အသည္းအဆီဖံုးျခင္း
အသည္းအဆီဖုံး ေနၿပီ၊ ဒါဆို ဘယ္လိုဆက္ကုရမလဲ၊ ဘာေတြေရွာင္ရမလဲ၊ ဘာလို႔အဆီဖုံးလဲ ဆိုေသာေမးခြန္းမ်ားက အၿမဲ Ondrမွာေမးေလ့ရွိပါတယ္။ အသည္းအဆီဖုံးျခင္းဆိုသည္မွာ မေကာင္းေသာအဆီမ်ား အသည္းထဲတြင္ စုပုံဖုံးေနေသာေၾကာင့္ျဖစ္ပါတယ္။
သင္သာအရက္ေသာက္ခဲ့လွ်င္ေတာ့ အသည္းအဆီဖုံးျခင္းအတြက္ စိုးရိမ္စရာပါ။ အရက္ေၾကာင့္ အသည္းပ်က္ဆီးကာ အဆီေတြ စုပုံဖုံးလႊမ္းလာပါလိမ့္မယ္။
သင္အရက္မေသာက္ရင္ေရာ အသည္းအဆီဖုံးပါသလားဟုဆိုခဲ့ေသာ္ အဆီဖုံးႏိုင္ပါတယ္။
အရက္ေၾကာင့္ အသည္းအဆီဖုံးျခင္းႏွင့္ အရက္ေၾကာင့္ မဟုတ္ဘဲ အျခားအေၾကာင္းမ်ားေၾကာင့္အသည္းအဆီဖုံးျခင္းဟူ၍ ၂မ်ိဳး ရွိပါတယ္။
(1) အရက္ေၾကာင့္ အသည္းအဆီဖုံးျခင္း
ထိုအေျခအေနတြင္ တခါတရံ မည္သည့္လကၡဏာမ်ား မျပျခင္း ျဖစ္ႏိုင္ပါတယ္။ အခ်ိဳ႕တြင္ အသည္းႀကီးလာၿပီး ရင္ေခါင္းေတာင့္သလို ခံစားရတတ္ပါတယ္။ အရက္ေသာက္၍ျဖစ္ျခင္းသည္ အရက္ျဖတ္ပါက အဆီဖုံးျခင္း ဆိုး႐ြားျခင္းကိုရပ္တန႔္ႏိုင္ပါတယ္။ အရက္ဆက္ေသာက္ပါက အသည္းအဆီဖုံးျခင္းမွ ဆိုး႐ြားေသာ အေျခအေန ေရာက္ရွိႏိုင္ပါတယ္။
-အသည္းေရာင္ျခင္း
အသည္းေရာင္ျခင္းေၾကာင့္ ဖ်ားျခင္း၊ ပ်ိဳ႕အန္ျခင္း၊ ဗိုက္နာျခင္း၊ အသားဝါျခင္း စသည့္လကၡဏာမ်ား ေပၚလာႏိုင္ပါတယ္။
-အသည္းေျခာက္ျခင္း
အသည္းေျခာက္ပါက ေသြးယိုစိမ့္ျခင္း၊ မူမမွန္ျပဳမႈျခင္း၊ ေဘလုံးႀကီးျခင္း၊ အသည္းပ်က္ဆီးျခင္း အဆင့္ထိ ေရာက္ရွိႏိုင္ပါတယ္။ ထို႔ေၾကာင့္ အရက္ေသာက္သူမ်ား အသည္းအဆီဖုံးပါက အသည္းေျခာက္ျခင္း အဆင့္ထိ ေရာက္ရွိႏိုင္ေၾကာင္း သတိျပဳသင့္ပါတယ္။
(2) အျခားေသာ အေၾကာင္းမ်ားေၾကာင့္ အဆီဖုံးျခင္း
အသည္းေရာင္ျခင္းမရွိဘဲ အသည္းအဆီဖုံးျခင္းသည္ အမ်ားအားျဖင့္ မဆိုး႐ြားႏိုင္ပါ။အသည္းေရာင္ျခင္းပါက ရွိပါက အသည္းပ်က္ဆီးကာ အလုပ္မလုပ္ႏိုင္သည္အထိ ျဖစ္ႏိုင္ပါတယ္။ အသည္းေျခာက္ျခင္း၊ ေရဖ်ဥ္းစြဲျခင္းႏွင့္ အသည္းကင္ဆာ ျဖစ္သည္အထိ ဆိုး႐ြားႏိုင္ပါတယ္။ ျဖစ္ေစႏိုင္ေသာ အေၾကာင္းရင္းမ်ားကေတာ့
-ကိုယ္အေလးခ်ိန္မ်ားျခင္း
-ဆီးခ်ိဳရွိျခင္း
-ေသြးတြင္းအဆီမ်ားျခင္း
-ေသြးတိုးေရာဂါရွိျခင္း
