fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

သင်္ကြန်

68
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/04/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

သၾကၤန္

”  နင္တို႔ ငါ့အိမ္ကိုေတာ့ လိုက္ေျပာေပးၾကဦးေနာ္ ” သရဖီ တစ္ေယာက္ သူငယ္ခ်င္းမ်ားအား အကူအညီေတာင္းလိုက္သည္။ တကၠသိုလ္ ေက်ာင္းသူ ျဖစ္ေနၿပီေသာ သရဖီတစ္ေယာက္ သူငယ္ခ်င္းမ်ားႏွင့္ သၾကၤန္ ေရပက္ခံထြက္ခ်င္သည္။ တစ္ခါမွ မထြက္ဖူးေသာေၾကာင့္ မိဘမ်ားကို ခြင့္ေတာင္းရမည္ကိုလည္း ေၾကာက္သည္။ ထို႔ေၾကာင့္ သူငယ္ခ်င္းမ်ားကို အိမ္လိုက္ေျပာေပးဖို႔ ေတာင္းဆိုထားသည္။

“အင္းပါ စိတ္ခ်ပါ။   ” ရတနာ ေခါင္းညိမ့္လိုက္သည္။

”  ဘယ္ေန႔လာေျပာ ေပးရမလဲ ေျပာ။ နင္ေျပာခိုင္းတဲ့ ေန႔ ငါတို႔လာခဲ့မယ္။ ” ၾကည္ျပာကလည္း ၾကားျဖတ္ ေျပာလိုက္သည္။

”  ဒီတစ္ပတ္ တနဂၤေႏြ ေန႔ လာေျပာေပးပါလား။ အိမ္မွာ  ငါ့ အေဖလည္း ရွိတယ္။ ”

” အိုေက။ အဲဒီေန႔ ငါတို႔လာေျပာေပးမယ္။ စိတ္ခ်။ ” ရတနာ တစ္ေယာက္ သရဖီကို ကတိေပးလိုက္သည္။

သူငယ္ခ်င္းမ်ား ေကာင္းမႈႏွင့္ သရဖီ တစ္ေယာက္  သၾကၤန္ေလွ်ာက္လည္ခြင့္ရခဲ့သည္။ ၾကည္ျပာ ရတနာတို႔အျပင္ တစ္ျခား သူငယ္ခ်င္းမ်ား အားလုံး သရဖီ အိမ္ကို လိုက္ေျပာေပးၾကသည္။ သၾကၤန္ အၾကတ္ေန႔ တစ္ရက္ လည္ခြင့္ ေပးလိုက္သည္။

အၾကတ္ေန႔သို႔ေရာက္ေသာ္မိန္းကေလးမ်ား အားလုံး ရတနာ အိမ္တြင္ လူစုသည္။

ေက်ာ္ႀကီးတု႔ိ သၾကၤန္ကား အိမ္ေရွ႕တြင္ ရပ္လိုက္သည္။ ကားေပၚက ဆင္းဆင္းခ်င္း ပင္ ေက်ာ္ႀကီးက

” ဟိုတစ္ေယာက္ နင့္အက်ၤ ီက ပါးလွခ်ည္လား   ” သရဖီကို ၾကည့္ၿပီးေျပာသည္။

“မပါးပါဘူး ေက်ာ္ႀကီးရယ္ ငါ ဂ်ာကင္ပါပါတယ္။ ဂ်ာကင္ ထပ္ဝတ္ထားမွာပါ ”

ေက်ာ္ႀကီးတစ္ေယာက္ သူငယ္ခ်င္း မိန္းကေလးမ်ားအား တစ္ေယာက္ခ်င္းစီ ေသခ်ာ ၾကည့္ၿပီးေျပာေနသည္။

” နင္တို႔ကို ေခၚလာရတာ သိပ္တာဝန္ႀကီးတယ္ေနာ္။  ငါက သိပ္ေခၚခ်င္တာ မဟုတ္ဘူး။ ”

