fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ကြုံတွေ့ရသော နှလုံးရောဂါ အရေးပေါ်အချို့

47
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/03/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

ႏွလုံးေရာဂါ ဆိုတာ ခ်က္ခ်င္းအသက္အႏၲရာယ္ ေပးႏိုင္တဲ့ေရာဂါေတြထဲကတစ္ခုပါ။ တခ်ိဳ႕ေတြမွာ နာတာရွည္ ႏွလုံးေရာဂါေတြျဖစ္တတ္ၾကတယ္။ ႏွလုံးႀကီးတာ ႏွလုံးေသြးေၾကာက်ဥ္းတာ စသျဖင့္ပါ။ တစ္ခါတစ္ေလက်ေတာ့လည္း ႏွလုံးေရာဂါက ႐ုတ္တရက္ကို အေရးေပၚအေျခအေနမ်ိဳး တန္းေရာက္တတ္တယ္။ နဂို ႏွလုံးေရာဂါရွိတဲ့သူလည္းျဖစ္ႏိုင္တယ္။ တစ္ခ်ိန္လုံးေတာက္ေလွ်ာက္အေကာင္းႀကီးကေန ထၿပီးျဖစ္တာလည္းျဖစ္ႏိုင္တယ္။

ေဆးခန္းထိုင္ေနတဲ့အေတာအတြင္းမွာ ႏွလုံးအေရးေပၚျဖစ္ၿပီးလာတဲ့ လူနာတစ္ခ်ိဳ႕ႀကဳံဖူးတယ္။ လူနာေတြမွာ ျဖစ္ေနတဲ့လကၡဏာက သင္ခဲ့တုန္းက နဲ႔ တူတာလည္းရွိသလို မတူတာလည္းရွိေနတတ္တယ္။ တစ္ႀကိမ္က ေန႔လည္ဖက္ႀကီးေဆးခန္းထိုင္ေနတုန္း အသက္ ေလးဆယ္ေက်ာ္ အမ်ိဳးသမီး ေမာေနလို႔ ဆိုၿပီး အိမ္ကလူေတြ လာပို႔တယ္။ လူနာကိုၾကည့္ေတာ့ ေမာေနလိုက္တာ။ အသက္ကို ရႈိက္ရႈရတယ္။ ေခြၽးေစးေတြလည္းျပန္လို႔ ေျခဖ်ားလက္ဖ်ားေတြေအးလို႔ လူနာကစကားကို တစ္ခါမွ တစ္လုံးေလာက္ပဲ ေျပာႏိုင္တယ္။ လုပ္ရင္းကိုင္ရင္းေမးေတာ့ ႐ုတ္တရက္ႀကီးရင္ဘတ္ထဲ တင္းက်ပ္လာတယ္။ ေမာလာၿပီးေခြၽးေစးျပန္လာတယ္။ အန္ခ်င္တာလည္းျဖစ္တယ္တဲ့။ အရင္က ဘာေရာဂါမွ မရွိလို႔ဘာေဆးမွလည္းေသာက္မေနတာေျပာတယ္။ ေသြးေပါင္တိုင္းေတာ့ ေသြးကတက္ေနတယ္။

