Zawgyi
ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ် ေနသူမ်ား ႏွင့္ ထိန္းခ်င္သူမ်ား အတြက္ အသုံးဝင္မည့္ နည္းလမ္းမ်ား။
ဝိတ္ခ်မယ္ ဆိုတာနဲ႔ လူအမ်ားသိထားၾကတာေတာ့ အစားေလွ်ာ့စားတာပါပဲ။ ဒါေပမယ့္ တကယ္တမ္း ေလွ်ာ့စားဆိုရင္ အရွိန္မသက္ႏိုင္ဘဲ စားစားမိသြားတတ္တာ လည္း ေတာ္ေတာ္ မ်ားမ်ားဆီ ကေန ျပန္ၾကားေနရပါတယ္။ တကယ္ေတာ့ ဒီလို ေလွ်ာ့စားဖို႔ဆိုတာ psychological approach (စိတ္ပိုင္းဆိုင္ရာ လွည့္စားမႈ႕) ေတြ အမ်ားႀကီးလိုပါတယ္။
ဘယ္လိုမ်ိဳးေတြလဲ ဆိုေတာ့
(A) မနက္စာ ေန႔လည္စာ ညစာ စားတဲ့ အခါ မွာ အနည္းဆုံး ၁၅-၃၀ မိနစ္ၾကာေအာင္ စားေပးပါ။ ဒါမွ ဦးေႏွာက္က စားတဲ့ အခ်ိန္ၾကာၾကာ ေလ ဗိုက္သြားၿပီဆိုတဲ့ ခံစားခ်က္ ျဖစ္ေလ ျဖစ္တဲ့ အတြက္ စားစရာ မကုန္ေသးခင္မွာပဲ စားခ်င္စိတ္ အလိုလို ေပ်ာက္သြားတတ္ပါတယ္။ ကုန္သြားခဲ့ရင္ေတာင္ ေတာ္႐ုံတန္႐ုံ ထပ္မယူျဖစ္ေတာ့ပါဘူး။
(B) ဇြန္း ခရင္း နဲ႔ စားတတ္တဲ့ အက်င့္ လုပ္ပါ။ ဇြန္း၊ခရင္း နဲ႔ စားတတ္တဲ့ အက်င့္က လည္း ဝိတ္ခ်တဲ့ ေနရာ မွာ အလြန္ အသုံးဝင္ပါတယ္။ စားတဲ့ တလုပ္စာ က လည္း ပုံမွန္စားေနက် တလုပ္စာ ပဲ ထည့္စား တတ္ဖို႔ လိုပါတယ္။ တလုပ္ စားၿပီးတိုင္း ဇြန္းခရင္း ကို တစ္ခါခ်ၿပီး ေသခ်ာေက်ညက္ေအာင္ ဝါးစားေပးတာလဲ ဝိတ္ခ်တဲ့ ေနရာမွာ အက်ိဳးရွိတဲ့ နည္းလမ္းေကာင္းတစ္ခုပါ။
(C) ထမင္း မစားခင္ ပာင္းခ်ိဳ တစ္ခြက္ အရင္ေသာက္ေပးတဲ့ နည္းလမ္း ကလည္း စားရမယ့္ အစာ ပမာဏ ကို သုံးပုံ တစ္ပုံေလာက္ အထိ ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ပာင္းခ်ိဳေသာက္ၿပီးရင္ အ႐ြက္ေၾကာ္တစ္ခုခု ကို ႏွစ္ဇြန္း သုံးဇြန္း အရင္စားပါ။ ၿပီးရင္ အသားစစားၿပီး ေနာက္ဆုံးမွာ ထမင္း ကို စစားပါ။ ဒါဆိုရင္ ကယ္လိုရီ အမ်ားဆုံး ျဖစ္တဲ့ ထမင္း ကို စားတာ လည္း အလိုအေလ်ာက္ နည္းသြားပါတယ္။
(D) အသားစားေတာ့ မယ္ ဆိုရင္ လတ္လတ္ဆက္ဆက္ မဟုတ္ပဲ ျပဳျပင္ထားတဲ့ အသားေခ်ာင္း ၾကက္အူေခ်ာင္း ဝက္အူေခ်ာင္း အသားလုံး စတာေတြ ကေတာ့ ေရွာင္သင့္ပါတယ္။ ထို အသားေခ်ာင္း အသားလုံးေတြ မွာ တိရိစာၦန္ က ရတဲ့ အဆီ ပါဝင္မႈ႕ မ်ားတဲ့ အျပင္ ဆား ပါဝင္မႈ႕ မ်ားတဲ့ အတြက္ က်န္းမာေရးအတြက္ မသင့္ေတာ္ပါ။ ကယ္လိုရီ ပါဝင္မႈ႕မ်ားလို႔ ဝိတ္တက္ ေစတဲ့အျပင္ ဆားပါဝင္မႈ႕ မ်ားတဲ့ အတြက္ ေသြးတိုးႏွင့္ အျခား ဆက္စပ္ေရာဂါေတြပါ ျဖစ္လာႏိုင္ပါတယ္။
