(Zawgyi)
ေဒၚမီတစ္ေယာက္ အစာမေၾကသလို ရင္ေခါင္းႀကီးေတာင့္ေတာင့္နဲ႔ ေနလို႔ သိပ္မေကာင္းျဖစ္ေနတာ ၾကာၿပီ။ တစ္ပတ္ေလာက္ ရွိေနၿပီ ထင္တာပဲ။ အခုတစ္ေလာ အစပ္စားတာမ်ားလို႔လား ဆိုၿပီးေတြးမိတယ္။အစပ္ကေတာ့ တစ္သက္လုံး စားလာတာပဲ။ မုန႔္ဟင္းခါး၊ ၾကာဇံဟင္းခါးဆိုလည္း င႐ုတ္သီးစပ္စပ္ေလးနဲ႔မွ၊ မာလာဟင္း ေျမအိုးၿမီးရွည္လည္း ႀကိဳက္မွႀကိဳက္။ ဒီတစ္ေလာေတာ့ အစပ္ေတြစားတာမ်ားတယ္လို႔ ကိုယ့္ကိုယ္ေတာင္ မေန႔က ေျပာမိေနေသးတယ္။ မေန႔ကစၿပီး ရင္ေခါင္းေတာင့္တာပိုဆိုးလာလို႔။ ရင္ေခါင္းတည့္တည့္ႀကီးကို မီးစႀကီးနဲ႔ ထိုးထားသလိုကိုေနတာ။ ေနရတာအဆင္မေျပဘူး။
ဒီေန႔ေတာ့ ညေန ေဆးခန္းေလး ေတာ့သြားလိုက္ဦးမွလို႔စဥ္းစားတယ္။ ေဆးခန္းကေတာ့ထုံးစံအတိုင္းလူေတြကမ်ား။ ေနမေကာင္းတၿပိဳင္နက္ ျဖစ္သလား ေအာက္ေမ့ ရတယ္။ ေဒါက္တာေလးကလည္း ေဆးကုေကာင္း အေျပာေကာင္း ခ်ိဳသာတာလည္း ပါတာေပါ့။ ရပ္ကြက္ထဲမွာဆို ဒီဆရာေလးဆီပဲ လာၾကရတာေလ။ ကိုယ့္အလွည့္ေရာက္ေတာ့ ေျပာျပရတာေပါ့ ရင္ေခါင္းကိုမီးစနဲ႔ ထိုးေနသလိုႀကီးျဖစ္ေနတယ္ဆိုတာကို။
ဒါနဲ႔ ဆရာေလးက “ေဒၚေဒၚဒီလိုျဖစ္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ” လို႔ေမးတယ္။ တစ္ပတ္ေလာက္ရွိၿပီေလ။ အစာမေၾကခ်င္ဘူး ပ်ိဳ႕ခ်င္ အန္ခ်င္ျဖစ္ေနတာ။ အရင္တစ္ပတ္ စေနေန႔က သမီးဝယ္လာတဲ့ မာလာဟင္းစပ္စပ္ေတြ စားမိတာ ေတာ္ၾကာေနေတာ့ စားၿပီးသား ေတြအကုန္ ျပန္အန္ေရာ။ အဲ့ဒီကတည္းကေပါ့ ဒီလို ရင္ေခါင္းေတာင့္ေနတာ မေပ်ာက္ေတာ့ဘူး။ ဆရာေလးက စိတ္ရွည္ရွည္နဲ႔ နားေထာင္ေနတယ္။ ၿပီးေတာ့ အစပ္ကို ခဏခဏစားလားတဲ့ ေမးတယ္။ ရခိုင္လူမ်ိဳး ဆိုေတာ့ အစပ္နဲ႔ ကင္းမွမကင္းႏိုင္တာေလ။ ဒါနဲ႔ ေနာက္ထပ္ထပ္ၿပီး ဆရာေလးက ေကာ္ဖီျဖစ္ျဖစ္ လက္ဖက္ရည္ျဖစ္ျဖစ္ မၾကာမၾကာေသာက္သလားလို႔ေမးတယ္။ ေကာ္ဖီက ေဒၚမီရဲ႕အႀကိဳက္၊ မနက္ဆိုတစ္ခြက္ ေန႔လည္တစ္ခြက္ညေနတစ္ခြက္ ေလာက္ေတာ့ဆြဲၿပီးသားပဲ။