အေပၚ၁၈၀ေအာက္ကေတာ့ ၉၀ ေလာက္ရွိတယ္။ ႏွလုံးခုန္မွန္တယ္။ ေအာက္ဆီဂ်င္ပမာဏက က်လို႔ ေဆးခန္းမွာ ECG စြဲတာရွိေတာ့ တစ္ခါတည္းစြဲၾကည့္ေတာ့မွ ေသြးေၾကာပိတ္ေနတာေတြ ေတြ႕တယ္။ လူနာကိုေအာက္ဆီဂ်င္ေပးၿပီး ေသြးက်ဲေဆးပါတစ္ခါတည္းတိုက္လိုက္တယ္။ လူနာနဲ႔ လူနာရွင္ေတြကို ေရာဂါအေၾကာင္းေျပာၿပီး ေဆး႐ုံႀကီး ျမန္ျမန္သြားဖို႔လိုေၾကာင္းပါထပ္ေျပာရတယ္။ ကားေတြစီစဥ္ၿပီးေဆးခန္းကေအာက္ဆီဂ်င္နဲ႔ တစ္ခါတညိးေဆး႐ုံလႊဲလိုက္ရတယ္။ ႏွလုံးေသြးေၾကာပိတ္တဲ့အခါ ေသြးေပါင္က က်တာလည္းျဖစ္ႏိုင္တယ္။ တက္ေနတာလည္းျဖစ္ႏိုင္တယ္ ဆိုတာ သိလိုက္ရတယ္။

ေနာက္တစ္ခါက ေဆးခန္းေရာက္ၿပီး သိပ္မၾကာဘူး။ ေမာတယ္ဆိုၿပီး လူနာတစ္ေယာက္လာတယ္။ အမ်ိဳးသမီးပဲ။ အသက္ေလးဆယ္ေက်ာ္ေလာက္ပဲ လူနာအိမ္ကေတာ့ ေမာေနတာ ႏွစ္ရက္ရွိၿပီလို႔ေျပာတယ္။ မေန႔ကလည္းေဆးခန္းသြားေသးတယ္တဲ့။ မသက္သာလို႔ ဆိုၿပီး ဒီမွာလာျပတာပါတဲ့။ဆီးခ်ိဳေရာဂါအခံလည္းရွိပါတယ္တဲ့။ လူနာေတြ ေမာတယ္ေျပာတိုင္း ေအာက္ဆီဂ်င္တိုင္းေနတတ္ေတာ့ ထုံးစံအတိုင္းေကာက္တိုင္းလိုက္တယ္။ ေအာက္ဆီဂ်င္ေကာင္းေနေပမယ့္ ႏွလုံးခုန္တာက ေႏွးလိုက္တာ။ ေလးဆယ္ပဲရွိတယ္။ ခ်က္ခ်င္း ECG စြဲဖို႔ျပင္ေနတုန္း ေသြးေပါင္တိုင္းေတာ့ ေသြးေပါင္ကက်။ လူနာကစကားေတာ့ေျပာႏိုင္တယ္။ ရင္ဘတ္ေအာင့္တာေတြ ဘာမွမရွိဘူးေျပာတယ္။ ေမာေနတာတစ္ခုပဲတဲ့။ ဆီးခ်ိဳစစ္လိုက္ေတာ့ ပုံမွန္ထက္နည္းနည္းပဲမ်ားေနတယ္။ ECG လည္းၾကည့္ေရာ ႏွလုံးခုန္ ေႏွးၿပီး ႏွလုံးပိတ္ခ်င္သလို Complete heart block ေတြ႕ရတယ္။ လူနာကို ေသြးေပါင္က်ေနတာေၾကာင့္ အေၾကာလိုင္းထည့္ေပးထားလိုက္တယ္။ ေအာက္ဆီဂ်င္မက်ေပမယ့္ ေအာက္ဆီဂ်င္ေလးနဲ႔ပဲ ေဆး႐ုံႀကီးကိုလႊဲလိုက္တယ္။

ေဆးခန္းမွာက သာမန္အဖ်ားေတြလာျပတာမ်ားေပမယ့္ တစ္ခါတစ္ေလမွာလည္းအေရးေပၚအေျခအေနေတြႀကဳံေတြ႕ႏိုင္တတ္ပါတယ္။ ဒီလိုအေရးေပၚအေျခအေနေတြဆို ကိုယ္လုပ္ႏိုင္သေလာက္လုပ္ေပးၿပီး သင့္ေတာ္ရာ ေဆး႐ုံႀကီးကိုပဲလႊဲပါတယ္။ ႏွလုံးေရာဂါနဲ႔ပက္သက္လာရင္ ေဆး႐ုံႀကီးကေတာ့ တစ္ျခားေနရာေတြထက္ ပိုၿပီးအသင့္ေတာ္ဆုံးပါပဲ။

