(Zawgyi)
ေမသူ တစ္ေယာက္ အခုတစ္ေလာ ညေနတိုင္းဖ်ားဖ်ားေနသည္။ တေငြ႕ေငြ႕ေလးဖ်ားဖ်ားေနတတ္သည္။ ေခ်ာင္းလည္းဆိုးေနသည္မွာ တစ္လေက်ာ္ေနၿပီ။ ေဆးခန္းသြားျပၿပီးေခ်ာင္းဆိုးေပ်ာက္ေဆး ေသာက္လိုက္။ ေခ်ာင္းဆိုးေလး ခဏသက္သာသြားလိုက္ျဖစ္ေနသည္။ ေခ်ာင္းဆိုးသည္မွာ အရွင္းမေပ်ာက္ေသး။ မဂၤလာေဆာင္ခါနီးမို႔ ဝိတ္ခ်ေနတာလား။ ပိန္သြားတယ္လို႔ေျပာတဲ့သူေတာင္ရွိေနၿပီ။ ကိုယ္အေလးခ်ိန္လည္း က်။ ေခ်ာင္းဆိုးတာလည္း ၁ လေက်ာ္ေနၿပီ။ ညေနတိုင္းလည္း ဖ်ားေနသည္ဆိုေတာ့ အေမက ေဆးခန္းထပ္သြားျပခိုင္းသည္။ တီဘီေရာဂါျဖစ္ေနမွာကို စိုးရိမ္သည္ဟု ေျပာသည္။
ညေန ဆရာဝန္ဆီေရာက္ေတာ့ ျဖစ္ေၾကာင္းကုန္စင္ေျပာျပလိုက္သည္။ သလိပ္စစ္ၾကည့္မည္ဟု ေျပာသည္။ သလိပ္ထဲတြင္ တီဘီပိုးရွာၾကည့္မည္ျဖစ္သည္။ ေနာက္တစ္ေန႔ တြင္ သလိပ္စစ္ၾကည့္ခိုင္း၍ ဓာတ္ခြဲခန္းတြင္ သလိပ္စစ္ရသည္။ အေျဖသြားယူၿပီး ဆရာဝန္ျပေတာ့ တီဘီေရာဂါရွိေနၿပီ။ တီဘီေဆးေသာက္ရမည္ဟု ေျပာသည္။ တီဘီေဆးထုတ္ေသာ ဌာနသို႔ ဆက္သြယ္ေပးသည္။
တီဘီေဆး ကို အစိုးရမွ တီဘီေရာဂါသည္မ်ားအတြက္ အလကားတိုက္ေကြၽးေနျခင္းျဖစ္သည္။ ေဆးယဥ္ပါး တီဘီ ဟုတ္မဟုတ္လည္းထပ္စစ္ခိုင္း၍ ထပ္စစ္ရေသးသည္။ ၂ ပတ္ေက်ာ္ၾကာမွ အေျဖသိရသည္။ အဆုတ္တီဘီတြင္ ေဆးယဥ္ပါး တီဘီႏွင့္ ႐ိုး႐ိုးတီဘီ မတူညီေပ။ ေဆးယဥ္ပါးတီဘီဆိုရင္ ေဆးကို ႐ိုး႐ိုးတီဘီသမားမ်ားထက္ ပိုေသာက္ရသည္။ ေမသူက ေဆးယဥ္ပါး တီဘီမို႔လို႔ ေဆးကို အၾကာႀကီးေသာက္ရမည္ျဖစ္သည္။ ေမသူတစ္ေယာက္ စိတ္ညစ္ရသည္။ ေဆးေသာက္ပ်င္းေသာ ေမသူတစ္ေယာက္ ေဆးမ်ားကို ဂ႐ုတစိုက္ေသာက္ရမည္ကို စိတ္ညစ္ေနမိသည္။
အေျဖထြက္လာေတာ့ ဆရာဝန္မွ ေမသူကို ေမးသည္။
“အလုပ္လုပ္ေနလား။ ” လုပ္ေနပါသည္ဟု ျပန္ေျဖေတာ့
“အခုျဖစ္ေနတဲ့ တီဘီေရာဂါ ကေဆးယဥ္ပါး တီဘီေရာဂါျဖစ္တယ္။ အဆုတ္ကေနတစ္ဆင့္ တျခားလူေတြကို ကူးစက္တတ္တယ္။ အခုလည္း သမီး ရဲ႕အဆုတ္ထဲမွာ တီဘီပိုးေတြအမ်ားႀကီးရွိတယ္။ ဒါေၾကာင့္ တျခားသူေတြကို ကူးစက္မွာ စိုးရိမ္ရတယ္။ သမီး အလုပ္ခဏနားထားလိုက္ပါ။ ခြင့္ယူလိုက္ပါ ”
