fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ကျွန်တော်မသိလို့ပါ

21
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/04/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ကြၽန္ေတာ္ မသိလို႔ပါ

ေက်ာ္ေက်ာ္တစ္ေယာက္ တကၠသိုလ္ စတက္တက္ခ်င္းႏွစ္မွာပဲ ေကာင္မေလးတစ္ေယာက္ကို စိတ္ဝင္စားမိၿပီး ေကာင္မေလးနဲ႔ နီးခြင့္ရဖို႔ နည္းလမ္းအမ်ိဳးမ်ိဳး ႀကိဳးစားေနတတ္တယ္
ေကာင္မေလးက အသားျဖဴျဖဴနဲ႔ ပိန္ပိန္ပါးပါးရယ္ အေနေအးၿပီး အျပင္သိပ္မသြားတတ္တဲ့ အေမ့သမီး အလိမၼာေလးထင္ပါ့ တကၠသိုလ္လာတာေတာင္ အိမ္ကအႀကိဳအပို႔ အၿမဲလုပ္ေပးေနတယ္ ထမင္းခ်ိဳင့္ အၿမဲပါတတ္တယ္ ကန္တင္းမွာမစားဘဲ သူ႔သူငယ္ခ်င္းေတြနဲ႔ အတန္းထဲမွာပဲ ထမင္းဗူး ဖြင့္စားတတ္တယ္ တစ္ခါတစ္ခါေတာ့ ေနမေကာင္းလို႔ဆိုၿပီး အတန္းမတက္တတ္တာကလြဲလို႔ အတန္းခ်ိန္တိုင္း မွန္ေအာင္တက္တက္တယ္

