fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

အစားများပြီး အစာမကြေတဲ့အခါ

When you eat a lot and do not digest
1.8k
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/04/2022
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

လူသားတို့ အခြေခံလိုအပ်ချက်အရ စားသုံးသော အစားအစာများကို အစာအိမ်မှာ သိုလှော်ပြီး ( reservoir function) ကြေညက်အောင် ချေဖျက်ပေးကာ ( Digestion) အာဟာရဓါတ်များစုပ်ယူရန် အူလမ်းကြောင်းသို့ ပို့ဆောင်ပေးသည်။ အစာအိမ်မှာ အစာချေဖျက်ရန်အတွက် hydrochloric acid ဟိုက်ဒရိုကလိုရစ် အက်ဆစ်ထုတ်လုပ်ပေးပြီး အင်ဇိုင်း၊ ဟော်မုန်းတို့အကူအညီဖြင့် အစားအစာများကို ချေဖျက်ပါသည်။ အစာအိမ်ထဲသို့ ပုံမှန်ထက်များသော ပမာဏများဝင်ရောက်လာလျှင် အစာအိမ်ချဲ့ပြီး ဗိုက်မအီမသာ ခံစားရသည်။

မိမိ၏အစာအိမ်/ ဗိုက်ပြည့်ဝသည်ထက် ပိုစားသောအခါ လေချဉ်တက်ပြီး အစာအိမ်ထဲရှိ အက်ဆစ်းများ အချဉ်ပြန်တတ်သည်။ အစားစားပြီး ၃နာရီအတွင်း လှဲလျောင်းခြင်း၊ အိပ်စက်ခြင်း ပြုလုပ်လျှင်လည်း အစာမကြေဖြစ်တတ်သည်။ အစာချေဖျက်ရာတွင် ချေဖျက်ရမည့် ပမာဏများလျှင် သော်လည်းကောင်း၊ အစာအိမ်အလုပ်လုပ်ဆောင်မှု ပုံမမှန်လျှင်သော်လည်းကောင်း အစာမကြေ၊ ရင်ပြည့်ရင်ကယ် ဝေဒနာ ခံစားရတတ်ပါသည်။

အစားအစာကို ပုံမှန်စားနေကျ ပမာဏထက် ပိုများများစားခြင်း၊ တထိုင်တည်း အလွန်အကျွံစားခြင်း၊ မြန်မြန်စားခြင်းတို့ကြောင့် အစာကို ကျေညက်အောင် ချေဖျက်နိုင်ခြင်းမရှိဘဲ အစာမကြေ ရင်ပြည့်ရင်ကယ် ခံစားရနိုင်သည်။ Lactose intolerance ခေါ် lactose သကြားဓါတ်ကို မချေဖျက်နိုင်သည့် ရောဂါရှိသူများသည် နို့နှင့်နို့ထွက်ပစ္စည်းများကို အစားများသည့်အခါ အစာမကြေခြင်း၊ ဝမ်းပျက်ခြင်း စသည်တို့ ခံစားရနိုင်သည်။ Fructose intolerance ခေါ် သကြားဓါတ် စုပ်ယူချေဖျက်နိုင်စွမ်းမရှိသော ရောဂါရှိသူများတွင်လည်း အလားတူဖြစ်တတ်သည်။

စိတ်ဖိစီးမှု၊ အပူအစပ်နှင့် ကောက်ညှင်းကဲ့သို့ မာသော၊ အဆီများသော အစားအစာများ စားသုံးခြင်း၊ ကော်ဖီ၊ လက်ဖက်ရည်ကဲ့သို့ ကဖင်းဓါတ်ပါသောသောက်စရာများ သောက်သုံးလေ့ရှိသူများတွက် အစာမကြေခြင်း ပိုဖြစ်လွယ်သည်။ အရက်နှင့်ဆေးလိပ်သောက်သုံးသူများတွင် အစာအိမ်ထဲရှိ အက်ဆစ်အချဉ်ဓါတ်များပြီး အပေါ်သို့ပြန်တက်ခြင်း acid reflux ကြောင့် အစောချေစနစ်ထိခိုက်ပြီး အစားများသည်အခါ အစာမကြေခြင်းကို ခံစားရနိုင်ပါသည်။

