fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး
ဗောက်ထခြင်း ကင်းဝေးအောင်
1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/01/2018
in အလှအပနှင့်ကျန်းမာရေး
1 min read
A A
Unicode
ဆံနွယ်ရှိသူ မည်သူမဆို ဗောက်ထတဲ့ပြဿနာနဲ့ တွေ့ကြုံရစမြဲပါ။ ဗောက်ပျောက်ပါတယ်ဆိုတဲ့ ခေါင်းလျှော်ရည်တွေလည်း မနိုင်တော့ဘူးဆိုပြီး ဒီအတိုင်း ပစ်ထားလိုက်ဖို့တော့ စိတ်မကူးလိုက်ပါနဲ့။ ဂရုမစိုက်ဘဲထားလိုက်ရင် ဗောက်ဖတ်တွေပိုဖြစ်ပြီး ထူထပ်လာကာ ယားယံပြီး ကုတ်မိရင် အနာဖြစ်ကာ ရောဂါပိုးမွှားတွေ ဝင်လာတတ်ပါတယ်။ ဒီပြဿနာတွေက ကင်းဝေးရအောင် . . . ။
မကြာခဏ ခေါင်းလျှော်ပေးပါ။ ဗောက်ထတာဟာ အဆီပြန်တဲ့ဦးရေပြားကြောင့်ဖြစ်တာမို့ ခေါင်းလျှော်ရည် အပျော့စား baby shampoo နဲ့နေ့စဉ် ခေါင်းလျှော်ပေးပါ။ ဆံပင်တိုသူများ၊ ဗောက်အရမ်းထတတ်သူများ နှစ်ရက်တစ်ခါလောက်တော့ ခေါင်းလျှော်သင့်ပါတယ်။ ဒါ့ပြင်ခေါင်းလျှော်တဲ့အခါ ဦးရေပြားကို ခေါင်းလျှော်ရည်ကို ရေနဲ့ဆတူရောပြီးမှ ဆံနွယ်တွေကို လောင်းပြီး လျှော်ပေးတာက ဗောက်ထတာကို သက်သာစေနိုင်သလို ဦးရေပြား အဆီပြန်တာကိုလည်း သက်သာစေပါတယ်။
ခေါင်းလျှော်ရည်ကိုလည်း ပြောင်းပြောင်းပြီး သုံးပေးပါ။ ဦးရေပြားက အမြဲလျှော်နေတဲ့ ခေါင်းလျှော်ရည် အမျိူးအစားတွေကို ယဉ်ပါးသွားတတ်ကာ ဗောက်ပြန်ထတတ်တဲ့အတွက် နောက်တစ်မျိုး ပြောင်းပြီး သုံးပေးပါ။ ရံဖန်ရံခါ ဗောက်ပျောက်တဲ့ formula ပါတဲ့ ခေါင်းလျှော်ရည်ကို သုံးပါ။ ဆီလီနီယမ်ဆာလဖိတ် ဒါမှမဟုတ် Zinipyrithine ပါတဲ့ ခေါင်းလျှော်ရည်တွေဟာ ဦးရေပြားက ဆဲလ်ပွားနှုန်းကို နှေးကွေးစေတဲ့အတွက် ဗောက်ထမှုကို အမြန်ဆုံး သက်သာစေပါတယ်။ Antibacteria ပါဝင်တဲ့ ခေါင်းလျှော်ရည်တွေဟာ ဘက်တီးရီးယား ပေါက်ပွားမှုနှုန်းကို နည်းစေပါတယ်။ Salicylic Acid နဲ့ ဆာလဖာပါဝင်တဲ့ ခေါင်းလျှော်ရည်တွေဟာ ဗောက်ဖတ်ပျော်ဝင်နိုင်တဲ့အတွက် အလွယ်တကူ ဆေးကြောသန့်စင်နိုင်ပါတယ်။
ဗောက်ပျောက်ချင်ဇောနဲ့ အမြဲတန်း ဗောက်ပျောက်ခေါင်းလျှော်ရည်နဲ့ အမြဲခေါင်းလျှော်ခြင်းကို ရှောင်ပါ။ ဗောက်ပျောက်ခေါင်းလျှော်ရည်ဟာ ပြင်းတဲ့အတွက် ရိုးရိုးခေါင်းလျှော်ရည်နဲ့ တစ်လှည့်စီသုံးပါ။
ခေါင်းလျှော်တဲ့အခါ ဆံပင်ကို ရေဆွတ်ပြီးချိန်မှာ ခေါင်းလျှော်ရည်နဲ့ ခေါင်းကို အမြုပ်ထအောင်ပွတ်ပေးပြီး ၅ မိနစ် ၁၀ မိနစ်လောက်ထားပြီးမှ ရေဆေးချပါ။ ထို့နောက် ဒုတိယအကြိမ် ခေါင်းလျှော်ရည်ထည့်ပြီး ချက်ချင်းခေါင်းထပ်လျှော်ပါ။ ဒီနည်းလမ်းဟာ ခေါင်းလျှော်ရည်ရဲ့ အာနိသင်ပြဖို့ အချိန်ရတဲ့အတွက် ဆံနွယ်က ချေးတွေ အဆီတွေ ကုန်စင်သွားပြီး ဗောက်ဖြစ်ခြင်းက ကာကွယ်နိုင်မှာပါ။
