fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ကျန်းမာရေးနဲ့ ကိုက်ညီအောင်  ဘာဖိနပ်စီးရမလဲ

221
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/04/2018
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

က်န္းမာေရးနဲ႔ ကိုုက္ညီေအာင္  ဘာဖိနပ္စီးရမလဲ

လူကိုယ္ခႏၶာ အစိတ္အပိုင္းတစ္ခု ျဖစ္တဲ့ ေျခေထာက္ေတြ ေျခဖဝါးေတြ လွပ က်န္းမာေစဖို႔အတြက္ ဖိနပ္ေ႐ြးခ်ယ္မႈက အလြန္အေရးႀကီးပါတယ္။ အမ်ိဳးသမီးထုသာမကဘဲ အမ်ိဳးသားထုအတြက္လည္း အေရးပါပါတယ္။ ဖိနပ္တစ္ခုကို ေ႐ြးခ်ယ္ေတာ့မယ္ဆို အမ်ားစုေ႐ြးခ်ယ္ၾကတာက ဖိနပ္ရဲ႕ အ႐ြယ္အစားပါပဲ အ႐ြယ္ေတာ္မွလည္း ျဖစ္မွာကိုး။

ကိုယ့္ေျခေထာက္ထက္ ေသးတာကို မွားဝယ္မိခဲ့ရင္ ၾကာၾကာမစီးႏိုင္ပါဘူး။ တစ္ခါတည္း စီး႐ုံနဲ႔ေတာင္ ဖိနပ္သဲႀကိဳးေတြက်ပ္တာနဲ႔ ေျခေထာက္မဝင္တာ အတင္းစြပ္မိတာနဲ႔ ဖိနပ္ေပါက္တာတို႔ အနာျဖစ္တာတို႔ ျဖစ္လာတတ္ပါတယ္။ ရွဴးဖိနပ္ေတြ အရမ္းက်ပ္လာတယ္ဆိုရင္ ေျခသည္းထိပ္ေတြပါနာတာ ေျခစြယ္ငုပ္တာေတြ အသားမာတက္တာေတြ ပိုျဖစ္ႏိုင္ပါတယ္။
ကိုယ့္ေျခေထာက္ထက္ ပိုႀကီးတဲ့ဖိနပ္ကို မွားဝယ္မိရင္ေတာ့ ဖိနပ္ေခ်ာင္ေနတာကို မကြၽတ္ထြက္ဖို႔ အတင္းကုပ္ကတ္ ဆြဲထားရတတ္ပါတယ္။ လမ္းေလွ်ာက္တဲ့အခါလည္း ေျခေခါက္လဲတာေတြ ျဖစ္ႏိုင္ပါတယ္။

ဒါေၾကာင့္လည္း ဖိနပ္ေ႐ြးဝယ္ေတာ့မယ္ဆိုရင္ ကိုယ့္ေျခေထာက္ အ႐ြယ္အစားအလိုက္ဝယ္ဖို႔ အေရးႀကီးတာပါ။ အ႐ြယ္တစ္ခုတည္းအေရးႀကီးတာေတာ့ မဟုတ္ပါဘူး။ ဖိနပ္တစ္ရံဝယ္တဲ့အခါ ဘယ္ေနရာအတြက္စီးမွာလဲ ဆိုတာကိုပါ ထည့္စဥ္းစားရပါလိမ့္မယ္။ Casual wear လိုမ်ိဳး ထသြားထလာ ဝတ္ဖို႔အတြက္ဆိုရင္ ဖိနပ္က ေပါ့ေပါ့ပါးပါးရွိရပါမယ္။ ဝတ္လြယ္ခြၽတ္လြယ္ ျဖစ္ေနရပါမယ္။ ဘယ္ေလာက္ၾကာၾကာစီးစီး ေျခဖဝါးကို သက္ေတာင့္သက္သာ ျဖစ္ေနေစရပါမယ္။ အတြင္းသားေတြ မာေနရင္ အဆင္မေျပႏိုင္ပါဘူး။