ေက်ာ္ႀကီး က မိန္းကေလးမ်ား အေပၚတြင္ အကိုႀကီးတစ္ေယာက္ လို အၿမဲ ေစာင့္ေရွာက္တတ္သူျဖစ္သည္။

“ၾကည္ျပာ နင့္ အိက်ႌ လက္ျပတ္ပါလား။ ခ်မ္းေနဦးမယ္ ”

”  ငါက မခ်မ္းတတ္ဘူးေလ။ရပါတယ္ဟ ” ၾကည္ျပာ တစ္ေယာက္ ရယ္က်ဲက်ဲႏွင့္ ျပန္ေျပာလိုက္သည္။

” နင့္လက္ေတြ သၾကၤန္ေရပက္ခံထြက္ လို႔ ေနေလာင္သြားဦးမယ္ေနာ္။  ”

”  ဒီမွာ ေနေလာင္ခံ cream ေတြ လိမ္းလာပါတယ္ဟ။ ေအးေဆးပါ။ ” ၾကည္ျပာ တစ္ေယာက္ Lotion ဗူးေလး ထုတ္ျပလိုက္သည္။

”  ေနေလာင္မွ ဘာျဖစ္တယ္ ညာျဖစ္တယ္လို႔ မေျပာၾကနဲ႔ေနာ္။ ငါတို႔ကေတာ့ လက္နက္ အျပည့္အစုံနဲ႔ပဲ ” ေကာင္းခန႔္တစ္ေယာက္ ဝင္ေျပာလိုက္သည္။  အားလုံး ေကာင္းခန႔္ကို ၾကည့္လိုက္သည္။

ဂ်ာကင္၊ ဦးထုပ္၊ မ်က္မွန္ ႏွင့္ စတိုင္က မိုက္ေနသည္။

” ေယာက္်ားေလး ျဖစ္ၿပီး နင္ကလည္းသိပ္ပဲမ်ားတာပဲ။ ငါတို႔ေတာင္ ဦးထုပ္ပါမလာဘူး။ နင္ က ေနေလာင္မွာ သိပ္ေၾကာက္ေနလား  ” ရတနာ တစ္ေယာက္ ေကာင္းခန႔္ကို လွမ္းခနဲ႔လိုက္သည္။

”  နင္တို႔က ဒီႏွစ္မွ သၾကၤန္ စလည္ဖူးတာ ဟုတ္တယ္မလား။  ” ေကာင္းခန႔္ျပန္ေမးလိုက္သည္။

” ဟုတ္တယ္  ”

”  ငါတို႔က ႏွစ္တိုင္းလည္ ေနက်။ ႏွစ္တိုင္းလည္း ေနေလာင္ေနက်။ အရင္ကဆိုရင္ ဦးထုပ္ေတြ ဘာေတြလည္း ေဆာင္းတာမဟုတ္ဘူး။ ဒီအတိုင္းေနပူထဲ ေလွ်ာက္လည္တာပဲ။  မ်က္ႏွာေတြ ဆိုရင္ ေနေလာင္ထားတာ ၾကည့္မေကာင္းဘူး။  သၾကၤန္လည္တာ အသားအရည္ သိပ္ပ်က္စီးတာ။ နင္တို႔လည္ခ်င္တယ္ဆိုလို႔ ငါတို႔ က လိုက္ပို႔ရတာေနာ္။  ငါက သိပ္လည္ခ်င္တာ မဟုတ္ဘူး ” မိန္းကေလးမ်ားအားလုံး ေကာင္းခန႔္ကို မ်က္ေစာင္း ဝိုင္းထိုးလိုက္သည္။

”  နင္တို႔ေတြ ငါ့ကို မ်က္ေစာင္းထိုး မေနနဲ႔။ ေရက စိုဦးမွ အပူသက္သာတာ။ ေရမစိုပဲ ကားပိတ္မိေနရင္ နင္တို႔ေတြ ကားေပၚမွာ ငါးေျခာက္လွမ္းသလိုမ်ိဳးျဖစ္ေနမွာ။ ”

