fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

COPD ( သိုု႔) အဆုုတ္ေလျပြန္က်ဥ္းတဲ့နာတာရွည္ေရာဂါ

469
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/03/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

COPD ဆိုတာ အဆုတ္ေလႁပြန္နဲ႔ဆိုင္တဲ့ ေရာဂါတစ္မ်ိဳးပါ။ တိတိက်က်ေျပာရရင္ နာတာရွည္ အဆုတ္ေလႁပြန္ က်ဥ္းလာတဲ့ ေရာဂါတစ္ခုပါ။ အမွတ္တမဲ့ၾကည့္ရင္ ပန္းနာရင္က်ပ္နဲ႔ ဆင္တူသလိုလိုနဲ႔ တကယ္တမ္းေတာ့မတူပါဘူး။ COPD နဲ႔ ပန္းနာရင္က်ပ္တြဲမျဖစ္ႏိုင္ပါဘူး။

COPD ကို အရွည္ေျပာမယ္ဆိုရင္ေတာ့ Chronic Obstructive Pulmonary Disease ပါ။ ဒီေရာဂါက စျဖစ္ၿပီဆိုတာနဲ႔ တစ္ျဖည္းျဖည္း ဆိုး႐ြားလာတာပါ။ အၿပီးျပန္ေကာင္းတယ္လို႔ မရွိသေလာက္ရွားပါတယ္။

COPD ေရာဂါက အသက္အ႐ြယ္အားျဖင့္ေတာ့ အသက္ ၃၅ေက်ာ္မွ ပိုအျဖစ္မ်ားတတ္တယ္ ။ ေဆးလိပ္ေသာက္တဲ့သူေတြ ေဆးလိပ္ေငြ႕ကို တစ္ဆင့္ခံေနရတဲ့သူေတြ ေလေကာင္းေလသန႔္မရဘဲ အေငြ႕အမႈန္ေတြ အၿမဲရွဴရႈိက္ေနရတဲ့သူေတြမွာ ျဖစ္တတ္ပါတယ္။

 

COPD ေရာဂါမွာ အပိုင္းႏွစ္ပိုင္းပါပါတယ္။ တစ္ခုက ေလႁပြန္ေတြေရာင္တာရယ္ ေနာက္တစ္ပိုင္းမွာေတာ့ အဆုတ္ထဲမွာ ေလအိတ္ေတြ ပြလာတာရယ္ပါ။ ဒါေၾကာင့္လည္း တစ္ခ်ိဳ႕ကအဆုတ္ေလႁပြန္ေရာင္ေရာဂါလို႔ ေခၚသလို တစ္ခ်ိဳ႕က အဆုတ္ပြတယ္လည္းေျပာတတ္ၾကပါတယ္။

COPD ရယ္လို႔ျဖစ္လာၿပီဆိုရင္ လူနာက တစ္ျဖည္းျဖည္း ေမာလာတယ္။ ေခ်ာင္းေတြအဆက္မျပတ္ဆိုးၿပီး သလိပ္ပါရတတ္တယ္။ ေခ်ာင္းတစ္ခါတစ္ခါဆိုးၿပီဆိုရင္ သုံးလေလာက္ၾကာတတ္တယ္။ ႏွစ္ႏွစ္ေလာက္ဆက္တိုက္ျဖစ္ေနၿပီဆို ဒီေရာဂါကို စစ္ေဆးဖို႔လိုလာတတ္တယ္။

ေခ်ာင္းဆိုးတာအျပင္သလိပ္ရတာ ေမာတာ အသက္ရွဴရင္တ႐ႊီ႐ႊီျမည္တာေတြလည္း ျဖစ္ႏိုင္ပါတယ္။ ဒါေတြက ပန္းနာရင္က်ပ္မွာလည္း ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ ပန္းနာရင္က်ပ္ေၾကာင့္ ျဖစ္တာေတြက အာဖ်န္းေဆးဗူး လို႔ေခၚတဲ့ ေဂါက္ဗူးေတြ ရွဴတာမွာ ျပန္သက္သာတတ္တယ္ ေကာင္းၿပီးဆိုလည္း အၿပီးျပန္ေကာင္းတတ္ပါတယ္။ COPD က်ေတာ့ အာဖ်န္းေဆးဗူးရွဴလည္း သိပ္ၿပီးမထူးျခားတတ္ဘူး။ အၿပီးလည္း ျပန္မေကာင္းတတ္ပါဘူး။

COPD ျဖစ္တာ ၾကာလာတာနဲ႔အမွ် ေလႁပြန္ေတြ တစ္ျဖည္းျဖည္းက်ဥ္းတာ ပိုဆိုးလာတာေရာ ေလအိတ္ေတြပါ ပ်က္စီးလာတာေတြေၾကာင့္ အသက္ရွဴတာကို ေကာင္းမြန္စြာ မလုပ္ႏိုင္ေတာ့ပါဘူး။ ေအာက္ဆီဂ်င္လည္း ေကာင္းစြာမရွဴသြင္းႏိုင္သလို ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကိုလည္း ေကာင္းစြာ ျပန္မစြန႔္ထုတ္ေပးႏိုင္ေတာ့ပါဘူး။