ေနာက္ထပ္ေမးတာက ေဒၚေဒၚဒီလိုမ်ိဳး ခဏခဏ ေအာင့္တတ္သလားတဲ့။ ေျခာက္လတစ္ႀကိမ္ေလာက္ျဖစ္ေနတာေတာ့သတိထားမိတယ္ လည္းဆိုေရာ ဆရာေလးက ျဖစ္ေနတဲ့ ေရာဂါက အစာအိမ္ေရာင္တာဆိုတာကအစခ်ီၿပီး အခုလို ရွင္းျပပါေရာ။”အစာအိမ္ေရာင္တယ္ဆိုတာကအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ျဖစ္တတ္ပါတယ္။ အပူအစပ္ေတြအမ်ား ႀကီးစားရင္လည္းျဖစ္တတ္ပါတယ္။ စိတ္ေသာကေရာက္ေနတဲ့အခါမ်ိဳး၊ အလြန္အမင္း stress မ်ားေနတဲ့ အခါမ်ိဳး ေတြမွာလည္း အစာေျခရည္ အမ်ားႀကီးထြက္ၿပီး အစာအိမ္နာတာေတြ ျဖစ္တတ္ပါတယ္။ ေနာက္တစ္မ်ိဳးကေတာ့ အစာအိမ္မွာ H. pylori ဆိုတဲ့ ဘက္တီးရီးယားေရာဂါပိုး တစ္မ်ိဳးေၾကာင့္လည္း အစာအိမ္ခဏခဏ နာတတ္ပါတယ္။
အဲ့ဒီေရာဂါပိုးဟာ အစာအိမ္ကို ခဏခဏနာေစသလို ၾကာလာရင္ အစာအိမ္ကင္ဆာ အထိျဖစ္ေစ ႏိုင္ပါတယ္။ ဒီလိုဆိုျပန္ေတာ့လည္း ေဒၚေဒၚ စိုးရိမ္မလြန္ပါနဲ႔။ အခုဆို ေခတ္မီနည္းပညာေတြနဲ႔ အဲ့ဒီပိုးကို ေဒၚေဒၚရဲ႕ အစာအိမ္ထဲမွာ ရွိ မရွိစမ္းလို႔ရေနပါၿပီ။ ပိုးေသသြားေအာင္လည္း ကုသလို႔လည္းရပါတယ္။ ပိုးသတ္ေဆးမွန္မွန္ ေသာက္ေပးဖို႔ လိုပါမယ္။ ရက္အတိအက် ေသာက္ရပါ့မယ္။အဲ့ဒီေတာ့ ပိုးရွိ မရွိ သိရေအာင္ အရင္ဆုံး ေဒၚေဒၚ ဝမ္းစစ္ရပါမယ္။ ဝမ္းဗူးေလး ယူသြားပါ။ မက်ည္းေစ့ အ႐ြယ္အစားရွိတဲ့ ဝမ္းနည္းနည္းေလာက္ယူလာခဲ့ရင္ ရပါၿပီ။ မနက္ျဖန္ညေန ဗူးေလး လာေပးပါ။ ဒီအေတာအတြင္း အစပ္ေတြစားတာ၊ ေကာ္ဖီ လက္ဖက္ရည္ေသာက္တာေတြ ေရွာင္ေပးပါ။ ဒီအစား ႏြားႏို႔ ေသာက္ေပးလို႔ ရပါတယ္။ အျပင္စာေတြစားတာ မသန႔္ရွင္းတဲ့ အစားအေသာက္ေတြ စားတာလည္း ဆင္ျခင္ေပးပါ။
H. pylori ပိုးက မသန႔္ရွင္းတဲ့ အစာေတြ ကလည္း ကူးစက္တတ္ပါတယ္။ ဒီေန႔ေတာ့ အစာအိမ္နာသက္သာေစတဲ့ ေဆးေလးေတြလည္း ကြၽန္ေတာ္ ေပးလိုက္ပါ့မယ္။ သက္သာသြားမွာပါ” တဲ့။ ေဒၚမီတစ္ေယာက္ တခါမွမေတြးဘူးတဲ့ အစာအိမ္ေရာင္တယ္ဆိုတာႀကီးကိုေတြးၿပီး စိတ္ကမေအး ျဖစ္ေနတယ္။