တစ္ခ်ိဳ႕ေသာအလုပ္ေတြမွာ မျဖစ္မေန walking shoe ေတြ lady shoe ေတြဝတ္ရပါတယ္။ ဒီအခါမွာလည္း shoe ဖိနပ္ေတြေၾကာင့္ေျခေထာက္နဲ႔ ေျခဖဝါး မထိခိုက္မိေစဖို႔ ေ႐ြးဝယ္ပါ။လမ္းမ်ားမ်ားေလွ်ာက္တဲ့အခါ အဆင္ေျပဖို႔အတြက္ပါ ထည့္စဥ္းစားၿပီး ဝယ္ပါ။ ထိပ္ပိတ္ေနာက္ပိတ္ေတြ အထဲသားေတြ ေျခေထာက္နဲ႔ အံဝင္ခြင္က်ျဖစ္ေနဖို႔ လိုအပ္ပါတယ္။ style အျပည့္နဲ႔ ေဒါက္ျမင့္စီးခ်င္တဲ့သူေတြလည္း ကိုယ္ဘယ္ေလာက္အျမင့္စီးမွာလဲ ဘယ္ေလာက္အျမင့္စီးႏိုင္လဲ ဘယ္ေလာက္ၾကာၾကာစီးဖို႔လိုမယ့္ပြဲလဲ ဒါေတြပါထည့္တြက္ၿပီးမွ ဝယ္ပါ။ ဘယ္ေလာက္ျမင့္ျမင့္ ငါစီးႏိုင္ပါတယ္ ဆိုၿပီးမဝယ္ပါနဲ႔။

စီးရမယ့္ေျခေထာက္ေလးကို ညႇာတာၿပီးစဥ္းစားပါ။ ကိုယ္စီးေနက်အျမင့္ထက္ အမ်ားဆုံး တစ္လက္မပိုတာကိုပဲ တစ္ဆင့္တိုးစီးၾကည့္ပါ။ ေဒါက္ကျမင့္ေလ ေျခေထာက္ပိုေခါက္ရေလပါ။ ေျခဖမိုးမွာရွိတဲ့ အ႐ိုးအဆစ္ေလးေတြ ဒဏ္ျဖစ္ေစပါတယ္။ ၾကာၾကာစီးဖို႔လိုတယ္ လမ္းမ်ားမ်ားေလွ်ာက္ရမယ္ မတ္တပ္အၾကာႀကီးရပ္ေနရမယ္ဆို သိပ္မျမင့္တဲ့ ေဒါက္ျမင့္ဖိနပ္ကိုေ႐ြးပါ။

ေနာက္ထပ္တစ္ခုကေတာ့ ရာသီဥတုနဲ႔ကိုက္ညီတဲ့ ဖိနပ္ျဖစ္ဖို႔လည္းလိုပါတယ္။ အထူးသျဖင့္က မိုးတြင္းပါ မိုးတြင္းေရာက္လာရင္ မိုးတြင္းစီးဖိနပ္ဆိုၿပီး ေရာင္းတတ္ၾကတာ ေတြ႕ၾကရတတ္တယ္။ ဘာေၾကာင့္လဲဆိုရင္ မိုးတြင္းဆိုရင္ မိုးစိုလြယ္တဲ့အတြက္ေၾကာင့္ ဖိနပ္မိုးစိုသြားလည္း ျမန္ျမန္ျပန္ေျခာက္ႏိုင္တဲ့ ဖိနပ္ေတြျဖစ္ေနလို႔ပါ။ မိုးတြင္းလိုအခ်ိန္မ်ိဳးမွာ ကတီပါဖိနပ္စီးမိလို႔ကေတာ့ မိုးစိုထားတဲ့အရွိန္ေၾကာင့္ ဖိနပ္လည္း တစ္စိုစို ဒီၾကားထဲ မိုးေရေတြေျခဆီေတြေရာၿပီး ေျခေထာက္ကလည္းတစ္ျဖည္းျဖည္း နံလာႏိုင္တာေၾကာင့္ လူၾကားသူၾကားထဲ ဘယ္လိုမွအဆင္မေျပႏိုင္ပါဘူး။ ေျခေထာက္လည္းေရအၾကာႀကီးစိုမေနတာေၾကာင့္ အေအးမိတာေတြလည္း ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