သူငယ္ခ်င္းေတြနဲ႔တိုင္ပင္ရင္း
‘ ေဟ့ေကာင္ ေက်ာ္ေက်ာ္ မင္းသေဘာက်တယ္ဆိုလည္း လိုက္ေလကြာ ထိုင္ၾကည့္မေနနဲ႔ ေယာက်ာ္းေလးဆိုတာ ႀကိဳက္ရင္ လိုက္ရတယ္ကြ’
‘ ဟ သူက ဒီေလာက္အေနေအးတာ ငါကဘယ္အခ်ိန္သြားလိုက္ရမလဲ ေန႔လည္ဆိုလည္းအတန္းထဲမွာပဲ အသြားအျပန္လည္း အိမ္ကကားနဲ႔ကြ’
‘ဒါဆိုလည္း မင္းပါ အတန္းထဲ သြားေရာေပါ့ကြာ’
‘ဟာ လူေတြအမ်ားႀကီးနဲ႔ ငါက အခုမွ ပထမဆုံးသြားစကားေျပာမွာ တစ္ခုခုအဆင္မေျပရင္ ဘယ္လိုလုပ္မလဲ’
‘ မင္းကလည္းကြာ အဆင္မေျပလည္း ထပ္ႀကိဳးစားေပါ့’
‘ေအးေလကြာ ေကာင္မေလးေတြက ဘယ္ေတာ့မွ တစ္ခါတည္းနဲ႔ အဆင္ေျပမွာ မဟုတ္ဘူး မင္းကို လက္ခံစကားေျပာရင္ေတာင္ ကံေကာင္း’
‘ ေအးကြာ ငါႀကိဳးစားၾကည့္မယ္’
‘ မင္းဒီအတိုင္းေတာ့ မေရာနဲ႔ မိန္းကေလးေတြနဲ႔ သြားေတြ႕တာဆိုေတာ့ လက္ေဆာင္တို႔စားစရာတို႔ယူသြား သူ႔တစ္ေယာက္တည္း ရယ္မဟုတ္ဘဲ သူ႔သူငယ္ခ်င္းေတြနဲ႔ပါေရာ’
‘ ေအး အဲ့အႀကံမဆိုးဘူး လုပ္ၾကည့္ဦးမယ္’
ေက်ာ္ေက်ာ္လည္း သူငယ္ခ်င္းေတြနဲ႔ တစ္ယာက္တစ္ေပါက္ေျပာၿပီး ဘာလက္ေဆာင္နဲ႔သြားရမလဲ တစ္ေယာက္တည္း စဥ္းစားေနမိသည္
ကံေကာင္းပုံမ်ားကေတာ့ အိမ္လည္းျပန္ေရာက္ေရာ လူႀကဳံလာပို႔ထားတဲ့ ေခ်ာကလက္ဗူးေလး ေခ်ာကလက္က ေျမပဲနဲ႔လုပ္ထားေပမယ့္ ေျမပဲပါတာကို လုံးဝမသိေအာင္ လုပ္ထားၿပီး ဗူးေသးေသးေလးေတြ ကိုယ္စီနဲ႔ဆိုေတာ့ အျမင္လည္းလွတယ္ ဒါေလးေပးမယ္ စိတ္ကူးရင္း မနက္အတြက္ ေသခ်ာထုပ္ပိုးၿပီး ေရခဲေသတၱာထဲ ျပန္ထည့္ထားလိုက္တယ္
ေနာက္ေန႔သူငယ္ခ်င္းေတြနဲ႔တူတူ ေကာင္မေလးရွိတဲ့ ေနရာကိုသြားေတာ့ အေျပာအဆိုအေမးျမန္းခံရင္းပဲ ကိစၥက အဆင္ေျပသြားတယ္ မုန႔္လည္းလက္ခံလိုက္တယ္
သူငယ္ခ်င္းေတြကလည္း တစ္ေယာက္တစ္ေပါက္ အဆင္ေျပႏိုင္တယ္လို႔ ေျပာတာရွိတာေရာ ေတာ္ေတာ္ႀကိဳးစားရမယ္ေတြေရာ စုံလို႔
ေန႔လည္စာသြားစားၿပီး ျပန္လာေတာ့ ေကာင္မေလးကိုမေတြ႕ဘဲ သူငယ္ခ်င္းေတြကပဲ ေနမေကာင္းလို႔ အိမ္ျပန္သြားတယ္တဲ့
ေကာင္မေလးက တစ္ပတ္ေလာက္ ေက်ာင္းမလာပါဘူး အေကာင္းႀကီးကေန ဘာမ်ားျဖစ္သြားတာလဲ စဥ္းစားရင္းနဲ႔ပဲ ေက်ာင္းျပန္တက္မယ့္ရက္ကို ေစာင့္ေနမိတယ္