“ကား မပိတ္တဲ့ဆီပဲ သြားၾကတာေပါ့   ” ေက်ာ္ေက်ာ္ ကဝင္ေျပာသည္။ သူ႔ကို ၾကည့္ေတာ့လည္း ဂ်ာကင္ႏွင့္ ဦးထုပ္ႏွင့္။  ေယာက်ာ္းေလးမ်ား အားလုံး ဂ်ာကင္မ်ား ထပ္ဝတ္ထားၾကသည္။ ဦးထုပ္ေတြလည္း ကိုယ္စီႏွင့္။

” မႏွစ္က ငါ သၾကၤန္ ၃ရက္ စလုံး ေလွ်ာက္လည္တယ္။ Lotion ေတြ လည္း လိမ္းတာပဲ။ ငါက မနက္ တစ္ႀကိမ္ပဲ လိမ္းျဖစ္တယ္။ တစ္ေနကုန္ဆိုေတာ့  အသားေတြ ေနေလာင္သြားလို႔ ေဆးခန္းျပန္ျပလိုက္ရတယ္။ မ်က္ႏွာ အေရျပားေတြ ဆိုတာ ရစရာေတာင္ မရွိဘူး။  ေဆးဖိုးလည္း ေတာ္ေတာ္ ကုန္တယ္ေနာ္။” ေကာင္းခန႔္က ရွင္းျပသည္။

”  နင္က ေနေလာင္ခံ ကာကြယ္တဲ့ lotion ေတြ  တစ္ႀကိမ္ပဲ လိမ္းသြားတာကိုး ” ရတနာ က မွတ္ခ်က္ေပးသည္။

” ” ဒါေၾကာင့္ျဖစ္တာေပါ့  ” သရဖီ က ေထာက္ခံသည္။

” ငါတို႔က ေတာ့ လက္နက္ အျပည့္အစုံနဲ႔လာတာပါ။ ဒီမွာ ၾကည့္လိုက္စမ္းပါ။ SPF 50 ပါတဲ့ lotion လိမ္းထားတယ္။ ေန႔လည္ က်ရင္လည္း ေနာက္တစ္ေခါက္ ထပ္လိမ္းဦးမယ္။ ဦးထုပ္ လည္း ပါပါတယ္  ” သရဖီက lotion ဘူးေလး ထုတ္ျပသည္။

”  ငါ တို႔ မိန္းကေလးေတြ အားလုံး လိမ္းလာပါတယ္ဟ။ ဒီေခတ္ႀကီးထဲမွာ သၾကၤန္ေလွ်ာက္လည္တာ ေနေလာင္ခံ ကာကြယ္တဲ့ lotion လိမ္းမသြားမဲ့သူမ်ိဳး မရွိေတာ့ဘူးထင္ပါတယ္ ”

”  အမယ္ေလး။ နင္တို႔ကသာ ထင္ေနတယ္။ ဟို အေကာင္ေတြကို ေမးၾကည့္လိုက္ပါဦး။ ဘယ္သူလိမ္းလာလဲလို႔။ “ေကာင္းခန႔္က တစ္ျခား သူေတြ ကို ေမးထိုးျပသည္။

”  ေယာက်ာ္းမွန္ရင္ လိမ္းစရာမလိုပါဘူးကြာ။  ” ေက်ာ္ ေက်ာ္ က ဝင္ေျပာသည္။

” အသားညိဳတဲ့သူနဲ႔ အသားျဖဴတဲ့သူဆိုရင္ အသားျဖဴတဲ့သူေတြက ေနေလာင္တာကို ပိုခံရတတ္တယ္။ သူတို႔မွာ ေနေလာင္ဒဏ္ကို ခံႏိုင္ရည္ရွိတဲ့ melanin ဓာတ္နည္းပါးေနလို႔  ပိုၿပီး ျဖစ္တတ္တယ္။ အသားညိဳတဲ့သူေတြက ျဖဴတဲ့ သူေတြထက္ ခံႏိုင္ရည္ ရွိပါတယ္။” ေက်ာ္ေက်ာ္ က သူ႔ Theory ကို ဝင္ေျပာသည္။