အဆုတ္ထဲမွာ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ေတြ မ်ားလာတာနဲ႔အမွ် ေသြးထဲမွာပါ လိုက္မ်ားလာတတ္တယ္။ ၾကာလာတာနဲ႔ အဆုတ္ေရာဂါနာတာရွည္ကေန Failure ဝင္သြားတတ္တယ္။ အဆုတ္လုံးဝမေကာင္းတာမ်ိဳးပါ။ COPD ေရာဂါရဲ႕ ေနာက္ဆုံးေနာက္ဆက္တြဲျဖစ္ပါတယ္။

တစ္ျခားေသာ ေနာက္ဆက္တြဲျပႆနာေလးေတြလည္း ရွိပါတယ္။ နာတာရွည္ျဖစ္ေနတဲ့ COPD မွာ တစ္ခ်က္တစ္ခ်က္ ထေဖာက္တာမ်ိဳးလည္း ရွိပါတယ္။ ေရာဂါလကၡဏာေတြအကုန္ ႐ုတ္တရက္ဆိုသလို ျပင္းထန္လာၿပီး တစ္ခါတစ္ေလမွာ အေရးေပၚအေျခအေနထိ ျဖစ္ေစတတ္ပါတယ္။

အဆုတ္ထဲက ပြေနတဲ့ ေလအိတ္ေတြေပါက္ၿပီး အဆုတ္ထဲ ေလဝင္တာလည္း ျဖစ္ႏိုင္တယ္။ အဆုတ္မေကာင္းတာကေန ႏွလုံးပါထိခိုက္လာတာည္း ျဖစ္ႏိုင္တယ္။ ေဆးလိပ္ၾကာရွည္စြာေသာက္လာခဲ့တာေၾကာင့္ အဆုတ္ကင္ဆာေတြလည္း တြဲၿပီးျဖစ္လာႏိုင္ပါတယ္။

COPD ေရာဂါကို ေသခ်ာေစဖို႔ အတြက္ ရင္ဘတ္ဓာတ္မွန္႐ိုက္ျခင္းနဲ႔ lung function test လို႔ေခၚတဲ့ အဆုတ္ရဲ႕ ေလအရွဴအသြင္းေတြကေန အဆုတ္လုပ္ငန္းေဆာင္တာေတြကို စစ္ေဆးတာေတြ လုပ္လို႔ရပါတယ္။ ျဖစ္တဲ့ေနာက္ဆက္တြဲ ျပႆနာေပၚမူတည္ၿပီး ေသြးဆီးစစ္ျခင္းေတြ ecg ဆြဲျခင္းေတြလည္း လုပ္လို႔ရပါတယ္။

COPD ျဖစ္တဲ့သူက ေဆးလိပ္ျဖတ္ဖို႔လိုပါတယ္။ အၿပီးျပန္မေပ်ာက္ႏိုင္ေပမယ့္ သက္သာေအာင္ေတာ့ ႀကိဳးစားကုလို႔ရပါတယ္။ COPD ရဲ႕ ေရာဂါအဆင့္အလိုက္ ကုသပုံျခင္းအနည္းငယ္ကြာျခားတတ္ပါတယ္။ ႐ုတ္တရက္ထေဖာက္တာမ်ိဳးဆိုရင္ ေဆး႐ုံတက္ဖို႔လိုတတ္ပါတယ္။

နာတာရွည္ျဖစ္တဲ့ လူနာေတြမွာ က်န္းမာေရးနဲ႔ ညီၫြတ္ေအာင္ ေနထိုင္ဖို႔ပါ။ အေရးႀကီးလာတယ္ ကာကြယ္ေဆးတစ္ခ်ိဳ႕ေတြ ထိုးရတယ္။ လိုအပ္လာရင္ေတာ့ ေအာက္ဆီဂ်င္ကို သင့္ေတာ္တဲ့ ပမာဏနဲ႔ ေန႔တိုင္းေတာက္ေလွ်ာက္ရွဴရတာအထိပါ ျဖစ္လာတတ္ပါတယ္။

