လေထိုးလေအောင့် ဝေဒနာကို ခံစားနေရတာ နှစ်လ သုံးလ လောက်ရှိပါပြီ။ အလုပ်မအားလို့ရယ် ဖြစ်လိုက် သက်သာလိုက်မို့ရယ်ဆိုတော့ ဆေးခန်းလည်းမပြဖြစ်ပါဘူး။ အရင်တပတ်လောက်ကစပြီး ရင်ပူတာပါ ထပ်ဖြစ်လာတယ်။ ရေများများသောက်ရင်တော့ ရင်ပူတာ ပျောက်မှာပဲဆိုပြီး ရေများများသောက်ပါတယ်။ ဒါပေမယ့်မသက်သာပါဘူး။ ပိုဆိုးတာက ညဘက်မှာရင်ပူလို့ အိပ်မရတာပါပဲ။
တနေကုန် အလုပ်ပင်ပန်းလို့ အားပါးတရအိပ်လိုက်မယ်လို့ အားခဲထားပေမယ့် ရင်ပူလို့အိပ်မရပါဘူး။ ဒီတော့ ညကြီးသန်းခေါင် သက်သာလိုသက်သာငြား အိပ်ရာကနေထပြီး ပေါင်မုန့်တို့ ကွတ်ကီးတို့စားရပါတယ်။ ရင်ပူတဲ့ဝေဒနာက မသက်သာတဲ့အပြင် ညအိပ်ရေးပျက်တာလည်း များလာတာကြောင့် ဆေးခန်းပြမှ ဖြစ်တော့မယ်ဆိုပြီး ကျွန်မနဲ့ အစ်မတဝမ်းကွဲတော်တဲ့ အစ်မ ကေ ခေါ် ဒေါက်တာကေသီရဲ့ ဆေးခန်းကို ရောက်ခဲ့ပါတယ်။
ဆေးခန်းရောက်တော့ အစ်မကေကို ရင်ပူလို့ အိပ်ရေးပျက်ရတဲ့အကြောင်းပြောပြပါတယ်။ အစ်မကေက စမ်းသပ်ကြည့်ပြီး အစာအိမ်ရောင်နေတာဖြစ်ဖို့များတယ်လို့ ပြောပါတယ်။ ထို့နောက် “စိုးစိုး အစားအသောက်ရော အချိန်မှန်စားရဲ့လား။ ဆီကြော်တွေ၊ အပူအစပ်၊ အချဉ်တွေကော အရင်ကလိုပဲ အများကြီးစားလား” လို့မေးပါတယ်။
ဒါနဲ့ ကျွန်မက “အလုပ်များတဲ့အခါ အချိန်မှန်မစားဖြစ်ဘူး အစ်မကေ တခါတလေထမင်းစားချိန်အရမ်းနောက်ကျသွားရင် အဆာလွန်ပြီး ဗိုက်ဆာရဲ့သားနဲ့ စားလို့မဝင်တော့ဘူး။ အပူအစပ်တော့ အရင်ကလောက်မစားပါဘူး။ လျှော့စားပါတယ်။”
“အပူအစပ် လျှော့စားတာတော့ ကောင်းတယ်။ ဒါပေမယ့် အချိန်မှန်အောင်စားဖို့လိုတယ်။ အစာကို အချိန်မှန်မှန် မစားရင် အစာအိမ်ထဲမှာ အက်စစ်အထွက်များပြီး အစာအိမ်ရောင်တာဖြစ်တတ်တယ် စိုးစိုးရဲ့”
“အက်စစ်က တခြားဘယ်လိုအချိန်တွေမှာ အထွက်များတတ်သေးလဲ အစ်မကေ။ ပြောပြပါအုံး” လို့ သိချင်ဇောနဲ့ ထပ်မေးမိပါတယ်။