မိုးတြင္းစီးဖိနပ္ေတြကို အိမ္ေတြမွာ ေရခ်ိဳးခန္းသုံးဖိနပ္ေတြ အေနနဲ႔လည္း သုံးလို႔ရပါတယ္။ ေရခ်ိဳးတာ အဝတ္ေလ်ာ္တာ အပင္ေရေလာင္းတာေတြမွာလည္း လိုအပ္သလို သုံးႏိုင္ပါတယ္။ ေနာက္တစ္ခုကေတာ့ အိမ္တြင္းစီးဖိနပ္ေတြပါပဲ။ အရင္ကေတာ့ သိပ္ၿပီးမတြင္က်ယ္ေပမယ့္ အခုေခတ္မွာ အိမ္တြင္းစီးတဲ့ ဖိနပ္ေတြ အသုံးမ်ားလာၾကပါတယ္။ ေႂကြျပားခင္းထားလို႔ျဖစ္ေစ သစ္သားၾကမ္းခင္းမာတာေၾကာင့္ျဖစ္ေစ တစ္ခ်ိဳ႕ ေျခဖဝါးနာတတ္တဲ့ သူေတြျဖစ္ေစ အိမ္ထဲေနရင္းလည္း ဖိနပ္စီးထားၾကရတယ္။ အေမႊးပြဖိနပ္ေတြလည္းစီးႏိုင္သလို ႐ိုး႐ိုးဖိနပ္ေတြဂ်ပန္ဖိနပ္ေတြလည္းစီးႏိုင္ပါတယ္။ ဒီလိုစီးျခင္းဟာ ေျခဖဝါးေတြကိုသက္သာေစပါတယ္ အေအးဒဏ္ကာကြယ္ေပးပါတယ္။

ဖိနပ္က လူတိုင္းအတြက္အေရးပါပါတယ္။ ကိုယ့္ေျခေထာက္ ႏွစ္ေခ်ာင္းလုံးအတြက္ အေရးပါပါတယ္။ တစ္ခ်ိဳ႕သူေတြမွာ ေျခေထာက္ႏွစ္ေခ်ာင္းက တစ္ခါတစ္ေလမွာ အ႐ြယ္နည္းနည္းကြာေနတတ္ပါတယ္။ ဒါေၾကာင့္ ဖိနပ္ဝယ္လို႔ စမ္းဝတ္ၾကည့္တဲ့အခါ ေျခေထာက္ႏွစ္ဖက္လုံးကို ေသခ်ာဝတ္ၾကည့္ပါ။ လမ္းေလွ်ာက္ၾကည့္ပါ။ ေျခအေကြးအဆန႔္လုပ္ၾကည့္ပါ။ ႏွစ္ဖက္လုံးမွာ သက္ေတာင့္သက္သာျဖစ္ေနဖို႔ လိုအပ္ပါတယ္။ ဒါမွလည္း တကယ္စီးတဲ့အခါ ေျခေထာက္ႏွစ္ဖက္လုံးအတြက္ အဆင္ေျပမွာပါ။ ေျခေထာက္ေတြလည္း အခက္အခဲမရွိ လႈပ္ရွားသြားလာႏိုင္မွာပါ။

Author : Dr. CST

ကျန်းမာရေးနဲ့ ကိုက်ညီအောင်  ဘာဖိနပ်စီးရမလဲ

လူကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ ခြေထောက်တွေ ခြေဖဝါးတွေ လှပ ကျန်းမာစေဖို့အတွက် ဖိနပ်ရွေးချယ်မှုက အလွန်အရေးကြီးပါတယ်။ အမျိုးသမီးထုသာမကဘဲ အမျိုးသားထုအတွက်လည်း အရေးပါပါတယ်။ ဖိနပ်တစ်ခုကို ရွေးချယ်တော့မယ်ဆို အများစုရွေးချယ်ကြတာက ဖိနပ်ရဲ့ အရွယ်အစားပါပဲ အရွယ်တော်မှလည်း ဖြစ်မှာကိုး။

ကိုယ့်ခြေထောက်ထက် သေးတာကို မှားဝယ်မိခဲ့ရင် ကြာကြာမစီးနိုင်ပါဘူး။ တစ်ခါတည်း စီးရုံနဲ့တောင် ဖိနပ်သဲကြိုးတွေကျပ်တာနဲ့ ခြေထောက်မဝင်တာ အတင်းစွပ်မိတာနဲ့ ဖိနပ်ပေါက်တာတို့ အနာဖြစ်တာတို့ ဖြစ်လာတတ်ပါတယ်။ ရှူးဖိနပ်တွေ အရမ်းကျပ်လာတယ်ဆိုရင် ခြေသည်းထိပ်တွေပါနာတာ ခြေစွယ်ငုပ်တာတွေ အသားမာတက်တာတွေ ပိုဖြစ်နိုင်ပါတယ်။
ကိုယ့်ခြေထောက်ထက် ပိုကြီးတဲ့ဖိနပ်ကို မှားဝယ်မိရင်တော့ ဖိနပ်ချောင်နေတာကို မကျွတ်ထွက်ဖို့ အတင်းကုပ်ကတ် ဆွဲထားရတတ်ပါတယ်။ လမ်းလျှောက်တဲ့အခါလည်း ခြေခေါက်လဲတာတွေ ဖြစ်နိုင်ပါတယ်။

