fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

Metformin မက်ဖော်မင်

154
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/03/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

Metformin မက္ေဖာ္မင္

Metformin မက္ေဖာ္မင္ ဆိုတဲ့ ေဆးက ဆီးခ်ိဳျဖစ္တဲ့ လူနာေတြၾကားမွ မသိသူမရွိသေလာက္ပါ။ ကိုယ္ေသာက္ေနတဲ့ ေဆးအေၾကာင္း ေသခ်ာသိထားတာ ေကာင္းပါတယ္။
Metformin မက္ေဖာ္မင္က ဆီးခ်ိဳေဆးေတြထဲကမွ Biguanides အုပ္စုဝင္ေဆးပါ။ ဆီးခ်ိဳကို ထိန္းေပးတဲ့ေနရာမွာ အသည္းကေန ေသြးထဲကို သၾကားဓာတ္ေရာက္တာနည္းေအာင္လုပ္ေဆာင္ေပးပါတယ္။ ေနာက္တစ္နည္းအားျဖင့္ ခႏၶာကိုယ္မွာ အင္ဆူလင္တုံ႔ျပန္မႈေကာင္းေအာင္ လုပ္ေပးပါတယ္။

Metformin မက္ေဖာ္မင္က ဆရာဝန္ၫႊန္ၾကားစာနဲ႔မွ ေပးဝယ္တဲ့ ေဆးတစ္မ်ိဳးပါ။ တစ္ျခားေသာ ဆီးခ်ိဳက်ေဆးေတြနဲ႔လည္းတြဲေသာက္တာလည္းရွိၾကတယ္။ အင္ဆူလင္တြဲထိုးတာလည္းရွိတတ္ၾကပါတယ္။ အဓိကအေနနဲ႔ကေတာ့ ဆီးခ်ိဳအမ်ိဳးအစားႏွစ္အတြက္ပဲ သုံးတာပါ။

Metformin မက္ေဖာ္မင္ ေသာက္ေတာ့မယ္လို႔ စလိုက္ၿပီဆိုတာနဲ႔ ေက်ာက္ကပ္ေကာင္းမေကာင္းစစ္ထားဖို႔လိုပါတယ္။ Creatinine စစ္ေပးထားေစခ်င္တယ္။ ေသြးထဲဆီးထဲမွာ Ketone ပမာဏကို စစ္ထားသင့္တယ္။ အသည္းအတြက္ Liver function test လို႔ေခၚတဲ့ လုပ္ငန္းေဆာင္တာအေျခအေနကို စစ္ထားသင့္ပါတယ္။ ဒီအေျဖေတြ ေကာင္းမွ ေဆးကို စိတ္ခ်လက္ခ်ေသာက္လို႔ရမွာပါ။

Metformin မက္ေဖာ္မင္ေဆးေသက္ေနရင္းလည္း လိုအပ္သလို ျပန္စစ္ရပါမယ္။ အမ်ိဳးသားေတြမွာ Creatinine ပမာဏ 1.4 mg/dl ျဖစ္ခဲ့ရင္ အမ်ိဳးသမီးေတြမွာ Creatinine ပမာဏ 1.5mg/dl ျဖစ္ခဲ့ရင္ ေဆးကို ရပ္ဖို႔လိုပါတယ္။ Lactic acidosis ျဖစ္ေစႏိုင္လို႔ပါ။

ေဆးေသာက္ေနရင္း အေၾကာင္းတစ္ခုခုေၾကာင့္ အေရးတႀကီးလိုအပ္လို႔ ေဆးသြင္းၿပီး CT ႐ိုက္ရတယ္ဆိုရင္လည္းေဆးကိုႀကိဳရပ္ထားရပါတယ္။ Creatinine လည္းစစ္ေပးရပါတယ္။ေကာင္းမွ ႐ိုက္လို႔ရပါတယ္။ မဟုတ္ရင္ Lactic acidosis ျဖစ္တတ္လို႔ပါ။

