(Zawgyi)
တိမ္ဖုံးလို႔လမသာတာေတာ့မဟုတ္ဘူး၊ တိမ္ဖုံးလို႔ မျမင္တာပါ။
မ်က္စိထဲတိမ္ဖုံးရင္ အတြင္းတိမ္လည္းရွိတယ္၊ ေရတိမ္လည္းရွိတယ္။
အတြင္းတိမ္အေၾကာင္း ေျပာၾကရေအာင္ပါ။
အတြင္းတိမ္အမ်ားစုက အသက္ႀကီးလို႔ျဖစ္တာပါ။ ဆီးခ်ိဳေရာဂါသည္ေတြ၊ Steroid ေဆးေတြ၊ Myonotic dystrophy လို႔ေခၚတဲ့ ႂကြက္သားအားနည္းတဲ့ ေရာဂါတစ္မ်ိဳး ရွိသူေတြမွာ ေစာေစာစီးစီး အတြင္းတိမ္ ျဖစ္တတ္ တယ္။ Calcium အားနည္းတဲ့အခါလည္း ျဖစ္တတ္တယ္။ မ်က္စိနာတာ၊ ထိခိုက္ထားတဲ့အခါမွာလည္း ျဖစ္ႏိုင္တယ္။
Down’s syndrome ျဖစ္ေနတဲ့ ကေလးေတြမွာလည္း အတြင္းတိမ္ျဖစ္တတ္တယ္။ တခ်ိဳ႕ကေမြးရာပါ ျဖစ္လာတတ္တယ္။ အေမကိုယ္ဝန္ေဆာင္ေနစဥ္မွာ Rubella လို႔ေခၚတဲ့ ဂ်ိဳက္သိုးျဖစ္ဖူးခဲ့ရင္လည္း ေတြ႕ရတတ္တယ္။
အတြင္းတိမ္ျဖစ္ၿပီဆိုရင္ အျမင္ဝါးလာတတ္တယ္။ မ်က္စိေရွ႕မွာ တစ္ခုခုလာပိတ္ေနသလို ခံစားရ တတ္တယ္။ တစ္ဖက္တည္းျဖစ္တာ သိပ္မသိသာဘူး။ ႏွစ္ဖက္ျဖစ္ရင္ ပိုသိသာတယ္။ အလင္းေရာင္ ေအာက္မွာ ၾကည့္တဲ့အခါေတြဆို အစင္းေတြပါ ေတြ႕ရတတ္တယ္။ အေဝးမႈန္လာတာေရာ၊ ပုံရိပ္ႏွစ္ခု ျမင္လာတာေရာ ရွိတတ္တယ္။ ကေလးငယ္ေတြမွာျဖစ္ရင္ မ်က္စိေစြတာမ်ိဳးပါ ျဖစ္ႏိုင္တယ္။ ေဘးလူ ကၾကည့္ရင္ သူငယ္အိမ္မွာ ျဖဴေနတာလည္း ေတြ႕ႏိုင္ တယ္။
အတြင္းတိမ္ျဖစ္တဲ့အခါ ေနကာမ်က္မွန္တပ္ထားတာ၊ ေနပူထဲသိပ္မထြက္တာေတြလည္း လုပ္ဖို႔လိုပါ တယ္။ မ်က္စဥ္းခပ္ရတာေတြလည္း ရွိတယ္။ ဆီးခ်ိဳ ေၾကာင့္ ျဖစ္တာဆိုရင္ ဆီးခ်ိဳကိုေသခ်ာထိန္းရပါ တယ္။ ေဆးလိပ္ေသာက္တတ္တယ္ဆို ျဖတ္ရပါတယ္။ Coffee ေသာက္တတ္ရင္လည္း ေလ်ာ့ပါ။ တိမ္ကမ်ားေနရင္ေတာ့ ခြဲရတတ္ပါတယ္။
ေမြးကတည္းက တိမ္ျဖစ္ေနရင္ မ်က္စိဆရာဝန္ထံ ခ်က္ခ်င္းလႊဲရတယ္။ လိုအပ္ရင္ ေမြးၿပီးေလးပတ္ အတြင္းခြဲရတတ္တယ္။
အတြင္းတိမ္က အသက္ႀကီးလာရင္ အလိုလိုျဖစ္တယ္ဆိုေပမယ့္ ႀကိဳတင္ကာကြယ္တာေတြကိုေတာ့ လုပ္ထားပါ။ မလိုဘဲ ဘာေဆးမွမေသာက္ပါနဲ႔။ ေနပူထဲအရမ္းမသြားပါနဲ႔။သြားခဲ့ရင္လည္း ေနကာမ်က္မွန္တပ္ပါ။ဆီးခ်ိဳရွိရင္ ေသခ်ာထိန္းပါ။ကိုယ္ဝန္သည္ေတြလည္း ေသခ်ာဂ႐ုစိုက္ပါ။ ဒါဆိုရင္ ဘာပဲေျပာေျပာ ေ တာ့ အနည္းနဲ႔အမ်ားေတာ့ ႀကိဳတင္ကာကြယ္ႏိုင္မွာပါ။
တိမ္ကင္းစင္လို႔ ေကာင္းေကာင္းျမင္ႏိုင္ၾကပါေစ။
Author – Dr. CST