COPD ေရာဂါက လူနာေတြ ႀကိဳတင္ကာကြယ္လို႔ရတဲ့ ေရာဂါေတြထဲက တစ္ခုပါပဲ။ ေဆးလိပ္နဲ႔ တစ္ျခားေသာ အေငြ႕အမႈန္ေတြကို ေရွာင္ၿပီး က်န္းမာေရးနဲ႔ ညီၫြတ္ေအာင္ေနထိုင္ဖို႔ပဲ လိုပါတယ္။ ေရာဂါျဖစ္ခဲ့ရင္ေတာ့ သင့္ေတာ္တဲ့ ဆရာဝန္မ်ားနဲ႔ ေတာက္ေလွ်ာက္တိုင္ပင္ကုသေနဖို႔ အေရးႀကီးတဲ့ ေရာဂါတစ္ခုျဖစ္ပါတယ္။

Author : Dr. CST

COPD ဆိုတာ အဆုတ်လေပြွန်နဲ့ဆိုင်တဲ့ ရောဂါတစ်မျိုးပါ။ တိတိကျကျပြောရရင် နာတာရှည် အဆုတ်လေပြွန် ကျဉ်းလာတဲ့ ရောဂါတစ်ခုပါ။ အမှတ်တမဲ့ကြည့်ရင် ပန်းနာရင်ကျပ်နဲ့ ဆင်တူသလိုလိုနဲ့ တကယ်တမ်းတော့မတူပါဘူး။ COPD နဲ့ ပန်းနာရင်ကျပ်တွဲမဖြစ်နိုင်ပါဘူး။

COPD ကို အရှည်ပြောမယ်ဆိုရင်တော့ Chronic Obstructive Pulmonary Disease ပါ။ ဒီရောဂါက စဖြစ်ပြီဆိုတာနဲ့ တစ်ဖြည်းဖြည်း ဆိုးရွားလာတာပါ။ အပြီးပြန်ကောင်းတယ်လို့ မရှိသလောက်ရှားပါတယ်။

COPD ရောဂါက အသက်အရွယ်အားဖြင့်တော့ အသက် ၃၅ကျော်မှ ပိုအဖြစ်များတတ်တယ် ။ ဆေးလိပ်သောက်တဲ့သူတွေ ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံနေရတဲ့သူတွေ လေကောင်းလေသန့်မရဘဲ အငွေ့အမှုန်တွေ အမြဲရှူရှိုက်နေရတဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။

 

COPD ရောဂါမှာ အပိုင်းနှစ်ပိုင်းပါပါတယ်။ တစ်ခုက လေပြွန်တွေရောင်တာရယ် နောက်တစ်ပိုင်းမှာတော့ အဆုတ်ထဲမှာ လေအိတ်တွေ ပွလာတာရယ်ပါ။ ဒါကြောင့်လည်း တစ်ချို့ကအဆုတ်လေပြွန်ရောင်ရောဂါလို့ ခေါ်သလို တစ်ချို့က အဆုတ်ပွတယ်လည်းပြောတတ်ကြပါတယ်။

COPD ရယ်လို့ဖြစ်လာပြီဆိုရင် လူနာက တစ်ဖြည်းဖြည်း မောလာတယ်။ ချောင်းတွေအဆက်မပြတ်ဆိုးပြီး သလိပ်ပါရတတ်တယ်။ ချောင်းတစ်ခါတစ်ခါဆိုးပြီဆိုရင် သုံးလလောက်ကြာတတ်တယ်။ နှစ်နှစ်လောက်ဆက်တိုက်ဖြစ်နေပြီဆို ဒီရောဂါကို စစ်ဆေးဖို့လိုလာတတ်တယ်။

ချောင်းဆိုးတာအပြင်သလိပ်ရတာ မောတာ အသက်ရှူရင်တရွှီရွှီမြည်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေက ပန်းနာရင်ကျပ်မှာလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပန်းနာရင်ကျပ်ကြောင့် ဖြစ်တာတွေက အာဖျန်းဆေးဗူး လို့ခေါ်တဲ့ ဂေါက်ဗူးတွေ ရှူတာမှာ ပြန်သက်သာတတ်တယ် ကောင်းပြီးဆိုလည်း အပြီးပြန်ကောင်းတတ်ပါတယ်။ COPD ကျတော့ အာဖျန်းဆေးဗူးရှူလည်း သိပ်ပြီးမထူးခြားတတ်ဘူး။ အပြီးလည်း ပြန်မကောင်းတတ်ပါဘူး။

COPD ဖြစ်တာ ကြာလာတာနဲ့အမျှ လေပြွန်တွေ တစ်ဖြည်းဖြည်းကျဉ်းတာ ပိုဆိုးလာတာရော လေအိတ်တွေပါ ပျက်စီးလာတာတွေကြောင့် အသက်ရှူတာကို ကောင်းမွန်စွာ မလုပ်နိုင်တော့ပါဘူး။ အောက်ဆီဂျင်လည်း ကောင်းစွာမရှူသွင်းနိုင်သလို ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုလည်း ကောင်းစွာ ပြန်မစွန့်ထုတ်ပေးနိုင်တော့ပါဘူး။