Lactic acidosis ဆိုတာ Metformin မက္ေဖာ္မင္ေသာက္ရင္းျဖစ္တတ္တဲ့ ေရာဂါတစ္ခုပါ။ ေဆးေၾကာင့္ပဲေတာ့မဟုတ္ဘူး။ နဂိုတည္းက ေက်ာက္ကပ္မေကာင္းတဲ့သူေတြ အသည္းမေကာင္းတဲ့သူေတြ အရက္အမ်ားႀကီးေသာက္တတ္တဲ့သူေတြ တစ္ျခားေရာဂါေတြနဲ႔ တြဲေနတဲ့သူေတြ ေရဓာတ္ခမ္းေျခာက္ေနတဲ့သူေတြ အသက္ႀကီးပိုင္းေတြမွာ ပိုျဖစ္လြယ္ပါတယ္။

Lactic acidosis ျဖစ္လာတယ္ဆို လူနာမွာ နာက်င္ကိုက္ခဲၿပီး ႏုန္းလာတတ္တယ္။ အသက္ရွဴခက္လာတယ္။ ေခါင္းမူးၿပီးမထႏိုင္ျဖစ္လာတတ္တယ္။ အန္ခ်င္သလိုပ်ိဳ႕ခ်င္သလိုေတြျဖစ္လာတယ္။ ႏွလုံးခုန္မမွန္တာေႏွးတာေတြ ျဖစ္လာတတ္တယ္။ တစ္ျဖည္းျဖည္းနဲ႔ လူနာမွာ မွိန္းလာတယ္။ သတိလစ္လာတတ္တယ္။ ဒါကအသက္အႏၲရာယ္ရွိေစႏိုင္တဲ့ ဆိုးက်ိဳးထဲမွာပါၿပီး အေရးေပၚကုသမႈေတြလုပ္ဖို႔လိုအပ္ပါတယ္။

Metformin မက္ေဖာ္မင္ေဆးရဲ႕ တစ္ျခားေသာေဘးထြက္ဆိုးက်ိဳးေလးေတြရွိပါေသးတယ္။ ႏုန္းသလိုျဖစ္တာ အန္ခ်င္တာ ဗိုက္နာသလိုျဖစ္တာ ဝမ္းပ်က္တာ လွ်ာေပၚမွာ အရသာတစ္မ်ိဳးျဖစ္ေနတာေတြပါ။ Metformin မက္ေဖာ္မင္ေဆးက မတည့္တာေတာ့ရွားပါတယ္။ ဒါေပမယ့္ ေဆးေသာက္ေနရင္း ယားယံတယ္ အင္ျပင္ထတယ္ အသက္ရွဴခက္ၿပီး တစ္႐ႊီ႐ႊီ မည္လာတယ္ဆို ေဆးရပ္ရပါမယ္။ ေဆးေသာက္ေနရင္း အသားေတြ မ်က္လုံးေတြ ဝါလာတယ္ဆိုလည္း ေဆးရပ္ရပါမယ္။ အသည္းေယာင္တာလည္းျဖစ္တတ္လို႔ပါ။

Metformin မက္ေဖာ္မင္က ေဆးပမာဏမ်ိဳးစုံနဲ႔ လာတတ္ပါတယ္။ ဒါေပမယ့္ တစ္ေန႔ကိုအမ်ားဆုံး 2000 mg ထိပဲေသာက္သင့္ပါတယ္။ ေဆးေသာက္တဲ့အခါ ကိုယ္ျပေနတဲ့ဆရာဝန္ကသီးသန႔္မေျပာထားရင္ အစားနဲ႔ပဲတြဲေသာက္သင့္ပါတယ္။ အစာအိမ္နဲ႔ဆိုင္တဲ့ ေဘးထြက္ဆိုးက်ိဳးနည္းေအာင္ပါ။