အိမ္တြင္ ေမသူ က ဦးေဆာင္ဝင္ေငြရွာသူ။ အေမႏွင့္ ညီမေလးေတြက ေမသူ႔ကို မွီခိုေနၾကသူမ်ား။ အလုပ္ကခြင့္ယူလိုက္လွ်င္ ဝင္ေငြနည္းသြားမည္။ အလုပ္ရွင္ကေရာ ခြင့္ေပးပါ့မလာ။ ေမသူကိုယ္တိုင္က ခြင့္မယူခ်င္ေပ။
“အိမ္မွာရွိတဲ့ တျခားသူေတြကိုလည္း ကူးမွာ စိုးရိမ္ရတယ္။ သူတို႔နဲ႔လည္း နီးနီးမေနပါနဲ႔။ ေခ်ာင္းဆိုးရင္ လက္ကိုင္ပဝါနဲ႔ အုပ္ဆိုးပါ။ တျခားလူေတြကို တီဘီေရာဂါကူးစက္မွာ အရမ္းစိုးရိမ္ရပါတယ္။ ”
“ဟုတ္ကဲ့ပါ ဆရာမ ”
“တီဘီေရာဂါသည္ဆိုတာ အဟာရရွိတာေတြ စားေပးရတယ္။ အဟာရရွိတဲ့ အသားငါး ၾကက္ဥ ႏြားႏို႔ တို႔ကို မ်ားမ်ားစားပါ။ ေလေကာင္းေလသန႔္လည္း ရွဴေပးပါ။ လူေနထူထပ္တဲ့ေနရာေတြကို မသြားပါနဲ႔။ ေရွာင္ၾကဥ္ပါ။ အလုပ္နားေနတဲ့ တစ္လကို အိမ္မွာ နားနားေနေန ေနၿပီး အားရွိေအာင္ ေနပါ ”
“ဟုတ္ကဲ့ပါ ဆရာမ ”
အိမ္ျပန္ေရာက္ေတာ့ အေမ့ကို ေျပာျပသည္။ အေမက သူကိုယ္တိုင္ အလုပ္ကို ဖုန္းဆက္ေပးမည္ဟုေျပာသည္။ အေမကိုယ္တိုင္ အလုပ္ရွင္ကို ဖုန္းဆက္ၿပီး ခြင့္တိုင္သည္။ အလုပ္ရွင္က လိုလိုလားလားပင္ ေမသူကို ခြင့္ေပးလိုက္သည္။ ဆရာဝန္ကိုယ္တိုင္က ေမသူကေန တျခားသူမ်ားကို ေရာဂါမကူးစက္ႏိုင္ေတာ့ဘူး အလုပ္ျပန္ဆင္းလို႔ရၿပီလို႔ေျပာသည့္အခ်ိန္မွ အလုပ္ျပန္ဆင္းပါဟု မွာလိုက္ေသးသည္။ လုပ္ခ လစာလည္း မဖ်က္ပါဘူးလို႔ေျပာ၍ ေမသူတစ္ေယာက္ ဝမ္းေျမာက္ဝမ္းသာျဖစ္ရသည္။ အေမကေတာ့ သမီး အားရွိေအာင္ စားဖို႔ၾကက္ေပါင္းေပါင္းဖို႔ျပင္ေနသည္။ ညီမငငယ္မ်ားကို ေမသူ႔နား မကပ္ဖို႔မွာေနသည္။ အေမက သူအပ်ိဳတုန္းက ကိုင္ေသာ လက္ကိုင္ပဝါမ်ားကို ေမသူအားလာေပးသည္။
လက္ကိုင္ပဝါ တစ္ထည္အၿမဲ ေဆာင္ထားၿပီး ေခ်ာင္းဆိုတိုင္း လက္ကိုင္ပဝါသုံးရန္ ေျပာေနေပသည္။ ေမသူကေတာ့ ေဆးေတြ အၾကာႀကီးေသာက္ရမည္ကို စိုးရိမ္ၿပီး စိတ္ညစ္ေနမိသည္။ ေဆးေတြကျပင္းေတာ့ ႏႈန္းတတ္သည္ဟု ဆရာဝန္မႀကီးက မွာလိုက္သည္။ အေမႏွင့္ ညီမေလးေတြ အတြက္ ေမသူရွိမွျဖစ္မည္။ ေဆးအၾကာႀကီးေသာက္ရမည္ဟု ေျပာ ေသာ ဆရာဝန္မႀကီး စကားမ်ားကို ၾကားေယာင္ ရင္း မိသားစုအတြက္ အားတင္းကာ ေဆးပုံမွန္ေသာက္မည္ဟု သံဓိဌာန္ ခ်လိုက္မိသည္။
Author: Dr. ေအးခ်မ္းမိုး
(Unicode)