Author : Dr. CST

(Unicode)

နှလုံးရောဂါ ဆိုတာ ချက်ချင်းအသက်အန္တရာယ် ပေးနိုင်တဲ့ရောဂါတွေထဲကတစ်ခုပါ။ တချို့တွေမှာ နာတာရှည် နှလုံးရောဂါတွေဖြစ်တတ်ကြတယ်။ နှလုံးကြီးတာ နှလုံးသွေးကြောကျဉ်းတာ စသဖြင့်ပါ။ တစ်ခါတစ်လေကျတော့လည်း နှလုံးရောဂါက ရုတ်တရက်ကို အရေးပေါ်အခြေအနေမျိုး တန်းရောက်တတ်တယ်။ နဂို နှလုံးရောဂါရှိတဲ့သူလည်းဖြစ်နိုင်တယ်။ တစ်ချိန်လုံးတောက်လျှောက်အကောင်းကြီးကနေ ထပြီးဖြစ်တာလည်းဖြစ်နိုင်တယ်။

ဆေးခန်းထိုင်နေတဲ့အတောအတွင်းမှာ နှလုံးအရေးပေါ်ဖြစ်ပြီးလာတဲ့ လူနာတစ်ချို့ကြုံဖူးတယ်။ လူနာတွေမှာ ဖြစ်နေတဲ့လက္ခဏာက သင်ခဲ့တုန်းက နဲ့ တူတာလည်းရှိသလို မတူတာလည်းရှိနေတတ်တယ်။ တစ်ကြိမ်က နေ့လည်ဖက်ကြီးဆေးခန်းထိုင်နေတုန်း အသက် လေးဆယ်ကျော် အမျိုးသမီး မောနေလို့ ဆိုပြီး အိမ်ကလူတွေ လာပို့တယ်။ လူနာကိုကြည့်တော့ မောနေလိုက်တာ။ အသက်ကို ရှိုက်ရှုရတယ်။ ချွေးစေးတွေလည်းပြန်လို့ ခြေဖျားလက်ဖျားတွေအေးလို့ လူနာကစကားကို တစ်ခါမှ တစ်လုံးလောက်ပဲ ပြောနိုင်တယ်။ လုပ်ရင်းကိုင်ရင်းမေးတော့ ရုတ်တရက်ကြီးရင်ဘတ်ထဲ တင်းကျပ်လာတယ်။ မောလာပြီးချွေးစေးပြန်လာတယ်။ အန်ချင်တာလည်းဖြစ်တယ်တဲ့။ အရင်က ဘာရောဂါမှ မရှိလို့ဘာဆေးမှလည်းသောက်မနေတာပြောတယ်။ သွေးပေါင်တိုင်းတော့ သွေးကတက်နေတယ်။

အပေါ်၁၈၀အောက်ကတော့ ၉၀ လောက်ရှိတယ်။ နှလုံးခုန်မှန်တယ်။ အောက်ဆီဂျင်ပမာဏက ကျလို့ ဆေးခန်းမှာ ECG စွဲတာရှိတော့ တစ်ခါတည်းစွဲကြည့်တော့မှ သွေးကြောပိတ်နေတာတွေ တွေ့တယ်။ လူနာကိုအောက်ဆီဂျင်ပေးပြီး သွေးကျဲဆေးပါတစ်ခါတည်းတိုက်လိုက်တယ်။ လူနာနဲ့ လူနာရှင်တွေကို ရောဂါအကြောင်းပြောပြီး ဆေးရုံကြီး မြန်မြန်သွားဖို့လိုကြောင်းပါထပ်ပြောရတယ်။ ကားတွေစီစဉ်ပြီးဆေးခန်းကအောက်ဆီဂျင်နဲ့ တစ်ခါတညိးဆေးရုံလွှဲလိုက်ရတယ်။ နှလုံးသွေးကြောပိတ်တဲ့အခါ သွေးပေါင်က ကျတာလည်းဖြစ်နိုင်တယ်။ တက်နေတာလည်းဖြစ်နိုင်တယ် ဆိုတာ သိလိုက်ရတယ်။

