အေရျပားမွာ ဆီမ်ားရတဲ့ အေၾကာင္းရင္းမ်ားစြာ ရွိပါတယ္။ ၎တို႔မွာ မ်ိဳး႐ိုး၊ ေဟာ္မုန္း၊ ဖိစီးမႈနဲ႔ အလွျပင္ပစၥည္းတို႔ျဖစ္တယ္။ ဒီလိုျဖစ္တာဟာ ဆယ္ေက်ာ္သက္ေတြမွာ ပိုျဖစ္ေလ့ရွိတယ္။ ဒီအေျခအေနကေနၿပီး ဝက္ၿခံ၊ ဆားဝက္ၿခံနဲ႔ အျခားအစြန္းအထင္းေတြကို ျဖစ္ေပၚလာေစတယ္။ ဒါေပမယ့္ အခုထိ လြယ္လြယ္ေပ်ာက္ေအာင္ လုပ္လို႔မရေသးပါ။ စင္ကာပူႏိုင္ငံမွ အေရျပားကြၽမ္းက်င္သူသုံးဦးက ဆီမ်ားတာကို ေလ်ာ့သြားေစတဲ့ နည္းလမ္းေတြကို ေပးၾကတယ္။
႐ႊံ႕မ်က္ႏွာဖုံး
ေျမေစး ဒါမွမဟုတ္ ႐ႊံ႕မ်က္ႏွာဖုံးက ေျခာက္ေသြ႕တဲ့ အေရျပားကို အစိုဓာတ္ေပးၿပီး အေရျပားကို ျပည့္ၿဖိဳး၊ ခိုင္မာ၊ ႏူးညံ့ေပ်ာ့ေျပာင္းေစၿပီး ေရဓာတ္ဝင္ေစတယ္လို႔ Mount Elizabeth Medical Centre မွ ေဒါက္တာခ်ဴဟာဂြၽန္ဂ်င္က ရွင္းျပတယ္။ အက်ိဳးသက္ေရာက္မႈက ယာယီသာျဖစ္လို႔ ဆက္ခါ ဆက္ခါျပဳလုပ္ဖို႔ အႀကံျပဳၾကတယ္။
ေႏြးေႏြးေထြးေထြးထားပါ
ဆီကိုရွင္းပစ္ရန္ ေရေႏြးဟာ သန႔္စင္ေဆးမ်ားထက္ ပိုေကာင္းေအာင္ လုပ္ေပးႏိုင္တယ္ဟု အဆိုပါေဆး႐ုံမွ ပလပ္စတစ္နဲ႔ ျပင္လ်ာတင့္ေမာဆိုင္ရာ ခြဲစိတ္ဆရာဝန္ ေဒါက္တာအင္ဒ႐ူးကဆိုတယ္။ ဒါတင္မက ၎မွာ မ်က္ႏွာရွိ စိမ့္ေပါက္ဖြင့္ေပးျခင္းနဲ႔ လြယ္ကူေခ်ာေမာေစသည့္ သန႔္စင္ျခင္းအက်ိဳးဆက္ရွိတယ္။
သန႔္စင္ေဆးကို ေသေသခ်ာခ်ာ ေ႐ြးခ်ယ္ပါ
မ်က္ႏွာအတြက္ ဆပ္ျပာမပါတဲ့ သန႔္စင္ေဆး (Cleansers)မ်ားကို အႀကံျပဳေလ့ရွိတယ္ဟု Camden Medical Centre မွ ပလပ္စတစ္နဲ႔ အျမင္လွေအာင္ခြဲစိတ္ဆရာဝန္ ေဒါက္တာ အိုင္ဗိုလင္းကဆိုတယ္။ ၎တို႔ဟာ စုပုံလာတဲ့ အစအနေတြကို အေရျပားအား ဆြဲယူပစ္ျခင္းမရွိဘဲ သန႔္စင္ေပးတယ္လို႔ ၎ကဆိုတယ္။
ခ်ဳပ္ေဆးကို ေရွာင္ပါ
သန႔္စင္ၿပီးေနာက္ အသားအေရကို ၾကည္လင္ေခ်ာမြတ္ေစတဲ့ လိမ္းေဆး(တိုနာ) အျဖစ္သုံးတဲ့ေဆး (astringent) ဟာေကာင္းဖို႔ထက္ ပိုဆိုးႏိုင္တယ္။ ျပင္းတဲ့ astringent ရဲ႕အက်ိဳးဆက္ဟာ ျပင္းတဲ့ဆပ္ျပာရဲ႕ အက်ိဳးဆက္နဲ႔တူေၾကာင္း၊ ဓာတ္တိုးဆန႔္က်င္ပစၥည္းကဲ့သို႔ေသာ ဗီတာမင္စီနဲ႔အတူ တိုနာေတြကို သုံးဖို႔ “လင္း”က အႀကံျပဳတယ္။