မေသူ တစ်ယောက် အခုတစ်လော ညနေတိုင်းဖျားဖျားနေသည်။ တငွေ့ငွေ့လေးဖျားဖျားနေတတ်သည်။ ချောင်းလည်းဆိုးနေသည်မှာ တစ်လကျော်နေပြီ။ ဆေးခန်းသွားပြပြီးချောင်းဆိုးပျောက်ဆေး သောက်လိုက်။ ချောင်းဆိုးလေး ခဏသက်သာသွားလိုက်ဖြစ်နေသည်။ ချောင်းဆိုးသည်မှာ အရှင်းမပျောက်သေး။ မင်္ဂလာဆောင်ခါနီးမို့ ဝိတ်ချနေတာလား။ ပိန်သွားတယ်လို့ပြောတဲ့သူတောင်ရှိနေပြီ။ ကိုယ်အလေးချိန်လည်း ကျ။ ချောင်းဆိုးတာလည်း ၁ လကျော်နေပြီ။ ညနေတိုင်းလည်း ဖျားနေသည်ဆိုတော့ အမေက ဆေးခန်းထပ်သွားပြခိုင်းသည်။ တီဘီရောဂါဖြစ်နေမှာကို စိုးရိမ်သည်ဟု ပြောသည်။
ညနေ ဆရာဝန်ဆီရောက်တော့ ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သည်။ သလိပ်စစ်ကြည့်မည်ဟု ပြောသည်။ သလိပ်ထဲတွင် တီဘီပိုးရှာကြည့်မည်ဖြစ်သည်။ နောက်တစ်နေ့ တွင် သလိပ်စစ်ကြည့်ခိုင်း၍ ဓာတ်ခွဲခန်းတွင် သလိပ်စစ်ရသည်။ အဖြေသွားယူပြီး ဆရာဝန်ပြတော့ တီဘီရောဂါရှိနေပြီ။ တီဘီဆေးသောက်ရမည်ဟု ပြောသည်။ တီဘီဆေးထုတ်သော ဌာနသို့ ဆက်သွယ်ပေးသည်။ တီဘီဆေး ကို အစိုးရမှ တီဘီရောဂါသည်များအတွက် အလကားတိုက်ကျွေးနေခြင်းဖြစ်သည်။ ဆေးယဉ်ပါး တီဘီ ဟုတ်မဟုတ်လည်းထပ်စစ်ခိုင်း၍ ထပ်စစ်ရသေးသည်။ ၂ ပတ်ကျော်ကြာမှ အဖြေသိရသည်။ အဆုတ်တီဘီတွင် ဆေးယဉ်ပါး တီဘီနှင့် ရိုးရိုးတီဘီ မတူညီပေ။ ဆေးယဉ်ပါးတီဘီဆိုရင် ဆေးကို ရိုးရိုးတီဘီသမားများထက် ပိုသောက်ရသည်။ မေသူက ဆေးယဉ်ပါး တီဘီမို့လို့ ဆေးကို အကြာကြီးသောက်ရမည်ဖြစ်သည်။ မေသူတစ်ယောက် စိတ်ညစ်ရသည်။ ဆေးသောက်ပျင်းသော မေသူတစ်ယောက် ဆေးများကို ဂရုတစိုက်သောက်ရမည်ကို စိတ်ညစ်နေမိသည်။
အဖြေထွက်လာတော့ ဆရာဝန်မှ မေသူကို မေးသည်။
“အလုပ်လုပ်နေလား။ ” လုပ်နေပါသည်ဟု ပြန်ဖြေတော့
“အခုဖြစ်နေတဲ့ တီဘီရောဂါ ကဆေးယဉ်ပါး တီဘီရောဂါဖြစ်တယ်။ အဆုတ်ကနေတစ်ဆင့် တခြားလူတွေကို ကူးစက်တတ်တယ်။ အခုလည်း သမီး ရဲ့အဆုတ်ထဲမှာ တီဘီပိုးတွေအများကြီးရှိတယ်။ ဒါကြောင့် တခြားသူတွေကို ကူးစက်မှာ စိုးရိမ်ရတယ်။ သမီး အလုပ်ခဏနားထားလိုက်ပါ။ ခွင့်ယူလိုက်ပါ ”