အစာအိမ္ထဲမွာ လည္း ေရာဂါပိုးရွိႏိုင္တယ္တဲ့။ ဝမ္းအရင္စစ္ဖို႔ ေျပာတဲ့ ဆရာေလးကိုပဲယုံရမွာပဲ။ ဆရာေလးကေတာ့ ေဒၚမီ ခဏငိုင္သြားတာျမင္ၿပီး မစိုးရိမ္ဖို႔ သူမွာတဲ့အတိုင္း လိုက္နာဖို႔ ပဲေျပာေနေလရဲ႕။ ေဒၚမီတစ္ေယာက္ ေနာက္တစ္ေန႔က်ရင္ ရပ္ကြက္ထဲလွည့္ၿပီး အစာအိမ္နာတာ ဟာ ေရာဂါပိုးေၾကာင့္ ျဖစ္တတ္တယ္ဆိုတာ လွည့္ေျပာဦးမယ္… ရပ္ကြက္ထဲ ဒီ ပိုးအေၾကာင္းေျပာၾကတာ မၾကားမိေသး၊ အစာအိမ္ ကင္ဆာျဖစ္တတ္ေသးတယ္ဆိုတာကလည္း သတင္းထူး ျဖစ္ျပန္တယ္.. သူမ်ားေတြ မသိေသးခင္ ကိုယ္အရင္ လွည့္ေျပာမည္. ေနာက္ေဒၚမီ ထပ္ေတြးမိတာကေတာ့ ပိုးအေၾကာင္းမ်ားမ်ားသိရေအာင္ ဝမ္းကို မက်ည္းေစ့ေလာက္ မဟုတ္ပဲဘူး အျပည့္ထည့္ယူသြားရမယ္လို႔။
AUTHOR – ေဒါက္တာေအးခ်မ္းမိုး
(Unicode)
ဒေါ်မီတစ်ယောက် အစာမကြေသလို ရင်ခေါင်းကြီးတောင့်တောင့်နဲ့ နေလို့ သိပ်မကောင်းဖြစ်နေတာ ကြာပြီ။ တစ်ပတ်လောက် ရှိနေပြီ ထင်တာပဲ။ အခုတစ်လော အစပ်စားတာများလို့လား ဆိုပြီးတွေးမိတယ်။အစပ်ကတော့ တစ်သက်လုံး စားလာတာပဲ။ မုန့်ဟင်းခါး၊ ကြာဇံဟင်းခါးဆိုလည်း ငရုတ်သီးစပ်စပ်လေးနဲ့မှ၊ မာလာဟင်း မြေအိုးမြီးရှည်လည်း ကြိုက်မှကြိုက်။ ဒီတစ်လောတော့ အစပ်တွေစားတာများတယ်လို့ ကိုယ့်ကိုယ်တောင် မနေ့က ပြောမိနေသေးတယ်။ မနေ့ကစပြီး ရင်ခေါင်းတောင့်တာပိုဆိုးလာလို့။ ရင်ခေါင်းတည့်တည့်ကြီးကို မီးစကြီးနဲ့ ထိုးထားသလိုကိုနေတာ။ နေရတာအဆင်မပြေဘူး။
ဒီနေ့တော့ ညနေ ဆေးခန်းလေး တော့သွားလိုက်ဦးမှလို့စဉ်းစားတယ်။ ဆေးခန်းကတော့ထုံးစံအတိုင်းလူတွေကများ။ နေမကောင်းတပြိုင်နက် ဖြစ်သလား အောက်မေ့ ရတယ်။ ဒေါက်တာလေးကလည်း ဆေးကုကောင်း အပြောကောင်း ချိုသာတာလည်း ပါတာပေါ့။ ရပ်ကွက်ထဲမှာဆို ဒီဆရာလေးဆီပဲ လာကြရတာလေ။ ကိုယ့်အလှည့်ရောက်တော့ ပြောပြရတာပေါ့ ရင်ခေါင်းကိုမီးစနဲ့ ထိုးနေသလိုကြီးဖြစ်နေတယ်ဆိုတာကို။