-အျခားေသာ ေဟာ္မုန္းေရာဂါမ်ားရွိျခင္း
-အသည္းပိုးမ်ားရွိျခင္း စသည္တို႔ေၾကာင့္ ျဖစ္ႏိုင္ပါတယ္။
အသည္းအဆီဖုံးျခင္းသည္ အမ်ားအားျဖင့္ သတိမျပဳမိတတ္ပါ။ အသည္းေရာင္ျခင္း၊အသည္းေျခာက္ျခင္းအဆင့္ေရာက္မွသာခံစားႏိုင္ပါတယ္။ ဆရာဝန္ကိုယ္တိုင္ စမ္းသပ္ျခင္း၊အတ္ထရာေဆာင္း႐ိုက္ျခင္း၊ အသည္းအင္ဇိုင္းစစ္ျခင္း စသည္ျဖင့္ ေရာဂါရွာေဖြသိရွိႏိုင္ပါတယ္။
ကုသျခင္း
အရက္ေၾကာင့္ အဆီဖုံးပါက အျမန္ဆုံး အရက္ျဖတ္သင့္ပါတယ္။ အသည္းအဆီ ဖုံးျခင္းသည္ တခါတရံ မိမိေနထိုင္မႈပုံစံေျပာင္းလဲ႐ုံမွ်သာ လိုအပ္ပါတယ္။ ေဆးဝါးျဖင့္ ကုသစရာမလိုပါ။ ေသြးတြင္းအဆီဓာတ္ေလ်ာ့ျခင္း၊ ဝိတ္ေလ်ာ့ျခင္း၊ အဆီအစိမ့္ အငန္ေရွာင္ျခင္းႏွင့္ ေလ့က်င္ခန္းလုပ္ျခင္း စသည္တို႔ ျဖစ္ပါတယ္။
အသည္းအဆီဖုံးျခင္းေၾကာင့္ အသည္းေျခာက္ျခင္း၊ အသည္းကင္ဆာျဖစ္ျခင္း အဆင့္ထိမေရာက္ေအာင္ ကာကြယ္ထိန္းသိမ္း၍ ျဖစ္လာပါက အျမန္ဆုံး ကုသမႈ ခံယူသင့္ပါတယ္။
Author : Dr. ျပည့္ရွင္း
အသည်းအဆီဖုံးခြင်း
အသည်းအဆီဖုံး နေပြီ၊ ဒါဆို ဘယ်လိုဆက်ကုရမလဲ၊ ဘာတွေရှောင်ရမလဲ၊ ဘာလို့အဆီဖုံးလဲ ဆိုသောမေးခွန်းများက အမြဲ Ondrမှာမေးလေ့ရှိပါတယ်။ အသည်းအဆီဖုံးခြင်းဆိုသည်မှာ မကောင်းသောအဆီများ အသည်းထဲတွင် စုပုံဖုံးနေသောကြောင့်ဖြစ်ပါတယ်။
သင်သာအရက်သောက်ခဲ့လျှင်တော့ အသည်းအဆီဖုံးခြင်းအတွက် စိုးရိမ်စရာပါ။ အရက်ကြောင့် အသည်းပျက်ဆီးကာ အဆီတွေ စုပုံဖုံးလွှမ်းလာပါလိမ့်မယ်။
သင်အရက်မသောက်ရင်ရော အသည်းအဆီဖုံးပါသလားဟုဆိုခဲ့သော် အဆီဖုံးနိုင်ပါတယ်။
အရက်ကြောင့် အသည်းအဆီဖုံးခြင်းနှင့် အရက်ကြောင့် မဟုတ်ဘဲ အခြားအကြောင်းများကြောင့်အသည်းအဆီဖုံးခြင်းဟူ၍ ၂မျိုး ရှိပါတယ်။
(1) အရက်ကြောင့် အသည်းအဆီဖုံးခြင်း
ထိုအခြေအနေတွင် တခါတရံ မည်သည့်လက္ခဏာများ မပြခြင်း ဖြစ်နိုင်ပါတယ်။ အချို့တွင် အသည်းကြီးလာပြီး ရင်ခေါင်းတောင့်သလို ခံစားရတတ်ပါတယ်။ အရက်သောက်၍ဖြစ်ခြင်းသည် အရက်ဖြတ်ပါက အဆီဖုံးခြင်း ဆိုးရွားခြင်းကိုရပ်တန့်နိုင်ပါတယ်။ အရက်ဆက်သောက်ပါက အသည်းအဆီဖုံးခြင်းမှ ဆိုးရွားသော အခြေအနေ ရောက်ရှိနိုင်ပါတယ်။