အလွျပင္ပစၥည္းေတြကို ဂ႐ုတစိုက္ၿပီးေ႐ြးပါ
ရာႏႈန္းျပည့္ ဓာတ္မတည့္မႈနဲ႔ အေရျပားစမ္းသပ္မႈေတြ ရွိေပမယ့္ ကုန္အမွတ္တံဆိပ္တစ္ခုက လူတိုင္းအတြက္ မသင့္ေတာ္ေၾကာင္း ခ်ဴအာ ကဆိုတယ္။ ဆီအဓိကပါဝင္တဲ့ မိတ္ကပ္ဟာ ပိုေကာင္းၿပီး တာရွည္ခံေပမယ့္ ၎ဟာ ဝက္ၿခံကိုျဖစ္ေစတယ္။ ေရအဓိကပါဝင္တဲ့ ထုတ္ကုန္ေတြဟာ ေပါ့ပါးေပမယ့္ ခဏခဏလိမ္းဖို႔လိုအပ္တယ္လို႔ ၎ကဆိုတယ္။
ေပါင္ဒါကို မသုံးပါနဲ႔
ေပါင္ဒါဟာ အဆီကိုစုပ္ယူၿပီး မ်က္ႏွာေပၚမွာ ရွိေနေစတယ္လို႔ ခ်ဴဟာ က ရွင္းျပတယ္။ ၎ဟာ မထိေရာက္ဘဲ သက္ေတာင့္သက္သာမရွိၿပီး၊ အ႐ုပ္ဆိုးေစတယ္။ ဆီမ်ားတဲ့အေရျပားရွိသူေတြဟာ ေရရွည္မွာအက်ိဳးခံစားရတယ္လို႔ ခူး ကဆိုတယ္။ ဆီမ်ားတဲ့အေရျပားဟာ ပိုေကာင္းစြာ ရင့္က်က္လာၿပီး ေျခာက္ေသြ႕ ဒါမွမဟုတ္ သာမာန္အေရျပားထက္ အတြန႔္ေၾကာင္းေတြ ပိုနည္းတယ္လို႔ ၎ကဆိုတယ္။
Author: ႏွင္းေအးေဝ, Healthcare Journal, Vol 8,no 48 (15.12.17) Pg 8
Unicode
အရေပြားမှာ ဆီများရတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ၎င်းတို့မှာ မျိုးရိုး၊ ဟော်မုန်း၊ ဖိစီးမှုနဲ့ အလှပြင်ပစ္စည်းတို့ဖြစ်တယ်။ ဒီလိုဖြစ်တာဟာ ဆယ်ကျော်သက်တွေမှာ ပိုဖြစ်လေ့ရှိတယ်။ ဒီအခြေအနေကနေပြီး ဝက်ခြံ၊ ဆားဝက်ခြံနဲ့ အခြားအစွန်းအထင်းတွေကို ဖြစ်ပေါ်လာစေတယ်။ ဒါပေမယ့် အခုထိ လွယ်လွယ်ပျောက်အောင် လုပ်လို့မရသေးပါ။ စင်ကာပူနိုင်ငံမှ အရေပြားကျွမ်းကျင်သူသုံးဦးက ဆီများတာကို လျော့သွားစေတဲ့ နည်းလမ်းတွေကို ပေးကြတယ်။
ရွှံ့မျက်နှာဖုံး
မြေစေး ဒါမှမဟုတ် ရွှံ့မျက်နှာဖုံးက ခြောက်သွေ့တဲ့ အရေပြားကို အစိုဓာတ်ပေးပြီး အရေပြားကို ပြည့်ဖြိုး၊ ခိုင်မာ၊ နူးညံ့ပျော့ပြောင်းစေပြီး ရေဓာတ်ဝင်စေတယ်လို့ Mount Elizabeth Medical Centre မှ ဒေါက်တာချူဟာဂျွန်ဂျင်က ရှင်းပြတယ်။ အကျိုးသက်ရောက်မှုက ယာယီသာဖြစ်လို့ ဆက်ခါ ဆက်ခါပြုလုပ်ဖို့ အကြံပြုကြတယ်။
နွေးနွေးထွေးထွေးထားပါ