ဒါကြောင့်လည်း ဖိနပ်ရွေးဝယ်တော့မယ်ဆိုရင် ကိုယ့်ခြေထောက် အရွယ်အစားအလိုက်ဝယ်ဖို့ အရေးကြီးတာပါ။ အရွယ်တစ်ခုတည်းအရေးကြီးတာတော့ မဟုတ်ပါဘူး။ ဖိနပ်တစ်ရံဝယ်တဲ့အခါ ဘယ်နေရာအတွက်စီးမှာလဲ ဆိုတာကိုပါ ထည့်စဉ်းစားရပါလိမ့်မယ်။ Casual wear လိုမျိုး ထသွားထလာ ဝတ်ဖို့အတွက်ဆိုရင် ဖိနပ်က ပေါ့ပေါ့ပါးပါးရှိရပါမယ်။ ဝတ်လွယ်ချွတ်လွယ် ဖြစ်နေရပါမယ်။ ဘယ်လောက်ကြာကြာစီးစီး ခြေဖဝါးကို သက်တောင့်သက်သာ ဖြစ်နေစေရပါမယ်။ အတွင်းသားတွေ မာနေရင် အဆင်မပြေနိုင်ပါဘူး။

တစ်ချို့သောအလုပ်တွေမှာ မဖြစ်မနေ walking shoe တွေ lady shoe တွေဝတ်ရပါတယ်။ ဒီအခါမှာလည်း shoe ဖိနပ်တွေကြောင့်ခြေထောက်နဲ့ ခြေဖဝါး မထိခိုက်မိစေဖို့ ရွေးဝယ်ပါ။လမ်းများများလျှောက်တဲ့အခါ အဆင်ပြေဖို့အတွက်ပါ ထည့်စဉ်းစားပြီး ဝယ်ပါ။ ထိပ်ပိတ်နောက်ပိတ်တွေ အထဲသားတွေ ခြေထောက်နဲ့ အံဝင်ခွင်ကျဖြစ်နေဖို့ လိုအပ်ပါတယ်။ style အပြည့်နဲ့ ဒေါက်မြင့်စီးချင်တဲ့သူတွေလည်း ကိုယ်ဘယ်လောက်အမြင့်စီးမှာလဲ ဘယ်လောက်အမြင့်စီးနိုင်လဲ ဘယ်လောက်ကြာကြာစီးဖို့လိုမယ့်ပွဲလဲ ဒါတွေပါထည့်တွက်ပြီးမှ ဝယ်ပါ။ ဘယ်လောက်မြင့်မြင့် ငါစီးနိုင်ပါတယ် ဆိုပြီးမဝယ်ပါနဲ့။

စီးရမယ့်ခြေထောက်လေးကို ညှာတာပြီးစဉ်းစားပါ။ ကိုယ်စီးနေကျအမြင့်ထက် အများဆုံး တစ်လက်မပိုတာကိုပဲ တစ်ဆင့်တိုးစီးကြည့်ပါ။ ဒေါက်ကမြင့်လေ ခြေထောက်ပိုခေါက်ရလေပါ။ ခြေဖမိုးမှာရှိတဲ့ အရိုးအဆစ်လေးတွေ ဒဏ်ဖြစ်စေပါတယ်။ ကြာကြာစီးဖို့လိုတယ် လမ်းများများလျှောက်ရမယ် မတ်တပ်အကြာကြီးရပ်နေရမယ်ဆို သိပ်မမြင့်တဲ့ ဒေါက်မြင့်ဖိနပ်ကိုရွေးပါ။