Metformin မက္ေဖာ္မင္ေဆး ေသာက္ရတဲ့ အတိုးအေလွ်ာ့ေတြကေတာ့ ျပေနတဲ့ဆရာေတြနဲ႔ ေသခ်ာတိုင္ပင္ၿပီးလုပ္ေပးဖို႔လိုပါတယ္။ လိုအပ္သလိုလည္း ဆီးခ်ိဳေဖာက္စစ္ရမွာပါ။ ေဆးေသာက္တာၾကာလာတဲ့အခါေတာ့ Vitamin b 12 နည္းလာတဲ့အတြက္ ေသြးအားနည္းတာနဲ႔ ထုံက်င္တာေတြ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ေဘးကေန Vitamin b 12 ျဖစ္တဲ့ Methylcobal ျပန္ျဖည့္ေပးဖို႔ လိုအပ္ပါတယ္။

Metformin မက္ေဖာ္မင္ေဆးရဲ႕ အားသာခ်က္တစ္ခ်ိဳ႕ရွိပါတယ္။ တစ္ျခားဆီးခ်ိဳေဆးေတြလို သၾကားဓာတ္အရမ္းနည္းသြားေစတာမ်ိဳးမျဖစ္တတ္ပါဘူး။ ကိုယ္ခႏၶာအေလးခ်ိန္ မတက္ေအာင္လည္း ထိန္းေပးပါတယ္။ အခုေနာက္ပိုင္းေတြမွာ ကိုယ္ဝန္သည္ေတြ ႏို႔တိုက္မိခင္ေတြမွာပါ အင္ဆူလင္ၿပီးရင္ စိတ္ခ်လက္ခ်ေသာက္ႏိုင္တဲ့ တစ္ခုတည္းေသာ ဆီးခ်ိဳက်ေဆးပါပဲ။

Metformin မက္ေဖာ္မင္ေဆး အသုံးဝင္တာေနာက္တစ္ေနရာရွိပါေသးတယ္။ လူသိနည္းတတ္ပါတယ္။ PCOS လို႔ေခၚတဲ့ သားဥအိမ္မွာ ေဟာ္မုန္းျပႆနာေၾကာင့္ ေရအိတ္ေတြျဖစ္တတ္တဲ့ေရာဂါပါ။ ဒီေရာဂါျဖစ္တဲ့သူေတြက ကိုယ္အေလးခ်ိန္မ်ားတယ္။ ကိုယ္ခႏၶာမွာ အေမႊးအမွ်င္မ်ားတတ္တယ္။ သားဥေႂကြတာမမွန္ဘူး။ ေသြးေပၚတာမမွန္ဘူး။ ကေလးရဖို႔ခက္တတ္တယ္။ ဒီေရာဂါမွာ ဆီးခ်ိဳရွိတာမရွိတာနဲ႔ မဆိုင္ဘဲ Metformin မက္ေဖာ္မင္ ေပးလို႔ရပါတယ္။ Metformin မက္ေဖာ္မင္က ကိုယ္အေလးခ်ိန္လည္းထိန္းေပးတယ္။

Testrosterone လို႔ေခၚတဲ့ အမ်ိဳးသားေဟာ္မုန္းကို နည္းေစတာေၾကာင့္ အေမႊးအမွ်င္လည္းနည္းလာေစတယ္။ သားဥေႂကြဖို႔လည္း ကူညီေပးတယ္။ ကေလးလည္းရလြယ္ေစပါတယ္။ သူတစ္မ်ိဳးတည္းနဲ႔ကုတာေတာ့မဟုတ္ပါဘူး။ တစ္ျခားေသာေဆးေတြနဲ႔ တြဲသုံးရတာပါ။
Metformin မက္ေဖာ္မင္ေဆးေသာက္ေနတုန္း တစ္ျခားေသာေဆးေတြေသာက္ရတာျဖစ္ေစ တစ္ျခားေဆးေတြေသာက္တုန္း Metformin မက္ေဖာ္မင္ အသစ္ထည့္တာျဖစ္ေစ ေပးတဲ့ဆရာကို မိမိဘာေဆးေတြေသာက္ေနတယ္ဆိုတာ ႀကိဳေျပာေပးဖို႔လိုပါတယ္။ ေဆးေတြကတစ္ခါတစ္ေလမွာအာနိသင္အခ်င္းခ်င္း အားေပးေစတာေလ်ာ့နည္းေစတာေတြ ရွိတတ္လို႔ပါ။

