(Zawgyi ျဖင့္ဖတ္ရန္ )
ေဝေဝတစ္ေယာက္ ဒီေန႔ ေနရတာ တယ္အဆင္မေျပလွေခ်။ ဗုိက္ထဲမွာပဲ ေနရမေကာင္းသလုိလုိ တစ္ခ်က္တစ္ခ်က္ ထုိးထုိးေအာင့္တာ ဆုိးလွတယ္။ နံၾကားထဲကလည္း တစ္ခ်က္တစ္ခ်က္ ဆစ္ခနဲ ဆစ္ခနဲ ထုိးေသး။ ဒီၾကားထဲ ေလခ်ဥ္ေတြကလည္း တေဂ့ေဂ့နဲ႔။ တိတ္ဆိတ္ၿပီး ေလေအးေပးစက္တက္ထားတဲ့ အခန္းထဲ ေနကာမွ ေလကလည္း လည္ခ်င္လွတယ္။
စိတ္ကသိကေအာင့္ ျဖစ္ရတဲ့ၾကားထဲ လူဆုိတာ ဘာလုိ႔ေလလည္တတ္ပါလိမ့္လုိ႔ ေပါက္ေပါက္ရွာရွာ ေတြးမိေသးတယ္။ အစာစားခ်င္စိတ္လည္း မရွိတဲ့အတြက္ ဘာမွလည္း ဟုတ္တိပတ္တိမစားမိ။ အာရုံေျပာင္းေအာင္ အလုပ္ေတြဖိလုပ္ရင္း ပီေကေတြသာ ဖိၿပီးဝါးစားေနမိေတာ့တယ္။
ညေနေရာက္ေတာ့ ေနရတာ ေတာ္ေတာ္သက္ေတာင့္သက္သာ မရွိေတာ့။ တစ္ခ်က္တစ္ခ်က္ ထုိးထုိးေအာင့္တာ ေတာ္ေတာ္ေလး ခံရဆုိးလွတယ္။ ေဆးထုိးေဆးေသာက္ေၾကာက္လုိ႔ ေအာင့္အီးသည္းခံေနေပမယ့္ မခံႏုိင္တဲ့အဆုံး အိမ္နားက သူငယ္ခ်င္း ဆရာဝန္မေလးဆီပဲ သြားရေတာ့တယ္။
ေဆးခန္းက လူရွင္းေနလုိ႔ ေတာ္ေသး။ ေဆးခန္းေရာက္တာနဲ႔ ေဝေနလုိ႔ အဆင္မေျပလုိ႔ ေဝ့ကိုကုေပးပါဦး သူငယ္ခ်င္းရယ္လုိ႔ မ်က္ႏွာငယ္ေလးနဲ႔ ေျပာမိေတာ့တယ္။ ဆရာဝန္ သူငယ္ခ်င္းက ေဝဘာျဖစ္တာလဲ ၊ ဘယ္လုိခံစားရလုိ႔လဲလုိ႔လည္း ေမးေရာ ေဝတစ္ေယာက္ သူခံစားရတာေတြကုိ ခရားေရလႊတ္ေျပာမိေတာ့တယ္။ ဗုိက္ႀကီးက တင္းတင္းႀကီး ျဖစ္ေနတဲ့အေၾကာင္း ၊ အစာမေၾကသလုိ ခံစားရေၾကာင္း ၊ တစ္ခ်က္တစ္ခ်က္ ေတာ္ေတာ္ေလး ထုိးထုိးေအာင့္တဲ့အေၾကာင္းေျပာလည္းေျပာ တေဂ့ေဂ့နဲ႔ ေလခ်ဥ္ေတြလည္း တက္လုိ႔ေနေတာ့တယ္။
ဆရာဝန္မေလးကေတာ့ ေဝေျပာသမွ်ကုိ နားေထာင္ျပီးတာနဲ႔ ေဝျဖစ္ေနတာ ေလပြတာနဲ႔ တူေနတယ္။ ေသခ်ာေအာင္ စမ္းသပ္ၾကည့္ရေအာင္လုိ႔ ေျပာျပီး ဗုိက္ကုိ ေသခ်ာႏွိပ္ျပီး စမ္းသပ္ ၊ နားၾကပ္ေတြနဲ႔လည္း ေထာက္ျပီးနားေထာင္ေတြလုပ္ျပီး စမ္းၾကည့္တယ္။ ျပီးေတာ့ ဟုတ္တယ္ ေဝ။ ေဝ ေလထုိးေနတာ။ ေလထုိးတယ္ဆုိတာ ဗုိက္ထဲမွာ ေလေတြပုံမွန္ထက္ပုိျပီး အမ်ားႀကီးစုေနတာကုိ ေျပာတာ။