အိမ်တွင် မေသူ က ဦးဆောင်ဝင်ငွေရှာသူ။ အမေနှင့် ညီမလေးတွေက မေသူ့ကို မှီခိုနေကြသူများ။ အလုပ်ကခွင့်ယူလိုက်လျှင် ဝင်ငွေနည်းသွားမည်။ အလုပ်ရှင်ကရော ခွင့်ပေးပါ့မလာ။ မေသူကိုယ်တိုင်က ခွင့်မယူချင်ပေ။
“အိမ်မှာရှိတဲ့ တခြားသူတွေကိုလည်း ကူးမှာ စိုးရိမ်ရတယ်။ သူတို့နဲ့လည်း နီးနီးမနေပါနဲ့။ ချောင်းဆိုးရင် လက်ကိုင်ပဝါနဲ့ အုပ်ဆိုးပါ။ တခြားလူတွေကို တီဘီရောဂါကူးစက်မှာ အရမ်းစိုးရိမ်ရပါတယ်။ ”
“ဟုတ်ကဲ့ပါ ဆရာမ ”
“တီဘီရောဂါသည်ဆိုတာ အဟာရရှိတာတွေ စားပေးရတယ်။ အဟာရရှိတဲ့ အသားငါး ကြက်ဥ နွားနို့ တို့ကို များများစားပါ။ လေကောင်းလေသန့်လည်း ရှူပေးပါ။ လူနေထူထပ်တဲ့နေရာတွေကို မသွားပါနဲ့။ ရှောင်ကြဉ်ပါ။ အလုပ်နားနေတဲ့ တစ်လကို အိမ်မှာ နားနားနေနေ နေပြီး အားရှိအောင် နေပါ ”
“ဟုတ်ကဲ့ပါ ဆရာမ ”
အိမ်ပြန်ရောက်တော့ အမေ့ကို ပြောပြသည်။ အမေက သူကိုယ်တိုင် အလုပ်ကို ဖုန်းဆက်ပေးမည်ဟုပြောသည်။ အမေကိုယ်တိုင် အလုပ်ရှင်ကို ဖုန်းဆက်ပြီး ခွင့်တိုင်သည်။ အလုပ်ရှင်က လိုလိုလားလားပင် မေသူကို ခွင့်ပေးလိုက်သည်။ ဆရာဝန်ကိုယ်တိုင်က မေသူကနေ တခြားသူများကို ရောဂါမကူးစက်နိုင်တော့ဘူး အလုပ်ပြန်ဆင်းလို့ရပြီလို့ပြောသည့်အချိန်မှ အလုပ်ပြန်ဆင်းပါဟု မှာလိုက်သေးသည်။ လုပ်ခ လစာလည်း မဖျက်ပါဘူးလို့ပြော၍ မေသူတစ်ယောက် ဝမ်းမြောက်ဝမ်းသာဖြစ်ရသည်။ အမေကတော့ သမီး အားရှိအောင် စားဖို့ကြက်ပေါင်းပေါင်းဖို့ပြင်နေသည်။ ညီမငငယ်များကို မေသူ့နား မကပ်ဖို့မှာနေသည်။ အမေက သူအပျိုတုန်းက ကိုင်သော လက်ကိုင်ပဝါများကို မေသူအားလာပေးသည်။
လက်ကိုင်ပဝါ တစ်ထည်အမြဲ ဆောင်ထားပြီး ချောင်းဆိုတိုင်း လက်ကိုင်ပဝါသုံးရန် ပြောနေပေသည်။ မေသူကတော့ ဆေးတွေ အကြာကြီးသောက်ရမည်ကို စိုးရိမ်ပြီး စိတ်ညစ်နေမိသည်။ ဆေးတွေကပြင်းတော့ နှုန်းတတ်သည်ဟု ဆရာဝန်မကြီးက မှာလိုက်သည်။ အမေနှင့် ညီမလေးတွေ အတွက် မေသူရှိမှဖြစ်မည်။ ဆေးအကြာကြီးသောက်ရမည်ဟု ပြော သော ဆရာဝန်မကြီး စကားများကို ကြားယောင် ရင်း မိသားစုအတွက် အားတင်းကာ ဆေးပုံမှန်သောက်မည်ဟု သံဓိဌာန် ချလိုက်မိသည်။
Author: Dr. အေးချမ်းမိုး