Author : Dr. CST

Metformin မက်ဖော်မင်

Metformin မက်ဖော်မင် ဆိုတဲ့ ဆေးက ဆီးချိုဖြစ်တဲ့ လူနာတွေကြားမှ မသိသူမရှိသလောက်ပါ။ ကိုယ်သောက်နေတဲ့ ဆေးအကြောင်း သေချာသိထားတာ ကောင်းပါတယ်။ Metformin မက်ဖော်မင်က ဆီးချိုဆေးတွေထဲကမှ Biguanides အုပ်စုဝင်ဆေးပါ။ ဆီးချိုကို ထိန်းပေးတဲ့နေရာမှာ အသည်းကနေ သွေးထဲကို သကြားဓာတ်ရောက်တာနည်းအောင်လုပ်ဆောင်ပေးပါတယ်။ နောက်တစ်နည်းအားဖြင့် ခန္ဓာကိုယ်မှာ အင်ဆူလင်တုံ့ပြန်မှုကောင်းအောင် လုပ်ပေးပါတယ်။

Metformin မက်ဖော်မင်က ဆရာဝန်ညွှန်ကြားစာနဲ့မှ ပေးဝယ်တဲ့ ဆေးတစ်မျိုးပါ။ တစ်ခြားသော ဆီးချိုကျဆေးတွေနဲ့လည်းတွဲသောက်တာလည်းရှိကြတယ်။ အင်ဆူလင်တွဲထိုးတာလည်းရှိတတ်ကြပါတယ်။ အဓိကအနေနဲ့ကတော့ ဆီးချိုအမျိုးအစားနှစ်အတွက်ပဲ သုံးတာပါ။

Metformin မက်ဖော်မင် သောက်တော့မယ်လို့ စလိုက်ပြီဆိုတာနဲ့ ကျောက်ကပ်ကောင်းမကောင်းစစ်ထားဖို့လိုပါတယ်။ Creatinine စစ်ပေးထားစေချင်တယ်။ သွေးထဲဆီးထဲမှာ Ketone ပမာဏကို စစ်ထားသင့်တယ်။ အသည်းအတွက် Liver function test လို့ခေါ်တဲ့ လုပ်ငန်းဆောင်တာအခြေအနေကို စစ်ထားသင့်ပါတယ်။ ဒီအဖြေတွေ ကောင်းမှ ဆေးကို စိတ်ချလက်ချသောက်လို့ရမှာပါ။

Metformin မက်ဖော်မင်ဆေးသေက်နေရင်းလည်း လိုအပ်သလို ပြန်စစ်ရပါမယ်။ အမျိုးသားတွေမှာ Creatinine ပမာဏ 1.4 mg/dl ဖြစ်ခဲ့ရင် အမျိုးသမီးတွေမှာ Creatinine ပမာဏ 1.5mg/dl ဖြစ်ခဲ့ရင် ဆေးကို ရပ်ဖို့လိုပါတယ်။ Lactic acidosis ဖြစ်စေနိုင်လို့ပါ။

ဆေးသောက်နေရင်း အကြောင်းတစ်ခုခုကြောင့် အရေးတကြီးလိုအပ်လို့ ဆေးသွင်းပြီး CT ရိုက်ရတယ်ဆိုရင်လည်းဆေးကိုကြိုရပ်ထားရပါတယ်။ Creatinine လည်းစစ်ပေးရပါတယ်။ကောင်းမှ ရိုက်လို့ရပါတယ်။ မဟုတ်ရင် Lactic acidosis ဖြစ်တတ်လို့ပါ။