ဗုိက္ထဲမွာ ေလက ပုံမွန္မွာလည္း ရွိတယ္။ အစာမ်ဳိခ်ရင္းျဖစ္ျဖစ္ ၊ အစာေခ်ဖ်က္ရာကေနထြက္လာတဲ့ ေလေတြပဲျဖစ္ျဖစ္ ဗုိက္ထဲမွာ ရွိေနတတ္တယ္။ အဲဒီေလေတြကုိ ေလလည္တာကေနတဆင့္ ဗုိက္ထဲကေန အျပင္ကုိ စြန္႔ထုတ္ေလ့ရွိတယ္။ ဒါေပမယ့္ ေလေတြအမ်ားၾကီး ဗုိက္ထဲမွာ ပုံေနရင္ေတာ့ ခု ေဝခံစားရသလုိ ျပည့္အင့္တာေတြ၊ ဗုိက္ႀကီးတင္းေနတာေတြ ခံစားရေတာ့တာပဲ။ ၿပီးေတာ့ အဲဒီေလေတြကုိ ဗုိက္ထဲကေနထုတ္ဖုိ႔ ကုိယ္ခႏၶာက ႀကိဳးစားေနတဲ့အတြက္ တေဂ့ေဂ့နဲ႔ ေလခ်ဥ္ေတြတက္ေနတာ ၊ တဘူဘူနဲ႔ အီးေတြေပါက္ေနတာေတြျဖစ္ေရာ။ ဗုိက္ထဲမွာလည္း နားေထာင္ၾကည့္ရင္ တဂြီဂြီနဲ႔ ေလေတြေလွ်ာက္သြားေနၾကတယ္။
ဘာပဲေျပာေျပာ ေတာ္ေတာ္ေတာ့ ခံရခက္တယ္ေနာ္။ ေဝ့ကုိ ေပ်ာက္ေအာင္ကုေပးပါ သူငယ္ခ်င္းရယ္လုိ႔ မ်က္ႏွာေလးငယ္ၿပီး ေျပာမိေတာ့တယ္။ ၿပီးေတာ့ ေနာက္ေဝ အဲလုိထပ္မျဖစ္ေအာင္ ေဆာင္ရန္ ေရွာင္ရန္ေလးေတြပါ ေျပာျပေပးပါေနာ္။ အားကုိးပါတယ္ သူငယ္ခ်င္းရယ္လုိ႔လည္း အပူကပ္မိေတာ့တယ္။
လူေတြက အစာစားကုိ ျမန္ျမန္စားရင္းပဲျဖစ္ျဖစ္၊ သၾကားလုံးကုိ စုတ္ၿပီးစားတာကေနပဲျဖစ္ျဖစ္၊ ပီေကဝါးေနရင္းကပဲျဖစ္ျဖစ္ ေလေတြ မ်ဳိခ်မိေနတတ္တယ္။ တခ်ဳိ႔ဆုိ ေဆးလိပ္ေသာက္ေနရင္း ဒါမွမဟုတ္ အေအးကုိပုိက္နဲ႔ စုတ္ေသာက္ေနရင္းကေန ေလေတြ ဗုိက္ထဲဝင္သြားတာမ်ဳိးရွိတယ္။ စိတ္ဖိစီးေနရင္လည္း ေလေတြကုိ အမႈမဲ႔ အမွတ္မဲ႔ မ်ဳိခ်ေနသလုိ ျဖစ္ေနတတ္တယ္။ ၿပီးေတာ့ အစာအိမ္မေကာင္းတာ ၊ အူမေကာင္းတာ အဲလုိေရာဂါေတြျဖစ္ေနရင္လည္း အစာေတြကုိ ေၾကေအာင္ မေခ်ႏုိင္ေတာ့လုိ႔ မေၾကဖ်က္ေသးတဲ့ အစာေတြကတဆင့္ ေလေတြကုိ ထြက္ေစတဲ့အတြက္ ေလပြတာေတြ ျဖစ္ေစတတ္တယ္။
အဲဒီေတာ့ ေဝေနာက္ဆုိ အစားစားတဲ့အခါ ျဖည္းျဖည္းနဲ႔ မွန္မွန္စားေပါ့။ ပီေကဝါးတာ သၾကားလုံး စုတ္တာေတြ ေရွာင္။ ေနာက္မွာစရာ တစ္ခုကေတာ့ ေဂၚဖီတုိ႔ အာလူးတုိ႔ ပဲတုိ႔ အဲဒါေတြက ေလပြစာေတြျဖစ္လုိ႔ ခုလိုေလထုိးေနတဲ့အခ်ိန္ေတာ့ တစ္ရက္ႏွစ္ရက္ေလာက္ ေရွာင္လုိက္ဦး။ ၿပီးမွ ျပန္စားေပါ့။ ခုေလထုိးတာ သက္သာသြားေအာင္ ေဆးတစ္ခုေပးလုိက္မယ္ေနာ္။ ေဝက