-အသည်းရောင်ခြင်း
အသည်းရောင်ခြင်းကြောင့် ဖျားခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ အသားဝါခြင်း စသည့်လက္ခဏာများ ပေါ်လာနိုင်ပါတယ်။
-အသည်းခြောက်ခြင်း
အသည်းခြောက်ပါက သွေးယိုစိမ့်ခြင်း၊ မူမမှန်ပြုမှုခြင်း၊ ဘေလုံးကြီးခြင်း၊ အသည်းပျက်ဆီးခြင်း အဆင့်ထိ ရောက်ရှိနိုင်ပါတယ်။ ထို့ကြောင့် အရက်သောက်သူများ အသည်းအဆီဖုံးပါက အသည်းခြောက်ခြင်း အဆင့်ထိ ရောက်ရှိနိုင်ကြောင်း သတိပြုသင့်ပါတယ်။
(2) အခြားသော အကြောင်းများကြောင့် အဆီဖုံးခြင်း
အသည်းရောင်ခြင်းမရှိဘဲ အသည်းအဆီဖုံးခြင်းသည် အများအားဖြင့် မဆိုးရွားနိုင်ပါ။အသည်းရောင်ခြင်းပါက ရှိပါက အသည်းပျက်ဆီးကာ အလုပ်မလုပ်နိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အသည်းခြောက်ခြင်း၊ ရေဖျဉ်းစွဲခြင်းနှင့် အသည်းကင်ဆာ ဖြစ်သည်အထိ ဆိုးရွားနိုင်ပါတယ်။ ဖြစ်စေနိုင်သော အကြောင်းရင်းများကတော့
-ကိုယ်အလေးချိန်များခြင်း
-ဆီးချိုရှိခြင်း
-သွေးတွင်းအဆီများခြင်း
-သွေးတိုးရောဂါရှိခြင်း
-အခြားသော ဟော်မုန်းရောဂါများရှိခြင်း
-အသည်းပိုးများရှိခြင်း စသည်တို့ကြောင့် ဖြစ်နိုင်ပါတယ်။
အသည်းအဆီဖုံးခြင်းသည် အများအားဖြင့် သတိမပြုမိတတ်ပါ။ အသည်းရောင်ခြင်း၊အသည်းခြောက်ခြင်းအဆင့်ရောက်မှသာခံစားနိုင်ပါတယ်။ ဆရာဝန်ကိုယ်တိုင် စမ်းသပ်ခြင်း၊အတ်ထရာဆောင်းရိုက်ခြင်း၊ အသည်းအင်ဇိုင်းစစ်ခြင်း စသည်ဖြင့် ရောဂါရှာဖွေသိရှိနိုင်ပါတယ်။
ကုသခြင်း
အရက်ကြောင့် အဆီဖုံးပါက အမြန်ဆုံး အရက်ဖြတ်သင့်ပါတယ်။ အသည်းအဆီ ဖုံးခြင်းသည် တခါတရံ မိမိနေထိုင်မှုပုံစံပြောင်းလဲရုံမျှသာ လိုအပ်ပါတယ်။ ဆေးဝါးဖြင့် ကုသစရာမလိုပါ။ သွေးတွင်းအဆီဓာတ်လျော့ခြင်း၊ ဝိတ်လျော့ခြင်း၊ အဆီအစိမ့် အငန်ရှောင်ခြင်းနှင့် လေ့ကျင်ခန်းလုပ်ခြင်း စသည်တို့ ဖြစ်ပါတယ်။
အသည်းအဆီဖုံးခြင်းကြောင့် အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း အဆင့်ထိမရောက်အောင် ကာကွယ်ထိန်းသိမ်း၍ ဖြစ်လာပါက အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။
Author : Dr. ပြည့်ရှင်း