” OK ငါ က ညိဳတယ္။ ေနေလာင္ဖို႔ Chance နည္းတယ္ေပါ့  ” သရဖီ က လွမ္းေမးလိုက္သည္။

”  နည္းတယ္လို႔ပဲ ေျပာတာေနာ္။ ေနမေလာင္ဘူးလို႔ မေျပာဘူး။  ”

ေက်ာ္ ႀကီးက အားလုံးကို ေစာ္ေအာ္လိုက္သည္။

”  အိုေက အားလုံး အဆင္သင့္ ျဖစ္ၿပီဆိုရင္ ကားထြက္ ေတာ့ မယ္  ”

” ေဟး ”

သရဖီ အတြက္ေတာ့  သၾကၤန္ေလွ်ာက္လည္ရသည္ကို အေပ်ာ္ႀကီး ေပ်ာ္ေနမိသည္။ သၾကၤန္မွာ အားလုံးေလွ်ာက္လည္ ၾကသည္။ ေပ်ာ္လည္း ေပ်ာ္ၾကပါသည္။ သၾကၤန္လည္ၿပီးေနာက္တစ္ရက္ သူငယ္ခ်င္းမ်ားႏွင့္ အတူ ႏွစ္ဆန္းတစ္ရက္ေန႔ ဘုရားတက္ၾကသည္။

”  ယားလိုက္တာဟယ္။ လူၾကားသူၾကား ကုတ္ရမွာ ရွက္ေတာင္ရွက္တယ္။  ” သရဖီ တစ္ေယာက္ သူငယ္ခ်င္းမ်ားအား ဖြင့္ဟ ေျပာလိုက္သည္။

” ငါလည္း အတူတူပဲဟာ။ ေရ ဘယ္ေလာက္ခ်ိဳးခ်ိဳး အယား မေပ်ာက္ဘူး။  ”

ၾကည္ျပာက ဝင္ေရာက္ေထာက္ခံသည္။

” အယားေပ်ာက္ေဆး ဆိုၿပီး အိမ္ က တိုက္တဲ့ ေဆးကို ေသာက္ေတာ့ အယားေတာ့ ေပ်ာက္သြားပါရဲ႕ အိပ္ခ်င္လိုက္တာဟယ္   ” ရတနာက သူ႔အေတြ႕အႀကဳံ႔ကို ဝင္ေျပာသည္။

သူငယ္ခ်င္းမ်ား ဝိုင္းရီၾကသည္။

“ယားတဲ့ေနရာလိမ္းဆိုၿပီး Caldryl  ဗူး အေမက ဝယ္ေပးတယ္။ တစ္ရက္တည္းနဲ႔ တစ္ဗူး ကုန္သြားတယ္  ” သရဖီ ေျပာေတာ့ ေနာက္ တစ္ႀကိမ္ ပြဲထက္က်ျပန္သည္။

”  ေရေတြက မသန႔္ေတာ့ ျဖစ္တာေပါ့။  ” ေက်ာ္ႀကီးက ရွင္းျပသည္။

” မလည္ဖူးလို႔ လည္ၾကည့္တာပါဟယ္။ ေနာက္ႏွစ္ေတာ့ မလည္ေတာ့ဘူး။ အိမ္မွာပဲ ေနေတာ့မယ္။  ”

” ေစာင့္ၾကည့္ရေသးတာေပါ့။”