အစာစားခ်ိန္လည္း မမွန္လုိ႔ အစာအိမ္ေရာင္တာလည္း ျဖစ္ေနႏုိင္လုိ႔ ေလထုိးတာ ေပ်ာက္ေစတဲ့ simethicone အျပင္ တျခားအစာအိမ္အတြက္ေရာ ေကာင္းေစတဲ့ ေဆးမ်ဳိးပါတဲ့ ေလေဆးမ်ဳိး ေပးလုိက္မယ္။ ဒီ အစာအိမ္ေလေဆးကို ၁လံုး-၂လံုး တေန ့သံုးႀကိမ္အထိ ဝါးစားလိုက္ရင္ သက္သာသြားလိမ့္မယ္ေနာက္အဲဒါေလး ေဆာင္ထားေပါ့။ ဒီလုိေလထုိးရင္ ေသာက္လုိ႔ရတယ္။
ဒါေပမယ့္ တစ္ခုရွိတာက ေနာက္ဆုိ အစားကုိ အခ်ိန္မွန္မွန္စားဖုိ႔လုိတယ္။ ခဏခဏ ေလထုိးေလေအာင့္ျဖစ္ေနရင္ေတာ့ ေရာဂါတစ္ခုခု ရွိေနတာမ်ဳိး ျဖစ္ေနမွာစုိးလုိ႔ ဆရာဝန္တစ္ေယာက္ေယာက္နဲ႔ တုိင္ပင္ၾကည့္ေနာ္။
ေအးပါ သူငယ္ခ်င္းေရ။ ခုလို အခ်ိန္ေပးျပီး ေသခ်ာရွင္းျပေပးတာ ေဝအရမ္းေက်းဇူးတင္တယ္ေနာ္။ သူငယ္ခ်င္းမွာသလုိလည္း ေနမယ္။ ေဆးလည္း ေသခ်ာေသာက္မယ္ေနာ္။ ေဝတစ္ေယာက္ ကတိေတြ အထပ္ထပ္ေပးရင္း ေနာက္ဆုိ ပီေကသိပ္မဝါးဖုိ႔ အစားကုိ ေသခ်ာျဖည္းျဖည္းမွန္မွန္စားဖုိ႔ ကုိယ့္ဘာသာ သတိေပးေနမိပါေတာ့တယ္။
Author : Dr. ေမ
(Unicode)
ဝေဝေတစ်ယောက် ဒီနေ့ နေရတာ တယ်အဆင်မပြေလှချေ။ ဗိုက်ထဲမှာပဲ နေရမကောင်းသလိုလို တစ်ချက်တစ်ချက် ထိုးထိုးအောင့်တာ ဆိုးလှတယ်။ နံကြားထဲကလည်း တစ်ချက်တစ်ချက် ဆစ်ခနဲ ဆစ်ခနဲ ထိုးသေး။ ဒီကြားထဲ လေချဉ်တွေကလည်း တဂေ့ဂေ့နဲ့။ တိတ်ဆိတ်ပြီး လေအေးပေးစက်တက်ထားတဲ့ အခန်းထဲ နေကာမှ လေကလည်း လည်ချင်လှတယ်။
စိတ်ကသိကအောင့် ဖြစ်ရတဲ့ကြားထဲ လူဆိုတာ ဘာလို့လေလည်တတ်ပါလိမ့်လို့ ပေါက်ပေါက်ရှာရှာ တွေးမိသေးတယ်။ အစာစားချင်စိတ်လည်း မရှိတဲ့အတွက် ဘာမှလည်း ဟုတ်တိပတ်တိမစားမိ။ အာရုံပြောင်းအောင် အလုပ်တွေဖိလုပ်ရင်း ပီကေတွေသာ ဖိပြီးဝါးစားနေမိတော့တယ်။
ညနေရောက်တော့ နေရတာ တော်တော်သက်တောင့်သက်သာ မရှိတော့။ တစ်ချက်တစ်ချက် ထိုးထိုးအောင့်တာ တော်တော်လေး ခံရဆိုးလှတယ်။ ဆေးထိုးဆေးသောက်ကြောက်လို့ အောင့်အီးသည်းခံနေပေမယ့် မခံနိုင်တဲ့အဆုံး အိမ်နားက သူငယ်ချင်း ဆရာဝန်မလေးဆီပဲ သွားရတော့တယ်။