တစ္ရက္အိမ္မွာ ကိစၥရွိလို႔ မနက္ေက်ာင္းကို မသြားႏိုင္ေတာ့ သူငယ္ခ်င္းေတြက လွမ္းဖုန္းဆက္ၾကတယ္ မင္းေကာင္မေလး ေက်ာင္းျပန္တက္တယ္တဲ့ စိတ္ထဲေတာ္ေတာ္ေပ်ာ္သြားတာ ေကာင္မေလးကိုလည္း သူ႔လို ေပ်ာ္ေစခ်င္တယ္ ေနမေကာင္းျဖစ္တာကို ေမ့သြားေလာက္ေအာင္ အံ့အားသင့္ေစတဲ လက္ေဆာင္မ်ိဳးေပးခ်င္တာနဲ႔ အျမန္စီစဥ္ၿပီး ေက်ာင္းကိုသြားတယ္
သူငယ္ခ်င္းေတြက ကိုယ့္လက္ေဆာင္ကိုၾကည့္ၿပီး ေႂကြဆင္းကုန္ေတာ့ ပိုေပ်ာ္ရတာအမွန္
‘ ေဟ့ေကာင္ ေက်ာ္ေက်ာ္ မင္းဒါကို ဘယ္လိုေပးမွာလဲ’
‘ ငါလည္း မစဥ္းစားရေသးဘူးကြ ေပးခ်င္တာပဲသိတယ္ သူ႔ကို အံ့အားသင့္သြားေစခ်င္တယ္’
‘ ဒါဆို အတန္းၿပီးလို႔ထြက္လာေတာ့မွ သူ႔ေရွ႕ကို သြားေပးလိုက္ မင္းကို ႀကိဳမျမင္ေစနဲ႔ ငါတို႔ မင္းကို သူလာၿပီလား အခ်က္ျပေပးမယ္’
‘ ေအးအဲ့အႀကံေကာင္းတယ္ ငါအကြယ္က ေစာင့္ေနမယ္ မင္းတို႔က ငါ့ကိုအခ်က္ျပ’
‘Ok ok’
အတိုင္အေဖာက္ညီလို႔ အတန္းၿပီးခ်ိန္ထိ ဝီရိယေကာင္းေကာင္းနဲ႔ ေစာင့္ေနၾကရင္း ေက်ာ္ေက်ာ္တစ္ေယာက္ ရင္ခုန္လို႔
‘ ေဟ့ေကာင္ အတန္းၿပီးၿပီ သြားသြား နံရံ အကြယ္ကို အျမန္သြား’
ေဘးကေန လက္တို႔ေျပာမွ သတိဝင္လာၿပီး ကမန္းကတန္းေျပးရင္း ေကာင္မေလးထြက္အလာကို ေစာင့္ေနလိုက္တယ္
သူငယ္ခ်င္းတစ္ေယာက္က ေခါင္းအညိတ္ ခ်က္ခ်င္းဆိုသလို ေကာင္မေလးေရွ႕ကို ခုန္ထြက္ၿပီး လက္ထဲက ႏွင္းဆီပန္းအနီေတြ တစ္ေပြ႕တစ္ပိုက္ႀကီးနဲ႔ ပန္းစည္းကို ေကာင္မေလးမ်က္ႏွာနားအထိ တိုးေပးလိုက္တယ္
‘ဟယ္ေတာ့’
‘ ဟာ ဒုကၡပါပဲ’
‘ ႏွာေခါင္းျမန္ျမန္ပိတ္ မရွဴမိေစနဲ႔’
တစ္ေယာက္တစ္ေပါက္ အသံေတြ ၾကားကေန ေက်ာ္ေက်ာ္တစ္ေယာက္ အံ့အားသင့္လို႔
ေကာင္မေလးကေတာ့ ပန္းစည္းကို တြန္းတိုက္ဖယ္ၿပီး ထြက္ေျပးသြားေလရဲ႕
ေကာင္မေလးရဲ႕ သူငယ္ခ်င္းတစ္ခ်ိဳ႕လည္း ေျပးလိုက္ရင္း တစ္ေယာက္ေသာ သူငယ္ခ်င္းကေတာ့ ကိုယ့္ဘက္လွည့္ရင္း
‘ လက္ေဆာင္ေပးခ်င္တယ္ဆိုလည္း အေၾကာင္းသိေအာင္လည္း နည္းနည္းပါးပါး စုံစမ္းပါလား ပန္းနာရင္က်ပ္ေရာဂါရွိတဲ့သူကို တစ္ခါလည္း ေျမပဲ အခုလည္း ပန္း ရင္က်ပ္တစ္ခါတစ္ခါျဖစ္ၿပီဆို မနည္းခံရတာ ဘာလို႔ေနမေကာင္းလဲလည္း မစုံစမ္းဘဲ လုပ္ခ်င္တာလုပ္ေနတယ္ အခုလည္း က်ပ္သြားရင္ ေက်ာင္းပ်က္ရဦးမယ္ ေနျပန္ေကာင္းကာစ ေက်ာင္းျပန္တက္႐ုံ ရွိေသးတယ္’
ေျပာသြားတဲ့ စကားကို နားေထာင္ရင္း ေက်ာ္ေက်ာ္တစ္ေယာက္ ပန္းစည္းႀကီးကိုင္လို႔ စိတ္ထဲကေတာ့ ေရ႐ြတ္လိုက္မိတယ္
‘ ကြၽန္ေတာ္မသိလို႔ပါဗ်ာ’