အစာကြေရန် ခက်ခဲသော အစားအစာများ တနည်းဆိုရသော် အချဉ်ပေါက်လွယ်သော အစာအမျိုးအစားများ (FODMAPs- fermentable oligo-, di-, mono-saccharides and polyols) ဂျုံ၊ ပဲသီး၊ အသီးအရွက် အမျိုးမျိုးစသည့် Fructose သကြားဓါတ်ပါဝင်မှုများသော အစားအစာ အစားများသောအခါ အစာမကြေခြင်းကို ခံစားရနိုင်ပါသည်။

ခန္ဓာကိုယ် အလေးချိန်များပြီး အဝလွန်သူများတွင် အစာအိမ်ရှိအက်စစ်များ အစာရေမျိုပြွန်ထဲသို့ ပြန်တက်ပြီး အစာမကြေခြင်းကို မကြာခဏ ခံစားရတတ်သည်။ မျှတသောစားသောက်မှု မရှိပဲအစားများသည့်အခါ အစာမကြေပိုဖြစ်နိုင်ပါသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင်လည်း အရွယ်အစား တဖြေးဖြေးကြီးလာသော သားအိမ်၏ဖိအားကြောင့် အစာအိမ်ထဲရှိ အက်ဆစ်အချဉ်ဓါတ်များပြီး အစာရေမျိုထဲသို့ ပြန်ဆန်တက်ပြီး အစာစားသည့်အခါ အစာမကြေဖြစ်တတ်ပါသည်။

အစားများပြီး အစာမကြေမဖြစ်ရအောင် ပြည့်အင်အောင် စားသောက်ခြင်းရှောင်ပြီး သင့်တင့်သော ပမာဏသာစားပေးခြင်း၊ ပမာဏနည်းနည်းနှင့် အကြိမ်ရေခွဲပြီး စားပေးခြင်း၊ အစာစားလျှင် မြန်မြန်မစားပဲ သေချာကြေညက်အောင် အချိန်ယူစားပေးခြင်း၊ အစာချေဖျက်ရန် ခက်သော အစားအစာများရှောင်ခြင်း၊ ညအိပ်ခါနီး အစားပြည့်အင်အောင် စားခြင်းမပြုခြင်း၊ အစားစားသောက်ပြီးလျှင် လှဲလျောင်းခြင်းမပြုပဲ လမ်းလျှောက်ပေးခြင်းတို့ ပြုလုပ်ပေးနိုင်သည်။ အဝစား buffet ကဲ့သို့ အစားစားပြီးသည့်အခါ၊ အစားများပြီး အစာမကြေဖြစ်သည့်အခါ Aluminium/Magnesium hydroxide၊ simethicone စသည်တို့ ပါဝင်သော အစာကြေ လေထိုးလေအောင့် သက်သာဆေးများကို သောက်သုံးပေးနိုင်ပါသည်။

Author : Dr. Yee Mon

Previous Post

အမာရွတ်နှင့် Vitamin B3

Next Post

အသက်ကြီးတဲ့သူတွေမှာအစာမကြေ လေထိုးလေအောင့်ဖြစ်ရတဲ့ အကြောင်းအရင်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.3k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
811

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
423

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသက်ကြီးတဲ့သူတွေမှာအစာမကြေ လေထိုးလေအောင့်ဖြစ်ရတဲ့ အကြောင်းအရင်းများ

အသက်ကြီးသူများ ကြုံတွေ့ရသည့် ဒူးကျီးပေါင်းကြောင့် ဒူးနာခြင်း

What should you know and prepare before donating blood?

သွေးမလှူခင် ဘာတွေသိထားပြင်ဆင်ထားသင့်လဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.