာ ဘာကြောင့်လဲ

Probiotics နဲ့ Prebiotics ဘာကွာလဲ၊ လူ့ခန္ဓာကိုယ်အတွက် ဘာတွေအကျိုးပြုလဲ

အစာစားပြီးရင် ဗိုက်​တောင့်​တောင့်​နေတယ်၊ ဘာ​ကြောင့်လဲ? 

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.