ကိုယ္ဝန္ေဆာင္စဥ္ႏို႔တိုက္စဥ္ဆံပင္အလွျပင္ျခင္း
Ondr မွာ က်န္းမာေရးအေမးအေျဖလုပ္ေနရင္း တစ္ခါတစ္ေလမွာ အေမးခံရတဲ့ ေမးခြန္းကေတာ့ ကိုယ္ဝန္ေဆာင္ေနတုန္း ဒါမွမဟုတ္ ကေလးႏို႔တိုက္ေနလို႔ ဆံပင္ ေဆးဆိုးလို႔ရလား ဆံပင္ေျဖာင့္ခ်င္တာအဆင္ေျပပါ့မလား ဆံပင္ေကာက္လို႔ရလားစသျဖင့္ ပါ
ႏွစ္ဦးႏွစ္ဖက္ကို ထည့္စဥ္းစားၿပီးေျပာပါမယ္ တစ္ဖက္ကေတာ့ ကိုယ္ဝန္သည္နဲ႔ ကေလးေတြပါ ေနာက္တစ္ဖက္ကေတာ့ ဆံပင္အလွျပင္ဆိုင္ေတြပါ
ဆံပင္အလွျပင္ဆိုင္ေတြကေတာ့ ကိုယ္ဝန္ေဆာင္စဥ္ပဲျဖစ္ျဖစ္ ႏို႔တိုက္ေနစဥ္ျဖစ္ျဖစ္ ဆံပင္ေဆးဆိုးတာေတြ ေျဖာင့္တာေကာက္တာေတြအတြက္ စိတ္ခ်ရတဲ့ ေဆးမ်ိဳးကိုသုံးတတ္ၾကပါတယ္
လုပ္တယ္မလုပ္ဘူးကေတာ့ ကာယကံရွင္ရဲ႕ ဆုံးျဖတ္ခ်က္ပါ ဆရာဝန္ေတာ္ေတာ္မ်ားမ်ားဆီကေန အႀကံဉာဏ္ယူရင္ေတာ့ ကေလးေမြးၿပီး အေမႏို႔အျပင္ျဖည့္စြက္စာစေကြၽးမွပဲ လုပ္ဖို႔ တိုက္တြန္းၾကမွာပါ
ကိုယ္ဝန္ေဆာင္ခ်ိန္ဟာ ေဟာ္မုန္းအေျပာင္းအလဲမ်ားတဲ့ အခ်ိန္ပါ နဂိုက ဓာတ္မတည့္တာေတြ မျဖစ္လည္း ကိုယ္ဝန္ေဆာင္ခ်ိန္က်မွ ထျဖစ္တာလည္းရွိလာတတ္တယ္ ကိုယ္ဝန္ေဆာင္ကာလမွာ မိခင္ဆီကေန ရင္ေသြးဆီကို ခ်က္ႀကိဳးကေနတစ္ဆင့္ အစာအာဟာရမ်ိဳးစုံ ေရာက္ရွိတာပါ
ေဆးတစ္ခ်ိဳ႕လည္း ခ်က္ႀကိဳးကေနတစ္ဆင့္ျဖတ္ၿပီးေရာက္တတ္ပါတယ္ ဓာတ္မတည့္တာျဖစ္လည္း ခ်က္ႀကိဳးကေနတစ္ဆင့္ ကေလးဆီေရာက္ႏိုင္ပါတယ္ ကေလးဆီမေရာက္ဘူးဆိုရင္ေတာင္မွ အေမဓာတ္မတည့္တာရဲ႕ေနာက္ဆက္တြဲျပႆနာေတြေၾကာင့္ ကေလးကို ထိခိုက္ေစတတ္တာလည္း ရွိတတ္ပါတယ္
ကေလးေမြးၿပီးလို႔ ေမြးစကေန အသက္၆လ ျပည့္တဲ့အထိ မိခင္ႏို႔တစ္မ်ိဳးတည္းတိုက္ရတဲ့ အခ်ိန္၆လမွာလည္း ကေလးရဲ႕ အဓိက အစာအာဟာရက မိခင္ဆီကပဲရတာပါ ဒီအခ်ိန္မွာ မိခင္စားတာေသာက္တာမွန္သမွ် ကေလးဆီ အက်ိဳးသက္ေရာက္ပါတယ္ ေဆးလည္းတူတူပါပဲ အေမႏို႔ကတစ္ဆင့္ ေရာ အေမမွာဓာတ္မတည့္တာျဖစ္တာေတြဆို ကေလးမွာလည္း ဓာတ္မတည့္တာျဖစ္ႏိုင္ဖို႔ အခြင့္အေရးမ်ားပါတယ္ တစ္ခါတစ္ေလေတာ့ အေမမွာ ဘာမွမျဖစ္ဘဲ ဆိုးေဆးေတြ ေျဖာင့္ေဆးေကာက္ေဆးေတြက ကေလးနဲ႔ ထိေတြ႕ၿပီး ကေလးမွာပဲ ဓာတ္မတည့္တာေတြ ျဖစ္တတ္ပါတယ္