”  ေစာင့္ၾကည့္လို႔ ” သရဖီ တစ္ေယာက္ ျပန္ေျပာလိုက္သည္။

အသားေလး နည္းနည္း ညိဳသြားေပမဲ့  ေနေလာင္ မခံရသည္က ကံေကာင္းသည္ပင္။ ေနေလာင္ခံ ကာကြယ္ေသာ lotion မ်ားအက်ိဳးေက်းဇူးပင္။ သို႔ေသာ္ ယားတာကလည္း မေပ်ာက္ေသး။  အိမ္ေရာက္ရင္ Caldryl ေဆးထပ္လိမ္းၿပီး ရတနာ ေသာက္ေသာ အယားေပ်ာက္ေဆးေလး ေသာက္လိုက္မည္ဟု ေတးထားလိုက္သည္။ သို႔ေသာ္ သၾကၤန္လည္ရသည္ကို ေပ်ာ္မိတာေတာ့ အမွန္ပင္။

Author : Dr. ေအးခ်မး္မုိး

သင်္ကြန်

”  နင်တို့ ငါ့အိမ်ကိုတော့ လိုက်ပြောပေးကြဦးနော် ” သရဖီ တစ်ယောက် သူငယ်ချင်းများအား အကူအညီတောင်းလိုက်သည်။ တက္ကသိုလ် ကျောင်းသူ ဖြစ်နေပြီသော သရဖီတစ်ယောက် သူငယ်ချင်းများနှင့် သင်္ကြန် ရေပက်ခံထွက်ချင်သည်။ တစ်ခါမှ မထွက်ဖူးသောကြောင့် မိဘများကို ခွင့်တောင်းရမည်ကိုလည်း ကြောက်သည်။ ထို့ကြောင့် သူငယ်ချင်းများကို အိမ်လိုက်ပြောပေးဖို့ တောင်းဆိုထားသည်။

“အင်းပါ စိတ်ချပါ။   ” ရတနာ ခေါင်းညိမ့်လိုက်သည်။

”  ဘယ်နေ့လာပြော ပေးရမလဲ ပြော။ နင်ပြောခိုင်းတဲ့ နေ့ ငါတို့လာခဲ့မယ်။ ” ကြည်ပြာကလည်း ကြားဖြတ် ပြောလိုက်သည်။

”  ဒီတစ်ပတ် တနင်္ဂနွေ နေ့ လာပြောပေးပါလား။ အိမ်မှာ  ငါ့ အဖေလည်း ရှိတယ်။ ”

” အိုကေ။ အဲဒီနေ့ ငါတို့လာပြောပေးမယ်။ စိတ်ချ။ ” ရတနာ တစ်ယောက် သရဖီကို ကတိပေးလိုက်သည်။

သူငယ်ချင်းများ ကောင်းမှုနှင့် သရဖီ တစ်ယောက်  သင်္ကြန်လျှောက်လည်ခွင့်ရခဲ့သည်။ ကြည်ပြာ ရတနာတို့အပြင် တစ်ခြား သူငယ်ချင်းများ အားလုံး သရဖီ အိမ်ကို လိုက်ပြောပေးကြသည်။ သင်္ကြန် အကြတ်နေ့ တစ်ရက် လည်ခွင့် ပေးလိုက်သည်။

အကြတ်နေ့သို့ရောက်သော်မိန်းကလေးများ အားလုံး ရတနာ အိမ်တွင် လူစုသည်။

ကျော်ကြီး သင်္ကြန်ကား အိမ်ရှေ့တွင် ရပ်လိုက်သည်။ ကားပေါ်က ဆင်းဆင်းချင်း ပင် ကျော်ကြီးက

” ဟိုတစ်ယောက် နင့်အင်္ကျ ီက ပါးလှချည်လား   ” သရဖီကို ကြည့်ပြီးပြောသည်။

“မပါးပါဘူး ကျော်ကြီးရယ် ငါ ဂျာကင်ပါပါတယ်။ ဂျာကင် ထပ်ဝတ်ထားမှာပါ ”

ကျော်ကြီးတစ်ယောက် သူငယ်ချင်း မိန်းကလေးများအား တစ်ယောက်ချင်းစီ သေချာ ကြည့်ပြီးပြောနေသည်။