ဆေးခန်းက လူရှင်းနေလို့ တော်သေး။ ဆေးခန်းရောက်တာနဲ့ ဝေနေလို့ အဆင်မပြေလို့ ဝေ့ကိုကုပေးပါဦး သူငယ်ချင်းရယ်လို့ မျက်နှာငယ်လေးနဲ့ ပြောမိတော့တယ်။ ဆရာဝန် သူငယ်ချင်းက ဝေဘာဖြစ်တာလဲ ၊ ဘယ်လိုခံစားရလို့လဲလို့လည်း မေးရော ဝေတစ်ယောက် သူခံစားရတာတွေကို ခရားရေလွှတ်ပြောမိတော့တယ်။ ဗိုက်ကြီးက တင်းတင်းကြီး ဖြစ်နေတဲ့အကြောင်း ၊ အစာမကြေသလို ခံစားရကြောင်း ၊ တစ်ချက်တစ်ချက် တော်တော်လေး ထိုးထိုးအောင့်တဲ့အကြောင်းပြောလည်းပြော တဂေ့ဂေ့နဲ့ လေချဉ်တွေလည်း တက်လို့နေတော့တယ်။
ဆရာဝန်မလေးကတော့ ဝေပြောသမျှကို နားထောင်ပြီးတာနဲ့ ဝေဖြစ်နေတာ လေပွတာနဲ့ တူနေတယ်။ သေချာအောင် စမ်းသပ်ကြည့်ရအောင်လို့ ပြောပြီး ဗိုက်ကို သေချာနှိပ်ပြီး စမ်းသပ် ၊ နားကြပ်တွေနဲ့လည်း ထောက်ပြီးနားထောင်တွေလုပ်ပြီး စမ်းကြည့်တယ်။ ပြီးတော့ ဟုတ်တယ် ဝေ။ ဝေ လေထိုးနေတာ။ လေထိုးတယ်ဆိုတာ ဗိုက်ထဲမှာ လေတွေပုံမှန်ထက်ပိုပြီး အများကြီးစုနေတာကို ပြောတာ။
ဗိုက်ထဲမှာ လေက ပုံမှန်မှာလည်း ရှိတယ်။ အစာမျိုချရင်းဖြစ်ဖြစ် ၊ အစာချေဖျက်ရာကနေထွက်လာတဲ့ လေတွေပဲဖြစ်ဖြစ် ဗိုက်ထဲမှာ ရှိနေတတ်တယ်။ အဲဒီလေတွေကို လေလည်တာကနေတဆင့် ဗိုက်ထဲကနေ အပြင်ကို စွန့်ထုတ်လေ့ရှိတယ်။ ဒါပေမယ့် လေတွေအများကြီး ဗိုက်ထဲမှာ ပုံနေရင်တော့ ခု ဝေခံစားရသလို ပြည့်အင့်တာတွေ၊ ဗိုက်ကြီးတင်းနေတာတွေ ခံစားရတော့တာပဲ။ ပြီးတော့ အဲဒီလေတွေကို ဗိုက်ထဲကနေထုတ်ဖို့ ကိုယ်ခန္ဓာက ကြိုးစားနေတဲ့အတွက် တဂေ့ဂေ့နဲ့ လေချဉ်တွေတက်နေတာ ၊ တဘူဘူနဲ့ အီးတွေပေါက်နေတာတွေဖြစ်ရော။ ဗိုက်ထဲမှာလည်း နားထောင်ကြည့်ရင် တဂွီဂွီနဲ့ လေတွေလျှောက်သွားနေကြတယ်။
ဘာပဲပြောပြော တော်တော်တော့ ခံရခက်တယ်နော်။ ဝေ့ကို ပျောက်အောင်ကုပေးပါ သူငယ်ချင်းရယ်လို့ မျက်နှာလေးငယ်ပြီး ပြောမိတော့တယ်။ ပြီးတော့ နောက်ဝေ အဲလိုထပ်မဖြစ်အောင် ဆောင်ရန် ရှောင်ရန်လေးတွေပါ ပြောပြပေးပါနော်။ အားကိုးပါတယ် သူငယ်ချင်းရယ်လို့လည်း အပူကပ်မိတော့တယ်။