“အစားအစာကို ဆင်ဆင်ခြင် မစားဘဲ တွေ့ရာစားတဲ့အခါ၊ စိတ်ပူပင်လွန်းတဲ့အခါ၊ စိတ်ဖိစီးစရာများတဲ့အခါတွေမှာ အက်စစ်အထွက်များတတ်ပါတယ်။ အဲ့လိုလိုတာထက်ပိုပြီး အစာအိမ်ထဲမှာ အက်စစ်တွေအထွက်များလာတဲ့အခါ အစာအိမ်နံရံကို အတွင်းထဲကနေ ဖုံးအုပ်ထားပေးတဲ့ အကျိအချွဲလွှာ ပါးလာပြီး အစာအိမ်ရောင်တာဖြစ်လာနိုင်တယ်။ အစာအိမ်ရောင်တဲ့အခါ ရင်ညွန့်နေရာမှာ ပူပူကြီးနဲ့ နေရခက်တာ၊ တင်းကျပ်နေတာ၊ နေရထိုင်ရတာမအီမသာဖြစ်တာ၊ အစာမကြေသလိုဖြစ်တာတွေ ခံစားရရော”
“သြော် ဒါနဲ့ ဒီလိုမဖြစ်ခင် ဗိုက်ကယ်ပြီး လေထိုးလေအောင့်လည်း ဖြစ်လိုက်ပျောက်လိုက်ဖြစ်သေးတယ်။ အဲ့ဒါရောဘာကြောင့်လည်း အစ်မကေ အမေးအမြန်းထူတယ်လို့ မထင်ပါနဲ့။ သိချင်လို့ပါ။”
“ရပါတယ် ညီမရယ်။ ဗိုက်ကယ်ပြီးလေထိုးလေအောင့်ဖြစ်တာက အစာအိမ်နဲ့အူလမ်းကြောင်းထဲမှာ လေတွေ မလိုအပ်ဘဲစုပုံလာလို့ပါ အစာစားတာများသွားတဲ့အခါ မကျေညက်လွယ်တဲ့အစာတွေစားမိတဲ့အခါ အစာစားရင်းနဲ့စကားပြောတဲ့အခါ အစာကိုအလျင်စလိုစားတဲ့အခါတွေမှာ လေတွေ ဗိုက်ထဲကို ဝင်လာပြီး အစာအိမ်နဲ့အူလမ်းကြောင်းထဲမှာ စုပုံလာပါတယ်။ နောက်အစာစားချိန်မမှန်ရင်လည်း ဗိုက်ထဲမှာလေခံပြီး ဗိုက်အောင့်တာမျိူးဖြစ်နိုင်တယ်။”
“ဟုတ်မယ်အစ်မကေ ညီမက အစာစားရင်း ဖုန်းပြောတာ၊ စကားပြောတာ အစာကိုအလျင်စလိုစားတာတွေရှိတယ်။ ညီမအခုဖြစ်နေတဲ့ ရင်ပူတာနဲ့ လေပွလို့လေထိုးလေအောင့်ဖြစ်တာအတွက် ဘာဆေးတွေသောက်မရလဲ။ အစ်မကေ ၂ မျိူးဖြစ်တာဆိုတော့ ဆေးကအများကြီးသောက်ရမှာလား ညီမက ဆေးအများကြီးဆို သောက်ရမှာကြောက်လို့ပါ။”
“အစာအိမ်ရောင်တာ၊ လေထိုးလေအောင့် လေပွတာတွေနဲ့ ပတ်သက်ပြီး ဆေးတွေကတော့အမျိူးမျိူးရှိတာပဲ။ တချို့ ဆေးတွေကကျ Aluminum Hydroxide နဲ့ Magnesium Hydroxide တခုခုပဲပါပြီး အစာအိမ်ထဲမှာအက်စစ်အထွက်နည်းအောင်ပဲ လုပ်ပေးနိုင်တယ်။ တချို့ဆေးတွေကကျ Semithicone တခုပဲပါလို့ လေပွပြီး