အဆုတ်ထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ များလာတာနဲ့အမျှ သွေးထဲမှာပါ လိုက်များလာတတ်တယ်။ ကြာလာတာနဲ့ အဆုတ်ရောဂါနာတာရှည်ကနေ Failure ဝင်သွားတတ်တယ်။ အဆုတ်လုံးဝမကောင်းတာမျိုးပါ။ COPD ရောဂါရဲ့ နောက်ဆုံးနောက်ဆက်တွဲဖြစ်ပါတယ်။

တစ်ခြားသော နောက်ဆက်တွဲပြဿနာလေးတွေလည်း ရှိပါတယ်။ နာတာရှည်ဖြစ်နေတဲ့ COPD မှာ တစ်ချက်တစ်ချက် ထဖောက်တာမျိုးလည်း ရှိပါတယ်။ ရောဂါလက္ခဏာတွေအကုန် ရုတ်တရက်ဆိုသလို ပြင်းထန်လာပြီး တစ်ခါတစ်လေမှာ အရေးပေါ်အခြေအနေထိ ဖြစ်စေတတ်ပါတယ်။

အဆုတ်ထဲက ပွနေတဲ့ လေအိတ်တွေပေါက်ပြီး အဆုတ်ထဲ လေဝင်တာလည်း ဖြစ်နိုင်တယ်။ အဆုတ်မကောင်းတာကနေ နှလုံးပါထိခိုက်လာတာည်း ဖြစ်နိုင်တယ်။ ဆေးလိပ်ကြာရှည်စွာသောက်လာခဲ့တာကြောင့် အဆုတ်ကင်ဆာတွေလည်း တွဲပြီးဖြစ်လာနိုင်ပါတယ်။

COPD ရောဂါကို သေချာစေဖို့ အတွက် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းနဲ့ lung function test လို့ခေါ်တဲ့ အဆုတ်ရဲ့ လေအရှူအသွင်းတွေကနေ အဆုတ်လုပ်ငန်းဆောင်တာတွေကို စစ်ဆေးတာတွေ လုပ်လို့ရပါတယ်။ ဖြစ်တဲ့နောက်ဆက်တွဲ ပြဿနာပေါ်မူတည်ပြီး သွေးဆီးစစ်ခြင်းတွေ ecg ဆွဲခြင်းတွေလည်း လုပ်လို့ရပါတယ်။

COPD ဖြစ်တဲ့သူက ဆေးလိပ်ဖြတ်ဖို့လိုပါတယ်။ အပြီးပြန်မပျောက်နိုင်ပေမယ့် သက်သာအောင်တော့ ကြိုးစားကုလို့ရပါတယ်။ COPD ရဲ့ ရောဂါအဆင့်အလိုက် ကုသပုံခြင်းအနည်းငယ်ကွာခြားတတ်ပါတယ်။ ရုတ်တရက်ထဖောက်တာမျိုးဆိုရင် ဆေးရုံတက်ဖို့လိုတတ်ပါတယ်။

နာတာရှည်ဖြစ်တဲ့ လူနာတွေမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်ဖို့ပါ။ အရေးကြီးလာတယ် ကာကွယ်ဆေးတစ်ချို့တွေ ထိုးရတယ်။ လိုအပ်လာရင်တော့ အောက်ဆီဂျင်ကို သင့်တော်တဲ့ ပမာဏနဲ့ နေ့တိုင်းတောက်လျှောက်ရှူရတာအထိပါ ဖြစ်လာတတ်ပါတယ်။

COPD ရောဂါက လူနာတွေ ကြိုတင်ကာကွယ်လို့ရတဲ့ ရောဂါတွေထဲက တစ်ခုပါပဲ။ ဆေးလိပ်နဲ့ တစ်ခြားသော အငွေ့အမှုန်တွေကို ရှောင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင်နေထိုင်ဖို့ပဲ လိုပါတယ်။ ရောဂါဖြစ်ခဲ့ရင်တော့ သင့်တော်တဲ့ ဆရာဝန်များနဲ့ တောက်လျှောက်တိုင်ပင်ကုသနေဖို့ အရေးကြီးတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

Author : Dr. CST

Previous Post

နာတာရှည်ရောဂါများနှင့်ကိုယ်ဝန်ဆောင်ခြင်း 

Next Post

မျက်စိကလေးကျန်းမာဖို့ အာဟာရပြည့်အောင် စားကြစို့ (1)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
865
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မျက်စိကလေးကျန်းမာဖို့ အာဟာရပြည့်အောင် စားကြစို့ (1)

မသန့်ရှင်းတဲ့ စားသောက်ဆိုင်များ ရဲ့ အန္တရာယ်များ နှင့် ဘယ်လိုကာကွယ်ကြမလဲ

ကလေးတီဘီရောဂါဆိုတာ ဘယ်လောက်ကြောက်ဖို့ ကောင်းသလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.