fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ အုန်းရည်သောက်လို့  ရသလား ?

578
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/03/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ အုန်းရည်သောက်လို့  ရသလား ?

အိမ်သာရှေ့တွင် ထိုင်နေသော မောင်မောင်ဝင်း ကို ဒေါ်လှရင် အံ့သြ စွာ မေးလိုက်သည်။

” မနက် စောစောစီးစီး မိုးတောင် မလင်းသေးဘူး။ ဘယ်သွားမလို့လဲ ”

” ဝမ်းတွေ သွားနေလို့ပေါ့ အမေရဲ့။ ဘယ်သူ က အလကားနေရင်း ထိုင်နေမှာလဲ။”

” မသိပါဘူးတော်။ အပြင်များသွားမလို့လားလို့။ ဘယ်နှစ်ခါရှိပြီလဲ”

” ၅ ကြိမ်ရှိပြီ ”

” ၅ ကြိမ်ဆိုရင် ဓာတ်ဆားရည်လေး သောက်ထားလိုက်။ ”

မောင်မောင်ဝင်းတစ်ယောက် ဓာတ်ဆားရည်ဆိုသည်နှင့် မျက်နှာ ရှုံမဲ့သွားတော့သည်။ ဓာတ်ဆားရည် အနံ့ကို ဘယ်လိုမှ ခံနိုင်ရည်ရှိသည်မဟုတ်။ ငယ်ငယ်ကတည်း က ဓာတ်ဆားရည် မသောက်။ ဒေါ်လှရင် ထမင်းအိုး မတည်သေးပဲ သားအတွက် ဓာတ်ဆားရည်ဖျော်ရန် အတွက် ရေနွေးတည်လိုက်သည်။ ရေနွေးဆူတော့ ရေကျက်အေး ဖြစ်အောင် စောင့်ပြီး ဓာတ်ဆား တစ်ထုပ် ဖျော်ထည့်လိုက်သည်။ မောင်မောင်ဝင်း အခန်းထဲ သွားပို့ထားလိုက်သည်။ မောင်မောင်ဝင်း တစ်ယောက် အိမ်ယာပေါ်တွင် မိန်းနေသည်။

“ဒီ တစ်ဗူးလုံး ကုန်အောင် သောက် ”

” ဟုတ်ကဲ့ ”

အိမ်သာ ထသွားလိုက်။ ပြန်လှဲလိုက်နှင့် ၁၀ ကြိမ်ကျော်လာပြီ။

” ညနေ ဆေးခန်းသွားမယ် မောင်မောင်ဝင်း ”

” ဟာ အမေကလည်း ဝမ်းသွားတာ ဆေးခန်းသွားစရာမလိုပါဘူး။ သူ့အလိုလို ပျောက်သွားမှာပေါ့။ ” ဆေးခန်းသွားလို့ ဆေးထိုးခံရမည်ကိုလည်း မောင်မောင်ဝင်းကြောက်ပါသည်။

” ဟဲ့ ၄ ၅ ခါဆိုရင်တော့ ဘာအရေးလဲ။ အခုဟာ က အ ကြိမ်များနေပြီ။ သွားရမှာပေါ့။ ”

” ကျွန်တော် ဓာတ်ဆားရည် သောက်နေတာပဲ အမေရယ်။ သွားစရာ မလိုသေးပါဘူး ”

မောင်မောင်ဝင်းတစ်ယောက် ဆေးခန်းပြရန် ငြင်းဆန်နေမိသည်။ မနက် ကဖျော် ပေးထားသော ဓာတ်ဆားရည်ဗူး က မကုန်သေး။

“ညကြီးမိုးချုပ် ကြမှ ဆေးခန်းပြေးနေရမယ်။ ” အမေက လှမ်းပြောနေသည်။

” ရပါတယ် အမေရဲ့။ ကျွန်တော် သက်သာပါတယ်။ ”

” နင် မနေ့က ဘာတွေ စားခဲ့လဲ။ ”

“မနေ့က သင်္ဘောသီးထောင်း စားမိတယ်။ တော်တော်လည်း စပ်တယ်။ စားတာတွေလည်း အများကြီးပဲ ”

ညဖက် ၃ ၄ ကြိမ် ထပ်သွားသေးသည်။ နောက်နေ့ တော့ မောင်မောင်ဝင်းတစ်ယောက် အဖျား တက်လာသည်။ ခြေတွေ လက်တွေ မသည် ချင်တော့။ ကြွက်သားတွေ အားလုံးလည်း နာကျင်နေသည်။ အားမရှိသလို ခံစားနေရသည်။ ခြေသလုံး ကြွက်သား၊ လက်မောင်း လက်ဖျံတို့မှ နာကျင်လာသည်။ ဒီနေ့တော့ ဆေးခန်းသွားမည်ဟု ဆုံးဖြတ်လိုက်သည်။ ဝမ်းတော့ သိပ်မသွားတော့။ ဒါပေမဲ့ အားနည်း နေသလို ခံစားနေရသည်။

“နင် ဓာတ်ဆားရည် လည်း မသောက်ဘူး။ ” ဒေါ်လှရင် သားဖြစ်သူကို အပြစ်တင်လိုက်သည်။

” သောက်ပါတယ် အမေ။ ”