ဆီကိုရှင်းပစ်ရန် ရေနွေးဟာ သန့်စင်ဆေးများထက် ပိုကောင်းအောင် လုပ်ပေးနိုင်တယ်ဟု အဆိုပါဆေးရုံမှ ပလပ်စတစ်နဲ့ ပြင်လျာတင့်မောဆိုင်ရာ ခွဲစိတ်ဆရာဝန် ဒေါက်တာအင်ဒရူးကဆိုတယ်။ ဒါတင်မက ၎င်းမှာ မျက်နှာရှိ စိမ့်ပေါက်ဖွင့်ပေးခြင်းနဲ့ လွယ်ကူချောမောစေသည့် သန့်စင်ခြင်းအကျိုးဆက်ရှိတယ်။
သန့်စင်ဆေးကို သေသေချာချာ ရွေးချယ်ပါ
မျက်နှာအတွက် ဆပ်ပြာမပါတဲ့ သန့်စင်ဆေး (Cleansers)များကို အကြံပြုလေ့ရှိတယ်ဟု Camden Medical Centre မှ ပလပ်စတစ်နဲ့ အမြင်လှအောင်ခွဲစိတ်ဆရာဝန် ဒေါက်တာ အိုင်ဗိုလင်းကဆိုတယ်။ ၎င်းတို့ဟာ စုပုံလာတဲ့ အစအနတွေကို အရေပြားအား ဆွဲယူပစ်ခြင်းမရှိဘဲ သန့်စင်ပေးတယ်လို့ ၎င်းကဆိုတယ်။
ချုပ်ဆေးကို ရှောင်ပါ
သန့်စင်ပြီးနောက် အသားအရေကို ကြည်လင်ချောမွတ်စေတဲ့ လိမ်းဆေး(တိုနာ) အဖြစ်သုံးတဲ့ဆေး (astringent) ဟာကောင်းဖို့ထက် ပိုဆိုးနိုင်တယ်။ ပြင်းတဲ့ astringent ရဲ့အကျိုးဆက်ဟာ ပြင်းတဲ့ဆပ်ပြာရဲ့ အကျိုးဆက်နဲ့တူကြောင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကဲ့သို့သော ဗီတာမင်စီနဲ့အတူ တိုနာတွေကို သုံးဖို့ “လင်း”က အကြံပြုတယ်။
အလှပြင်ပစ္စည်းတွေကို ဂရုတစိုက်ပြီးရွေးပါ
ရာနှုန်းပြည့် ဓာတ်မတည့်မှုနဲ့ အရေပြားစမ်းသပ်မှုတွေ ရှိပေမယ့် ကုန်အမှတ်တံဆိပ်တစ်ခုက လူတိုင်းအတွက် မသင့်တော်ကြောင်း ချူအာ ကဆိုတယ်။ ဆီအဓိကပါဝင်တဲ့ မိတ်ကပ်ဟာ ပိုကောင်းပြီး တာရှည်ခံပေမယ့် ၎င်းဟာ ဝက်ခြံကိုဖြစ်စေတယ်။ ရေအဓိကပါဝင်တဲ့ ထုတ်ကုန်တွေဟာ ပေါ့ပါးပေမယ့် ခဏခဏလိမ်းဖို့လိုအပ်တယ်လို့ ၎င်းကဆိုတယ်။
ပေါင်ဒါကို မသုံးပါနဲ့
ပေါင်ဒါဟာ အဆီကိုစုပ်ယူပြီး မျက်နှာပေါ်မှာ ရှိနေစေတယ်လို့ ချူဟာ က ရှင်းပြတယ်။ ၎င်းဟာ မထိရောက်ဘဲ သက်တောင့်သက်သာမရှိပြီး၊ အရုပ်ဆိုးစေတယ်။ ဆီများတဲ့အရေပြားရှိသူတွေဟာ ရေရှည်မှာအကျိုးခံစားရတယ်လို့ ခူး ကဆိုတယ်။ ဆီများတဲ့အရေပြားဟာ ပိုကောင်းစွာ ရင့်ကျက်လာပြီး ခြောက်သွေ့ ဒါမှမဟုတ် သာမာန်အရေပြားထက် အတွန့်ကြောင်းတွေ ပိုနည်းတယ်လို့ ၎င်းကဆိုတယ်။
Author: နှင်းအေးဝေ, Healthcare Journal, Vol 8,no 48 (15.12.17) Pg 8