fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ဆံပင်တွေအရမ်းကျွတ်နေရင်

796
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/03/2023
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

သင်ခေါင်းဖီးတဲ့ ဘီးမှာ ဆံပင်တွေ ကျွတ်ပါလာတာဟာ လန့်စရာတစ်ခုမဟုတ်ပါဘူး။ လူတစ်ယောက်ဟာ နေ့စဉ်ဆံပင်အချောင်းရေ ၁၀၀ ကနေ ၁၅၀ ကြားထိတော့ ပုံမှန်ကျွတ်လေ့ရှိကြပါတယ်။ အဲပမာဏထက်များလာရင်တော့ အကြောင်းအရင်းတစ်ခုခုကြောင့် ဆံပင်ကျွတ်တာများလာပြီလို့ သံသယဝင်ရတော့မှာပါ။ ဆံပင်ကျွတ်တာများတဲ့ အဓိကအကြောင်းရင်းတွေကတော့- ဟော်မုန်းမညီမျှခြင်း၊ မျိုးရိုးဗီဇ၊ နာတာရှည်ရောဂါတစ်ခုခုရှိခြင်း စသည်တို့ကြောင့် ဖြစ်ကြပါတယ်။ ဖြစ်ရတဲ့အကြောင်းအရင်း တစ်ချက်ချင်းစီကို ဆက်လက်ပြီး ရှင်းပြပေးသွားမှာပါ။

(၁) ဟော်မုန်းဓာတ်မညီမျှခြင်း
ဟော်မုန်းဓာတ်မညီမျှခြင်းဆိုတဲ့ အကြောင်းအချက်မှာ အဓိကကျတဲ့ အချက်ကတော့ Thyroid hormone (သိုင်းရွိုက်ဟော်မုန်း) ပါ။ သိုင်းရွိုက်နည်းခြင်း (ဒါမှမဟုတ်) များခြင်း နှစ်မျိုးစလုံးဟာ ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းကို ညီမျှအောင် ကုသလိုက်မယ်ဆိုရင် ဆံပင်ကျွတ်တာ သက်သာသွားမှာပါ။
နောက်ဟော်မုန်းပြဿနာတွေကတော့ မဟော်မုန်းအပြောင်းအလဲကြောင့်ပါ။ အမျိုးသမီးတွေအများစုဟာ မီးဖွားပြီးကာလနဲ့ သွေးဆုံးပြီးကာလတွေမှာ မဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ပေါပြီး ဆံပင်ကျွတ်တာများလာတတ်ပါတယ်။

(၂) မျိုးရိုးဗီဇ
ရောဂါတော်တော်များများကို ဖြစ်စေတဲ့အကြောင်းအရင်းတွေကို လေ့လာကြည့်လိုက်ရင် မျိုးရိုးဗီဇကြောင့် ဖြစ်နေတတ်တာကိုလည်း တွေ့ရတတ်ပါတယ်။ ဆံပင်ကျွတ်တာများခြင်းရဲ့ အကြောင်းအရင်းတစ်ခုမှာလည်း မျိုးရိုးဗီဇကြောင့် ဖြစ်တတ်တယ်ဆိုတာကို ငြင်းပယ်လို့မရနိုင်ပါဘူး။

(၃) စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုများခြင်းကို စိတ်ပိုင်းဆိုင်ရာအရ စိတ်ဖိစီးမှုများခြင်းနှင့် ကိုယ်ပိုင်းဆိုင်ရာ ဖိစီးမှုများခြင်းဟု နှစ်မျိုးခွဲခြားလို့ရပါတယ်။ အဲဒီနှစ်မျိုးစလုံးက ဆံပင်ကျွတ်တာကို များစေပါတယ်။ ကိုယ်ပိုင်းဆိုင်ရာဖိစီးမှုတွေဖြစ်တဲ့ ခွဲစိတ်မှုခံယူရခြင်း၊ ကိုယ်အပူကြီးခြင်း၊ သွေးထွက်များခြင်းတို့ဟာ ဆံပင်ကျွတ်ခြင်းကို များစေပါတယ်။ စိတ်ပိုင်းဆိုင်ရာရောဂါတွေဖြစ်တဲ့ စိတ်ပူပန်မှုများခြင်း၊ စိတ်ဖောက်ပြန်ခြင်း ရောဂါတွေမှာလည်း ဆံပင်ကျွတ်တာများတာကို တွေ့ရတတ်ပါတယ်။