ဒ့ါပြင် ဗောက်ပျောက် ခေါင်းလျှော်ရည်သုံးတဲ့အခါ ပိုမိုထိရောက်စေရန် အမြုပ်ထအောင်ပွတ်အပြီးမှာ ခေါင်းစွပ်လေး shower cup ဆောင်းပြီး ၁၅ မိနစ်လောက်ထားရင် ဗောက်တွေပျော်ဝင်ပြီး ဆေးကြောတဲ့အခါ ပါသွားနိုင်ပါတယ်။ ခေါင်းလျှော်နေစဉ်မှာ ကုတ်ဖဲ့တာမျိုးမလုပ်ဘဲ လက်ချောင်းလေးတွေ အသုံးပြုပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ။
ဗောက်ပျောက် ခေါင်းလျှော်ရည်ကို ပုံမှန်အသုံးပြုပေမယ့် ဗောက်ဖတ်တွေက ပိုမိုဆိုးရွားစေပြီး ထူလာခဲ့ပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ အဝါရောင်သန်းတဲ့ဗောက်မျိုးဖြစ်လာရင်၊ အနီရောင်အကွက်တွေထလာပြီး လည်ပင်းတစ်လျောက်ထိ ရောက်လာရင်၊ ဦးရေပြားပွန်းပြီး ပူလောင်နေရင်တော့ အရေပြားဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ကဲ . . . အားလုံးပဲ ဦးရေပြား သန့်ရှင်းပြီးဗောက်ထခြင်း ကင်းဝေးကာ မွှေးပျံ့တဲ့ ဆံကေသာလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
Author: ညီညီကျော်, Healthcare Journal vol 8, no 49 (22.12.17) Pg 18
Previous Post
ကျန်းမာရေးနှင့် ညီညွတ်အောင် တစ်ပါတ်ကို ပေါင် ဘယ်လောက်ချမလဲ????
Next Post
အသင့်စားခေါက်ဆွဲခြောက်များနဲ့ လူသားတို့ကျန်းမာရေး
ဆက်စပ် ဆောင်းပါးများ
About liposuction, which is becoming popular
ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း
1 year ago
545
About the biotin you should know
သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း
1 year ago
1.1k
How important is biotin for hair health?
ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?
2 years ago
802
မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း
2 years ago
1.5k
ဆံပင်တွေအရမ်းကျွတ်နေရင်
2 years ago
1.6k
To make the skin clear and white from the inside
အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့
2 years ago
2k
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
အသင့်စားခေါက်ဆွဲခြောက်များနဲ့ လူသားတို့ကျန်းမာရေး
ဘီယာ ဗိုက် ကို ဘယ်လို ကာကွယ် ကြမလဲ ?
လေကျင့်ခန်းနဲ့အားကစား
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.