ဒါေၾကာင့္ အသားစား မယ္ဆိုရင္ လတ္လတ္ဆက္ဆက္ အသားငါး ကို ေ႐ြးစားဖို႔လိုတဲ့ အျပင္ အသား စားရင္လည္း ဆီပါဝင္မႈ႕ နည္းေအာင္ အေရခြံ ကလီစာ သုံးထပ္သား အေခါက္ စတာေတြ ကို လုံးဝေရွာင္ဖို႔လိုပါတယ္။ ဥပမာ – ဝက္သား စားမယ္ ဆိုရင္ အသားခ်ည္း စားၿပီး အဆီတုံးေတြ ဖယ္ပစ္လိုက္တာမ်ိဳး။ ၾကက္သားစားရင္ အေရခြံ ဖယ္စားတာမ်ိဳး၊ ၾကက္ဆီဗူးစားတာ မ်ိဳးေရွာင္သင့္ပါတယ္။ အထူးသျဖင့္ ေသြးတြင္း ကိုလက္စထေရာ မ်ားသူေတြ ဆိုရင္ေတာ့ ကိုလက္စထေရာ ပါဝင္မႈ႕မ်ားတဲ့ ဆိတ္သား၊ ဝမ္းတြင္း ကလီစာ၊ ၾကက္အသည္း၊ အမဲ အသည္း၊ ဝက္အသည္း၊ ဝက္ဦးေႏွာက္၊ ဆိတ္ဦးေႏွာက္၊ ပုဇြန္ေခါင္း၊ ပုဇြန္ဆီ၊ အျခားေသာ seafood ေတြကို ေရွာင္ၾကဥ္သင့္ပါတယ္။ ကယ္လိုရီ အျပင္ ကိုလက္စထေရာ ပါမ်ားတဲ့ အတြက္ ေသြးတိုး ႏွလုံးဆီးခ်ိဳ စတဲ့ ေရာဂါ ေတြ ျဖစ္ပြားေစပါတယ္။
ေလးစားစြာျဖင့္
ေဒါက္တာ ညီညီေက်ာ္
Unicode
ကိုယ်အလေးချိန် လျှော့ချ နေသူများ နှင့် ထိန်းချင်သူများ အတွက် အသုံးဝင်မည့် နည်းလမ်းများ
ဝိတ်ချမယ် ဆိုတာနဲ့ လူအများသိထားကြတာတော့ အစားလျှော့စားတာပါပဲ။ ဒါပေမယ့် တကယ်တမ်း လျှော့စားဆိုရင် အရှိန်မသက်နိုင်ဘဲ စားစားမိသွားတတ်တာ လည်း တော်တော် များများဆီ ကနေ ပြန်ကြားနေရပါတယ်။ တကယ်တော့ ဒီလို လျှော့စားဖို့ဆိုတာ psychological approach (စိတ်ပိုင်းဆိုင်ရာ လှည့်စားမှု့) တွေ အများကြီးလိုပါတယ်။
ဘယ်လိုမျိုးတွေလဲ ဆိုတော့
(A) မနက်စာ နေ့လည်စာ ညစာ စားတဲ့ အခါ မှာ အနည်းဆုံး ၁၅-၃၀ မိနစ်ကြာအောင် စားပေးပါ။ ဒါမှ ဦးနှောက်က စားတဲ့ အချိန်ကြာကြာ လေ ဗိုက်သွားပြီဆိုတဲ့ ခံစားချက် ဖြစ်လေ ဖြစ်တဲ့ အတွက် စားစရာ မကုန်သေးခင်မှာပဲ စားချင်စိတ် အလိုလို ပျောက်သွားတတ်ပါတယ်။ ကုန်သွားခဲ့ရင်တောင် တော်ရုံတန်ရုံ ထပ်မယူဖြစ်တော့ပါဘူး။