Dr. CST

ကျွန်တော် မသိလို့ပါ

ကျော်ကျော်တစ်ယောက် တက္ကသိုလ် စတက်တက်ချင်းနှစ်မှာပဲ ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စားမိပြီး ကောင်မလေးနဲ့ နီးခွင့်ရဖို့ နည်းလမ်းအမျိုးမျိုး ကြိုးစားနေတတ်တယ်
ကောင်မလေးက အသားဖြူဖြူနဲ့ ပိန်ပိန်ပါးပါးရယ် အနေအေးပြီး အပြင်သိပ်မသွားတတ်တဲ့ အမေ့သမီး အလိမ္မာလေးထင်ပါ့ တက္ကသိုလ်လာတာတောင် အိမ်ကအကြိုအပို့ အမြဲလုပ်ပေးနေတယ် ထမင်းချိုင့် အမြဲပါတတ်တယ် ကန်တင်းမှာမစားဘဲ သူ့သူငယ်ချင်းတွေနဲ့ အတန်းထဲမှာပဲ ထမင်းဗူး ဖွင့်စားတတ်တယ် တစ်ခါတစ်ခါတော့ နေမကောင်းလို့ဆိုပြီး အတန်းမတက်တတ်တာကလွဲလို့ အတန်းချိန်တိုင်း မှန်အောင်တက်တက်တယ်