” နင်တို့ကို ခေါ်လာရတာ သိပ်တာဝန်ကြီးတယ်နော်။  ငါက သိပ်ခေါ်ချင်တာ မဟုတ်ဘူး။ ”

ကျော်ကြီး က မိန်းကလေးများ အပေါ်တွင် အကိုကြီးတစ်ယောက် လို အမြဲ စောင့်ရှောက်တတ်သူဖြစ်သည်။

“ကြည်ပြာ နင့် အိကျႌ လက်ပြတ်ပါလား။ ချမ်းနေဦးမယ် ”

”  ငါက မချမ်းတတ်ဘူးလေ။ရပါတယ်ဟ ” ကြည်ပြာ တစ်ယောက် ရယ်ကျဲကျဲနှင့် ပြန်ပြောလိုက်သည်။

” နင့်လက်တွေ သင်္ကြန်ရေပက်ခံထွက် လို့ နေလောင်သွားဦးမယ်နော်။  ”

”  ဒီမှာ နေလောင်ခံ cream တွေ လိမ်းလာပါတယ်ဟ။ အေးဆေးပါ။ ” ကြည်ပြာ တစ်ယောက် Lotion ဗူးလေး ထုတ်ပြလိုက်သည်။

”  နေလောင်မှ ဘာဖြစ်တယ် ညာဖြစ်တယ်လို့ မပြောကြနဲ့နော်။ ငါတို့ကတော့ လက်နက် အပြည့်အစုံနဲ့ပဲ ” ကောင်းခန့်တစ်ယောက် ဝင်ပြောလိုက်သည်။  အားလုံး ကောင်းခန့်ကို ကြည့်လိုက်သည်။

ဂျာကင်၊ ဦးထုပ်၊ မျက်မှန် နှင့် စတိုင်က မိုက်နေသည်။

” ယောက်ျားလေး ဖြစ်ပြီး နင်ကလည်းသိပ်ပဲများတာပဲ။ ငါတို့တောင် ဦးထုပ်ပါမလာဘူး။ နင် က နေလောင်မှာ သိပ်ကြောက်နေလား  ” ရတနာ တစ်ယောက် ကောင်းခန့်ကို လှမ်းခနဲ့လိုက်သည်။

”  နင်တို့က ဒီနှစ်မှ သင်္ကြန် စလည်ဖူးတာ ဟုတ်တယ်မလား။  ” ကောင်းခန့်ပြန်မေးလိုက်သည်။

” ဟုတ်တယ်  ”

”  ငါတို့က နှစ်တိုင်းလည် နေကျ။ နှစ်တိုင်းလည်း နေလောင်နေကျ။ အရင်ကဆိုရင် ဦးထုပ်တွေ ဘာတွေလည်း ဆောင်းတာမဟုတ်ဘူး။ ဒီအတိုင်းနေပူထဲ လျှောက်လည်တာပဲ။  မျက်နှာတွေ ဆိုရင် နေလောင်ထားတာ ကြည့်မကောင်းဘူး။  သင်္ကြန်လည်တာ အသားအရည် သိပ်ပျက်စီးတာ။ နင်တို့လည်ချင်တယ်ဆိုလို့ ငါတို့ က လိုက်ပို့ရတာနော်။  ငါက သိပ်လည်ချင်တာ မဟုတ်ဘူး ” မိန်းကလေးများအားလုံး ကောင်းခန့်ကို မျက်စောင်း ဝိုင်းထိုးလိုက်သည်။

”  နင်တို့တွေ ငါ့ကို မျက်စောင်းထိုး မနေနဲ့။ ရေက စိုဦးမှ အပူသက်သာတာ။ ရေမစိုပဲ ကားပိတ်မိနေရင် နင်တို့တွေ ကားပေါ်မှာ ငါးခြောက်လှမ်းသလိုမျိုးဖြစ်နေမှာ။ ”