ဒါနဲ့ ဆရာလေးက “ဒေါ်ဒေါ်ဒီလိုဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ” လို့မေးတယ်။ တစ်ပတ်လောက်ရှိပြီလေ။ အစာမကြေချင်ဘူး ပျို့ချင် အန်ချင်ဖြစ်နေတာ။ အရင်တစ်ပတ် စနေနေ့က သမီးဝယ်လာတဲ့ မာလာဟင်းစပ်စပ်တွေ စားမိတာ တော်ကြာနေတော့ စားပြီးသား တွေအကုန် ပြန်အန်ရော။ အဲ့ဒီကတည်းကပေါ့ ဒီလို ရင်ခေါင်းတောင့်နေတာ မပျောက်တော့ဘူး။ ဆရာလေးက စိတ်ရှည်ရှည်နဲ့ နားထောင်နေတယ်။ ပြီးတော့ အစပ်ကို ခဏခဏစားလားတဲ့ မေးတယ်။ ရခိုင်လူမျိုး ဆိုတော့ အစပ်နဲ့ ကင်းမှမကင်းနိုင်တာလေ။ ဒါနဲ့ နောက်ထပ်ထပ်ပြီး ဆရာလေးက ကော်ဖီဖြစ်ဖြစ် လက်ဖက်ရည်ဖြစ်ဖြစ် မကြာမကြာသောက်သလားလို့မေးတယ်။ ကော်ဖီက ဒေါ်မီရဲ့အကြိုက်၊ မနက်ဆိုတစ်ခွက် နေ့လည်တစ်ခွက်ညနေတစ်ခွက် လောက်တော့ဆွဲပြီးသားပဲ။
နောက်ထပ်မေးတာက ဒေါ်ဒေါ်ဒီလိုမျိုး ခဏခဏ အောင့်တတ်သလားတဲ့။ ခြောက်လတစ်ကြိမ်လောက်ဖြစ်နေတာတော့သတိထားမိတယ် လည်းဆိုရော ဆရာလေးက ဖြစ်နေတဲ့ ရောဂါက အစာအိမ်ရောင်တာဆိုတာကအစချီပြီး အခုလို ရှင်းပြပါရော။”အစာအိမ်ရောင်တယ်ဆိုတာကအကြောင်းအမျိုးမျိုးကြောင့်ဖြစ်တတ်ပါတယ်။ အပူအစပ်တွေအများ ကြီးစားရင်လည်းဖြစ်တတ်ပါတယ်။ စိတ်သောကရောက်နေတဲ့အခါမျိုး၊ အလွန်အမင်း stress များနေတဲ့ အခါမျိုး တွေမှာလည်း အစာခြေရည် အများကြီးထွက်ပြီး အစာအိမ်နာတာတွေ ဖြစ်တတ်ပါတယ်။ နောက်တစ်မျိုးကတော့ အစာအိမ်မှာ H. pylori ဆိုတဲ့ ဘက်တီးရီးယားရောဂါပိုး တစ်မျိုးကြောင့်လည်း အစာအိမ်ခဏခဏ နာတတ်ပါတယ်။
