သင္သတိမထားမိတဲ့ မ်က္လုံးကိုထိခိုက္ေစႏိုင္ေသာ အက်င့္ဆိုးမ်ား
မ်က္လုံးကိုမထိခိုက္ႏိုင္ဘူးလို႔ သင္ထင္ထားတဲ့ အခ်ိဳ႕အေလ့အက်င့္ေတြဟာ အမွန္တကယ္မွာ သင့္မ်က္လုံးကိုပိုၿပီးပ်က္စီးေစ တာမ်ိဳးေတြ ျဖစ္ေနႏိုင္ပါတယ္။ မ်က္မွန္မတပ္ရေသးတဲ့ လူတေယာက္က အျခားသူရဲ႕မ်က္မွန္ကို ခဏယူၿပီး တပ္တာမ်ိဳး၊ တီဗြီမ်က္ႏွာျပင္ ဖုန္း၊ကြန္ပ်ဴတာ စတာေတြကို အနီးကပ္ၾကည့္တာမ်ိဳးေတြက မ်က္လုံးပ်က္စီးေစႏိုင္တယ္ဆိုတာ လူအေတာ္မ်ားမ်ား သိထားၾကမွာပါ။
မ်က္လုံးဆရာဝန္ေတြ၊ သုေတသီေတြရဲ႕ ေလ့လာမႈေတြအရ လူအမ်ားစုယုံၾကည္ထားတဲ့ ခုနကလိုနည္းလမ္းေတြဟာ မ်က္လုံးထိခိုက္မႈကို သိပ္မျဖစ္ေစဘဲ သူတို႔သတိမထားမိတဲ့ မထိခိုက္ႏိုင္ဘူးထင္တဲ့ နည္းလမ္းအက်င့္ေတြက မ်က္လုံးကို ပိုထိခိုက္ေစႏိုင္ပါတယ္တဲ့။
အဲ့ဒါေတြကေတာ့
၁။ဖုန္း၊တီဗြီ၊ကြန္ပ်ဴတာမ်က္ႏွာျပင္ေတြကို အခ်ိန္ၾကာျမင့္စြာၾကည့္ျခင္း
တီဗြီ၊ဖုန္း၊ကြန္ပ်ဴတာ မ်က္ႏွာျပင္ေတြကို နီးကပ္စြာၾကည့္ျခင္းထက္ အနားမေပးဘဲ ေတာက္ေလွ်ာက္စိုက္ၾကည့္ျခင္းေတြလုပ္တာဟာ သင့္မ်က္လုံးကို ပိုၿပီး ပ်က္စီးေစႏိုင္ပါတယ္။
၂။ညစ္ပတ္ျခင္း
ညစ္ပတ္တဲ့လက္နဲ႔မ်က္လုံးကို ပြတ္သပ္ကိုင္တြယ္တာ၊အမ်ိဳးသမီးေတြဆိုရင္ တေန႔လုံး လိမ္းထားတဲ့ မိတ္ကပ္ေတြကို မဖ်က္ဘဲ ညအိပ္တာ စတဲ့တကိုယ္ရည္သန႔္ရွင္းမႈ အားနည္းရင္လည္း မ်က္လုံးကိုထိခိုက္ေစႏိုင္ပါတယ္။
၃။ေနပူထဲေနကာမ်က္မွန္မပါဘဲထြက္ျခင္း
ယူဗြီေရး(UV rays)ေခၚ ခရမ္းလြန္ေရာင္ျခည္ဟာ မ်က္လုံးကိုဆိုးဝါးစြာ ထိခိုက္ေစႏိုင္ပါတယ္။ ေနကာမ်က္မွန္တပ္တာဟာ ဖက္ရွင္သက္သက္မဟုတ္ပါဘူး။ ေနပူထဲ ထြက္သူတိုင္း ထီးပါခဲ့မယ္ဆိုရင္ေတာင္ ေနကာမ်က္မွန္ တပ္ထားသင့္ပါတယ္။
၄။ေဆးလိပ္နဲ႔အရက္ေသာက္ျခင္း
မ်က္လုံးဆရာဝန္နဲ႔ က်န္းမာေရးပညာရွင္ေတြ သုေတသနလုပ္ခဲ့တဲ့ ရလဒ္ေတြအရ ေဆးလိပ္ေသာက္တာ၊ အရက္ေသာက္တာဟာ မ်က္စိကိုထိခိုက္ေစပါတယ္လို႔ အေျဖထြက္ခဲ့ပါတယ္။အထူးသျဖင့္ အရက္ေသာက္ၿပီး က်န္းမာေရးညီၫြတ္ေအာင္ မစားရင္ မ်က္လုံးကို ပိုမိုထိခိုက္ေစႏိုင္ပါတယ္။
၅။စာလုံးေသးေသးေလးေတြကိုဖတ္ျခင္း
စာလုံးအ႐ြယ္ေသးေသးေလးေတြကို ဖတ္တဲ့အခါမွာ မ်က္စိက ပိုမိုအာ႐ုံစိုက္ရတဲ့အတြက္ ေရရွည္မွာ မ်က္လုံးကို ထိခိုက္လာပါတယ္။
Author : Dr. 528