“ကား မပိတ်တဲ့ဆီပဲ သွားကြတာပေါ့   ” ကျော်ကျော် ကဝင်ပြောသည်။ သူ့ကို ကြည့်တော့လည်း ဂျာကင်နှင့် ဦးထုပ်နှင့်။  ယောကျာ်းလေးများ အားလုံး ဂျာကင်များ ထပ်ဝတ်ထားကြသည်။ ဦးထုပ်တွေလည်း ကိုယ်စီနှင့်။

” မနှစ်က ငါ သင်္ကြန် ၃ရက် စလုံး လျှောက်လည်တယ်။ Lotion တွေ လည်း လိမ်းတာပဲ။ ငါက မနက် တစ်ကြိမ်ပဲ လိမ်းဖြစ်တယ်။ တစ်နေကုန်ဆိုတော့  အသားတွေ နေလောင်သွားလို့ ဆေးခန်းပြန်ပြလိုက်ရတယ်။ မျက်နှာ အရေပြားတွေ ဆိုတာ ရစရာတောင် မရှိဘူး။  ဆေးဖိုးလည်း တော်တော် ကုန်တယ်နော်။” ကောင်းခန့်က ရှင်းပြသည်။

”  နင်က နေလောင်ခံ ကာကွယ်တဲ့ lotion တွေ  တစ်ကြိမ်ပဲ လိမ်းသွားတာကိုး ” ရတနာ က မှတ်ချက်ပေးသည်။

” ” ဒါကြောင့်ဖြစ်တာပေါ့  ” သရဖီ က ထောက်ခံသည်။

” ငါတို့က တော့ လက်နက် အပြည့်အစုံနဲ့လာတာပါ။ ဒီမှာ ကြည့်လိုက်စမ်းပါ။ SPF 50 ပါတဲ့ lotion လိမ်းထားတယ်။ နေ့လည် ကျရင်လည်း နောက်တစ်ခေါက် ထပ်လိမ်းဦးမယ်။ ဦးထုပ် လည်း ပါပါတယ်  ” သရဖီက lotion ဘူးလေး ထုတ်ပြသည်။

”  ငါ တို့ မိန်းကလေးတွေ အားလုံး လိမ်းလာပါတယ်ဟ။ ဒီခေတ်ကြီးထဲမှာ သင်္ကြန်လျှောက်လည်တာ နေလောင်ခံ ကာကွယ်တဲ့ lotion လိမ်းမသွားမဲ့သူမျိုး မရှိတော့ဘူးထင်ပါတယ် ”

”  အမယ်လေး။ နင်တို့ကသာ ထင်နေတယ်။ ဟို အကောင်တွေကို မေးကြည့်လိုက်ပါဦး။ ဘယ်သူလိမ်းလာလဲလို့။ “ကောင်းခန့်က တစ်ခြား သူတွေ ကို မေးထိုးပြသည်။

”  ယောကျာ်းမှန်ရင် လိမ်းစရာမလိုပါဘူးကွာ။  ” ကျော် ကျော် က ဝင်ပြောသည်။

” အသားညိုတဲ့သူနဲ့ အသားဖြူတဲ့သူဆိုရင် အသားဖြူတဲ့သူတွေက နေလောင်တာကို ပိုခံရတတ်တယ်။ သူတို့မှာ နေလောင်ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ melanin ဓာတ်နည်းပါးနေလို့  ပိုပြီး ဖြစ်တတ်တယ်။ အသားညိုတဲ့သူတွေက ဖြူတဲ့ သူတွေထက် ခံနိုင်ရည် ရှိပါတယ်။” ကျော်ကျော် က သူ့ Theory ကို ဝင်ပြောသည်။

” OK ငါ က ညိုတယ်။ နေလောင်ဖို့ Chance နည်းတယ်ပေါ့  ” သရဖီ က လှမ်းမေးလိုက်သည်။

”  နည်းတယ်လို့ပဲ ပြောတာနော်။ နေမလောင်ဘူးလို့ မပြောဘူး။  ”