တစ္ခ်ိဳ႕ဓာတ္မတည့္တာေလးေတြက ယားယံတာေလးေတြနဲ႔ ၿပီးသြားတတ္ေပမယ့္ တစ္ခ်ိဳ႕ဓာတ္မတည့္တာေတြကေတာ့ ေသြးေပါင္က်တာေတြ အသက္ရွဴခက္တာေတြ ေယာင္ယမ္းတာေတြကို ျဖစ္ေစႏိုင္ပါတယ္
ဆံပင္ေဆးဆိုးတာ ဆံပင္ေျဖာင့္တာေကာက္တာေတြက လုပ္လို႔ဘာမွမျဖစ္ရင္ေတာ့ ေကာင္းပါတယ္ ျဖစ္ၿပီးမွဆို ဓာတ္မတည့္တာဆိုးလြန္းရင္ အသက္အႏၲရာယ္ ထိခိုက္ေစတတ္တဲ့ အထိ ျဖစ္တတ္ပါတယ္
ဒါလုပ္ရင္ ဒါျဖစ္မယ္လို႔ တစ္ထစ္ခ်ေျပာထားတာမရွိေပမယ့္ ျဖစ္ႏိုင္ေခ်ေတြကို အဆုံးထိစဥ္းစားၿပီး ေျပာရတာျဖစ္တာေၾကာင့္ ကိုယ္ဝန္ေဆာင္စဥ္နဲ႔ အေမႏို႔တိုက္ေနတုန္းအခ်ိန္ေတြမွာ ဆံပင္ေဆးဆိုးတာတို႔ ဆံပင္ေျဖာင့္တာတို႔ေကာက္တာတို႔ အခုမွစလုပ္တာျဖစ္ေစ ေနာက္တစ္ခါျဖစ္ေစ လုပ္ရမလား ေမးလာရင္ေတာ့ အခုခ်က္ခ်င္းမလုပ္ဘဲ အခ်ိန္တစ္ခုအထိ ေစာင့္ဖို႔ပဲ ေျပာမွာျဖစ္ပါတယ္
Author : Dr. CST
ကိုယ်ဝန်ဆောင်စဉ် နို့တိုက်စဉ် ဆံပင်အလှပြင်ခြင်း
Ondr မှာ ကျန်းမာရေးအမေးအဖြေလုပ်နေရင်း တစ်ခါတစ်လေမှာ အမေးခံရတဲ့ မေးခွန်းကတော့ ကိုယ်ဝန်ဆောင်နေတုန်း ဒါမှမဟုတ် ကလေးနို့တိုက်နေလို့ ဆံပင် ဆေးဆိုးလို့ရလား ဆံပင်ဖြောင့်ချင်တာအဆင်ပြေပါ့မလား ဆံပင်ကောက်လို့ရလားစသဖြင့် ပါ
နှစ်ဦးနှစ်ဖက်ကို ထည့်စဉ်းစားပြီးပြောပါမယ် တစ်ဖက်ကတော့ ကိုယ်ဝန်သည်နဲ့ ကလေးတွေပါ နောက်တစ်ဖက်ကတော့ ဆံပင်အလှပြင်ဆိုင်တွေပါ
ဆံပင်အလှပြင်ဆိုင်တွေကတော့ ကိုယ်ဝန်ဆောင်စဉ်ပဲဖြစ်ဖြစ် နို့တိုက်နေစဉ်ဖြစ်ဖြစ် ဆံပင်ဆေးဆိုးတာတွေ ဖြောင့်တာကောက်တာတွေအတွက် စိတ်ချရတဲ့ ဆေးမျိုးကိုသုံးတတ်ကြပါတယ်
လုပ်တယ်မလုပ်ဘူးကတော့ ကာယကံရှင်ရဲ့ ဆုံးဖြတ်ချက်ပါ ဆရာဝန်တော်တော်များများဆီကနေ အကြံဉာဏ်ယူရင်တော့ ကလေးမွေးပြီး အမေနို့အပြင်ဖြည့်စွက်စာစကျွေးမှပဲ လုပ်ဖို့ တိုက်တွန်းကြမှာပါ
