က်န္းမာေရးႏွင့္ ညီၫြတ္ေအာင္ တစ္ပါတ္ကို ေပါင္ ဘယ္ေလာက္ခ်မလဲ????
1. 1-3 ေပါင္
2. 4-9 ေပါင္
3. 10-15 ေပါင္
4. 15 ေပါင္ ႏွင့္ အထက္
အေျဖ-
ကိုယ္အေလးခ်ိန္ေပၚ မူတည္ၿပီး တစ္ပါတ္ကို ၁ေပါင္ ကေန ၃ေပါင္ အထိ ခ်တာ က်န္းမာေရး အတြက္ အသင့္ေတာ္ဆံုးပါ။
ဒီထက္ပိုၿပီး ျမန္ျမန္က်ေအာင္ ဆိုၿပီး
1. ေဆးဝါးအကူအညီ ေတြ ႏွင့္ ဝိတ္ခ်တာ
2. အဆီက် ေကာ္ဖီ ႏွင့္ ဝိတ္ခ်တာ
3. တစ္ေနကုန္ ဘာမွ မစားပဲ ေနတာ စသျဖင့္ နည္းလမ္းမ်ိဳးစံု သံုးလာၾကပါတယ္။
ေနာက္ဆက္တြဲ အေနနဲ႔ ဝမ္းသြားမ်ားတာ၊ ဆီးသြားမ်ားတာ ေတြျဖစ္ၿပီး အစမွာေတာ့ ဝိတ္က်သြားတယ္လို႔ ထင္ရေပမယ့္ တကယ္တမ္းက်ေတာ့ ဝိတ္တကယ္မက်ပါ။
တစ္ေနကုန္ ဘာမွ မစားပဲ ေနတာ၊ နည္းနည္းေလးပဲ စားတာေတြဟာ ဝိတ္ေတာ့ အျမန္က်တာ မွန္ေပမယ့္ အက်ိဳးဆက္ အေနနဲ႔ ေသြးတြင္း အဆီဓါတ္ေတြ ကေမာက္ကမ ျဖစ္ေစပါတယ္။ ဆိုလိုတာ က မေကာင္းတဲ့ ကိုလက္စထေရာ ပမာဏ ေတြ မ်ားလာၿပီး ေနာက္ဆက္တြဲ က်န္းမာေရး ျပႆနာ ေတြ အေနနဲ႔ ႏွလံုးေသြးေၾကာက်ဥ္း ေရာဂါ၊ အသည္းအဆီဖံုးေရာဂါ၊ ေသြးတိုး၊ ဆီးခ်ိဳ ေရာဂါေတြ ျဖစ္လာႏိုင္ပါတယ္။
ဒါေၾကာင့္ ဝိတ္ခ်တဲ့ ေနရာ မွာ အစားအေသာက္ကို သင့္ေတာ္ရံု ဆင္ျခင္ၿပီး ေလ့က်င့္ခန္း တစ္ခုခု ကစားၿပီး ေျဖးေျဖး နဲ႔ မွန္မွန္ ဝိတ္ခ်တာ က်န္းမာေရး အတြက္ အေကာင္းဆံုးပါ။
ေလးစားစြာျဖင့္
ေဒါက္တာ ညီညီေက်ာ္ @ Dr. Nutrition
Unicode
ကျန်းမာရေးနှင့် ညီညွတ်အောင် တစ်ပါတ်ကို ပေါင် ဘယ်လောက်ချမလဲ????
1. 1-3 ပေါင်
2. 4-9 ပေါင်
3. 10-15 ပေါင်
4. 15 ပေါင် နှင့် အထက်
အဖြေ-
ကိုယ်အလေးချိန်ပေါ် မူတည်ပြီး တစ်ပါတ်ကို ၁ပေါင် ကနေ ၃ပေါင် အထိ ချတာ ကျန်းမာရေး အတွက် အသင့်တော်ဆုံးပါ။
ဒီထက်ပိုပြီး မြန်မြန်ကျအောင် ဆိုပြီး
1. ဆေးဝါးအကူအညီ တွေ နှင့် ဝိတ်ချတာ
2. အဆီကျ ကော်ဖီ နှင့် ဝိတ်ချတာ
3. တစ်နေကုန် ဘာမှ မစားပဲ နေတာ စသဖြင့် နည်းလမ်းမျိုးစုံ သုံးလာကြပါတယ်။
နောက်ဆက်တွဲ အနေနဲ့ ဝမ်းသွားများတာ၊ ဆီးသွားများတာ တွေဖြစ်ပြီး အစမှာတော့ ဝိတ်ကျသွားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ ဝိတ်တကယ်မကျပါ။
တစ်နေကုန် ဘာမှ မစားပဲ နေတာ၊ နည်းနည်းလေးပဲ စားတာတွေဟာ ဝိတ်တော့ အမြန်ကျတာ မှန်ပေမယ့် အကျိုးဆက် အနေနဲ့ သွေးတွင်း အဆီဓါတ်တွေ ကမောက်ကမ ဖြစ်စေပါတယ်။ ဆိုလိုတာ က မကောင်းတဲ့ ကိုလက်စထရော ပမာဏ တွေ များလာပြီး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာ တွေ အနေနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ သွေးတိုး၊ ဆီးချို ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဝိတ်ချတဲ့ နေရာ မှာ အစားအသောက်ကို သင့်တော်ရုံ ဆင်ခြင်ပြီး လေ့ကျင့်ခန်း တစ်ခုခု ကစားပြီး ဖြေးဖြေး နဲ့ မှန်မှန် ဝိတ်ချတာ ကျန်းမာရေး အတွက် အကောင်းဆုံးပါ။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော် @ Dr. Nutrition