Lactic acidosis ဆိုတာ Metformin မက်ဖော်မင်သောက်ရင်းဖြစ်တတ်တဲ့ ရောဂါတစ်ခုပါ။ ဆေးကြောင့်ပဲတော့မဟုတ်ဘူး။ နဂိုတည်းက ကျောက်ကပ်မကောင်းတဲ့သူတွေ အသည်းမကောင်းတဲ့သူတွေ အရက်အများကြီးသောက်တတ်တဲ့သူတွေ တစ်ခြားရောဂါတွေနဲ့ တွဲနေတဲ့သူတွေ ရေဓာတ်ခမ်းခြောက်နေတဲ့သူတွေ အသက်ကြီးပိုင်းတွေမှာ ပိုဖြစ်လွယ်ပါတယ်။

Lactic acidosis ဖြစ်လာတယ်ဆို လူနာမှာ နာကျင်ကိုက်ခဲပြီး နုန်းလာတတ်တယ်။ အသက်ရှူခက်လာတယ်။ ခေါင်းမူးပြီးမထနိုင်ဖြစ်လာတတ်တယ်။ အန်ချင်သလိုပျို့ချင်သလိုတွေဖြစ်လာတယ်။ နှလုံးခုန်မမှန်တာနှေးတာတွေ ဖြစ်လာတတ်တယ်။ တစ်ဖြည်းဖြည်းနဲ့ လူနာမှာ မှိန်းလာတယ်။ သတိလစ်လာတတ်တယ်။ ဒါကအသက်အန္တရာယ်ရှိစေနိုင်တဲ့ ဆိုးကျိုးထဲမှာပါပြီး အရေးပေါ်ကုသမှုတွေလုပ်ဖို့လိုအပ်ပါတယ်။

Metformin မက်ဖော်မင်ဆေးရဲ့ တစ်ခြားသောဘေးထွက်ဆိုးကျိုးလေးတွေရှိပါသေးတယ်။ နုန်းသလိုဖြစ်တာ အန်ချင်တာ ဗိုက်နာသလိုဖြစ်တာ ဝမ်းပျက်တာ လျှာပေါ်မှာ အရသာတစ်မျိုးဖြစ်နေတာတွေပါ။ Metformin မက်ဖော်မင်ဆေးက မတည့်တာတော့ရှားပါတယ်။ ဒါပေမယ့် ဆေးသောက်နေရင်း ယားယံတယ် အင်ပြင်ထတယ် အသက်ရှူခက်ပြီး တစ်ရွှီရွှီ မည်လာတယ်ဆို ဆေးရပ်ရပါမယ်။ ဆေးသောက်နေရင်း အသားတွေ မျက်လုံးတွေ ဝါလာတယ်ဆိုလည်း ဆေးရပ်ရပါမယ်။ အသည်းယောင်တာလည်းဖြစ်တတ်လို့ပါ။

Metformin မက်ဖော်မင်က ဆေးပမာဏမျိုးစုံနဲ့ လာတတ်ပါတယ်။ ဒါပေမယ့် တစ်နေ့ကိုအများဆုံး 2000 mg ထိပဲသောက်သင့်ပါတယ်။ ဆေးသောက်တဲ့အခါ ကိုယ်ပြနေတဲ့ဆရာဝန်ကသီးသန့်မပြောထားရင် အစားနဲ့ပဲတွဲသောက်သင့်ပါတယ်။ အစာအိမ်နဲ့ဆိုင်တဲ့ ဘေးထွက်ဆိုးကျိုးနည်းအောင်ပါ။

Metformin မက်ဖော်မင်ဆေး သောက်ရတဲ့ အတိုးအလျှော့တွေကတော့ ပြနေတဲ့ဆရာတွေနဲ့ သေချာတိုင်ပင်ပြီးလုပ်ပေးဖို့လိုပါတယ်။ လိုအပ်သလိုလည်း ဆီးချိုဖောက်စစ်ရမှာပါ။ ဆေးသောက်တာကြာလာတဲ့အခါတော့ Vitamin b 12 နည်းလာတဲ့အတွက် သွေးအားနည်းတာနဲ့ ထုံကျင်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘေးကနေ Vitamin b 12 ဖြစ်တဲ့ Methylcobal ပြန်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။