အဲ့ဒီရောဂါပိုးဟာ အစာအိမ်ကို ခဏခဏနာစေသလို ကြာလာရင် အစာအိမ်ကင်ဆာ အထိဖြစ်စေ နိုင်ပါတယ်။ ဒီလိုဆိုပြန်တော့လည်း ဒေါ်ဒေါ် စိုးရိမ်မလွန်ပါနဲ့။ အခုဆို ခေတ်မီနည်းပညာတွေနဲ့ အဲ့ဒီပိုးကို ဒေါ်ဒေါ်ရဲ့ အစာအိမ်ထဲမှာ ရှိ မရှိစမ်းလို့ရနေပါပြီ။ ပိုးသေသွားအောင်လည်း ကုသလို့လည်းရပါတယ်။ ပိုးသတ်ဆေးမှန်မှန် သောက်ပေးဖို့ လိုပါမယ်။ ရက်အတိအကျ သောက်ရပါ့မယ်။အဲ့ဒီတော့ ပိုးရှိ မရှိ သိရအောင် အရင်ဆုံး ဒေါ်ဒေါ် ဝမ်းစစ်ရပါမယ်။ ဝမ်းဗူးလေး ယူသွားပါ။ မကျည်းစေ့ အရွယ်အစားရှိတဲ့ ဝမ်းနည်းနည်းလောက်ယူလာခဲ့ရင် ရပါပြီ။ မနက်ဖြန်ညနေ ဗူးလေး လာပေးပါ။ ဒီအတောအတွင်း အစပ်တွေစားတာ၊ ကော်ဖီ လက်ဖက်ရည်သောက်တာတွေ ရှောင်ပေးပါ။ ဒီအစား နွားနို့ သောက်ပေးလို့ ရပါတယ်။ အပြင်စာတွေစားတာ မသန့်ရှင်းတဲ့ အစားအသောက်တွေ စားတာလည်း ဆင်ခြင်ပေးပါ။
H. pylori ပိုးက မသန့်ရှင်းတဲ့ အစာတွေ ကလည်း ကူးစက်တတ်ပါတယ်။ ဒီနေ့တော့ အစာအိမ်နာသက်သာစေတဲ့ ဆေးလေးတွေလည်း ကျွန်တော် ပေးလိုက်ပါ့မယ်။ သက်သာသွားမှာပါ” တဲ့။ ဒေါ်မီတစ်ယောက် တခါမှမတွေးဘူးတဲ့ အစာအိမ်ရောင်တယ်ဆိုတာကြီးကိုတွေးပြီး စိတ်ကမအေး ဖြစ်နေတယ်။
အစာအိမ်ထဲမှာ လည်း ရောဂါပိုးရှိနိုင်တယ်တဲ့။ ဝမ်းအရင်စစ်ဖို့ ပြောတဲ့ ဆရာလေးကိုပဲယုံရမှာပဲ။ ဆရာလေးကတော့ ဒေါ်မီ ခဏငိုင်သွားတာမြင်ပြီး မစိုးရိမ်ဖို့ သူမှာတဲ့အတိုင်း လိုက်နာဖို့ ပဲပြောနေလေရဲ့။ ဒေါ်မီတစ်ယောက် နောက်တစ်နေ့ကျရင် ရပ်ကွက်ထဲလှည့်ပြီး အစာအိမ်နာတာ ဟာ ရောဂါပိုးကြောင့် ဖြစ်တတ်တယ်ဆိုတာ လှည့်ပြောဦးမယ်… ရပ်ကွက်ထဲ ဒီ ပိုးအကြောင်းပြောကြတာ မကြားမိသေး၊ အစာအိမ် ကင်ဆာဖြစ်တတ်သေးတယ်ဆိုတာကလည်း သတင်းထူး ဖြစ်ပြန်တယ်.. သူများတွေ မသိသေးခင် ကိုယ်အရင် လှည့်ပြောမည်. နောက်ဒေါ်မီ ထပ်တွေးမိတာကတော့ ပိုးအကြောင်းများများသိရအောင် ဝမ်းကို မကျည်းစေ့လောက် မဟုတ်ပဲဘူး အပြည့်ထည့်ယူသွားရမယ်လို့။
AUTHOR – ဒေါက်တာအေးချမ်းမိုး