ကျော် ကြီးက အားလုံးကို စော်အော်လိုက်သည်။

”  အိုကေ အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ကားထွက် တော့ မယ်  ”

” ဟေး ”

သရဖီ အတွက်တော့  သင်္ကြန်လျှောက်လည်ရသည်ကို အပျော်ကြီး ပျော်နေမိသည်။ သင်္ကြန်မှာ အားလုံးလျှောက်လည် ကြသည်။ ပျော်လည်း ပျော်ကြပါသည်။ သင်္ကြန်လည်ပြီးနောက်တစ်ရက် သူငယ်ချင်းများနှင့် အတူ နှစ်ဆန်းတစ်ရက်နေ့ ဘုရားတက်ကြသည်။

”  ယားလိုက်တာဟယ်။ လူကြားသူကြား ကုတ်ရမှာ ရှက်တောင်ရှက်တယ်။  ” သရဖီ တစ်ယောက် သူငယ်ချင်းများအား ဖွင့်ဟ ပြောလိုက်သည်။

” ငါလည်း အတူတူပဲဟာ။ ရေ ဘယ်လောက်ချိုးချိုး အယား မပျောက်ဘူး။  ”

ကြည်ပြာက ဝင်ရောက်ထောက်ခံသည်။

” အယားပျောက်ဆေး ဆိုပြီး အိမ် က တိုက်တဲ့ ဆေးကို သောက်တော့ အယားတော့ ပျောက်သွားပါရဲ့ အိပ်ချင်လိုက်တာဟယ်   ” ရတနာက သူ့အတွေ့အကြုံ့ကို ဝင်ပြောသည်။

သူငယ်ချင်းများ ဝိုင်းရီကြသည်။

“ယားတဲ့နေရာလိမ်းဆိုပြီး Caldryl  ဗူး အမေက ဝယ်ပေးတယ်။ တစ်ရက်တည်းနဲ့ တစ်ဗူး ကုန်သွားတယ်  ” သရဖီ ပြောတော့ နောက် တစ်ကြိမ် ပွဲထက်ကျပြန်သည်။

”  ရေတွေက မသန့်တော့ ဖြစ်တာပေါ့။  ” ကျော်ကြီးက ရှင်းပြသည်။

” မလည်ဖူးလို့ လည်ကြည့်တာပါဟယ်။ နောက်နှစ်တော့ မလည်တော့ဘူး။ အိမ်မှာပဲ နေတော့မယ်။  ”

” စောင့်ကြည့်ရသေးတာပေါ့။”

”  စောင့်ကြည့်လို့ ” သရဖီ တစ်ယောက် ပြန်ပြောလိုက်သည်။

အသားလေး နည်းနည်း ညိုသွားပေမဲ့  နေလောင် မခံရသည်က ကံကောင်းသည်ပင်။ နေလောင်ခံ ကာကွယ်သော lotion များအကျိုးကျေးဇူးပင်။ သို့သော် ယားတာကလည်း မပျောက်သေး။  အိမ်ရောက်ရင် Caldryl ဆေးထပ်လိမ်းပြီး ရတနာ သောက်သော အယားပျောက်ဆေးလေး သောက်လိုက်မည်ဟု တေးထားလိုက်သည်။ သို့သော် သင်္ကြန်လည်ရသည်ကို ပျော်မိတာတော့ အမှန်ပင်။

Author : Dr. အေးချမ်းမိုး

Previous Post

ယားယံခြင်းကို ပေါ့မနေသင့်

Next Post

မျက်ခမ်းတွေ ခဏခဏလှုပ်တယ်၊ ဘာကြောင့်လဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မျက်ခမ်းတွေ ခဏခဏလှုပ်တယ်၊ ဘာကြောင့်လဲ

မသန့်ရှင်းတဲ့အစားအသောက်တွေကိုစားမိရင် ဘာတွေဖြစ်တတ်လဲ။

အစားသောက်နဲ့ဆိုးဆေးအန္တရာယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.