လေထိုးလေအောင့်တာကိုပဲ သက်သာအောင် လုပ်ပေးနိုင်တယ်။ အဲ့လိုဆေးတွေထဲမှာမှ ဒီဆေးကတော့ ဆေးတလုံးထဲမှာ Aluminum Hydroxide, Magnesium Hydroxide နဲ့ Semithicone သုံးမျိူးလုံး ပါဝင်တဲ့အတွက်အက်စစ်အထွက်များပြီး ရင်ပူတာကော လေပွပြီး လေထိုးလေအောင့်ဖြစ်တာကော နှစ်မျိူးလုံးကို ဆေးတလုံးထဲနဲ့ သက်သာပျောက်ကင်းစေနိုင်တယ်။ ဆေးကိုမျိူမချပဲ ဝါးစားရတယ်” လို့ အစ်မကေ က ပြောလည်းပြော ဆေးထည့်ထားတဲ့ဗီရိုထဲက ဆေးလုံးလေးလုံးပါတဲ့ ပန်းရောင်လေးထောင့်ဆေးကဒ်လေးထုတ်ပေးပါတယ်။
“ဒီဆေးကိုကျ ကုန်သွားရင် ကိုယ့်ဘာသာကိုယ်ရော ဝယ်သောက်လို့ရလား။ အစ်မကေ တို့လို ဆရာဝန်တွေနဲ့ပြသပြီး ညွန်ကြားမှ သောက်ရမှာလား။”
“ဆရာဝန်နဲ့ပြသပြီး သောက်တော့ ကိုယ်ဘာဖြစ်လဲဆိုတာ စမ်းသပ်စစ်ဆေးလို့ရတဲ့အပြင် ကိုယ်ဖြစ်နေတဲ့အခြေအနေပေါ်မှုတည်ပြီး ဆေးကို ချင့်ချိန်ပေးနိုင်တော့ပိုကောင်းတာပေါ့။ ဒါပေမယ့် ကိုယ့်ဘာသာဝယ်သောက်မယ်ဆိုရင်လည်း အကြမ်းအားဖြင့် အစာအိမ်မှာ အက်စစ်အထွက်များလို့ရင်ပူတာ၊ လေချဉ်တက်တာ၊ လေထိုးလေအောင့်တာတွေအတွက် တနေ့ကို ဆေး ၁ လုံး ဒါမှမဟုတ် ဆေး ၂ လုံးကို အစာစားပြီး ဝါးစားလို့ရတယ်။ နောက်ပြီးတော့ အစာမကြေတာ ခဏခဏဖြစ်နေရင် အစာချေစနစ်အတွက် အရေးကြီးတဲ့ အူထဲက Probiotics လို့ခေါ်တဲ့ အကျိုးပြုပိုးကောင်လေးတွေပြန်မွေးပေးရတယ်။ ဒိန်ချဉ်တို့ ကင်မ်ချီတို့လို အစားအသောက်တွေမှာလည်း ပါတယ်။ ဆေးအနေနဲ့ထုတ်လုပ်ထားတာတွေလည်း ရှိတယ် စိုးစိုးရဲ့ ”
“ဟုတ် အစ်မ…ကျေးဇူးတင်လိုက်တာ..ဆေးလည်းရပြီ။ သိချင်တာတွေလည်းမေးပြီးပြီဆိုတော့ ပြန်လိုက်အုံးမယ်နော်အစ်မကေ”
“ဆေးချည်းပဲအားကိုးလို့မရဘူးနော် စိုးစိုး။ အစားသောက်အနေထိုင်လည်းဆင်ခြင်ဖို့လိုတယ်။ အပူအစပ်အချဉ်တွေလျှော့ပြီး အစာစားချိန်မှန်အောင် ဂရုစိုက်နော်စိုးစိုး” လို့ အစ်မကေ က အော် ကျန်ခဲ့ပါတယ်။
Dr 528