” နင် ဝမ်းသွားတာက ၂ ရက်ရှိပြီ။ အကြိမ်ရည် လည်း တော်တော် များတယ်။ မျက်တွင်းတွေတောင် ချိင့်နေပြီ။ နင် ဓာတ်ဆားရည် ၂ ပုလင်းတောင် မကုန်သေးဘူး။ ”

ဒေါ်လှရင် တစ်ယောက် သားကို ပြောဆိုပြီး ဆိုက်ကား ထွက်ငှားသည်။

ဆေးခန်းရောက်သည်နှင့်

” ဝမ်းသွားတာ အကြိမ်များတာကို ဓာတ်ဆားရည် ပြန်မသောက်ဘူးလား ” ဆရာဝန်လေးက မေးသည်။

” သောက်ပါတယ် ဆရာရယ်”

“မနေ့က တစ်ပုလင်းကုန်တယ်။ ဒီနေ့ တစ်ပုလင်းတောင် မကုန်သေးဘူး ” အမေ က ဝင်ပြောသည်။

” ဒီနေ့ဝမ်းလည်း သိပ်မသွားတော့ပါဘူး ဆရာ။ လူက အရမ်းနှုန်းနေလို့ပါ။ အားနည်းနေသလို ခံစားနေရတယ်။ ခြေသလုံးကြွက်သားတွေ လက်မောင်းတွေ ကိုက်ခဲနေလို့ပါ။ ဘာဖြစ်မှန်းမသိလို့ လာပြတာပါ။ ” မောင်မောင်ဝင်း တစ်ယောက် ဆရာဝန်ကို ရှင်းပြလိုက်သည်။

” ဓာတ်ဆားရည် အသောက်နည်း လို့ပါ။ ဓာတ်ဆားရည် ထပ်သောက်ရမယ်” ဆရာဝန်လေးက ဓာတ်ဆားရည် ထပ်သောက်ခိုင်းနေသည်။ မောင်မောင်ဝင်းကလည်း ဓာတ်ဆားရည်ကို မသောက်ချင်ပါ။

” ဆရာရယ် ဝမ်းသွားတာရပ်သွားပြီလေ။ ဓာတ်ဆားရည် ထပ်မသောက်ချင်တော့လို့ပါ။ ကျွန်တော် ဓာတ်ဆားရည် သောက်ရတာ အန်ချင်သလိုလို ဖြစ်နေလို့ပါ။ အခုဟာ က လူ အရမ်းနှုန်းနေလို့ အားဆေး လေး သွင်းရအောင် လာတာပါ ”

“ဝမ်းသွား တာ အကြိမ် အရေ အတွက် များလာရင် ခန္ဓာကိုယ်မှာ ရေဓာတ် အပြင် တစ်ခြား ဓာတ်တွေပါ ဆုံးရှုံးတယ်။ ”

” ကျွန်တော် မနေ့က ဓာတ်ဆားရည် အပြင် ရေလည်းများများသောက်ပါတယ် ”

” ဝမ်းပျက် ဝမ်းလျှောရင် ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေကို ပြန်ဖြည့်ဆည်း ပေးဖို့လိုပါတယ်။ ဒီလို အခြေအနေမျိုးမှာ တစ်ခြား အရည်တွေ သောက်နေမဲ့အစား ဓာတ်ဆားရည်ကိုပဲ ဦးစားပေးသောက်သင့်ပါတယ်။ ဓာတ်ဆားရည်ထဲ မှာ ပိုတက်ဆီယမ်ဆိုတဲ့ ဓာတ် တစ်မျိုးပါတယ်။ ဝမ်းပျက်ဝမ်းလျောတဲ့ သူတွေမှာ ပိုတက်ဆီယမ်ဆိုတဲ့ဓာတ် နည်းပါးလာတတ်တယ်။ ပိုတက်ဆီယမ် နည်းပါးရင် ဘာဖြစ်မလဲ ဆိုတော့ အားနည်းသလိုဖြစ်လာမယ်။ ခြေတွေ လက်တွေ မသည်ချင်သလိုဖြစ်လာမယ်။ အရမ်းဆိုးရင် ကြွက်တက်တာတွေ ဖြစ်မယ်။ပျို့ချင် အန်ချင်တာတွေပါ ဖြစ်တတ်ပါတယ်။”

” ဟုတ်ကဲ့ပါ ဆရာ ”

” အခုလည်း ဝမ်းတွေ အများကြီးသွားထားတဲ့အတွက် ပိုတက်ဆီယမ် ဓာတ် နည်းသွားတာ ဖြစ်နိုင်ပါတယ်။ ဓာတ်ဆားရည် များများသာ ပြန်သောက်ရင် သက်သာသွားမှာပါ။ ”

” ကြားတယ်နော် ဆရာဝန်ပြောတာ။ အိမ်ရောက်ရင် ဓာတ်ဆားရည် များများ သောက် ” အမေက မောင်မောင်ဝင်းအား လှမ်းပြောသည်။