ကိုယ်ဝန်ဆောင်ချိန်ဟာ ဟော်မုန်းအပြောင်းအလဲများတဲ့ အချိန်ပါ နဂိုက ဓာတ်မတည့်တာတွေ မဖြစ်လည်း ကိုယ်ဝန်ဆောင်ချိန်ကျမှ ထဖြစ်တာလည်းရှိလာတတ်တယ် ကိုယ်ဝန်ဆောင်ကာလမှာ မိခင်ဆီကနေ ရင်သွေးဆီကို ချက်ကြိုးကနေတစ်ဆင့် အစာအာဟာရမျိုးစုံ ရောက်ရှိတာပါ
ဆေးတစ်ချို့လည်း ချက်ကြိုးကနေတစ်ဆင့်ဖြတ်ပြီးရောက်တတ်ပါတယ် ဓာတ်မတည့်တာဖြစ်လည်း ချက်ကြိုးကနေတစ်ဆင့် ကလေးဆီရောက်နိုင်ပါတယ် ကလေးဆီမရောက်ဘူးဆိုရင်တောင်မှ အမေဓာတ်မတည့်တာရဲ့နောက်ဆက်တွဲပြဿနာတွေကြောင့် ကလေးကို ထိခိုက်စေတတ်တာလည်း ရှိတတ်ပါတယ်
ကလေးမွေးပြီးလို့ မွေးစကနေ အသက်၆လ ပြည့်တဲ့အထိ မိခင်နို့တစ်မျိုးတည်းတိုက်ရတဲ့ အချိန်၆လမှာလည်း ကလေးရဲ့ အဓိက အစာအာဟာရက မိခင်ဆီကပဲရတာပါ ဒီအချိန်မှာ မိခင်စားတာသောက်တာမှန်သမျှ ကလေးဆီ အကျိုးသက်ရောက်ပါတယ် ဆေးလည်းတူတူပါပဲ အမေနို့ကတစ်ဆင့် ရော အမေမှာဓာတ်မတည့်တာဖြစ်တာတွေဆို ကလေးမှာလည်း ဓာတ်မတည့်တာဖြစ်နိုင်ဖို့ အခွင့်အရေးများပါတယ် တစ်ခါတစ်လေတော့ အမေမှာ ဘာမှမဖြစ်ဘဲ ဆိုးဆေးတွေ ဖြောင့်ဆေးကောက်ဆေးတွေက ကလေးနဲ့ ထိတွေ့ပြီး ကလေးမှာပဲ ဓာတ်မတည့်တာတွေ ဖြစ်တတ်ပါတယ်
တစ်ချို့ဓာတ်မတည့်တာလေးတွေက ယားယံတာလေးတွေနဲ့ ပြီးသွားတတ်ပေမယ့် တစ်ချို့ဓာတ်မတည့်တာတွေကတော့ သွေးပေါင်ကျတာတွေ အသက်ရှူခက်တာတွေ ယောင်ယမ်းတာတွေကို ဖြစ်စေနိုင်ပါတယ်
ဆံပင်ဆေးဆိုးတာ ဆံပင်ဖြောင့်တာကောက်တာတွေက လုပ်လို့ဘာမှမဖြစ်ရင်တော့ ကောင်းပါတယ် ဖြစ်ပြီးမှဆို ဓာတ်မတည့်တာဆိုးလွန်းရင် အသက်အန္တရာယ် ထိခိုက်စေတတ်တဲ့ အထိ ဖြစ်တတ်ပါတယ်
ဒါလုပ်ရင် ဒါဖြစ်မယ်လို့ တစ်ထစ်ချပြောထားတာမရှိပေမယ့် ဖြစ်နိုင်ချေတွေကို အဆုံးထိစဉ်းစားပြီး ပြောရတာဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်စဉ်နဲ့ အမေနို့တိုက်နေတုန်းအချိန်တွေမှာ ဆံပင်ဆေးဆိုးတာတို့ ဆံပင်ဖြောင့်တာတို့ကောက်တာတို့ အခုမှစလုပ်တာဖြစ်စေ နောက်တစ်ခါဖြစ်စေ လုပ်ရမလား မေးလာရင်တော့ အခုချက်ချင်းမလုပ်ဘဲ အချိန်တစ်ခုအထိ စောင့်ဖို့ပဲ ပြောမှာဖြစ်ပါတယ်
Author : Dr. CST