Metformin မက်ဖော်မင်ဆေးရဲ့ အားသာချက်တစ်ချို့ရှိပါတယ်။ တစ်ခြားဆီးချိုဆေးတွေလို သကြားဓာတ်အရမ်းနည်းသွားစေတာမျိုးမဖြစ်တတ်ပါဘူး။ ကိုယ်ခန္ဓာအလေးချိန် မတက်အောင်လည်း ထိန်းပေးပါတယ်။ အခုနောက်ပိုင်းတွေမှာ ကိုယ်ဝန်သည်တွေ နို့တိုက်မိခင်တွေမှာပါ အင်ဆူလင်ပြီးရင် စိတ်ချလက်ချသောက်နိုင်တဲ့ တစ်ခုတည်းသော ဆီးချိုကျဆေးပါပဲ။

Metformin မက်ဖော်မင်ဆေး အသုံးဝင်တာနောက်တစ်နေရာရှိပါသေးတယ်။ လူသိနည်းတတ်ပါတယ်။ PCOS လို့ခေါ်တဲ့ သားဥအိမ်မှာ ဟော်မုန်းပြဿနာကြောင့် ရေအိတ်တွေဖြစ်တတ်တဲ့ရောဂါပါ။ ဒီရောဂါဖြစ်တဲ့သူတွေက ကိုယ်အလေးချိန်များတယ်။ ကိုယ်ခန္ဓာမှာ အမွှေးအမျှင်များတတ်တယ်။ သားဥကြွေတာမမှန်ဘူး။ သွေးပေါ်တာမမှန်ဘူး။ ကလေးရဖို့ခက်တတ်တယ်။ ဒီရောဂါမှာ ဆီးချိုရှိတာမရှိတာနဲ့ မဆိုင်ဘဲ Metformin မက်ဖော်မင် ပေးလို့ရပါတယ်။ Metformin မက်ဖော်မင်က ကိုယ်အလေးချိန်လည်းထိန်းပေးတယ်။

Testrosterone လို့ခေါ်တဲ့ အမျိုးသားဟော်မုန်းကို နည်းစေတာကြောင့် အမွှေးအမျှင်လည်းနည်းလာစေတယ်။ သားဥကြွေဖို့လည်း ကူညီပေးတယ်။ ကလေးလည်းရလွယ်စေပါတယ်။ သူတစ်မျိုးတည်းနဲ့ကုတာတော့မဟုတ်ပါဘူး။ တစ်ခြားသောဆေးတွေနဲ့ တွဲသုံးရတာပါ။
Metformin မက်ဖော်မင်ဆေးသောက်နေတုန်း တစ်ခြားသောဆေးတွေသောက်ရတာဖြစ်စေ တစ်ခြားဆေးတွေသောက်တုန်း Metformin မက်ဖော်မင် အသစ်ထည့်တာဖြစ်စေ ပေးတဲ့ဆရာကို မိမိဘာဆေးတွေသောက်နေတယ်ဆိုတာ ကြိုပြောပေးဖို့လိုပါတယ်။ ဆေးတွေကတစ်ခါတစ်လေမှာအာနိသင်အချင်းချင်း အားပေးစေတာလျော့နည်းစေတာတွေ ရှိတတ်လို့ပါ။

Author : Dr. CST

Previous Post

ကိုယ်ဝန်ဆောင်ခြင်းနှင့် ဗိုက်မှအရေးအကြောင်းများ

Next Post

ဆီးပူဆီးအောင့် မဖြစ်ရလေအောင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆီးပူဆီးအောင့် မဖြစ်ရလေအောင်

အစာအိမ်ရောဂါ

သုက်ပိုး၏ရှင်သန်မူ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.