နောက်တစ်ခါက ဆေးခန်းရောက်ပြီး သိပ်မကြာဘူး။ မောတယ်ဆိုပြီး လူနာတစ်ယောက်လာတယ်။ အမျိုးသမီးပဲ။ အသက်လေးဆယ်ကျော်လောက်ပဲ လူနာအိမ်ကတော့ မောနေတာ နှစ်ရက်ရှိပြီလို့ပြောတယ်။ မနေ့ကလည်းဆေးခန်းသွားသေးတယ်တဲ့။ မသက်သာလို့ ဆိုပြီး ဒီမှာလာပြတာပါတဲ့။ဆီးချိုရောဂါအခံလည်းရှိပါတယ်တဲ့။ လူနာတွေ မောတယ်ပြောတိုင်း အောက်ဆီဂျင်တိုင်းနေတတ်တော့ ထုံးစံအတိုင်းကောက်တိုင်းလိုက်တယ်။ အောက်ဆီဂျင်ကောင်းနေပေမယ့် နှလုံးခုန်တာက နှေးလိုက်တာ။ လေးဆယ်ပဲရှိတယ်။ ချက်ချင်း ECG စွဲဖို့ပြင်နေတုန်း သွေးပေါင်တိုင်းတော့ သွေးပေါင်ကကျ။ လူနာကစကားတော့ပြောနိုင်တယ်။ ရင်ဘတ်အောင့်တာတွေ ဘာမှမရှိဘူးပြောတယ်။ မောနေတာတစ်ခုပဲတဲ့။ ဆီးချိုစစ်လိုက်တော့ ပုံမှန်ထက်နည်းနည်းပဲများနေတယ်။ ECG လည်းကြည့်ရော နှလုံးခုန် နှေးပြီး နှလုံးပိတ်ချင်သလို Complete heart block တွေ့ရတယ်။ လူနာကို သွေးပေါင်ကျနေတာကြောင့် အကြောလိုင်းထည့်ပေးထားလိုက်တယ်။ အောက်ဆီဂျင်မကျပေမယ့် အောက်ဆီဂျင်လေးနဲ့ပဲ ဆေးရုံကြီးကိုလွှဲလိုက်တယ်။

ဆေးခန်းမှာက သာမန်အဖျားတွေလာပြတာများပေမယ့် တစ်ခါတစ်လေမှာလည်းအရေးပေါ်အခြေအနေတွေကြုံတွေ့နိုင်တတ်ပါတယ်။ ဒီလိုအရေးပေါ်အခြေအနေတွေဆို ကိုယ်လုပ်နိုင်သလောက်လုပ်ပေးပြီး သင့်တော်ရာ ဆေးရုံကြီးကိုပဲလွှဲပါတယ်။ နှလုံးရောဂါနဲ့ပက်သက်လာရင် ဆေးရုံကြီးကတော့ တစ်ခြားနေရာတွေထက် ပိုပြီးအသင့်တော်ဆုံးပါပဲ။

Author : Dr. CST

Previous Post

ခံရခက်တဲ့  တိုက်ဖွိုက် (သို့မဟုတ်) အူရောင်ငန်းဖျား

Next Post

ရေကို တစ်နိုင်သန့်ကြမယ်!

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
865
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရေကို တစ်နိုင်သန့်ကြမယ်!

ကာလသားရောဂါအကြောင်း သိကောင်းစရာ

"ဆီးပိုးဝင်တာ ကြောက်စရာလား??"

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.