လူတွေက အစာစားကို မြန်မြန်စားရင်းပဲဖြစ်ဖြစ်၊ သကြားလုံးကို စုတ်ပြီးစားတာကနေပဲဖြစ်ဖြစ်၊ ပီကေဝါးနေရင်းကပဲဖြစ်ဖြစ် လေတွေ မျိုချမိနေတတ်တယ်။ တချို့ဆို ဆေးလိပ်သောက်နေရင်း ဒါမှမဟုတ် အအေးကိုပိုက်နဲ့ စုတ်သောက်နေရင်းကနေ လေတွေ ဗိုက်ထဲဝင်သွားတာမျိုးရှိတယ်။ စိတ်ဖိစီးနေရင်လည်း လေတွေကို အမှုမဲ့ အမှတ်မဲ့ မျိုချနေသလို ဖြစ်နေတတ်တယ်။ ပြီးတော့ အစာအိမ်မကောင်းတာ ၊ အူမကောင်းတာ အဲလိုရောဂါတွေဖြစ်နေရင်လည်း အစာတွေကို ကြေအောင် မချေနိုင်တော့လို့ မကြေဖျက်သေးတဲ့ အစာတွေကတဆင့် လေတွေကို ထွက်စေတဲ့အတွက် လေပွတာတွေ ဖြစ်စေတတ်တယ်။
အဲဒီတော့ ဝေနောက်ဆို အစားစားတဲ့အခါ ဖြည်းဖြည်းနဲ့ မှန်မှန်စားပေါ့။ ပီကေဝါးတာ သကြားလုံး စုတ်တာတွေ ရှောင်။ နောက်မှာစရာ တစ်ခုကတော့ ဂေါ်ဖီတို့ အာလူးတို့ ပဲတို့ အဲဒါတွေက လေပွစာတွေဖြစ်လို့ ခုလိုလေထိုးနေတဲ့အချိန်တော့ တစ်ရက်နှစ်ရက်လောက် ရှောင်လိုက်ဦး။ ပြီးမှ ပြန်စားပေါ့။ ခုလေထိုးတာ သက်သာသွားအောင် ဆေးတစ်ခုပေးလိုက်မယ်နော်။ ဝေက အစာစားချိန်လည်း မမှန်လို့ အစာအိမ်ရောင်တာလည်း ဖြစ်နေနိုင်လို့ လေထိုးတာ ပျောက်စေတဲ့ simethicone အပြင် တခြားအစာအိမ်အတွက်ရော ကောင်းစေတဲ့ ဆေးမျိုးပါတဲ့ လေဆေးမျိုး ပေးလိုက်မယ်။ ဒီ အစာအိမ်လေဆေးကို ၁လုံး-၂လုံး တနေ့သုံးကြိမ်အထိ ဝါးစားလိုက်ရင် သက်သာသွားလိမ့်မယ်နောက်အဲဒါလေး ဆောင်ထားပေါ့။ ဒီလိုလေထိုးရင် သောက်လို့ရတယ်။
ဒါပေမယ့် တစ်ခုရှိတာက နောက်ဆို အစားကို အချိန်မှန်မှန်စားဖို့လိုတယ်။ ခဏခဏ လေထိုးလေအောင့်ဖြစ်နေရင်တော့ ရောဂါတစ်ခုခု ရှိနေတာမျိုး ဖြစ်နေမှာစိုးလို့ ဆရာဝန်တစ်ယောက်ယောက်နဲ့ တိုင်ပင်ကြည့်နော်။
အေးပါ သူငယ်ချင်းရေ။ ခုလို အချိန်ပေးပြီး သေချာရှင်းပြပေးတာ ဝေအရမ်းကျေးဇူးတင်တယ်နော်။ သူငယ်ချင်းမှာသလိုလည်း နေမယ်။ ဆေးလည်း သေချာသောက်မယ်နော်။ ဝေတစ်ယောက် ကတိတွေ အထပ်ထပ်ပေးရင်း နောက်ဆို ပီကေသိပ်မဝါးဖို့ အစားကို သေချာဖြည်းဖြည်းမှန်မှန်စားဖို့ ကိုယ့်ဘာသာ သတိပေးနေမိပါတော့တယ်။
Author : Dr. မေ