” ဟုတ်ကဲ့ပါ အမေရယ် ”

” ပိုတက်ဆီယမ်က ဓာတ်ဆားရည်ထဲမှာ အပြင် တစ်ခြား သောက်ဆေး အနေနဲ့ရော မရှိဘူးလား ”

“သောက်ဆေး အနေနဲ့ရှိပါတယ်။

ဒါပေမဲ့ ဝမ်းပျက် ဝမ်းလျောမှာ မပေးပါဘူး။ ဝမ်းပျက် ဝမ်းလျောရင် ခန္ဓာကိုယ်က ကုန်းဆုံးသွားတဲ့ ဓာတ်တွေ အားလုံးကို ဓာတ်ဆားထုပ်တွေ ထဲမှာ ထည့်ထားတာကြောင့် ဝမ်းပျက် ဝမ်းလျောရင် ဓာတ်ဆားရည် သောက်ရုံနဲ့ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားတွေ ကို ပြန်လည် ဖြည့်ဆည်း ပေးပြီးဖြစ်ပါတယ်။ ဓာတ်ဆားရည်သာ ဝမ်းပျက် ဝမ်းလျော အတွက် အသင့်တော် ဆုံးပါ ”

“ဟုတ်ကဲ့ပါ ဆရာ။ ကျွန်တော်က ဓာတ်ဆားရည်သာ မသောက်ဖြစ်ခဲ့တာ။ တစ်ခြား အရည်တွေ တော့ များများသောက်ဖြစ်ပါတယ်။ ”

” အဲဒါ သိပ်ကို မှားတဲ့ အယူအဆပါ ။ ဝမ်းပျက်ဝမ်းလျောရင် ဓာတ်ဆားရည်ကသာ အကောင်းဆုံးပါ။ တစ်ခြားအရည်တွေက ကုန်းဆုံးသွားတဲ့ ရေ ဓာတ်တစ်မျိုးတည်းကိုပဲ ဖြည့်ဆည်းပေးတာပါ။ ”

” ဟုတ်ကဲ့ပါ ဆရာ”

” ဓာတ်ဆားရည်ပဲ ပြန်သောက်ပါ ”

” ဟုတ်ကဲ့ပါဆရာ ”

” ဝမ်းမသွားတော့ဘူးဆိုရင် တော့အုန်းရည်သောက်လို့ရပါတယ်။ အုန်းရည်မှာလည်း ပိုတက်ဆီယမ်ဓာတ် အများကြီးပါတတ်ပါတယ်။ ဝမ်းရပ်သွားမှ သောက်ပါ။ ”

” ဟုတ်ကဲ့ပါဆရာ ” မောင်မောင်ဝင်း တစ်ယောက် အားတက်သွားသည်။ အုန်းရည်သောက်လို့ရသည်။

” ရန်ကုန်မှာ အုန်းရည်ဝယ်ရတာ ခက်ပါရဲ့” အမေ့ စကား ကြောင့် မောင်မောင်ဝင်းတစ်ယောက် စိတ်ဓာတ်ကျသွားသည်။

” အခုတော့ဓာတ်ဆားရည်ပဲ သေသေချာချာ ပြန်သောက်ပါ။ ခြေတွေ လက်တွေ ညောင်းတာ ကိုက်တာ ပြန်သက်သာ လာပါလိမ့်မယ်။ ”

” ဟုတ်ကဲ့ပါဆရာ”

ဆရာဝန်ပေးသော ဆေးထုပ်လေးကို ယူကာ သားအမိနှစ်ယောက် ပြန်လာခဲ့သည်။

” ကျွန်တော်တို့ဈေးထဲမှာ အုန်းသီးမရောင်းဘူလား အမေ ” အမေဖြစ်သူကို မေးလိုက်သည်။

” မရောင်းဘူး ”

” ရွှေတိဂုံဘုရားမှာတော့ အုန်းရည်ရတတ်တယ်နော် အမေ ” အမေ့ကို အတွန့်တက်မိသည်။ သွားဝယ်ပေးမလားလို့ အမေကို အကဲ စမ်းကြည့်လိုက်သည်။

” နင်နေကောင်းမှ ကိုယ့်ဘာသာ သွားဝယ်သောက် ” အမေ စကား တစ်ခွန်းကြောင့် မောင်မောင်ဝင်း တစ်ယောက် အသံတိတ်သွားသည်။

အိမ်သို့ သာ တိတ်တိတ် ဆိတ်ဆိတ်သာ ပြန်လာခဲ့သည်။ အမေ့ကို ဘာစကားမှ မပြောတော့။

အုန်းရည် သွားဝယ်သောက်ဖို့ သူ့တွင် အင်အားများ မရှိသေးပါ။ ဓာတ်ဆားရည်သောက်ကာ အားပြန်မွေးရဦးမည်။

Author : Dr. အေးချမ်းမိုး

Previous Post

PNH

Next Post

သုံးလခံ သန္ဓေတားဆေး ထိုးဆေးအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သုံးလခံ သန္ဓေတားဆေး ထိုးဆေးအကြောင်း

သောက် ----ခြောက်

ကျောက်ကပ်ပြဿနာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.