(B) ဇွန်း ခရင်း နဲ့ စားတတ်တဲ့ အကျင့် လုပ်ပါ။ ဇွန်း၊ခရင်း နဲ့ စားတတ်တဲ့ အကျင့်က လည်း ဝိတ်ချတဲ့ နေရာ မှာ အလွန် အသုံးဝင်ပါတယ်။ စားတဲ့ တလုပ်စာ က လည်း ပုံမှန်စားနေကျ တလုပ်စာ ပဲ ထည့်စား တတ်ဖို့ လိုပါတယ်။ တလုပ် စားပြီးတိုင်း ဇွန်းခရင်း ကို တစ်ခါချပြီး သေချာကျေညက်အောင် ဝါးစားပေးတာလဲ ဝိတ်ချတဲ့ နေရာမှာ အကျိုးရှိတဲ့ နည်းလမ်းကောင်းတစ်ခုပါ။
(C) ထမင်း မစားခင် ပာင်းချို တစ်ခွက် အရင်သောက်ပေးတဲ့ နည်းလမ်း ကလည်း စားရမယ့် အစာ ပမာဏ ကို သုံးပုံ တစ်ပုံလောက် အထိ လျှော့ချပေးနိုင်ပါတယ်။ ပာင်းချိုသောက်ပြီးရင် အရွက်ကြော်တစ်ခုခု ကို နှစ်ဇွန်း သုံးဇွန်း အရင်စားပါ။ ပြီးရင် အသားစစားပြီး နောက်ဆုံးမှာ ထမင်း ကို စစားပါ။ ဒါဆိုရင် ကယ်လိုရီ အများဆုံး ဖြစ်တဲ့ ထမင်း ကို စားတာ လည်း အလိုအလျောက် နည်းသွားပါတယ်။
(D) အသားစားတော့ မယ် ဆိုရင် လတ်လတ်ဆက်ဆက် မဟုတ်ပဲ ပြုပြင်ထားတဲ့ အသားချောင်း ကြက်အူချောင်း ဝက်အူချောင်း အသားလုံး စတာတွေ ကတော့ ရှောင်သင့်ပါတယ်။ ထို အသားချောင်း အသားလုံးတွေ မှာ တိရိစ္ဆာန် က ရတဲ့ အဆီ ပါဝင်မှု့ များတဲ့ အပြင် ဆား ပါဝင်မှု့ များတဲ့ အတွက် ကျန်းမာရေးအတွက် မသင့်တော်ပါ။ ကယ်လိုရီ ပါဝင်မှု့များလို့ ဝိတ်တက် စေတဲ့အပြင် ဆားပါဝင်မှု့ များတဲ့ အတွက် သွေးတိုးနှင့် အခြား ဆက်စပ်ရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် အသားစား မယ်ဆိုရင် လတ်လတ်ဆက်ဆက် အသားငါး ကို ရွေးစားဖို့လိုတဲ့ အပြင် အသား စားရင်လည်း ဆီပါဝင်မှု့ နည်းအောင် အရေခွံ ကလီစာ သုံးထပ်သား အခေါက် စတာတွေ ကို လုံးဝရှောင်ဖို့လိုပါတယ်။ ဥပမာ – ဝက်သား စားမယ် ဆိုရင် အသားချည်း စားပြီး အဆီတုံးတွေ ဖယ်ပစ်လိုက်တာမျိုး။ ကြက်သားစားရင် အရေခွံ ဖယ်စားတာမျိုး၊ ကြက်ဆီဗူးစားတာ မျိုးရှောင်သင့်ပါတယ်။ အထူးသဖြင့် သွေးတွင်း ကိုလက်စထရော များသူတွေ ဆိုရင်တော့ ကိုလက်စထရော ပါဝင်မှု့များတဲ့ ဆိတ်သား၊ ဝမ်းတွင်း ကလီစာ၊ ကြက်အသည်း၊ အမဲ အသည်း၊ ဝက်အသည်း၊ ဝက်ဦးနှောက်၊ ဆိတ်ဦးနှောက်၊ ပုဇွန်ခေါင်း၊ ပုဇွန်ဆီ၊ အခြားသော seafood တွေကို ရှောင်ကြဉ်သင့်ပါတယ်။ ကယ်လိုရီ အပြင် ကိုလက်စထရော ပါများတဲ့ အတွက် သွေးတိုး နှလုံးဆီးချို စတဲ့ ရောဂါ တွေ ဖြစ်ပွားစေပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်