သင်သတိမထားမိတဲ့ မျက်လုံးကိုထိခိုက်စေနိုင်သော အကျင့်ဆိုးများ
မျက်လုံးကိုမထိခိုက်နိုင်ဘူးလို့ သင်ထင်ထားတဲ့ အချို့အလေ့အကျင့်တွေဟာ အမှန်တကယ်မှာ သင့်မျက်လုံးကိုပိုပြီးပျက်စီးစေ တာမျိုးတွေ ဖြစ်နေနိုင်ပါတယ်။ မျက်မှန်မတပ်ရသေးတဲ့ လူတယောက်က အခြားသူရဲ့မျက်မှန်ကို ခဏယူပြီး တပ်တာမျိုး၊ တီဗွီမျက်နှာပြင် ဖုန်း၊ကွန်ပျူတာ စတာတွေကို အနီးကပ်ကြည့်တာမျိုးတွေက မျက်လုံးပျက်စီးစေနိုင်တယ်ဆိုတာ လူအတော်များများ သိထားကြမှာပါ။
မျက်လုံးဆရာဝန်တွေ၊ သုတေသီတွေရဲ့ လေ့လာမှုတွေအရ လူအများစုယုံကြည်ထားတဲ့ ခုနကလိုနည်းလမ်းတွေဟာ မျက်လုံးထိခိုက်မှုကို သိပ်မဖြစ်စေဘဲ သူတို့သတိမထားမိတဲ့ မထိခိုက်နိုင်ဘူးထင်တဲ့ နည်းလမ်းအကျင့်တွေက မျက်လုံးကို ပိုထိခိုက်စေနိုင်ပါတယ်တဲ့။
အဲ့ဒါတွေကတော့
၁။ဖုန်း၊တီဗွီ၊ကွန်ပျူတာမျက်နှာပြင်တွေကို အချိန်ကြာမြင့်စွာကြည့်ခြင်း
တီဗွီ၊ဖုန်း၊ကွန်ပျူတာ မျက်နှာပြင်တွေကို နီးကပ်စွာကြည့်ခြင်းထက် အနားမပေးဘဲ တောက်လျှောက်စိုက်ကြည့်ခြင်းတွေလုပ်တာဟာ သင့်မျက်လုံးကို ပိုပြီး ပျက်စီးစေနိုင်ပါတယ်။
၂။ညစ်ပတ်ခြင်း
ညစ်ပတ်တဲ့လက်နဲ့မျက်လုံးကို ပွတ်သပ်ကိုင်တွယ်တာ၊အမျိုးသမီးတွေဆိုရင် တနေ့လုံး လိမ်းထားတဲ့ မိတ်ကပ်တွေကို မဖျက်ဘဲ ညအိပ်တာ စတဲ့တကိုယ်ရည်သန့်ရှင်းမှု အားနည်းရင်လည်း မျက်လုံးကိုထိခိုက်စေနိုင်ပါတယ်။
၃။နေပူထဲနေကာမျက်မှန်မပါဘဲထွက်ခြင်း
ယူဗွီရေး(UV rays)ခေါ် ခရမ်းလွန်ရောင်ခြည်ဟာ မျက်လုံးကိုဆိုးဝါးစွာ ထိခိုက်စေနိုင်ပါတယ်။ နေကာမျက်မှန်တပ်တာဟာ ဖက်ရှင်သက်သက်မဟုတ်ပါဘူး။ နေပူထဲ ထွက်သူတိုင်း ထီးပါခဲ့မယ်ဆိုရင်တောင် နေကာမျက်မှန် တပ်ထားသင့်ပါတယ်။
၄။ဆေးလိပ်နဲ့အရက်သောက်ခြင်း
မျက်လုံးဆရာဝန်နဲ့ ကျန်းမာရေးပညာရှင်တွေ သုတေသနလုပ်ခဲ့တဲ့ ရလဒ်တွေအရ ဆေးလိပ်သောက်တာ၊ အရက်သောက်တာဟာ မျက်စိကိုထိခိုက်စေပါတယ်လို့ အဖြေထွက်ခဲ့ပါတယ်။အထူးသဖြင့် အရက်သောက်ပြီး ကျန်းမာရေးညီညွတ်အောင် မစားရင် မျက်လုံးကို ပိုမိုထိခိုက်စေနိုင်ပါတယ်။
၅။စာလုံးသေးသေးလေးတွေကိုဖတ်ခြင်း
စာလုံးအရွယ်သေးသေးလေးတွေကို ဖတ်တဲ့အခါမှာ မျက်စိက ပိုမိုအာရုံစိုက်ရတဲ့အတွက် ရေရှည်မှာ မျက်လုံးကို ထိခိုက်လာပါတယ်။
Author : Dr. 528