သူငယ်ချင်းတွေနဲ့တိုင်ပင်ရင်း
‘ ဟေ့ကောင် ကျော်ကျော် မင်းသဘောကျတယ်ဆိုလည်း လိုက်လေကွာ ထိုင်ကြည့်မနေနဲ့ ယောကျာ်းလေးဆိုတာ ကြိုက်ရင် လိုက်ရတယ်ကွ’
‘ ဟ သူက ဒီလောက်အနေအေးတာ ငါကဘယ်အချိန်သွားလိုက်ရမလဲ နေ့လည်ဆိုလည်းအတန်းထဲမှာပဲ အသွားအပြန်လည်း အိမ်ကကားနဲ့ကွ’
‘ဒါဆိုလည်း မင်းပါ အတန်းထဲ သွားရောပေါ့ကွာ’
‘ဟာ လူတွေအများကြီးနဲ့ ငါက အခုမှ ပထမဆုံးသွားစကားပြောမှာ တစ်ခုခုအဆင်မပြေရင် ဘယ်လိုလုပ်မလဲ’
‘ မင်းကလည်းကွာ အဆင်မပြေလည်း ထပ်ကြိုးစားပေါ့’
‘အေးလေကွာ ကောင်မလေးတွေက ဘယ်တော့မှ တစ်ခါတည်းနဲ့ အဆင်ပြေမှာ မဟုတ်ဘူး မင်းကို လက်ခံစကားပြောရင်တောင် ကံကောင်း’
‘ အေးကွာ ငါကြိုးစားကြည့်မယ်’
‘ မင်းဒီအတိုင်းတော့ မရောနဲ့ မိန်းကလေးတွေနဲ့ သွားတွေ့တာဆိုတော့ လက်ဆောင်တို့စားစရာတို့ယူသွား သူ့တစ်ယောက်တည်း ရယ်မဟုတ်ဘဲ သူ့သူငယ်ချင်းတွေနဲ့ပါရော’
‘ အေး အဲ့အကြံမဆိုးဘူး လုပ်ကြည့်ဦးမယ်’
ကျော်ကျော်လည်း သူငယ်ချင်းတွေနဲ့ တစ်ယာက်တစ်ပေါက်ပြောပြီး ဘာလက်ဆောင်နဲ့သွားရမလဲ တစ်ယောက်တည်း စဉ်းစားနေမိသည်
ကံကောင်းပုံများကတော့ အိမ်လည်းပြန်ရောက်ရော လူကြုံလာပို့ထားတဲ့ ချောကလက်ဗူးလေး ချောကလက်က မြေပဲနဲ့လုပ်ထားပေမယ့် မြေပဲပါတာကို လုံးဝမသိအောင် လုပ်ထားပြီး ဗူးသေးသေးလေးတွေ ကိုယ်စီနဲ့ဆိုတော့ အမြင်လည်းလှတယ် ဒါလေးပေးမယ် စိတ်ကူးရင်း မနက်အတွက် သေချာထုပ်ပိုးပြီး ရေခဲသေတ္တာထဲ ပြန်ထည့်ထားလိုက်တယ်
နောက်နေ့သူငယ်ချင်းတွေနဲ့တူတူ ကောင်မလေးရှိတဲ့ နေရာကိုသွားတော့ အပြောအဆိုအမေးမြန်းခံရင်းပဲ ကိစ္စက အဆင်ပြေသွားတယ် မုန့်လည်းလက်ခံလိုက်တယ်
သူငယ်ချင်းတွေကလည်း တစ်ယောက်တစ်ပေါက် အဆင်ပြေနိုင်တယ်လို့ ပြောတာရှိတာရော တော်တော်ကြိုးစားရမယ်တွေရော စုံလို့
နေ့လည်စာသွားစားပြီး ပြန်လာတော့ ကောင်မလေးကိုမတွေ့ဘဲ သူငယ်ချင်းတွေကပဲ နေမကောင်းလို့ အိမ်ပြန်သွားတယ်တဲ့
ကောင်မလေးက တစ်ပတ်လောက် ကျောင်းမလာပါဘူး အကောင်းကြီးကနေ ဘာများဖြစ်သွားတာလဲ စဉ်းစားရင်းနဲ့ပဲ ကျောင်းပြန်တက်မယ့်ရက်ကို စောင့်နေမိတယ်
တစ်ရက်အိမ်မှာ ကိစ္စရှိလို့ မနက်ကျောင်းကို မသွားနိုင်တော့ သူငယ်ချင်းတွေက လှမ်းဖုန်းဆက်ကြတယ် မင်းကောင်မလေး ကျောင်းပြန်တက်တယ်တဲ့ စိတ်ထဲတော်တော်ပျော်သွားတာ ကောင်မလေးကိုလည်း သူ့လို ပျော်စေချင်တယ် နေမကောင်းဖြစ်တာကို မေ့သွားလောက်အောင် အံ့အားသင့်စေတဲ လက်ဆောင်မျိုးပေးချင်တာနဲ့ အမြန်စီစဉ်ပြီး ကျောင်းကိုသွားတယ်
သူငယ်ချင်းတွေက ကိုယ့်လက်ဆောင်ကိုကြည့်ပြီး ကြွေဆင်းကုန်တော့ ပိုပျော်ရတာအမှန်
‘ ဟေ့ကောင် ကျော်ကျော် မင်းဒါကို ဘယ်လိုပေးမှာလဲ’
‘ ငါလည်း မစဉ်းစားရသေးဘူးကွ ပေးချင်တာပဲသိတယ် သူ့ကို အံ့အားသင့်သွားစေချင်တယ်’
‘ ဒါဆို အတန်းပြီးလို့ထွက်လာတော့မှ သူ့ရှေ့ကို သွားပေးလိုက် မင်းကို ကြိုမမြင်စေနဲ့ ငါတို့ မင်းကို သူလာပြီလား အချက်ပြပေးမယ်’
‘ အေးအဲ့အကြံကောင်းတယ် ငါအကွယ်က စောင့်နေမယ် မင်းတို့က ငါ့ကိုအချက်ပြ’
‘Ok ok’
အတိုင်အဖောက်ညီလို့ အတန်းပြီးချိန်ထိ ဝီရိယကောင်းကောင်းနဲ့ စောင့်နေကြရင်း ကျော်ကျော်တစ်ယောက် ရင်ခုန်လို့
‘ ဟေ့ကောင် အတန်းပြီးပြီ သွားသွား နံရံ အကွယ်ကို အမြန်သွား’
ဘေးကနေ လက်တို့ပြောမှ သတိဝင်လာပြီး ကမန်းကတန်းပြေးရင်း ကောင်မလေးထွက်အလာကို စောင့်နေလိုက်တယ်
သူငယ်ချင်းတစ်ယောက်က ခေါင်းအညိတ် ချက်ချင်းဆိုသလို ကောင်မလေးရှေ့ကို ခုန်ထွက်ပြီး လက်ထဲက နှင်းဆီပန်းအနီတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ ပန်းစည်းကို ကောင်မလေးမျက်နှာနားအထိ တိုးပေးလိုက်တယ်
‘ဟယ်တော့’
‘ ဟာ ဒုက္ခပါပဲ’
‘ နှာခေါင်းမြန်မြန်ပိတ် မရှူမိစေနဲ့’
တစ်ယောက်တစ်ပေါက် အသံတွေ ကြားကနေ ကျော်ကျော်တစ်ယောက် အံ့အားသင့်လို့
ကောင်မလေးကတော့ ပန်းစည်းကို တွန်းတိုက်ဖယ်ပြီး ထွက်ပြေးသွားလေရဲ့
ကောင်မလေးရဲ့ သူငယ်ချင်းတစ်ချို့လည်း ပြေးလိုက်ရင်း တစ်ယောက်သော သူငယ်ချင်းကတော့ ကိုယ့်ဘက်လှည့်ရင်း
‘ လက်ဆောင်ပေးချင်တယ်ဆိုလည်း အကြောင်းသိအောင်လည်း နည်းနည်းပါးပါး စုံစမ်းပါလား ပန်းနာရင်ကျပ်ရောဂါရှိတဲ့သူကို တစ်ခါလည်း မြေပဲ အခုလည်း ပန်း ရင်ကျပ်တစ်ခါတစ်ခါဖြစ်ပြီဆို မနည်းခံရတာ ဘာလို့နေမကောင်းလဲလည်း မစုံစမ်းဘဲ လုပ်ချင်တာလုပ်နေတယ် အခုလည်း ကျပ်သွားရင် ကျောင်းပျက်ရဦးမယ် နေပြန်ကောင်းကာစ ကျောင်းပြန်တက်ရုံ ရှိသေးတယ်’
ပြောသွားတဲ့ စကားကို နားထောင်ရင်း ကျော်ကျော်တစ်ယောက် ပန်းစည်းကြီးကိုင်လို့ စိတ်ထဲကတော့ ရေရွတ်လိုက်မိတယ်
‘ ကျွန်တော်မသိလို့ပါဗျာ’

Dr. CST

Previous Post

အဖြူဆင်းပြီး မိန်းမကိုယ်ယားခြင်း

Next Post

ဆီးချိုနဲ့ အရေပြား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
856
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆီးချိုနဲ့ အရေပြား

အိပ်မပျော်ခြင်း (Insomnia)

မိန်းမကိုယ်ကင်ဆာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.