နောက်ထပ်တစ်ခုကတော့ ရာသီဥတုနဲ့ကိုက်ညီတဲ့ ဖိနပ်ဖြစ်ဖို့လည်းလိုပါတယ်။ အထူးသဖြင့်က မိုးတွင်းပါ မိုးတွင်းရောက်လာရင် မိုးတွင်းစီးဖိနပ်ဆိုပြီး ရောင်းတတ်ကြတာ တွေ့ကြရတတ်တယ်။ ဘာကြောင့်လဲဆိုရင် မိုးတွင်းဆိုရင် မိုးစိုလွယ်တဲ့အတွက်ကြောင့် ဖိနပ်မိုးစိုသွားလည်း မြန်မြန်ပြန်ခြောက်နိုင်တဲ့ ဖိနပ်တွေဖြစ်နေလို့ပါ။ မိုးတွင်းလိုအချိန်မျိုးမှာ ကတီပါဖိနပ်စီးမိလို့ကတော့ မိုးစိုထားတဲ့အရှိန်ကြောင့် ဖိနပ်လည်း တစ်စိုစို ဒီကြားထဲ မိုးရေတွေခြေဆီတွေရောပြီး ခြေထောက်ကလည်းတစ်ဖြည်းဖြည်း နံလာနိုင်တာကြောင့် လူကြားသူကြားထဲ ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ ခြေထောက်လည်းရေအကြာကြီးစိုမနေတာကြောင့် အအေးမိတာတွေလည်း လျှော့ချပေးနိုင်ပါတယ်။

မိုးတွင်းစီးဖိနပ်တွေကို အိမ်တွေမှာ ရေချိုးခန်းသုံးဖိနပ်တွေ အနေနဲ့လည်း သုံးလို့ရပါတယ်။ ရေချိုးတာ အဝတ်လျော်တာ အပင်ရေလောင်းတာတွေမှာလည်း လိုအပ်သလို သုံးနိုင်ပါတယ်။ နောက်တစ်ခုကတော့ အိမ်တွင်းစီးဖိနပ်တွေပါပဲ။ အရင်ကတော့ သိပ်ပြီးမတွင်ကျယ်ပေမယ့် အခုခေတ်မှာ အိမ်တွင်းစီးတဲ့ ဖိနပ်တွေ အသုံးများလာကြပါတယ်။ ကြွေပြားခင်းထားလို့ဖြစ်စေ သစ်သားကြမ်းခင်းမာတာကြောင့်ဖြစ်စေ တစ်ချို့ ခြေဖဝါးနာတတ်တဲ့ သူတွေဖြစ်စေ အိမ်ထဲနေရင်းလည်း ဖိနပ်စီးထားကြရတယ်။ အမွှေးပွဖိနပ်တွေလည်းစီးနိုင်သလို ရိုးရိုးဖိနပ်တွေဂျပန်ဖိနပ်တွေလည်းစီးနိုင်ပါတယ်။ ဒီလိုစီးခြင်းဟာ ခြေဖဝါးတွေကိုသက်သာစေပါတယ် အအေးဒဏ်ကာကွယ်ပေးပါတယ်။

ဖိနပ်က လူတိုင်းအတွက်အရေးပါပါတယ်။ ကိုယ့်ခြေထောက် နှစ်ချောင်းလုံးအတွက် အရေးပါပါတယ်။ တစ်ချို့သူတွေမှာ ခြေထောက်နှစ်ချောင်းက တစ်ခါတစ်လေမှာ အရွယ်နည်းနည်းကွာနေတတ်ပါတယ်။ ဒါကြောင့် ဖိနပ်ဝယ်လို့ စမ်းဝတ်ကြည့်တဲ့အခါ ခြေထောက်နှစ်ဖက်လုံးကို သေချာဝတ်ကြည့်ပါ။ လမ်းလျှောက်ကြည့်ပါ။ ခြေအကွေးအဆန့်လုပ်ကြည့်ပါ။ နှစ်ဖက်လုံးမှာ သက်တောင့်သက်သာဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒါမှလည်း တကယ်စီးတဲ့အခါ ခြေထောက်နှစ်ဖက်လုံးအတွက် အဆင်ပြေမှာပါ။ ခြေထောက်တွေလည်း အခက်အခဲမရှိ လှုပ်ရှားသွားလာနိုင်မှာပါ။

Author : Dr. CST

Previous Post

ကလေးများနှင့် သွားကျန်းမာရေး

Next Post

အဖြူဆင်းပြီး မိန်းမကိုယ်ယားခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
546
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
805

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အဖြူဆင်းပြီး မိန်းမကိုယ်ယားခြင်း

ကျွန်တော်မသိလို့ပါ

ဆီးချိုနဲ့ အရေပြား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.