(၄) ဆေးဝါးသောက်သုံးမှုများ
ကင်ဆာရောဂါဆေးသောက်သုံးနေရတဲ့သူ အများစုမှာ ဆံပင်ကျွတ်တာများလေ့ရှိတာကို တွေ့ရပါတယ်။ အခြားဆေးဝါးတွေအနေနဲ့ကတော့ သိုင်းရွိုက်ဟော်မုန်းထိန်းဆေးများ၊ သန္ဓေတားဆေးတချို့၊ နှလုံးထိန်းဆေး၊ အတက်ကျဆေး၊ စိတ်ရောဂါကုဆေးဝါးများ၊ သွေးကျဲဆေးတို့မှာလည်း ဆံပင်ကျွတ်တတ်တဲ့ အာနိသင်တွေရှိတာကို တွေ့ရှိရပါတယ်။

(၅) အာဟာရဗီတာမင်ဓာတ်များ နည်းပါးခြင်း
သွပ်ဓာတ် (Zinc ဓာတ်) နဲ့ သံဓာတ်ချို့တဲ့မှုဟာ ဆံပင်ကျွတ်တာများခြင်းနှင့် ဆက်စပ်မှုရှိတယ်လို့ တွေ့ရပါတယ်။ ဒါ့ပြင် အဆီအစားနည်းလွန်းခြင်း၊ ဗီတာမင်ဒီ၊ စီ၊ ဘီ ၁၂၊ အေနှင့် အိုင်အိုတင်လို့ ဒေါ်တဲ့ ဓာတ်တွေ ချို့တဲ့လျှင်လည်း ဆံပင်ကျွတ်တာများနိုင်တာကို လေ့လာတွေ့ရှိချက်များအရ တွေ့ရပါတယ်။

(၆) နာတာရှည်ရောဂါအခံတစ်ခုခုရှိခြင်း
SLE လို့ခေါ်တဲ့ အရေပြားလေးဖက်နာရောဂါနဲ့ အဲဒီရောဂါဖြစ်လို့ သောက်ရတဲ့သောက်ဆေးတွေဟာ ဆံပင်ကျွတ်တာကို များစေပြီး ဆံပင်ပေါက်တာနည်းသွားသည်အထိ ဖြစ်နိုင်ပါတယ်။ အခြားနာတာရှည်ရောဂါများအနေနဲ့ ကျောက်ကပ်ပျက်စီးခြင်း၊ အသည်းရောဂါ၊ ဆီးချိုရောဂါနဲ့ အရေပြားရောဂါတွေဟာလည်း ဆံပင်ကျွတ်တာ များစေတာကို တွေ့ရပါတယ်။

အချုပ်အားဖြင့် ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါ။ မျက်နှာကို လှပအောင် ထိန်းသိမ်းသလို ဆံသားတွေကိုလည်း ကျန်းမာသန်စွမ်းအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ ဆံသားကို အပူပေးတာ၊ ကောက်တာ၊ ဖြောင့်တာ၊ ဆေးဆိုးတာတွေကလည်း ဆံပင်ကျွတ်တာများခြင်းထဲမှာ အပါအဝင်ဖြစ်လို့ ဆံပင်ကို ဓာတုပစ္စည်းတွေနဲ့ ခဏခဏထိတွေ့စေတာကို ရှောင်ကြဉ်ပေးပါ။ အစာအာဟာရ မျှတအောင်စားပါ။ လိုအပ်ပါက သက်ဆိုင်ရာဆရာဝန်များနှင့်တွေ့ရှိပြီး ဆေးကုသမှုခံယူသင့်ပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်။

Author: Dr. Khaing

Previous Post

အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေသော အကြောင်းအရင်းများ

Next Post

အစာမကြေဖြစ်စေတဲ့ အဓိကအကြောင်းအရင်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

8 months ago
752
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

9 months ago
1k
The type of skin whitening medicine that makes the skin white and beautiful without side effects

ဘေးထွက်ဆိုးကျိုးမရှိဘဲ အသားအရေ ဖြူစင်ဝင်းပစေမယ့် အသားဖြူဆေးအမျိုးအစား

11 months ago
977
When is the best time to take collagen

ကော်လာဂျင်သောက်ဖို့ အကောင်းဆုံးအချိန်

11 months ago
2.1k

အရေပြားလျော့ရဲစေတဲ့ အကြောင်းအရင်းများ

11 months ago
873
Mistakes that people with acne should be aware of

ဝက်ခြံပေါက်သူတွေ သတိထားသင့်တဲ့အမှားများ

11 months ago
962

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာမကြေဖြစ်စေတဲ့ အဓိကအကြောင်းအရင်းများ

ဘယ်လိုလူတွေမှာ အသည်းရောဂါအဖြစ်များလဲ?

ညဘက်အိပ်မပျော်ခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.