(Unicode)
တိမ်ဖုံးလို့လမသာတာတော့မဟုတ်ဘူး၊ တိမ်ဖုံးလို့ မမြင်တာပါ။
မျက်စိထဲတိမ်ဖုံးရင် အတွင်းတိမ်လည်းရှိတယ်၊ ရေတိမ်လည်းရှိတယ်။
အတွင်းတိမ်အကြောင်း ပြောကြရအောင်ပါ။
အတွင်းတိမ်အများစုက အသက်ကြီးလို့ဖြစ်တာပါ။ ဆီးချိုရောဂါသည်တွေ၊ Steroid ဆေးတွေ၊ Myonotic dystrophy လို့ခေါ်တဲ့ ကြွက်သားအားနည်းတဲ့ ရောဂါတစ်မျိုး ရှိသူတွေမှာ စောစောစီးစီး အတွင်းတိမ် ဖြစ်တတ် တယ်။ Calcium အားနည်းတဲ့အခါလည်း ဖြစ်တတ်တယ်။ မျက်စိနာတာ၊ ထိခိုက်ထားတဲ့အခါမှာလည်း ဖြစ်နိုင်တယ်။
Down’s syndrome ဖြစ်နေတဲ့ ကလေးတွေမှာလည်း အတွင်းတိမ်ဖြစ်တတ်တယ်။ တချို့ကမွေးရာပါ ဖြစ်လာတတ်တယ်။ အမေကိုယ်ဝန်ဆောင်နေစဉ်မှာ Rubella လို့ခေါ်တဲ့ ဂျိုက်သိုးဖြစ်ဖူးခဲ့ရင်လည်း တွေ့ရတတ်တယ်။
အတွင်းတိမ်ဖြစ်ပြီဆိုရင် အမြင်ဝါးလာတတ်တယ်။ မျက်စိရှေ့မှာ တစ်ခုခုလာပိတ်နေသလို ခံစားရ တတ်တယ်။ တစ်ဖက်တည်းဖြစ်တာ သိပ်မသိသာဘူး။ နှစ်ဖက်ဖြစ်ရင် ပိုသိသာတယ်။ အလင်းရောင် အောက်မှာ ကြည့်တဲ့အခါတွေဆို အစင်းတွေပါ တွေ့ရတတ်တယ်။ အဝေးမှုန်လာတာရော၊ ပုံရိပ်နှစ်ခု မြင်လာတာရော ရှိတတ်တယ်။ ကလေးငယ်တွေမှာဖြစ်ရင် မျက်စိစွေတာမျိုးပါ ဖြစ်နိုင်တယ်။ ဘေးလူ ကကြည့်ရင် သူငယ်အိမ်မှာ ဖြူနေတာလည်း တွေ့နိုင် တယ်။
အတွင်းတိမ်ဖြစ်တဲ့အခါ နေကာမျက်မှန်တပ်ထားတာ၊ နေပူထဲသိပ်မထွက်တာတွေလည်း လုပ်ဖို့လိုပါ တယ်။ မျက်စဉ်းခပ်ရတာတွေလည်း ရှိတယ်။ ဆီးချို ကြောင့် ဖြစ်တာဆိုရင် ဆီးချိုကိုသေချာထိန်းရပါ တယ်။ ဆေးလိပ်သောက်တတ်တယ်ဆို ဖြတ်ရပါတယ်။ Coffee သောက်တတ်ရင်လည်း လျော့ပါ။ တိမ်ကများနေရင်တော့ ခွဲရတတ်ပါတယ်။
မွေးကတည်းက တိမ်ဖြစ်နေရင် မျက်စိဆရာဝန်ထံ ချက်ချင်းလွှဲရတယ်။ လိုအပ်ရင် မွေးပြီးလေးပတ် အတွင်းခွဲရတတ်တယ်။
အတွင်းတိမ်က အသက်ကြီးလာရင် အလိုလိုဖြစ်တယ်ဆိုပေမယ့် ကြိုတင်ကာကွယ်တာတွေကိုတော့ လုပ်ထားပါ။ မလိုဘဲ ဘာဆေးမှမသောက်ပါနဲ့။ နေပူထဲအရမ်းမသွားပါနဲ့။သွားခဲ့ရင်လည်း နေကာမျက်မှန်တပ်ပါ။ဆီးချိုရှိရင် သေချာထိန်းပါ။ကိုယ်ဝန်သည်တွေလည်း သေချာဂရုစိုက်ပါ။ ဒါဆိုရင် ဘာပဲပြောပြော ေ တာ့ အနည်းနဲ့အများတော့ ကြိုတင်ကာကွယ်နိုင်မှာပါ။
တိမ်ကင်းစင်လို့ ကောင်းကောင်းမြင်နိုင်ကြပါစေ။
Author – Dr. CST